ဒီလိုဝေဒနာတွေကို ခံစားနေရပါသလား  ဆေးဝါးအကူအညီမပါဘဲ ဖြေရှင်းကြည့်ပါ

♥ ခေါင်းကိုက်ဝေဒနာသက်သာအောင် (က) ခေါင်းကိုက်နေရင် အကိုက်အခဲပျောက်ဆေးကို သောက်မယ့်အစား လက်မနဲ့လက်ညှိုးကြားက အသားဆိုင်နေရာကို နှိပ်ကြည့်ပါ။ ပုံမှာ ပြထားတဲ့နေရာကို ငါးမိနစ်ခန့်နှိပ်ပေးတာ ကြောင့် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒ နာတွေ သက်သာသွားနိုင်ပါတယ်။ သွားကိုက်တာ၊ ပခုံးနာကျင်တာနဲ့ ကလေးမွေး ဖွားခါနီးနာကျင်တာတွေပါ သက်သာနိုင်ပါတယ်။ (ခ) ဘုံဘိုင်ခေါင်းက ကျဆင်းလာတဲ့ ရေအေးနဲ့ လက်ဆေးတာကြောင့်လည်း ခေါင်းကိုက်ဝေဒနာ သက်သာနိုင်ပါတယ်။ ရေအေးကြောင့် သွေးကြောကျုံ့သွားနိုင်ပြီး အာရုံကြောအပေါ် ဖိအားကျရောက်မှု လျော့ပါးသွားပါတယ်။ လက်က အာရုံကြောတွေက ဦးနှောက်နဲ့ ဆက်သွယ်မှု ရှိပါတယ်။ (ဂ) ခြေမကို နှိပ်လိုက်ပါ။ ခြေမရဲ့ အပေါ်၊ ဘေးနဲ့ အောက်ခြေ နေရာ တွေမှာ Head Reflex ရှိပါတယ်။ ဒီနေရာတွေကို နှိပ်ပေးလိုက်ရင် ခေါင်းနဲ့ လည်ပင်းက […]

အန္တရာယ်ရှိမှန်းမသိသည့်အတွက် နေ့စဉ်ပြုလုပ်တတ်သည့် အရာများ

အလူတွေက မိမိအန္တရာယ်ကျရောက်မှာကို ကြိုပြီး ခန့်မှန်းတတ်ကြပါတယ်။ ဒါ ပေမဲ့ မိမိထင်မှတ်မထားတဲ့အရာတွေကလည်း မိမိကို အန္တရာယ်ပေးနိုင်ပါတယ်။ အောက်ပါတို့ဟာ မိမိအတွက် အန္တရာယ်ကျရောက်နိုင်မှန်းမသိတဲ့အတွက် နေ့စဉ်ပြု လုပ်မိနေတဲ့အရာတွေဖြစ်ပါတယ်။ ♦ ပလတ်စတစ်ဘူးမှ ရေသောက်ခြင်း ပလတ်စတစ်ဘူးမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ မျိုးပွားနိုင်စွမ်း ကျဆင်းတာ၊ ခန္ဓာကိုယ်တွင်း အဆီစုဆောင်းမှုများလာတာ၊ အာရုံကြောစနစ်နဲ့ ခုခံအားစနစ်ပေါ် မှာ ထိခိုက်တာ၊ အမျိုးသားမျိုးပွားအင်္ဂါကြီးထွားမှုအပေါ် သက်ရောက်မှုရှိတာ၊ အဝလွန်တဲ့ကလေးငယ်တွေဖြစ်တာနဲ့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေများတာတွေ ဖြစ်စေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက် ပလတ်စတစ်ရေဘူးက အလွန်အန္တရာယ်များပါတယ်။ ♦ နှာချေချင်သည်ကို အောင့်ထားခြင်း နှာချေချင်ရင် ဘယ်တော့မှ အောင့်မထားပါနဲ့။ နှာချေချင်တာကို အောင့်ထားမိ တာကြောင့် နားစည်ကွဲသွားတတ်ပါတယ်။ ဒါ့အပြင် မျက်လုံး၊ နှာခေါင်းနဲ့ နားစည် အတွင်းမှာရှိတဲ့ သွေးကြောတွေပေါ် ဖိအားသက်ရောက်မှုပြင်းထန်တဲ့အတွက် ပေါက် […]

ဝမ်းပျက်ဝမ်းလျှောနှင့်ပတ်သတ်သည့် အယူအဆများ

မိမိ ဒါမှမဟုတ် မိမိကလေးငယ် ဝမ်းပျက်ဝမ်းလျှောဖြစ်လာရင် ခံစားရခက်တာ ကြောင့် အမြန်ပျောက်ကင်းအောင် အစာတွေရှောင်တဲ့ အယူအဆတွေရှိကြပါတယ်။ ဒီလိုအယူအဆများစွာထဲက အမှန်နဲ့အမှားကို ခွဲခြားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ အယူအဆ BRAT Diet စားတာက ဝေဒနာသက်သာနိုင်ပါတယ်။ မှားပါတယ် BRAT Diet ဆိုတာက B=Bananaa (ငှက်ပျောသီး)ယ R= Rice (ဆန်)A=Applesauce (ပန်းသီးယို)၊ T = Toast (ပေါင်မုန့်မီးကင်)ဖြစ်ပြီး တစ်ချိန်က သူတို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီ BRဗွှ အစားအစာမှာ ပရိုတင်းနဲ့ အဆီလိုမျိုး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာ ရဓာတ်တွေ လုံလုံလောက်လောက် မပါဝင်ပါဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်ခါစမှာ ဆန် ပြုတ်လိုမျိုး အစားအစာနဲ့ အစာအပျော့တွေ စားနိုင်ပေမယ့် ပုံမှန်အစားအစာကိုတော့ တတ်နိုင်သမျှ […]

ပုံမှန်ဖြစ်သော ကလေးငယ်တို့၏ စိတ်တိုစရာကောင်းသောအမူအကျင့်များ

မိဘတိုင်းက မိမိကလေးအသက် နှစ်နှစ်အရွယ်လောက်မှာဖြစ်တတ်တဲ့ စိတ်တိုစရာကောင်းတဲ့ အမူအကျင့် တွေကို ကြုံကြရမှာပါ။ ဒီအခါမှာ မိဘတွေအနေနဲ့ မိမိကလေးတွေကပဲ ဆိုးသွမ်းနေသလား၊ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုခုများရှိနေသလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါက စိုးရိမ်စရာလား၊ ပုံမှန်အခြေအနေလား၊ ဘယ်လိုဖြေ ရှင်းရမလဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းငြင်းဆန်နေခြင်း ငြိမ်ပြီး လိမ္မာနေတဲ့ကလေးငယ်က ရုတ်တရက် မိဘခိုင်းတာကို ငြင်းဆန်နေတာပါ။ သူတို့ကြိုက်နှစ် သက်တဲ့အရာကိုတောင်မှ ငြင်းပယ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်သလဲ ဒီပြဿနာက ကလေးနှစ်နှစ်ခွဲကနေ သုံးနှစ် အကြားအရွယ်တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ကလေးတွေက သူတို့ဘာသာသူတို့ ပြုလုပ်နိုင်တယ် လို့ ထင်မှတ်နေတာကြောင့်ပါ။ သူတို့က မိသားစုထဲ မှာ တစ်စိတ်တစ်ဒေသအနေနဲ့ အရေးပါချင်တာ ကြောင့်လည်းပါပါတယ်။ ဘာပြုလုပ်ရမလဲ အတတ်နိုင်ဆုံး သည်းခံပါ။ ကလေးငယ်တွေရဲ့ ဆန္ဒတွေကို မချိုးနှိမ်ပါနဲ့။ သူတို့ဘာသာသူတို့ ဆုံး […]

အစာအိမ်နဲ့ အူလမ်းကြောင်း အမြဲတမ်း ကျန်းမာအောင် ဘာတွေလိုက်နာသင့်လဲ

အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာဖို့ အမြဲတမ်း လိုက်နာသင့်တဲ့ စည်းမျဉ်းတွေ ရှိပါတယ်။ အစားအသောက် ချင့်ချိန်စားပါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်ကို စားသောက်တာကြောင့် ဝမ်းဗိုက်မအီမသာဖြစ်တာကို ခံစားရနိုင်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ဆီကြော် စာတွေ၊ ဆားဆော်ဒါတွေ၊ အချဉ်လွန်ကဲတဲ့အစားအစာတွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ခရမ်းချဉ်သီး စားသုံးတာက သင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဆေးလိပ်ဖြတ်ပါ ဆေးလိပ်သောက်သုံးတာက အစာ ရေမျိုပြွန်အဝရဲ့ ကျုံ့ညှစ်မှုကို အားနည်း စေတာကြောင့် အစာအိမ်ထဲက အက်စစ် နဲ့အစာတွေ နောက်ပြန်ထွက်စေပြီး ရင်ပူ တာကို ဖြစ်စေပါတယ်။ ဆေးလိပ်သောက် တာက အစာအိမ်အနာ ဖြစ်ပွားနိုင်ခြေ များတဲ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာ ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။ အရက်အလွန်အကျွံ […]

သင့်မှာ နှလုံးရောဂါဖြစ်နေပြီလား သိရှိနိုင်အောင် ကိုယ်တိုင်စစ်ဆေးနည်း

ရင်တုန်ပန်းတုန်ဖြစ်တာ၊ အမောမခံနိုင်တာ၊ ရင်ဘတ်အောင့်တာလိုမျိုးခံစား နေရရင် မိမိမှာ နှလုံးရောဂါရှိနေပြီလားလို့ ထင်မှတ်ကြပါတယ်။ အကြောင်းကြောင်း ကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ ခက်ခဲနေရင် မိမိမှာ နှလုံးရောဂါ ရှိ မရှိ သိနိုင် အောင် မိမိကိုယ်တိုင် စစ်ဆေးနိုင်တဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အိပ်ပျော်နေစဉ် လန့်နိုးခြင်း သင်က အသက်ရှူရပ်သွားတဲ့အတွက် အိပ်ရာကနေ လန့်နိုးလာတာက သင့်ဦး နှောက်ထဲကို အောက်ဆီဂျင်တွေ လုံလုံလောက်လောက် မရောက်တာကြောင့်ပါ။ ဒီလိုအခြေအနေတွေမှာ ဦးနှောက်က သွေးလှည့်ပတ်မှုကောင်းမွန်ဖို့အတွက် အချက် ပြလိုက်တာကြောင့် သင့်နှလုံးနဲ့ သွေးကြောတွေက ခက်ခက်ခဲခဲ အလုပ်လုပ်ရပါတယ်။ ဒါကြောင့် သွေးတိုးလာတာ၊ နှလုံးခုန်နှုန်းမမှန်တာ၊ လေဖြတ်တာနဲ့ နှလုံးအလုပ်မလုပ် နိုင်ခြေတွေ မြင့်တက်လာနိုင်ပါတယ်။ အိပ်ပျော်စဉ် လန့်နိုးတတ်တာက ကုသလို့ ပျောက်ကင်းနိုင်တဲ့အတွက် ဒီလိုဖြစ်ခဲ့ရင် လျစ်လျူရှုမထားဘဲ ဆရာဝန်နဲ့ […]

အူမကြီးရောင်ရမ်းရောဂါ ကြာရှည်ခံစားနေရပါသလား

ကျွန်မတို့ မြန်မာတွေက ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုဖြစ်လာပြီဆိုရင် ဘာတွေစားရမလဲ၊ ဘာတွေရှောင်ရမလဲဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် ကြားဖူးတာရော၊ ပတ်ဝန်းကျင်က အကြံပေးတာရော ပေါင်းပြီး ယုံကြည်လိုက်ကြတာပါပဲ။ မှန်လား၊ မှားလား သိပ်ပြီး ဝေခွဲမနေတတ်ပါဘူး။ တကယ်လို့ အူမကြီးရောင်ရမ်းရောဂါ ခံစားနေရတယ်ဆိုရင်တော့ အောက်ပါမှန်ကန်တဲ့နည်းလမ်းတွေအတိုင်း လိုက်နာကျင့်သုံးသင့်ပါတယ်။ အာဟာရ ညီညွတ်မျှတစွာ စားသုံးပါ အစားအသောက်တွေကြောင့် နာတာရှည် အူမကြီးရောင်ရောဂါဖြစ်စေ တာ မဟုတ်ပေမယ့် ဒီရောဂါကြောင့် အ စားအသောက် စားသောက်ရာမှာ အခက် အခဲ ဖြစ်စေပါတယ်။ ဟင်းနုနယ်ရွက် စားသုံးလိုက်လို့ ရောဂါလက္ခဏာတွေ ပိုမိုခံစားရရင် တခြားဟင်းသီးဟင်းရွက် တွေကို စားသုံးမှုလည်း အလိုလို လျှော့ ချမိပါလိမ့်မယ်။ အဲဒီလို လျှော့ချတာ ကြောင့် ခန္ဓာကိုယ်မှာ အာဟာရဓာတ် ချို့ တဲ့တတ်ပါတယ်။ […]

သွားဖြူအောင် ကိုယ်တိုင်ပြုလုပ်နိုင်သောနည်းလမ်း ၁၀

မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွား တိုက်နေတယ်ဆိုပေမယ့် အစားအ သောက်တွေကြောင့် သင့်သွားတွေမှာ အရောင်တွေ စွန်းထင်းမှုကြောင့် မဖြူ တော့ဘဲ ဝါကျင့်ကျင့်ဖြစ်နေတတ်ပါတယ်။ သွားဖြူစေဖို့ ပိုက်ဆံမကုန်ဘဲ ကိုယ်တိုင်ပြု လုပ်နိုင်တဲ့ နည်းလမ်း ၁၀ နည်းကို ဖော်ပြ လိုက်ပါတယ်။ (၁) မုန့်ဖုတ်ဆော်ဒါ သင့်သွားတွေ ဝါနေတာကို မုန့်ဖုတ် ဆော်ဒါအသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ် ဆော်ဒါ ထမင်းစားဇွန်း နှစ်ဇွန်းကို ရေ အေးနဲ့ ရောပြီး ပလုတ်ကျင်းပါ။ တစ်နေ့ ကို ၂-၃ ကြိမ် ပြုလုပ်ပေးပါ။ (၂) စတော်ဘယ်ရီ စတော်ဘယ်ရီသီးမှာ ဗီတာမင်စီ များစွာပါဝင်ပြီး သွားတွေကို ဖြူဖွေးစေပါ တယ်။ စတော်ဘယ်ရီသီး အနည်းငယ်ကို ကြိတ်ခြေပြီး သွားတွေကို ပွတ်တိုက်ပေး ပါ။ တစ်နေ့နှစ်ကြိမ်နဲ့ […]

ရင်သွေးငယ်ကို သက်ရောက်မှုရှိနိုင်သည့် ကိုယ်ဝန်ဆောင်မိခင်တို့၏ အမူအကျင့်များ

လေ့လာမှုတစ်ခုအရ စိတ်ကျဝေဒနာနဲ့ စိုးရိမ်စိတ်များတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက လမစေ့ကလေးနဲ့ ပေါင်မပြည့်ကလေး မွေးနိုင်ခြေ အခွင့်အလမ်းပိုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အမူအကျင့်စရိုက်တွေကြောင့် မိမိမွေးလာမယ့်ကလေးမှာ အောက်ပါအတိုင်း သက်ရောက်မှုရှိနိုင်တဲ့အတွက် ဖော်ပြ ပေးလိုက်ပါတယ်။ ရန်ဖြစ်ခြင်း၊ ညည်းတွားခြင်း ရန်ဖြစ်တာကြောင့် စိုးရိမ်စိတ်များတာ၊ စိတ် ဓာတ်ကျတာတွေဖြစ်ပေါ်လာပြီး ကလေးငယ်အတွက် ဒုက္ခရောက်နိုင်ပါတယ်။ သူ့ကြောင့် ကလေးငယ်ရဲ့ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ခုခံ အားစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ။ ညည်းတွား တာကလည်း မိခင်အတွက် မကောင်းပါဘူး။ ခေါင်း ကိုက်တာ၊ ပျို့အန်တာနဲ့ အိပ်မပျော်တဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဘာလုပ်သင့်သလဲ – များများအနားယူပါ။ – အိပ်ရေးဝအောင်အိပ်ပါ။ – တရားထိုင်ပါ။ – ဆရာဝန်နဲ့ ဆွေးနွေးပါ။ – လမ်းထွက်လျှောက်ပြီး လေကောင်း လေသန့်ရှူ […]

သွေးကြောအတွင်း ပိတ်ဆို့မှုကင်းအောင် ဘာတွေစားသုံးကြမလဲ

ရေပိုက်ထဲမှာ ရေတွေစီးနေသလို သွေးကြောထဲမှာ စီးနေတဲ့ သွေးတွေက သန့်စင်မှုမရှိရင် တစ်ချိန်ချိန်မှာ ပိတ်ဆို့မှုတွေဖြစ်ပြီး အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။ ဒါကြောင့် သွေးကြောသန့်စင်ပြီး ပိတ်ဆို့မှုမရှိအောင် အောက်ပါအစားအစာတွေ စားသုံးနိုင်ပါတယ်။ လိမ္မော်ရည် လိမ္မော်သီးကနေ လတ်လတ်ဆတ်ဆတ် ညှစ်ယူရရှိတဲ့ လိမ္မော်ရည်ကို တစ်နေ့ နှစ်ခွက် သောက်ပေးပါက သွေးဖိအား မြင့်မားတာကို ထိန်းညှိပေးပြီး သွေးကြောတွေ ရောင်ရမ်းတာကို လျော့ နည်းစေပါတယ်။ လိမ္မော်ရည်မှာ အင်တီ အောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် စီများစွာ ပါဝင်လို့ သွေးကြောတွေကို သန့်စင် စေပြီး သွေးစီးကြောင်းအတွင်း ဓာတ်တိုးဖြစ်စဉ်တွေ မဖြစ်ပွား အောင် ကာကွယ်ပေးပါတယ်။ တည်သီး တည်သီးမှာ အင်တီအောက် ဆီးဒင့်တွေနဲ့ ပိုလီဖီနောတွေ များ စွာပါဝင်လို့ သွေးတွင်း မကောင်း တဲ့အဆီတွေကို လျော့နည်းစေပါ […]