သွားဖြူအောင် ကိုယ်တိုင်ပြုလုပ်နိုင်သောနည်းလမ်း ၁၀

မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွား တိုက်နေတယ်ဆိုပေမယ့် အစားအ သောက်တွေကြောင့် သင့်သွားတွေမှာ အရောင်တွေ စွန်းထင်းမှုကြောင့် မဖြူ တော့ဘဲ ဝါကျင့်ကျင့်ဖြစ်နေတတ်ပါတယ်။ သွားဖြူစေဖို့ ပိုက်ဆံမကုန်ဘဲ ကိုယ်တိုင်ပြု လုပ်နိုင်တဲ့ နည်းလမ်း ၁၀ နည်းကို ဖော်ပြ လိုက်ပါတယ်။ (၁) မုန့်ဖုတ်ဆော်ဒါ သင့်သွားတွေ ဝါနေတာကို မုန့်ဖုတ် ဆော်ဒါအသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ် ဆော်ဒါ ထမင်းစားဇွန်း နှစ်ဇွန်းကို ရေ အေးနဲ့ ရောပြီး ပလုတ်ကျင်းပါ။ တစ်နေ့ ကို ၂-၃ ကြိမ် ပြုလုပ်ပေးပါ။ (၂) စတော်ဘယ်ရီ စတော်ဘယ်ရီသီးမှာ ဗီတာမင်စီ များစွာပါဝင်ပြီး သွားတွေကို ဖြူဖွေးစေပါ တယ်။ စတော်ဘယ်ရီသီး အနည်းငယ်ကို ကြိတ်ခြေပြီး သွားတွေကို ပွတ်တိုက်ပေး ပါ။ တစ်နေ့နှစ်ကြိမ်နဲ့ […]

ရင်သွေးငယ်ကို သက်ရောက်မှုရှိနိုင်သည့် ကိုယ်ဝန်ဆောင်မိခင်တို့၏ အမူအကျင့်များ

လေ့လာမှုတစ်ခုအရ စိတ်ကျဝေဒနာနဲ့ စိုးရိမ်စိတ်များတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက လမစေ့ကလေးနဲ့ ပေါင်မပြည့်ကလေး မွေးနိုင်ခြေ အခွင့်အလမ်းပိုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အမူအကျင့်စရိုက်တွေကြောင့် မိမိမွေးလာမယ့်ကလေးမှာ အောက်ပါအတိုင်း သက်ရောက်မှုရှိနိုင်တဲ့အတွက် ဖော်ပြ ပေးလိုက်ပါတယ်။ ရန်ဖြစ်ခြင်း၊ ညည်းတွားခြင်း ရန်ဖြစ်တာကြောင့် စိုးရိမ်စိတ်များတာ၊ စိတ် ဓာတ်ကျတာတွေဖြစ်ပေါ်လာပြီး ကလေးငယ်အတွက် ဒုက္ခရောက်နိုင်ပါတယ်။ သူ့ကြောင့် ကလေးငယ်ရဲ့ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ခုခံ အားစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ။ ညည်းတွား တာကလည်း မိခင်အတွက် မကောင်းပါဘူး။ ခေါင်း ကိုက်တာ၊ ပျို့အန်တာနဲ့ အိပ်မပျော်တဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဘာလုပ်သင့်သလဲ – များများအနားယူပါ။ – အိပ်ရေးဝအောင်အိပ်ပါ။ – တရားထိုင်ပါ။ – ဆရာဝန်နဲ့ ဆွေးနွေးပါ။ – လမ်းထွက်လျှောက်ပြီး လေကောင်း လေသန့်ရှူ […]

သွေးကြောအတွင်း ပိတ်ဆို့မှုကင်းအောင် ဘာတွေစားသုံးကြမလဲ

ရေပိုက်ထဲမှာ ရေတွေစီးနေသလို သွေးကြောထဲမှာ စီးနေတဲ့ သွေးတွေက သန့်စင်မှုမရှိရင် တစ်ချိန်ချိန်မှာ ပိတ်ဆို့မှုတွေဖြစ်ပြီး အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။ ဒါကြောင့် သွေးကြောသန့်စင်ပြီး ပိတ်ဆို့မှုမရှိအောင် အောက်ပါအစားအစာတွေ စားသုံးနိုင်ပါတယ်။ လိမ္မော်ရည် လိမ္မော်သီးကနေ လတ်လတ်ဆတ်ဆတ် ညှစ်ယူရရှိတဲ့ လိမ္မော်ရည်ကို တစ်နေ့ နှစ်ခွက် သောက်ပေးပါက သွေးဖိအား မြင့်မားတာကို ထိန်းညှိပေးပြီး သွေးကြောတွေ ရောင်ရမ်းတာကို လျော့ နည်းစေပါတယ်။ လိမ္မော်ရည်မှာ အင်တီ အောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် စီများစွာ ပါဝင်လို့ သွေးကြောတွေကို သန့်စင် စေပြီး သွေးစီးကြောင်းအတွင်း ဓာတ်တိုးဖြစ်စဉ်တွေ မဖြစ်ပွား အောင် ကာကွယ်ပေးပါတယ်။ တည်သီး တည်သီးမှာ အင်တီအောက် ဆီးဒင့်တွေနဲ့ ပိုလီဖီနောတွေ များ စွာပါဝင်လို့ သွေးတွင်း မကောင်း တဲ့အဆီတွေကို လျော့နည်းစေပါ […]

ချင်ခြင်းတပ်ခြင်းနှင့် ကျန်းမာရေး

ချင်ခြင်းတပ်တာကို အဓိကအားဖြင့် နှစ်မျိုးနှစ်စား ခွဲထားပါတယ်။ ကြိုက်နှစ် သက်လွန်းတဲ့ အစားအစာတစ်မျိုးတည်းကိုသာ ချင်ခြင်းတပ်တာနဲ့ ဘယ်လိုအစားအစာ မျိုးပဲလာလာ စားချင်စိတ်ဖြစ်နေတဲ့ ချင်ခြင်းတပ်တာမျိုးပါ။ ဘယ်လိုအစားအစာမျိုး မဆို စားချင်စိတ်ဖြစ်ပေါ်နေတာက သင် ဗိုက်ဆာနေတာ ဒါမှမဟုတ် ရေငတ်နေတာ ကြောင့် ဖြစ်ပြီး တစ်မျိုးတည်းကိုသာ စွဲစွဲလမ်းလမ်းစားချင်စိတ်ဖြစ်ပေါ်တာက ခန္ခာ ကိုယ်တွင်း ဖြစ်ပေါ်နေတဲ့ ဓာတုဖြစ်စဉ်နဲ့ စိတ်ခံစားမှုပြောင်းလဲတာကြောင့် ဦးနှောက် ကို အချက်ပြနေတာပါ။ အောက်ပါတို့ဟာ စွဲစွဲလမ်းလမ်းချင်ခြင်းတပ်တာနဲ့ ကျန်းမာရေးပြဿနာဆက်စပ်မှုတွေပါ။ သင်က ချောကလက်ကို ချင်ခြင်းတပ်သူဖြစ်နေရင် ချောကလက်ကို ချင်ခြင်းတပ်တာက ခန္ဓာကိုယ်အတွင်း မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ နေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ချို့တဲ့တာကြောင့် စိုးရိမ်စိတ်များတာနဲ့ စိတ်ကျဝေဒနာ ခံစားရနိုင်ပါတယ်။ လေ့လာမှုအရ အညိုရင့်ရောင်ချောကလက်ကို နေ့စဉ် ၁၀၀-၄၀၀ ဂရမ်အတွင်း စားသုံးတာက စိတ်ကျဝေဒနာကို ကုသရာမှာ […]

အလွန်အကျွံလုပ်တာကြောင့်ထိခိုက်စေနိုင်မယ့် ကျန်းမာစေတဲ့အလေ့အကျင့် ၅ ခု

ကျန်းမာစေတဲ့ အလေ့အကျင့်တွေ ဆိုပေမယ့်လည်း လိုအပ်တာထက်ပိုပြီး ပြုလုပ်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုး ကျိုးကို ဖြစ်စေပါတယ်။ ဘယ်အရာမဆို အလွန်အကျွံလုပ်တာမျိုးက မကောင်းပါ ဘူး။ ဒါကြောင့် ဘယ်အရာတွေကို အ လွန်အကျွံမလုပ်သင့်ဘူးလဲဆိုတာကို သိ ရှိစေဖို့ ရေးသားလိုက်ပါတယ်။ ဗီတာမင် အားဆေးတွေ အလွန်အကျွံသောက် ခြင်း ဗီတာမင် အစုံအားဆေးတွေ နေ့စဉ် သောက်သင့်၊ မသင့်ဆိုတာ အခုအချိန်ထိ ပညာရှင်တွေ ငြင်းခုန်နေကြဆဲပါ။ ဒါပေ မဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တာထက်ပို ပြီး သုံးစွဲမယ်ဆိုရင် ကျန်းမာရေးကို ထိ ခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ တစ်နေ့တာ လိုအပ်ချက်ရဲ့ လေးဆလောက် သုံးစွဲနေ ပါက ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေကို တစ်နှစ်တာလုံး […]

ကျန်းမာတဲ့ဦးရေပြားတောက်ပြောင်တဲ့ဆံနွယ်လေးတွေပိုင်ဆိုင်နိုင်ဖို့

ပျိုမေတို့တန်ဖိုးထားတဲ့ ဆံနွယ် လေးတွေ ကျန်းမာသန်စွမ်းဖို့ဆိုရင် ဦးရေပြားရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ ဆံကေ သာကို အမျိုးမျိုးဂရုစိုက်ကြပေမယ့် ဆံကေသာတွေရဲ့ အရင်းအမြစ်ဖြစ် တဲ့ ဦးရေပြားကိုတော့ လျစ်လျူရှုမိ တတ်ကြပါတယ်။ ဦးရေပြားဆိုတာ ကလည်း ခန္ဓာကိုယ်မှာရှိတဲ့ အရေ ပြားလိုပါပဲ၊ တစ်သျှူးအလွှာများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဦးရေပြားပေါ်မှာ ဆံနွယ်လေးတွေပေါက် တဲ့ ဆံချည်မျှင်အိတ်လေးတွေအပြင် ဦးရေ ပြားရဲ့အစိုဓာတ်ထိန်းဖို့ အဆီဂလင်းတွေလည်း ရှိနေပါတယ်။ တောက်ပြောင်လှပတဲ့ ဆံနွယ် လေးတွေ ပိုင်ဆိုင်ဖို့ဆိုရင် ဦးရေပြားကျန်းမာ နေဖို့ အဓိက လိုအပ်ပါတယ်နော်။ ဒီတစ်ပတ် မှာ ပျိုမေတို့အတွက် ကျန်းမာတဲ့ ဦးရေပြား၊ တောင်ပြောင်တဲ့ဆံနွယ်လေးတွေ ပိုင်ဆိုင်နိုင် စေဖို့ ဆောင်ရန်၊ ရှောင်ရန်တွေကို ရေးသား လိုက်ပါတယ်။ Healthy Tips! ဦးရေပြားရဲ့ကျန်းမာရေးကို စောင့်ရှောက် […]

လက်ပြင်ကုန်းပြီးကိုယ်နေဟန်အနေအထားမမှန်ကန်လို့စိတ်ညစ်နေလား

ကိုယ်နေဟန်ထား မှန်ကန်တဲ့လူ တစ်ယောက်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့အသွင် ဖြစ်ပေါ်နေတဲ့အပြင် အရိုးအဆစ်နဲ့ ကြွက်သားတွေရဲ့ ကျန်းမာရေးကို လည်း အကျိုးများစွာ သက်ရောက်စေနိုင်ပါတယ်။ မတ်တတ်ရပ်နေတဲ့အခါ ကျောကတစ်ဖြောင့်တည်းဖြစ်နေပြီး နားကနေ ပခုံး၊ တင်ပါးဆုံ၊ ဒူးနဲ့ ခြေမျက်စိဟာ မျဉ်းတစ်ဖြောင့်တည်း ဖြစ်နေတယ်ဆိုရင် မှန်ကန်တဲ့ ကိုယ်နေဟန်ထားရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဘာတွေဖြစ်နိုင်သလဲ ကိုယ်နေဟန်ထားမမှန်ရင် နာတာ ရှည် နောက်ကျောအောင့်တာ၊ ခါးနာတာ၊ လည်ပင်းကျီးပေါင်းတက်တာ၊ ခြေ ထောက်၊ ဒူးခေါင်းနဲ့ တင်ပါးဆုံမှာ ဒဏ် ရာရတာ၊ ခေါင်းကိုက်တာ၊ မောပန်းနွမ်း နယ်တာ၊ ကြွက်သားအားနည်းတာ၊ အ သက်ရှူရခက်ခဲတာ၊ အစာခြေ လမ်း ကြောင်းမှာ ရောဂါဖြစ်တာစတာတွေ ဖြစ် ပေါ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ ရုံးမှာ အထိုင်များတဲ့အလုပ် လုပ်ရ တာ၊ […]

အစာကျွေးရခက်တဲ့ကလေးငယ်အစာစားချင်စိတ်ဖြစ်အောင်

ကလေးငယ်တွေကို ထမင်းကျွေးရတာဟာ မိခင်တွေအတွက်က အရမ်းကို ခက်ခဲတဲ့ပြဿနာတစ်ရပ်ပါ။ မိခင်တိုင်းက သားသမီးတွေကို အစားများများစားစေချင်ကြပေမယ့် တချို့ကလေးတွေက အစားအသောက်ရွေးတာ၊ တချို့လည်း အဆော့ မက်နေလို့ ထမင်းကောင်းကောင်းမစားတာ အမျိုးမျိုးပါပဲ။ အစာမကျွေးခင် မိနစ်၃၀အလိုတွင်ရေတိုက်ပါ ကလေးများကို အစာမစားခင် မိနစ် ၃၀ လောက်ခွာပြီး ရေတိုက်တာက အစာ စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အနံ့၊အရသာပြင်းတဲ့ အစာတွေ မကျွေးပါနဲ့ ကလေးအများစုဟာ အနံ့၊ အရသာ ပြင်းပြင်းတွေကို မနှစ်သက်တတ်ကြပါဘူး။ သင့်ကလေးကိုကျွေးတဲ့အစားအစာတွေ ထဲမှာ အနံ့ပြင်းတဲ့ ဟင်းခတ်အမွှေးအ ကြိုင်တွေ၊ ကြက်သွန်ဖြူတွေ ပါဝင်နေ တာက အစာစားချင်စိတ်ကို လျော့နည်း စေပါတယ်။ သံပရာရည်တိုက်ပါ ကလေးက ဗိုက်မဆာလို့ အစာ စား ဖို့ ငြင်းဆန်နေရင် ရေအစား လတ်ဆတ် တဲ့ […]

သန္ဓေသား၏ဉာဏ်ရည်ဉာဏ်သွေးအပေါ် သက်ရောက်နိုင်သည့်အချက်များ

ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးလိုချင်သူတွေက အင်မတန်ရှားပါတယ်။ မိခင်ဖခင်တွေ အသက်ငယ်ရွယ်စဉ်မှာ ကလေးယူတာက ကလေးအတွက် ကောင်းမွန်ပါသလားဆိုတာကို Read more about သန္ဓေသား၏ဉာဏ်ရည်ဉာဏ်သွေးအပေါ် သက်ရောက်နိုင်သည့်အချက်များ

ကလေးငယ်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ကိုင်တွယ်နည်းအမှားများ

လေ့လာမှုအများအပြားအရ မိခင် တွေက ကလေးငယ်တွေနဲ့ အသားချင်း ထိတွေ့တာက စိတ်ဖိစီးမှုနည်းတယ်လို့ သိရပါတယ်။ ကလေးကို ချီပိုးရာမှာလည်း နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ဒီအထဲမှာ မှ ကိုင်တွယ်ချီပိုးနည်း မှားခဲ့ရင် ကလေး ရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင် တာမို့ ဖော်ပြပေးလိုက်ပါတယ်။ ချိုင်းအောက်မှချီပိုးခြင်း ကလေးငယ်တစ်ယောက်ကို ချီ တော့မယ်ဆိုရင် သူ့ခေါင်းကို ထိန်းကိုင် ပြီး ချီဖို့က အလွန်အရေးကြီးပါတယ်။ မွေးကင်းစကလေးငယ်တွေရဲ့ လည်ပင်း ကြွက်သားတွေက ကောင်းစွာ မဖွံ့ဖြိုး သေးပါဘူး။ ဒါကြောင့် သင်ဟာ ကလေး ရဲ့ လည်ပင်းကို မထိန်းဘဲ ချီလိုက်မယ် ဆိုရင် ကလေးက ရုတ်တရက် ဦးခေါင်း လှည့်လိုက်တဲ့အခါမှာ ထိခိုက်ဒဏ်ရာ ရတာနဲ့ အသက်ရှူရခက်ခဲတဲ့ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးငယ် […]