ခေါင်းကိုက်စေနိုင်သော ဆံပင်ပုံစံများ

စိတ်ဖိစီးမှုများတာ၊ သွေးတိုးတာ၊ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် အပူအအေးမညီမျှတာတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ သင် ရွေးချယ်တဲ့ ဆံပင်ပုံစံကလည်း သင့်ကို ခေါင်းကိုက်မှုဖြစ်စေနိုင်ပါတယ်။ တချို့ဆံပင်ပုံစံတွေက ဦးရေပြားပေါ်မှာ ဖိအားသက်ရောက်စေနိုင်တဲ့အတွက် ခေါင်းကိုက်ရတာဖြစ်ပါတယ်။ သင်ဟာ မကြာခဏ ခေါင်းကိုက်တတ်သူဖြစ်ရင်၊ ခေါင်းတစ်ခြမ်းကိုက်တတ်သူဖြစ်နေရင် အောက်ပါဆံပင်ပုံစံမျိုးကို ရှောင်ကြဉ်ရပါမယ်။ ပိုနီတေးဆံပင်စည်းထားခြင်း သင်ရဲ့ ဆံပင်မွေးညင်းပေါက်နဲ့ ဦးရေပြား အောက်မှာ နာကျင်မှုဝေဒနာကို ခံစားနိုင်တဲ့ အာရုံ ကြောများစွာ ရှိပါတယ်။ ဆံပင်စည်းထားတာက အာရုံကြောများစွာက တင်းမာတဲ့ ခံစားမှုရရှိလာတာ ကြောင့် ခေါင်းကိုက်တာဖြစ်ပါတယ်။ ဒီ အခြေအနေ ကို Pony Tail Headache Syndrome လို့ ခေါ် ပါတယ်။ ခေါင်းပတ်စည်းထားခြင်း ခေါင်းပတ်ကို တင်းတင်းကျပ်ကျပ် စည်းသူတွေ ကလည်း ခေါင်းကိုက်နိုင်ပါတယ်။ ဦးခေါင်းကို အပြင်ကနေ […]

အသက် ၅၀ ကျော်သော်လည်း ဆံပင်မဖြူဘဲ နုပျိုချင်ပါသလား

တချို့တွေ အသက်သာ ၅၀ ကျော် လာတယ်။ ဆံပင်လုံးဝမဖြူဘဲ နုပျိုနေသူ တွေ ရှိပါတယ်။ အဲဒါရဲ့လျှို့ဝှက်ချက်က ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်။ ဆံပင်ဖြူရသော အကြောင်းရင်းများ – စိတ်ဖိစီးမှုမြင့်မားလွန်းခြင်း – မိသားစုထဲမှာ ငယ်ငယ်ရွယ်ရွယ်က တည်းက ဆံပင်ဖြူတဲ့သူ ရှိခြင်း – အာဟာရ လုံလောက်စွာ မစားမ သောက်ခြင်း – ကျန်းမာရေးနဲ့မညီညွတ်သော နေထိုင် မှု အလေ့အထရှိခြင်း – အသီးအနှံများ လုံးဝမစားခြင်း – ဆံသားကို အပူ၊ ဓာတုပစ္စည်းတွေနဲ့ လွန်ကဲစွာပြုပြင်တတ်ခြင်း ဆံပင်မဖြူအောင် ကာကွယ်နိုင်သော နည်းလမ်း များ မနက်ခင်းလမ်းလျှောက်ပါ ကျန်းမာရေးရာ အလေ့အကျင့် ကောင်းတွေထဲက တစ်ခုပါ။ မနက်ခင်း မှာ စိမ်းလန်းတဲ့ မြက်ခင်းပြင်ပေါ် ဖိနပ် မပါဘဲ […]

မျက်နှာပေါ် လုံး၀မတင်သင့်သော ပစ္စည်းများ

သင့်မျက်နှာက သင်ထင်ထားတာထက် နုနယ်ပြီး ပျက်စီးလွယ်တာကြောင့် သင်အမြဲတမ်း နုပျိုလှပ နေအောင် အောက်ဖော်ပြပါပစ္စည်းတွေကို မျက်နှာနဲ့မထိတွေ့မိအောင် အထူးဂရုစိုက်ရပါမယ်။ ခေါင်းလျှော်ရည် သင့်မျက်နှာနဲ့ဆံပင်တွေကို တည်ဆောက်တဲ့ မော်လီကျူးချင်းက မတူညီကြပါဘူး။ သင့်ဆံသား တွေမှ အဆီနဲ့ ဖုန်အညစ်အကြေးတွေကို ဖယ်ရှား နိုင်ဖို့ အပြင်းစားသန့်စင်ပစ္စည်းတွေ လိုအပ်ပေမယ့် မျက်နှာကို သန့်စင်ဖို့ အပျော့စားသန့်စင်ပစ္စည်းသာ လိုအပ်ပါတယ်။ မျက်နှာအရေ ပြားပေါ်က နူးညံ့တဲ့ မော်လီကျူးတွေက ခေါင်းလျှော်ရည်ကို ခံနိုင်ရည်မရှိ ပါဘူး။ ခေါင်းလျှော်ရည်နဲ့ မျက်နှာသစ်မိရင် မျက်နှာ က ခြောက်သွေ့ပြီး အဖတ်အဖတ်တွေကွာကျနိုင်ပါ တယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါမှာခေါင်းလျှော် ရည်နဲ့ မျက်နှာကိုမထိတွေ့ဖို့ဂရုစိုက်ရပါမယ်။ မတော် တဆ ထိမိခဲ့ရင်လည်း မျက်နှာကို အစိုဓာတ်ထိန်း ခရင်မ် Moisturizer ကို သေချာပြန်လိမ်းရပါမယ်။ ဆံပင်ဆိုးဆေး […]

ပျိုမေတို့အတွက် ရှားစောင်းလက်ပပ်ဂျယ်လ် (ALOE VERA GEL)

ပျိုမေတို့ အိမ်တိုင်းနီးပါးမှာ ရှားစောင်းလက်ပပ်ဂျယ်လ် လိုးရှင်း ရှိကြမယ်ထင်တယ်နော်။ စာရေးသူကတော့ အိမ်မှာ ရှားစောင်းလက်ပပ်အပင်ပါ စိုက်ထားတယ်။ သူက အလှအပ ရေးရာအပြင် ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင် တာဆိုတော့ အများကြီးအသုံးဝင်တယ်ပေါ့၊ ဓာတုပစ္စည်းအပြင်း စားတွေ မပါဝင်တာကြောင့် Sensitive ဖြစ်လွန်းတဲ့ အသား အရေအတွက်တောင် အသုံးဝင်ပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်လ်ကို အကြိုက်ဆုံး အသုံးပြုနည်းတွေကို ဖော်ပြပေးလိုက် ပါတယ်။ အသားအရေ ဒါကတော့ နံပါတ်တစ်ပေါ့၊ နေလောင်တာတွေအတွက် သူ့ကိုလိမ်းလိုက်ရင် အေးအေးလေးနဲ့ သက်သာစေပါတယ်။ ဆောင်းတွင်းအသားမပတ်အောင်ဆိုရင်လည်း ရှားစောင်း လက်ပပ်ကို သံလွင်ဆီ၊ အုန်းဆီ စတာတွေနဲ့ရောပြီး အရေ ပြားပေါ် လိမ်းပေးလို့ရပါတယ်။ အခုဆိုရင် ကိုဗစ်ဒုတိယလှိုင်း မငြိမ်သေးတာမို့ လက် ခဏခဏ ဆေးရတဲ့အခါ လက်ဖဝါးခြောက်တာဖြစ်တယ်၊ ရှား စောင်းလက်ပပ်ဂျယ်လ်ကို […]

ချိုင်းနံ့ပြင်းလို့ စိတ်ညစ်နေလား

ချိုင်းအရေပြားနဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို ကြုံတွေ့ရသူတွေရှိပါ တယ်။ အထူးသဖြင့် ချိုင်းနံ့ပြင်းတာက လူအများကို စိတ်ကသိကအောက်ဖြစ် စေသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံ ကြည်မှုအားနည်းစေပါတယ်။ ဒါကြောင့် ချိုင်းအရေပြားကို သေချာဂရုစိုက်နိုင် မယ့် နည်းလမ်းတွေကို စုစည်းပေးလိုက် ပါတယ်။ ဘာကြောင့်ချွေးနံ့ နံတာလဲ တချို့လူတွေမှာ ချိုင်းချွေးနံ့မရှိသ လောက်ကို အနံ့မရတတ်ပါဘူး၊ တချို့ ကျတော့လည်း အစားအသောက်၊ မှီဝဲ နေရတဲ့ဆေးဝါးတွေကြောင့် ချွေးနံ့ နံ တာမျိုးဖြစ်တတ်ပါတယ်။ ချွေးထွက် တာကတော့ လူတိုင်းမှာ ဖြစ်နေတာပဲမို့ ပုံမှန်ပါပဲ။ ချွေးထွက်လာတဲ့အခါ အရေ ပြားပေါ်က ဗက်တီးရီးယားတွေနဲ့ ထိ တွေ့တဲ့အခါ အနံ့ဆိုးထွက်လာတာပါ။ တချို့လူတွေမှာ ခြေဖဝါး၊ လက်ဖဝါးနဲ့ ချိုင်းမှာ ချွေးထွက်သန်တာမျိုး ရှိတတ် ပါတယ်။ ဘယ်လို ဂရုစိုက်မလဲ […]

သင့်လက်ချောင်းလေးတွေ နူးညံ့ပျော့ပျောင်းပြီး လှပနေစေဖို့

လက်ချောင်းတွေရဲ့ လှပမှုက ဆွဲ ဆောင်မှုတစ်ခုလို့ ဆိုရရင် မမှားနိုင်ပါဘူး။ စကားပြောတဲ့အခါ လက်ချောင်းတွေ လှုပ်ရှားပြီး ဟန်အမူအရာနဲ့ ပြောဆိုတာ က အပေါင်းအသင်းတွေကြားမှာ ထင်ရှား ပေါ်လွင်စေပြီး ကိုယ့်စကားကိုလည်း စိတ်ဝင်တစားဖြစ်စေပါတယ်။ လှပပြီး နူး ညံ့ပျော့ပျောင်းတဲ့ လက်ချောင်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့ ဆိုရင်တော့ အောက်ပါနည်း လမ်းတွေကို လိုက်နာလိုက်ပါ။ (၁) ဂျုံမှုန့် ဂျုံမှုန့်နဲ့ ဒိန်ချဉ်ကို ရောပြီး ခပ်ပျစ် ပျစ်ရအောင်ပြုလုပ်ပါ။ လက်ချောင်းလေး တွေကို ပွတ်သပ်ပြီး လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးမှ ရေဆေးပါ။ နူးည့ံပျော့ ပျောင်းတဲ့ လက်ချောင်းလေးတွေ ပိုင် ဆိုင်ရရှိစေပါတယ်။ နောက်တစ်နည်းအ နေနဲ့ ဂျုံမှုန့်ကို အုန်းဆီနဲ့ ရောပြီးလည်း အသုံးပြုနိုင်ပါတယ်။ (၂) ဂလစ်စရင်းနှင့် နှင်းဆီပွင့်ဖတ်ရည် သံပရာရည်နဲ့ […]

ဆံသားကျန်းမာရေးအတွက် Tips

မိမိဆံပင် အကျွတ်နည်းပြီး ပျော့ပြောင်းနူးညံ့ကာ ရှုပ်ထွေးမှုမရှိအောင် အမျိုးသမီးတိုင်းသိထားသင့်တဲ့ ဆံ သားဂရုစိုက်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ မိမိရဲ့ ဆံသားအမျိုးအစားကို နား လည်ထားပါ။ မိမိရဲ့ဆံသားက ကြမ်းတမ်းသ လား၊ ပျော့ပျောင်းနူးညံ့လား၊ အဖျားနှစ် ခွဖြစ်နေလား၊ ဖြောင့်စင်းသလား၊ လှိုင်း တွန့်ရှိလား၊ ကောက်လွန်းနေလားဆို တာကို သိရှိနားလည်ထားရပါမယ်။ ၂။ သင့် ဆံပင်က အကျွတ်များနေရင် သွပ်ဓာတ်၊ ဗီတာမင် အီးနဲ့ ဗီတာမင်စီ အားဖြည့်ဆေးကို မှီဝဲရပါမယ်။ ဒါမှ ဆံ ပင်ပြန်ပေါက်ပြီး ဆံပင်အကျွတ်နည်း သွားနိုင်မှာပါ။ ၃။ သင့်ဆံသားကို သာဘာဝအတိုင်း တောက်ပြောင်လိုရင် ငါးအဆီ Fish oil ကို မှီဝဲရပါမယ်။ ၄။ သင်က သင့်ကျန်းမာရေးကို ဂရု စိုက်ပါလျက်နဲ့ သင့်ဆံသားတွေက […]

ဆံပင်ဆက်မယ်ဆိုရင် . . .

ပျိုမေတို့ရေ ဆံကေသာ အရှည် မြန်ချင်လို့ နှစ်အကြာကြီးစောင့်စရာမလို တော့ပါဘူး။ ကိုယ်လိုချင်တဲ့အရှည်ကို နာရီပိုင်းအတွင်းရနိုင်ဖို့ Hair Exten­sions တွေနဲ့ ဆံပင်ဆက်တာလုပ်နိုင်ပါတယ်။ Hair Extensions ဘယ်နှမျိုးရှိလဲ Hair Extensions မှာ နှစ်မျိုးရှိ ပါတယ်။ Synthetic က ပိုလီအီစတာ ဒါမှမဟုတ် အခရိုင်းလစ်ကနေ ထုတ် လုပ်ထားတဲ့ ဖိုင်ဘာအမျှင်တွေ ဖြစ်ပြီး နောက်တစ်မျိုးကတော့ လူ့ဆံပင်အစစ် ကနေ ပြန်လည်ပြုပြင်ပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဆံပင်ဆက်တဲ့အခါအသုံးပြုတဲ့ Hair Extensions တွေက ဆံကေသာ ကို ပိုပြီးတော့လည်း ထူသွားစေနိုင်ပါ တယ်။ ဒါကြောင့်ဆံပင်ပါးတဲ့သူတွေ လည်း အသုံးပြုလေ့ရှိပါတယ်။ ဘယ်လိုဆက်ရမလဲ Hair Extensions တွေကို ကျွမ်း ကျင်တဲ့ ဆံကေသာပညာရှင်တွေ ဆက် […]

ပြန်လည်ခေတ်စားလာသော ဖက်ရှင်များ

ဖက်ရှင် စက်ဝန်းသံသရာကြီးက အမြဲတမ်းလည်ပတ်လျက်ရှိနေပါတယ်။ အခုမှာလည်း ၁၉၉၀ မှ၂၀၀၀ ပိုင်း အစတုန်းက ခေတ်စားခဲ့တဲ့ ဖက်ရှင် ဟောင်းတွေက တစ်ဖန် ပြန်လည်ဆန်းသစ်လာတာမို့ ဖော်ပြပေးလိုက်ပါတယ်။ အမဲသား နှုတ်ခမ်း Beef lips ဒီလိုမျိုးတင်စားပြီး ခေါ်ထားတာက နှုတ်ခမ်း အနားသားတွေကို အညိုရင့်ရောင်ခဲတံနဲ့ Liner ဖော်ထားပြီး အတွင်းသားတွေကို ပန်းရောင်ဆိုးထား တာမို့ အမဲသားကို Medium Rare Steak ပြုလုပ် ထားတဲ့ ပုံစံပေါက်နေလို့ပါ။ ဒီဖက်ရှင်က ၁၉၉၈ ခုနှစ်က ခေတ်စားခဲ့ဖူးပြီး အခုတစ်ဖန် ပြန်လည် ခေတ်စားနေပါတယ်။ မူလက်ဆံပင်ပုံစံ Mullet haircut ဒီဆံပင်ပုံစံက လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကတည်းက ခေတ်စားခဲ့ပြီး အမျိုးသားရော အမျိုးသမီးတွေပါ ဒီဆံပင်ပုံစံကို ညှပ်ခဲ့ပါတယ်။ ပထမလှိုင်းအနေနဲ့ […]

Eye Makeup တွေနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

မျက်လုံးတစ်ဝိုက်အသုံးပြုတဲ့ အလှကုန် တွေထဲမှာဆိုရင် မျက်တောင်ကော့ဆေး (Mascara)၊ အိုင်းရှဲဒိုး(Eye shadows)၊ အိုင်းလိုင်နာ (Eye Liner)၊ မျက်ကွင်း ညိုတာဖုံးအုပ်ဖို့ ကွန်ဆယ်လာ (Conc­ea­lers)တွေနဲ့ မျက်ခုံးမွေးဆွဲတံ (Eye­brow Pencils) တွေပါတာပေါ့နော်။ ဒီ မျက်လုံးတစ်ဝိုက် အသုံးပြုတဲ့ အလှကုန် တွေနဲ့ပတ်သက်ပြီး အမေရိကန် FDA က သုံးစွဲသူတွေဆီကို ပေးထားတဲ့ အသိ ပေးချက်တွေရှိပါတယ်။ ဒါတွေကို ပျိုမေ တို့သတိထားနိုင်ဖို့ ရေးပေးလိုက်ပါတယ်။ ၁။ သန့်ရှင်းမှုရှိဖို့ ဂရုစိုက်ပါ အန္တရာယ်ရှိတဲ့ ဗက်တီးရီးယားနဲ့ မှိုပိုး တွေဟာ အလှကုန်ပစ္စည်းတွေနဲ့ သူတို့ကိုထုပ် ပိုးထားတဲ့ Containers တွေထဲမှာ ပေါက်ဖွား နိုင်ပါတယ်။ မျက်လုံးနဲ့ မမြင်နိုင်တဲ့ ပိုးတွေ ပေါက်ဖွားလာနိုင်တာကြောင့် မျက်လုံးတစ် ဝိုက်အသုံးပြုတဲ့ အလှကုန်တွေကို […]