ကလေး ငယ်စဉ်ကတည်းက သင်ယူတတ်မြောက်ထားသင့်သော အကြောင်းအရာ ၁၀ မျိုး

ကလေးတွေက အသက်တစ်နှစ်အရွယ်ကပင်စတင်ပြီး ပတ်ဝန်းကျင်က သတင်းအချက်အလက် ပေါင်းများစွာကို လက်ခံရရှိကြပါတယ်။ ကလေးတွေက ငယ်စဉ်ကထဲက သူတို့ရဲ့ ဘာသာစကားနဲ့ သူတို့အတွက် အခြေခံကြပုံရိပ်တွေကို ပုံဖော်ပြီးသားဖြစ်ပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဟာ ရေမြှုပ် လိုမျိုး ဖြစ်နေတာကြောင့် တစ်ချို့အရာတွေကို ငယ်စဉ်ကာလကပင် သင်ယူထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကြီးလာတဲ့အခါမှာ သူတို့အခြေခံတတ်ထားတဲ့အရာတွေက သူမတူအောင် ထူးချွန်နိုင်ပါလိမ့်မယ်။ အောက်ဖော်ပြပါတွေက ကလေးငယ်စဉ်ကာလကစပြီး သင်ယူသင့်တဲ့ အကြောင်းအရာတွေပါ။ ဒုတိယဘာသာစကား သင်ကြားပေးခြင်း။ လေ့လာမှုတစ်ခုအရ ဒုတိယဘာသာစကား တစ်မျိုးကို တတ်ကျွမ်းထားတဲ့ ကလေးငယ်တွေဟာ ပြောင်းလဲမှုတိုင်းကို အမြန်လိုက်လျောညီထွေစွာ လိုက်လုပ်နိုင်ပြီး မှတ်ဉာဏ် ပိုထက်သန်ကာ ဘာသာ စကားနားလည်နိုင်မှု ပိုပြီးကောင်းမွန်တယ်လို့ သိရ ပါတယ်။ ဘာသာစကား နှစ်မျိုးပြောနိုင်သူတွေက အသက်ကြီးလာတဲ့အခါမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်တာလည်း နောက်ကျနိုင်တယ်လို့ ကနေဒါနိုင်ငံမှ […]

ကိုယ်ဝန်ဆောင်ကာလမှာ မာလကာသီး စားသင့်ပါသလား

မာလကာသီးကို ဝမ်းချုပ်တတ်တဲ့ အစားအစာ၊ အူအတက်ပေါက်နိုင်တဲ့ အစားအစာလို့ ထက်မှတ်ပြီး အရသာရှိလို့ စားချင်ပေမယ့် ရှောင်ကြဉ်ကြသူတွေ ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်ထားချိန်မှာ မလကာသီးကိုစားသုံး တာက အန္တရာယ်ကင်းနိုင်ပါသလားလို့ ဆိုရင်တော့ သူ့မှာ ကျန်းမာရေးအတွက် အကျိုးများစွာရှိတာမို့ ကိုယ်ဝန်ဆောင် ကာလတောက်လျှောက် စားသုံးနိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ မှည့်နေပြီး အခွံနွှာထားကာ အစေ့ကုန်အောင်ထုတ်ထား တဲ့ မာလကာသီး ဖြစ်ရမှာဖြစ်ပြီး တစ်နေ့ကို တစ်လုံးထက်ပို မစားသုံးရပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ မာလ ကာသီးစားသုံးတာကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ခုခံအားစနစ်ကောင်းမွန်နိုင်ခြင်း။ မာလကာသီးမှာ ပေါကြွယ်ဝစွာ ပါဝင်တဲ့ ဗီတာမင် C တွေက ခုခံအား စနစ်ကို သန်မာစေနိုင်ပါတယ်။ ဗီတာမင် C က ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ် မြင့် တက်စေကာ […]

မိခင်နို့တိုက်ကျွေးနေစဉ် ရှောင်သင့်သော အစားအစာများ

ကိုယ်ဝန်ဆောင်ကာလမှာ အရသာအတွက် အာသာပြေစေဖို့ အစားအစာမျိုးစုံကို စားလို့ရခဲ့ပေမယ့် ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ သင်ရဲ့ အရသာအာရုံကို ဦးစားပေးလို့ မရတော့ပါဘူး။ ရှေးလူကြီးတွေရဲ့ အယူအဆ အရ နို့တိုက်မိခင်တွေက အစားရှောင်ရှားရမယ်လို့ ဆိုပေမယ့် သားစိမ်း ငါးစိမ်းတွေကို ရှောင်ကြဉ်ပြီး အခြောက်အခြမ်း တွေကိုသာ စားရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ မိမိကလေးကို မိခင်နို့တိုက်နေတဲ့ မိခင်တွေက အောက်ပါအစားအစာ တွေကိုတော့ ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ကော်ဖီ ကော်ဖီမှာပါဝင်တဲ့ကဖင်းတွေက မိခင်နို့ရည်မှတစ်ဆင့် ကလေးဆီရောက် သွားတတ်ပါတယ်။ နို့စို့ကလေးငယ် တွေက ကဖင်းကို ထိထိရောက်ရောက် မစွန့်ထုတ်ပစ်နိုင်တဲ့အတွက် သူတို့ ကိုယ်တွင်းမှာ ကဖင်းတွေစုပုံလာနိုင်တာ ကြောင့် အိပ်မပျော်တာ၊ ဒေါသကြီးနေ တာနဲ့ တစ်ချိန်လုံးအီနေတာတွေ ဖြစ် တတ်ပါတယ်။ ဒါ့အပြင် ကဖင်းကို အများကြီး သောက်တာက မိခင်နို့အတွင်း […]

နို့စို့ကလေးများတွင်အဖြစ်များသော အစာခြေမှုပြဿနာများ

သင့်အိမ်မှာ မွေးကင်းစကလေးငယ်တစ်ယောက်ရှိနေရင် သင့်ဘဝတစ်ခုလုံး သူနဲ့သာအချိန်ကုန်သွားပါလိမ့်မယ်။သူငိုလိုက်တိုင်း၊ သူအော်နေတိုင်း သူ့ကို နို့တိုက်ရတာ၊ အနှီးလဲရတာ၊ အီးပေတဲ့ သေးစိုခံဘောင်းဘီကိုချွတ်ပြီး သန့်ရှင်း ရေးလုပ်ပေးရတာ၊ နို့အန်ဖတ်တွေကို သန့်ရှင်းပေးရတာတွေကြောင့် သင်နားရတယ်လို့ မရှိတော့ဘဲ ဖိစီးမှုတွေလည်း များလာနိုင်ပါတယ်။ ဒီလိုတွေ ပြုလုပ်ပေးနေပါလျက်နဲ့ ကလေး အငိုမတိတ်ရင် သူလေထိုးလေအောင့်ပြီး အစာခြေစနစ် ပြဿနာဖြစ်နိုင်တာမို့ မွေးကင်းစကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ် ပြဿနာအကြောင်းကို သိထားဖို့ လို အပ်ပါတယ်။ နို့ပြန်ထွက်ခြင်း ကလေးတွေ နို့စို့အပြီး နို့ပြန်ထွက် တတ်တာက အဖြစ်များတဲ့ ပြဿနာတစ် ခုပါ။ ကလေးငယ်အများစုမှာ အစာခြေ စနစ်ရဲ့ လုပ်ငန်းစဉ်က နှေးကွေးပါတယ်။ ဒါ့အပြင် နို့စို့ကလေးတွေမှာ အစာမျို ပြွန်ရဲ့ အဆို့ရှင်က ဖွံ့ဖြိုးဆဲပါ။ ဒါ့ကြောင့် ကလေးတွေက နို့စို့အပြီးမှာ နို့ပြန်ထွက် […]

ကိုယ်၀န်ဆောင်ကာလအတွင်း ဆောင်ရန်နှင့် ရှောင်ရန်များ (အပိုင်း-၃)

ကိုယ်၀န် ဒုတိယ သုံးလပတ်အတွင်း ပြုလုပ်သင့်သည်များ ကိုယ်၀န် ဒုတိယ သုံးလပတ်ကို ရောက်လာတဲ့အခါမှာ ကိုယ်ဝန်အတွက် စစ်ဆေးမှု ပြုလုပ်တာ၊ ကိုယ်ဝန်ဆောင် ခွင့်ယူဖို့နဲ့ ကလေးအမေဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်ရပါတော့မယ်။ ကိုယ်၀န်ရက်ချိန်းမှန်မှန်ပြပါ။ ဆေးစစ်ပါ မိမိပြနေကျ သားဖွားနဲ့ မီးယပ်ဆရာ ဝန်နဲ့ တစ်လတစ်ကြိမ် ပုံမှန်ပြရပါမယ်။ ကိုယ်၀န်ဆောင် နောက်ဆက်တွဲပြဿနာ ရှိနေရင်တော့ ပုံမှန်ထက် ရက်ချိန်းပိုစိပ် ပြီး ပြရနိုင်ပါလိမ့်မယ်။ သွေးစစ်တာ၊ ရော ဂါစစ်တာ၊ ၀မ်းဗိုက် အတိုင်းအတာယူ တာတွေ ပြုလုပ်ရပါမယ်။ သင်ရဲ့ သန္ဓေ သားကိုလည်း Ultrasound မှတစ်ဆင့် ကြည့်ရှုလို့ ရနိုင်ပါပြီ။ သန္ဓေသား ကြီးထွားဖွံ့ဖြိုးမှုကို လေ့လာပါ သင်ရဲ့ကလေး တစ်နေ့နဲ့တစ်နေ့ ဒါမှမဟုတ် တစ်ပတ်နဲ့တစ်ပတ် ဘယ် လောက်ကြီးထွားဖွံ့ဖြိုးလာနိုင်သလဲ ဆို […]

ကိုယ်ဝန်ဆောင်ကာလအတွင်း ဆောင်ရန်နှင့် ရှောင်ရန်များ (အပိုင်း-၂)

♦♦ ကိုယ်ဝန် ပထမသုံးလပတ်အတွင်း ပြုလုပ်သင့်သည်များ ♦♦ ♦♦ ကိုယ်ဝန်ရှိမှန်းသေချာအောင် စစ်ဆေးပါ ► သင်က အိမ်ထောင်သည်ဖြစ်ပြီး ဓမ္မတာသွေးပေါ်ရမယ့် ရက်ကျော်တာ တစ်ပတ်ကျော်သွားရင် ကိုယ်ဝန်ရှိ မရှိ သေချာအောင် ကိုယ်ဝန်စစ် ကိရိယာနဲ့ စစ်ဆေးရပါမယ်။ ► ရလာတဲ့ အဖြေက မပြတ်သားသေး ရင် နောက်တစ်ပတ်မှာ ပြန်လည်စစ်ဆေးပါ။ ► သင့်ကိုယ်ဝန်ကို ကြည့်ရှုပေးမယ့် ဆရာဝန်ကို ရွေးချယ်ထားပါ။ ► သင်ကလေးမွေးမယ့် ဆေးရုံ၊ မွေး ပေးမယ့်ဆရာဝန်တို့ကို သင့်မိသားစု၊ သင့်မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီးရွေးချယ် ပါ။ သင့်ဆရာဝန်ထိုင်တဲ့ ဆေးရုံ ဆေး ခန်းက သင့်အိမ်နဲ့ သွားရလာရတာ လွယ် ကူအဆင်ပြေတဲ့ နေရာဖြစ်ရပါမယ်။ ♦♦ ကိုယ်ဝန်ပြဖို့ ရက်ချိန်းယူပါ ► ဆရာဝန်နဲ့ […]

မူကြိုအရွယ် ကလေးငယ်များ သိမှုဆိုင်ရာစွမ်းရည်မြင့်မားစေဖို့

♦ သိမှုဆိုင်ရာစွမ်းရည် (Cognitive Development) ဆိုတာက ကလေးငယ် ရဲ့ သင်ယူမှု၊ ကလေးငယ်ရဲ့ အသိပညာ ပေါ် အခြေခံပြီး ပတ်ဝန်းကျင်မှာ ဘယ်လို တုံ့ပြန်လဲဆိုတဲ့ အသိÓဏ်ကို ဆိုလိုပါ တယ်။ အသက်အရွယ်အလိုက် ဖွံ့ဖြိုးရ မယ့် သိမှုဆိုင်ရာစွမ်းရည်တွေ ရှိပါတယ်။ ကလေးရဲ့ သိမှုဆိုင်ရာစွမ်းရည်ဖွံ့ဖြိုးစေ ဖို့ မှတ်ဉာဏ်ကို အခြေခံတဲ့ ကစားနည်း တွေ၊ အာရုံစူးစိုက်ရတဲ့ ကစားနည်းတွေ၊ ကလေးရဲ့ အတွေးအခေါ်၊ အယူအဆ တွေကို ပုံဖော်နိုင်တဲ့ ကစားနည်းတွေက အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ ♦ သင့်ကလေးရဲ့ သိမှုဆိုင်ရာစွမ်းရည် မြင့်တက်စေဖို့ လွယ်ကူတဲ့ ကစားနည်း (၇) နည်းကို ဖော်ပြပေးလိုက်ပါတယ်။ (၁) သီချင်းဆိုပါ ♦ ဘာကြောင့်လိုအပ်လဲ သီချင်းတွေဆိုတာက […]

ကိုယ်ဝန်ဆောင်ကာလအတွင်း ဆောင်ရန်နှင့် ရှောင်ရန်များ အပိုင်း(၁)

အောက်ဖော်ပြပါတွေက ကိုယ်ဝန် ဆောင်ထားချိန်မှာ ရှောင်သင့်တဲ့ အရာတွေပါ။ ၁။ အသားစိမ်း၊ ငါးစိမ်း၊ မကျိုချက် ထားတဲ့ နွားနို့နဲ့ ဆီကြော်စာတွေကို မစားပါနဲ့။ ဒီအစားအစာတွေမှာ သင့်ကို ဒုက္ခပေးနိုင်တဲ့ ပိုးမွှားတွေပါဝင်နိုင်တာကြောင့် သင်နဲ့ သင့်သန္ဓေသား ကျန်းမာရေး အတွက် မကောင်းပါဘူး။ ဒါ့အပြင် အဝလွန်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို လည်း အစိမ်းအတိုင်းစားမယ်ဆိုရင် မစားခင် ရေနဲ့ စင်ကြယ်အောင် ဆေး ကြောရပါမယ်။ ၂။ မွေးကင်းစကလေးနေမယ့်အခန်းကို ဆေးမသုတ်ပါနဲ့။ အိမ်သုတ်ဆေးတွေမှာပါဝင်တဲ့ ဓာ တုပစ္စည်းတွေ အဆိပ်အတောက် တွေပါဝင်တာကြောင့် ကလေးအတွက် အန္တရာယ်ရှိပါတယ်။ ဆေးသုတ်ချင် တယ်ဆိုရင်တော့ သဘာဝအရောင်ကိုသာ အသုံးပြုပြီး အဲဒီအခန်းက လေဝင်လေ ထွက် ကောင်းမွန်ရပါမယ်။ ၃။ ကဖင်းကို အလွန်အကျွံ […]

ကလေးငယ်ကို စာဖတ်ဝါသနာ ပါလာ အောင် ဘယ်လို စည်းရုံးနိုင်မလဲ

ကလေးတွေအတွက် စာဖတ်တာ ကနေ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ စာလုံးပေါင်းသတ်ပုံ၊ စာအရေးအသား၊ စကားအပြောအဆို စတာတွေအပေါ် ကောင်းကျိုးတွေ အ များကြီးပေးနိုင်ပါတယ်။ ငယ်ငယ်က တည်းက သင့်ကလေးကို စာအုပ်တွေနဲ့ ရင်းနှီးနေအောင်၊ မွေ့လျော်အောင် အ လေ့အကျင့် လုပ်ပေးထားမယ်ဆိုရင် က လေးတွေ စာဖတ်ဖို့ မပျင်းတော့ပါဘူး။ သင့်ကလေးကို စာဖတ်ဖို့ တိုက်တွန်းတာ သက်သက်မဟုတ်ဘဲ ကလေးတွေကိုယ် တိုင်က စာဖတ်ပျော်အောင် ဖန်တီးပေးဖို့ လိုပါတယ်။ (၁) စံပြဖြစ်အောင်နေပါ ကလေးကို စာဖတ်ဝါသနာပါစေ ချင်ရင် သင်ကိုယ်တိုင်ကလည်း စာအုပ် စာပေတွေနဲ့ တရင်းတနှီး ရှိနေသင့်ပါ တယ်။ ကလေးကို သင်ကိုယ်တိုင် စာ ဖတ်ပြတာက သိသာထင်ရှားစေတဲ့ အ ချက်ဖြစ်ပါတယ်။ သင်ကိုယ်တိုင်က စာ […]

အမျိုးသားများ သိထားသင့်သည့် ကိုယ်ဝန်သည်များအကြောင်း

အိမ်ထောင်ဦးစီး လင်ယောကျ်ားများက မိန်းမမှာ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရတဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားတတ်ကြပါတယ်။ ဒီလိုဝမ်းသာနေရုံနဲ့ မလုံလောက်ပါဘူး။ မိမိရဲ့ မိန်းမကိုယ်ဝန်ဆောင်နေချိန်မှာ ပြောင်းလဲတတ်တဲ့ အောက်ဖော်ပြပါအပြုအမူ၊ အနေအထိုင်၊ အစားအသောက်တွေကိုလည်းသိထားပြီး လိုက်လျောညီထွေစွာ နေထိုင်သင့်ပါတယ်။ ♥ သူဗိုက်ဆာတတ်ပါတယ် သင်ရဲ့ ကိုယ်ဝန်ဆောင်မိန်းမက ခါတိုင်းထက်ပိုမိုပြီး အစာစားဖို့ လိုအပ်တဲ့အတွက် သူ့အနားမှာ အဆာပြေစားလို့ရတဲ့ စားစရာတွေကို ဝယ်ထားပေးပါ။ ♥ သူပုံပျက်လာတာကိုစကားလုပ်ပြီးမပြောပါနဲ့ သင့်မိန်းမဗိုက်ကြီးလို့ ပုံပျက်အောင် ဝလာတယ်လို့ သူ့ကို ဘယ်တော့မှ မပြောပါနဲ့။ သူ့ဘာသာသူ ဝလာမှန်း သိနေပါတယ်။ ဒီလိုပြောမယ့်အစား ငါ့မိန်းမလှလာတယ်လို့သာပြောပေးလိုက်ပါ။ ♥ သူကမေ့လျော့တတ်ပါတယ် ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကြောင့် အခန်းသော့ကို ဘယ်နားထားခဲ့မိမှန်းမသိတော့တာလိုမျိုး မေ့လျော့တာတွေ ဖြစ်လာတတ်ကြပါတယ်။ ကလေးမွေးဖွားပြီးသွားရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။ ♥ လိင်ဆက်ဆံမှုပြုလုပ်တာကသန္ဓေသားလောင်းအပေါ်ဒုက္ခမပေးနိုင်ပါဘူး တချို့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ […]