သင့်ကျားသဘာဝကို ကာကွယ်ပါ

အမျိုးသားတို့ရဲ့ မျိုးပွားအင်္ဂါဟာ အန္တရာယ်ရှိတဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့မျိုးပွားအင်္ဂါနဲ့ သက်ဆိုင်ရာရောဂါတွေနဲ့ ပတ်သက်လို့ ဆေးဝါးကုသလိုစိတ် လွယ်လွယ်ကူကူရှိနေတတ်ပေမယ့် အမျိုးသားတွေအတွက်ကတော့ အူကျွံရောဂါ (Hernia) ဖြစ်မဖြစ် ဆေး စစ်တဲ့ကိစ္စကလွဲလို့ သူတို့ရဲ့ကျန်းမာရေး နဲ့ပတ်သက်လို့ ဆေးရုံ၊ ဆေးခန်းကို လာ ပြခဲပါတယ်။ အဲဒီအတွက် အကျိုးဆက် ကတော့ အမျိုးသားတွေ မျိုးပွားအင်္ဂါဆိုင် ရာရောဂါတွေဖြစ်လာတဲ့အခါ ဘာလုပ်ရ မှန်းမသိ ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါ ဟာ လုံးဝမကောင်းပါဘူး။ ဘာလို့လဲ ဆိုရင် အမျိုးသားတို့ရဲ့ မျိုးပွားအင်္ဂါတွေ နဲ့ပတ်သက်ပြီး ကင်ဆာရောဂါအပါ အဝင် ကျန်းမာရေးပြဿနာပေါင်းစုံ ဖြစ်နိုင်တဲ့အတွက် သင်ဟာ အမျိုးသား တစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ရင် နေမကောင်းဖြစ်နိုင်တယ်။ မြုံသွားနိုင်တယ်။ သေတဲ့အထိ ဖြစ်နိုင်ပါ တယ်။ ဆောင်းပါးမှာပါတဲ့ပြဿနာ […]

Ultrasound လှိုင်းဖြင့် သုက်ပိုး ဖျက်ဆီးသည့်စက်ကိရိယာသည် အမျိုးသား သန္ဓေတားနည်းအသစ် ဖြစ်လာမည်လား

လက်ရှိမှာ အမျိုးသမီးတွေအတွက် သန္ဓေတားနည်း ၁၂ မျိုးရှိ ပေမယ့် အမျိုးသားတွေအတွက် သန္ဓေတားနည်းမှာ ကွန်ဒုံးနဲ့ သားကြောဖြတ်တဲ့နည်း နှစ်မျိုးသာရှိပါတယ်။ နောက်ပိုင်းမှာ ဝှေးစေ့ကို ခွက်ထဲစိမ်ရုံနဲ့ အာထရာဆောင်းလှိုင်းနဲ့ သုက်ပိုးဖျက်ဆီးပေးမယ့် စက်ကိရိ ယာဟာ အမျိုးသားသန္ဓေတားနည်းအသစ်ဖြစ်လာနိုင်ကြောင်း ဂျာမန်ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။ COSO လို့အမည်ပေးထားတဲ့ အဲဒီကိရိယာက နာကျင်မှုမရှိသလို သုံးရလွယ်ကူကာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်နိုင်ပါတယ်။ ကိရိယာက ခွက်ပုံစံရှိပြီး အဲဒီအထဲမှာ ရေထည့်ကာ ဝှေးစေ့ကို စိမ်ရမှာ ဖြစ်ပါတယ်။ ရေက တဖြည်းဖြည်းနွေးလာပြီး စက်ကနေ ထုတ်လွှတ်တဲ့ Ultrasound လှိုင်းတွေက သုက်ပိုးထုတ်လွှတ်မှုနဲ့ သုက်ပိုးရွေ့လျားနိုင်မှုကို နှစ်လအထိ ကန့်သတ်ပေးထားမှာပဲ ဖြစ်ပါတယ်။ တစ်ကြိမ်ကို ၁၅ မိနစ်နဲ့ နှစ်ရက်ခြားကာ နှစ်ကြိမ်ပြုလုပ်ရမှာဖြစ်ပါတယ်။ နှစ်ပတ် အကြာမှာ စတင်သိသာလာပြီး […]

ဝှေးစေ့နှင့်ပတ်သက်၍ အံ့ဩဖွယ်ရာအချက်များ

ဝှေးစေ့က သုက်ပိုးထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ် ဝှေးစေ့က တစ်စက္ကန့်မှာ သုက်ပိုးပေါင်း ၁၅၀၀ ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်မိနစ်ကြာတိုင်း သုက်ပိုး ကိုးသောင်း၊ တစ်နာရီမှာ ၅.၄ သန်းနဲ့ တစ်နေ့ကို သန်းပေါင်း ၁၃၀ ထုတ်လုပ်ပေးလျက်ရှိတယ်လို့ သိရပါ တယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူပေမယ့် ထုတ်လုပ်နိုင်တဲ့ သုက်ပိုး အရေအတွက်ကတော့ သိပ်မကွာခြား ကြပါဘူး။ မမျိုးဥနဲ့ ဥအောင်ဖို့အတွက် သုက်ပိုးတစ်ကောင်ပဲလိုအပ်ပေမယ့် သုက်ရည်တစ်ခါလွှတ်စာ(လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တစ်ဇွန်းခွဲစာ)သုက်ရည်မှာ သုက်ပိုး သန်း ၄၀ ကနေ သန်း ၁၃၀ အထိပါဝင်ပါတယ်။ အကယ်၍ သုက်မလွှတ်ဘူးဆိုရင် သုက်ပိုးတွေကို ခန္ဓာကိုယ်က ပြန်လည်စုပ်ယူသွားပါတယ်။ တခြားခန္ဓာကိုယ်အစိတ်အပိုင်းထက် အပူချိန် ၅ ဒီဂရီ ပိုအေးပါ တယ် အမျိုးသမီးတွေမှာလည်း မမျိုးဥ […]

ဗီယာဂရာ အစားထိုး အစားအစာများ

မကြာခင်က ပြုလုပ်ထားတဲ့ လေ့လာမှုတွေအရ အမျိုးသား ၅ ယောက်မှာ တစ် ယောက်နှုန်းက ပန်းညှိုးတဲ့ပြဿနာဖြစ်ကြတဲ့အတွက် ဗီယာဂရာကို အသုံးပြုကြတယ် လို့ သိရပါတယ်။ ဒီဆေးဝါးက အမျိုးသားတွေမြုံတာနဲ့ ပန်းသေပန်းညှိုးရောဂါအတွက် အသုံးဝင်တာကြောင့်လို့ဆိုပါတယ်။ ဗီယာဂရာက လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကောင်းမွန်တာကြောင့် လိင်အင်္ဂါ ထောင်မတ်နိုင်ပြီး ထောင်မတ်ချိန်လည်း ပိုပြီးတာရှည်နိုင်ပါတယ်။ ဗီယာဂရာလိုမျိုးပြုမူနိုင်တဲ့ အောက်ဖော်ပြပါအစားအစာတွေလည်းရှိတာမို့ ဆေး အစားထိုးအသုံးပြုနိုင်ပါတယ်။ တရုတ်နံနံပင် အနံ့သင်းပြီးရေလိုမျိုးအရသာရှိပေမယ့် သူ့မှာပါဝင်တဲ့ အာဂျီနင်းကြောင့် ဗီယာ ဂရာဆေးဝါးလိုမျိုး သွေးကြောတွေကျယ်ပြန့်နိုင်ပါတယ်။ သူ့မှာပါရှိတဲ့ စတီးရွိုက် နှစ် မျိုးက ကိုယ်ရနံ့သင်းပျံ့စေတဲ့အတွက် တခြားသူကိုဆွဲဆောင်မှုပိုမိုရှိနိုင်ပါတယ်။ ဖရဲသီး ချိုပီးအရည်ရွှမ်းတဲ့ဖရဲသီးမှာ ပါဝင်တဲ့ စီတလျူလင်းက နိုက်ထရစ်အောက်ဆိုဒ် ထွက်ပေါ်လာအောင် ကူညီတာကြောင့် ပန်းညှိုးတာ လျော့ကျသွားနိုင်ပါတယ်။ အိပ် ရာမဝင်ခင် ဖရဲသီးဖျော်ရည်သောက်ပါ။ ချောကလက် ချောကလက်က […]

သင့်ရွှေပန်းက ပြောပြနိုင်သော ကျန်းမာရေးအခြေအနေ

သွေးဖိအားမျာနေတာက နှလုံးသွေးကြောရောဂါရှိနေကြောင်းကို ညွှန်ပြနေတဲ့ လက္ခဏာတစ်ခု ဖြစ်နေသလို သင့်ရွှေပန်းကလည်း သင့်ကျန်းမာရေးကိုတိုင်းတာနိုင်တဲ့ကိရိယာတစ်ခု ဖြစ်ပါတယ်။ ရွှေပန်းရဲ့လုပ်ဆောင်ချက်၊ သူရဲ့ အသွင်အပြင်နဲ့ သူကထွက်လာတဲ့အရည်တွေကို ကြည့်ရှုပြီး သင့်ကျန်းမာရေးအခြေအနေကို သိရှိ နိုင်ပါတယ်။ (၁) ရွှေပန်း၏လုပ်ဆောင်ချက်ကိုကြည့်ရှုပြီး သိရှိနိုင်သောကျန်းမာရေးအခြေအနေ သင့်ရွှေပန်းက အဓိကလုပ်ဆောင်ချက် နှစ်မျိုးပဲရှိပါတယ်။ ဆီးပေါက်တာနဲ့ သုက်ရည်လွှတ်တာပါ။ #ဆီးသွားရခက်ခဲခြင်း ♦ ဆီးစတင်ထွက်ဖို့ ခက်ခဲတာ၊ ဆီးရဲ့ အရှိန်အားလျော့တာလိုမျိုး ဆီးသွားရခက်ခဲတဲ့ ပြဿနာတွေက ဆီးကျိတ်ကြီးနေတာကြောင့်ပါ။ ကင်ဆာရောဂါနဲ့ မသက်ဆိုင်ပါဘူး။ ဆီးတစက်စက်စီကျတာ၊ ဆီးကျန်နေတာ၊ မကြာခဏဆီးသွားတာနဲ့ ဆီးထဲမှာ သွေးပါတာတွေကလည်း ဆီးကျိတ်ကြီးနေတဲ့ လက္ခဏာပါပဲ။ ♦ နောက်ဆုံးအဆင့်ရောက်နေတဲ့ ဆီးကျိတ်ကင်ဆာရောဂါရှင်တွေမှာလည်း အထက်ဖော်ပြပါဆီးကျိတ်ကြီးနေတဲ့လက္ခဏာတွေကို တွေ့ရှိရတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာရောဂါရှိမှန်းကို စောစီးစွာ တွေ့ရှိနိုင်ဖို့အတွက် ဆရာဝန်တွေက သွေးစစ်တာနဲ့ စအိုကတစ်ဆင့် စစ်ဆေးတာတွေကို ပြုလုပ်ပေးရပါတယ်။ […]

အမျိုးသားများ သိထားသင့်သည့် ကိုယ်ဝန်သည်များအကြောင်း

အိမ်ထောင်ဦးစီး လင်ယောကျ်ားများက မိန်းမမှာ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရတဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားတတ်ကြပါတယ်။ ဒီလိုဝမ်းသာနေရုံနဲ့ မလုံလောက်ပါဘူး။ မိမိရဲ့ မိန်းမကိုယ်ဝန်ဆောင်နေချိန်မှာ ပြောင်းလဲတတ်တဲ့ အောက်ဖော်ပြပါအပြုအမူ၊ အနေအထိုင်၊ အစားအသောက်တွေကိုလည်းသိထားပြီး လိုက်လျောညီထွေစွာ နေထိုင်သင့်ပါတယ်။ ♥ သူဗိုက်ဆာတတ်ပါတယ် သင်ရဲ့ ကိုယ်ဝန်ဆောင်မိန်းမက ခါတိုင်းထက်ပိုမိုပြီး အစာစားဖို့ လိုအပ်တဲ့အတွက် သူ့အနားမှာ အဆာပြေစားလို့ရတဲ့ စားစရာတွေကို ဝယ်ထားပေးပါ။ ♥ သူပုံပျက်လာတာကိုစကားလုပ်ပြီးမပြောပါနဲ့ သင့်မိန်းမဗိုက်ကြီးလို့ ပုံပျက်အောင် ဝလာတယ်လို့ သူ့ကို ဘယ်တော့မှ မပြောပါနဲ့။ သူ့ဘာသာသူ ဝလာမှန်း သိနေပါတယ်။ ဒီလိုပြောမယ့်အစား ငါ့မိန်းမလှလာတယ်လို့သာပြောပေးလိုက်ပါ။ ♥ သူကမေ့လျော့တတ်ပါတယ် ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကြောင့် အခန်းသော့ကို ဘယ်နားထားခဲ့မိမှန်းမသိတော့တာလိုမျိုး မေ့လျော့တာတွေ ဖြစ်လာတတ်ကြပါတယ်။ ကလေးမွေးဖွားပြီးသွားရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။ ♥ လိင်ဆက်ဆံမှုပြုလုပ်တာကသန္ဓေသားလောင်းအပေါ်ဒုက္ခမပေးနိုင်ပါဘူး တချို့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ […]

ဆီးချိုကြောင့်နောက်ဆက်တွဲရောဂါတွေ ရှိသော်လည်း သက်တမ်းမတိုအောင်

♦ ဆီးချိုသွေးချိုရောဂါကြောင့် ကိုယ့်မှာ နောက်ဆက်တွဲရောဂါတွေ ရှိနေပြီလား ဆိုတာကို သိအောင် ဘယ်လိုလုပ်သင့်ပါ သလဲဆရာ။ ဆီးချိုသွေးချိုရောဂါတွေ မဖြစ် အောင် ကြိုတင်ကာကွယ်မယ်၊ ဆီးချို ရောဂါဖြစ်လာပြီဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ကြိုတင်ကာ ကွယ်မယ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်ဆိုရင် ဆီးချိုသွေးချိုကို နိုင် အောင်ထိန်းမယ်၊ သွေးတိုးကို နိုင်အောင် ထိန်းမယ်၊ သွေးတွင်းအဆီဓာတ်ကို နိုင်အောင် ထိန်းမယ်၊ နောက်တစ်ချက် ထပ်ဖြည့်ပြောချင်တာက ကိုယ့်မှာ နောက် ဆက်တွဲဆိုးကျိုးတွေ ရှိပြီလားဆိုတာကို အရင်စစ်ဆေးဖို့ လိုပါလိမ့်မယ်။ တချို့က ကိုယ့်မှာ ဆီးချိုသွေးချို ရောဂါရှိတယ်၊ ဆရာဝန်ဆီသွားတယ်၊ ဆေးသောက်တယ်။ လူကလည်း နေ ကောင်းနေတော့ စစ်ဆေးမှုတွေကို စစ် ချင်မှလည်း စစ်မယ်၊ မစစ်ချင်လည်း မစစ်ဘူး။ […]

အမျိုးသားတွေ ဆီးမထိန်းနိုင်ဖြစ်တာကို ဘယ်လိုဖြေရှင်းမလဲ

အမေရိကန်နိုင်ငံမှာ ဆီးမထိန်းနိုင် တာ ခံစားနေရတဲ့ အမျိုးသားပေါင်း ၃ ဒသမ ၄ သန်းရှိပါတယ်။ ဆီးမထိန်းနိုင် တာက အသက်ကြီးလို့ ဖြစ်လာတဲ့ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ဝေဒနာတစ်ခု မဟုတ်ပါဘူး။ ♦ ဆီးမထိန်းနိုင်ခြင်း ဖြစ်ရသော အကြောင်းများ ► အလေးအပင်မတာ ဒါမှမဟုတ် ချောင်းဆိုးတာတွေ ဖြစ်တဲ့အခါ ဆီးထွက် ကျခြင်း ► ဆီးသွားချင်တာနဲ့ Toilet ထဲ မရောက်ခင် ဆီးထွက်ကျခြင်း ► နှစ်မျိုးစလုံးဖြစ်ခြင်း ► ဆီးကျန်သလို ခံစားရပြီး ဆီးတစိမ့် စိမ့် ထွက်ခြင်း ♦ အမျိုးသားများတွင် ဆီးမထိန်းနိုင် ဖြစ်ရသောအကြောင်း အမျိုးသားတွေမှာ ဆီးမထိန်းနိုင် တာ ဖြစ်တဲ့အခါ ကုသဖို့ လိုအပ်တဲ့အခြေ အနေတွေ အဖြစ်များပါတယ်။ ဆီးကျိတ် […]

အမျိုးသားတိုင်း ပြုလုပ်သင့်သော ကျန်းမာရေးစစ်ဆေးမှု

ကျန်းမာရေးစစ်ဆေးမှုကို အချိန်မီ ပြုလုပ်တာဟာ အမျိုးသားတို့ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ထားတာကြောင့် ဝေဒနာမခံစားရခင် ရောဂါရှိမှန်း သိရှိနိုင်တဲ့အတွက် ကုသရာမှာ လွယ်ကူသွားနိုင်ပါတယ်။ ဥပမာအားဖြင့် ဆီးချိုရောဂါရှိမှန်း စောစောစီးစီးသိခဲ့ရင် အမြင်အာရုံပျက်စီးတာနဲ့ ပန်းသေပန်းညှိုးဖြစ်တာလိုမျိုး နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သင့်အသက်အရွယ်နဲ့ သင့်ရောဂါဖြစ်နိုင်ခြေပေါ် မူတည်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်များဆုံးသော ကင်ဆာတစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် ပြန့်ပွားနှုန်း နှေးကွေးပေမယ့် ပြန့်ပွားနှုန်းမြန်တဲ့ ဆီးကျိတ်ကင်ဆာအမျိုးအစားလည်း ရှိပါတယ်။ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တာကြောင့် ရောဂါလက္ခဏာမပြခင်မှာ ရောဂါရှိမှန်း သိရှိနိုင်တဲ့အတွက် အချိန်မီ ထိရောက်စွာ ကုသနိုင်ပါတယ်။ စစ်ဆေးခြင်း ► စအိုကနေ လက်နှိုက်ပြီး စစ်ဆေးတာနဲ့ သွေးထဲမှာ PSA ပါဝင်တဲ့ ပမာဏကို စစ်ဆေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ အသက် […]

မမြင်ကွယ်ရာမှာ ရေယုန်ပေါက်တဲ့အခါ

တလောက ကျမကို လူနာတစ်ယောက်ကလာမေးပါတယ် လိင်အင်္ဂါမှာ ရေယုန်ပေါက်တာတွေအတွက် သက်သာအောင် ဘယ်လိုလုပ်ရမလဲတဲ့။ သူပြောသလို ပေါင်ခြံ၊ တင်ပါး၊ လိင်အင်္ဂါနဲ့ စအိုတဝိုက်မှာ အရည်ကြည်ဖုလေးတွေ အများကြီးပေါက်တဲ့အခါ အတော်လေးကို နာကျင်တဲ့အပြင် နေထိုင်ဂရုစိုက်ရတာ ကလည်း သိပ်အဆင်မပြေလှပါဘူး။ ဒီလိုနေရာတွေမှာပေါက်တဲ့ ရေယုန်တွေကို Genital Herpes လို့ခေါ်ပြီး Herpes Simplex Virus Type 2 ကြောင့်ဖြစ်တာပါ။   လိင်အင်္ဂါမှာ ပေါက်တဲ့ရေယုန် (Genital Herpes) ဆိုတာ ဘာလဲ။ လိင်အင်္ဂါမှာ ပေါက်တဲ့ရေယုန်ဟာ ကူးစက်နှုန်းများတဲ့အပြင် ေပျာက်အောင်လည်း ကုလို့ မရပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို သိထားမယ်ဆိုရင်တော့ နာကျင်၊ ယားယံတာတွေ၊ နေရခက်တာတွေကို သက်သာလျော့ပါးအောင် လုပ်လို့ရပါတယ်။ အမျိုးသမီး လေးယောက်မှာ တစ်ယောက်နှုန်းဟာ HSV2 […]