ဗီယာဂရာ အစားထိုး အစားအစာများ

မကြာခင်က ပြုလုပ်ထားတဲ့ လေ့လာမှုတွေအရ အမျိုးသား ၅ ယောက်မှာ တစ် ယောက်နှုန်းက ပန်းညှိုးတဲ့ပြဿနာဖြစ်ကြတဲ့အတွက် ဗီယာဂရာကို အသုံးပြုကြတယ် လို့ သိရပါတယ်။ ဒီဆေးဝါးက အမျိုးသားတွေမြုံတာနဲ့ ပန်းသေပန်းညှိုးရောဂါအတွက် အသုံးဝင်တာကြောင့်လို့ဆိုပါတယ်။
ဗီယာဂရာက လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကောင်းမွန်တာကြောင့် လိင်အင်္ဂါ ထောင်မတ်နိုင်ပြီး ထောင်မတ်ချိန်လည်း ပိုပြီးတာရှည်နိုင်ပါတယ်။
ဗီယာဂရာလိုမျိုးပြုမူနိုင်တဲ့ အောက်ဖော်ပြပါအစားအစာတွေလည်းရှိတာမို့ ဆေး အစားထိုးအသုံးပြုနိုင်ပါတယ်။
♦ တရုတ်နံနံပင်
အနံ့သင်းပြီးရေလိုမျိုးအရသာရှိပေမယ့် သူ့မှာပါဝင်တဲ့ အာဂျီနင်းကြောင့် ဗီယာ ဂရာဆေးဝါးလိုမျိုး သွေးကြောတွေကျယ်ပြန့်နိုင်ပါတယ်။ သူ့မှာပါရှိတဲ့ စတီးရွိုက် နှစ် မျိုးက ကိုယ်ရနံ့သင်းပျံ့စေတဲ့အတွက် တခြားသူကိုဆွဲဆောင်မှုပိုမိုရှိနိုင်ပါတယ်။
♦ ဖရဲသီး
ချိုပီးအရည်ရွှမ်းတဲ့ဖရဲသီးမှာ ပါဝင်တဲ့ စီတလျူလင်းက နိုက်ထရစ်အောက်ဆိုဒ် ထွက်ပေါ်လာအောင် ကူညီတာကြောင့် ပန်းညှိုးတာ လျော့ကျသွားနိုင်ပါတယ်။ အိပ် ရာမဝင်ခင် ဖရဲသီးဖျော်ရည်သောက်ပါ။
♦ ချောကလက်
ချောကလက်က သွေးကြောရဲ့ကျုံ့နိုင်ဆန့်နိုင်အားကို ကောင်းမွန်စေတာကြောင့် လိင်အင်္ဂါအတွင်းသွေးစီးဆင်းမှုကောင်းမွန်နိုင်ပါတယ်။
♦ အနီရောင်ငရုတ်ပွသီး
သူက သွေးလှည့်ပတ်မှုနဲ့ သွေးစီးဆင်းမှု ကောင်းမွန်စေတာကြောင့်ပါ။
♦ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အယ်လီစင်က လိင်စိတ်ကြွစေနိုင်တာကြောင့်ပါ။
♦ အခွံမာသီး
သံမဏိလူသားလိုမျိုး စွမ်းဆောင်ချင်ရင် အခွံမာသီး လက်တစ်ဆုပ်စာကို အိပ်ရာ မဝင်ခင် စားလိုက်ပါ။
♦ ချင်း
လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကောင်းမွန်နိုင်လာအောင် သင်သောက်မယ့် လက်ဖက်ရည်ထဲ ချင်းထည့်သောက်ပါ။
♦ ငှက်ပျောသီး
သူ့မှာပါဝင်တဲ့ ဘရိုမီလိမ်းက တက်စတိုစတီရုန်းထုတ်လုပ်မှုကို ကူညီပေးပြီး လိင်စိတ်ကြွအောင် လုပ်ဆောင်ပေးပါတယ်။
♦ ကန်စွန်းဥ
သူက သွေးဖိအားကို ကျဆင်းစေနိုင်ပြီး လိင်စွမ်းဆောင်ရည်လည်း မြင့်မား နိုင်ပါတယ်။
♦ သစ်ကြံပိုးခေါက်
သူက အစာစားချင်စိတ်ကို ကောင်းမွန်နိုင်သလို လိင်ကိစ္စအတွက်လည်း စိတ် အားထက်သန်စေနိုင်ပါတယ်။
♦♦ သဘာဝဗီယာဂရာ ဖျော်ရည် ♦♦
ဆီးလမ်းကြောင်းဆိုင်ရာဂျာနယ်မှ ဖော်ပြချက်အရ ဖရဲသီးမှာပါရှိတဲ့ စီတလျူ လင်းကမှာ အမိုင်နိုအက်စစ်ပါဝင်တဲ့အတွက် လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကောင်း မွန်စေပါတယ်။ သူ့မှာဗီတာမင်စီများစွာနဲ့ ရေ ၉၂ ရာခိုင်နှုန်း ပါဝင်တာကြောင့် ပန်း သေပန်းညှိုးရှိသူတွေအတွက် အထူးအသုံးဝင်ပါတယ်။
♦♦ ဖျော်ရည်ပြုလုပ်နည်း ♦♦
♦ ပါဝင်ပစ္စည်း ► ဖရဲသီးတစ်ခြမ်း၊ ရှောက်သီးတစ်ခြမ်း၊ သံပရာသီးတစ်ခြမ်း၊ စတော်ဘယ် ရီ ၉-၁၄ လုံး။
♦ ပြုလုပ်နည်း ► ဖရဲသီးကို မွှေစက်နဲ့ ကြိတ်ပြီး စတော်ဘယ်ရီ၊ သံပရာရည်နဲ့ ရှောက်ရည်ထည့်ကာ နှံ့ စပ် အောင်မွှေပါ။ ရလာတဲ့အနှစ်ကို ဘူးတစ်ခုနဲ့ထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။
♦ နေ့စဉ် မနက် အိပ်ရာထခါစမှာ ဖန်ခွက်ရဲ့ သုံးပုံတစ်ပုံ သောက်ပါ။
♦ ညစာ မစားခင် ဖန်ခွက်တစ်ခွက်ရဲ့ သုံးပုံတစ်ပုံသောက်ပါ။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal