ကလေး ငယ်စဉ်ကတည်းက သင်ယူတတ်မြောက်ထားသင့်သော အကြောင်းအရာ ၁၀ မျိုး

ကလေးတွေက အသက်တစ်နှစ်အရွယ်ကပင်စတင်ပြီး ပတ်ဝန်းကျင်က သတင်းအချက်အလက် ပေါင်းများစွာကို လက်ခံရရှိကြပါတယ်။ ကလေးတွေက ငယ်စဉ်ကထဲက သူတို့ရဲ့ ဘာသာစကားနဲ့ သူတို့အတွက် အခြေခံကြပုံရိပ်တွေကို ပုံဖော်ပြီးသားဖြစ်ပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဟာ ရေမြှုပ် လိုမျိုး ဖြစ်နေတာကြောင့် တစ်ချို့အရာတွေကို ငယ်စဉ်ကာလကပင် သင်ယူထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကြီးလာတဲ့အခါမှာ သူတို့အခြေခံတတ်ထားတဲ့အရာတွေက သူမတူအောင် ထူးချွန်နိုင်ပါလိမ့်မယ်။ အောက်ဖော်ပြပါတွေက ကလေးငယ်စဉ်ကာလကစပြီး သင်ယူသင့်တဲ့ အကြောင်းအရာတွေပါ။ ဒုတိယဘာသာစကား သင်ကြားပေးခြင်း။ လေ့လာမှုတစ်ခုအရ ဒုတိယဘာသာစကား တစ်မျိုးကို တတ်ကျွမ်းထားတဲ့ ကလေးငယ်တွေဟာ ပြောင်းလဲမှုတိုင်းကို အမြန်လိုက်လျောညီထွေစွာ လိုက်လုပ်နိုင်ပြီး မှတ်ဉာဏ် ပိုထက်သန်ကာ ဘာသာ စကားနားလည်နိုင်မှု ပိုပြီးကောင်းမွန်တယ်လို့ သိရ ပါတယ်။ ဘာသာစကား နှစ်မျိုးပြောနိုင်သူတွေက အသက်ကြီးလာတဲ့အခါမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်တာလည်း နောက်ကျနိုင်တယ်လို့ ကနေဒါနိုင်ငံမှ […]

ကလေးသွားကျန်းမာရေးအကြောင်း

ကလေးတွေရဲ့ သွားကျန်းမာရေးအကြောင်း သိသင့်သမျှကို Biogesic for Kid က ပြုလုပ်တဲ့ မေမေတို့အတွက် အွန်လိုင်းပေါ်က ဆွေးနွေးပွဲမှာ ဒေါက်တာဝေယံစိုး(သွားနှင့်ခံတွင်းဆရာဝန်-3M Dental Clinic)နဲ့ ဆွေးနွေးထားတာလေးတွေကို ပြန်လည်ရေးသားဖော်ပြပေးလိုက်ပါတယ်။ သွားတိုက်ဆေးကို မျိုချမိရင် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ ကလေးတွေအတွက် ဖလိုရိုက်မပါတဲ့ သွားတိုက်ဆေးကို ရွေးဝယ်ရမှာလားဆရာ။ ♦ ဖလိုရိုက်က သွားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သွားတွေခိုင်မာအောင် လုပ်ပေးတယ်၊ သွားပိုးမစားအောင် လုပ်ပေးတယ်။ အဲဒီလိုဆိုပေမယ့် တချို့မိဘတွေက စိုးရိမ်ကြတယ်။ ကလေးအသက် တစ်နှစ်နဲ့ သုံးနှစ်ကြား ကလေးက ပလုတ်မကျင်းတတ်ကြဘူး။ မျိုချတတ်တာကြောင့် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးတွေကို သုံးဖို့ စိုးရိမ်ကြတယ်။ သုံးလို့ရပါတယ်။ ကျွန်တော်ရှေ့ မှာပြောခဲ့သလို ဆန်စေ့လောက်ပဲ သုံးမယ်ဆိုရင် ကလေးတွေအတွက် အန္တရာယ် မရှိနိုင်ပါဘူး။ စျေးကွက်ထဲမှာ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးရယ်၊ […]

ကိုဗစ်နှင့် ကလေး

ကလေးငယ်တွေမှာလည်း လူကြီးတွေလိုမျိုးပဲ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။ ကလေးတွေက ပတ်ဝန်းကျင်လေထုထဲက အအေးမိရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ မကြာခဏ ထိတွေ့ခံနေရတာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲ မှာ ပဋိပစ္စည်းတွေထွက်ပေါ်ပြီးသားပါ။ အဲဒီထဲက တချို့က အခုအသစ်ထွက်ပေါ် နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အပေါ် ကာကွယ် မှုရနိုင်တယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် ကလေးတွေမှာရှိတဲ့ ခုခံအားစနစ်ရဲ့ ဗိုင်း ရပ်စ်အပေါ် တုံ့ပြန်အားက လူကြီးတွေနဲ့ မတူညီတာကြောင့် ရောဂါလက္ခဏာ မတွေ့ရှိရတာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေမှာ လူကြီးတွေလိုမျိုး နှလုံး ရောဂါ၊ အဆုတ်ရောဂါနဲ့ ခုခံအားစနစ်ကျ ဆင်းတဲ့ရောဂါတွေ မရှိသေးတာကြောင့် လည်း ပါဝင်ပါတယ်။ ♥ ဒေါက်တာခင်မိုးမိုး Ref : everyday health, healthline.com, health.com, foxnews.com, webmd.com, mayoclinic.com

ကလေးများကို ဒဏ်ပေးသင့်ပါသလား ?

♦ ဒဏ်ပေးတာက သူတို့အပြုအမူအပေါ် လွန်လွန်ကျူးကျူး တုံ့ပြန်လိုက်တာဖြစ်ပါတယ် ♦ သင့်အနေနဲ့ သိစိတ်ကြောင့်ပဲဖြစ်ဖြစ်၊ မသိစိတ် ကြောင့်ပဲဖြစ်ဖြစ် ကလေးငယ်ကို ဒဏ်ပေးလိုက်တာ က သူတို့တွေအတွက် စိတ်နာကျင်မှုရရှိနိုင်ပါတယ်။ သင်နဲ့ သင့်ကလေးငယ်အပေါ်မှာ အဆိုးမြင်တဲ့စိတ် ခံစားချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ♦ ပျင်းရိတဲ့အပြုအမူဖြစ်ပါတယ် ♦ ဒဏ်ပေးတာက သင်နဲ့သင့်ကလေးငယ်ကြား ဆက်သွယ်ဖို့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ ကလေးတွေက သင်မကြိုက်တဲ့အပြုအမူတွေပြုလုပ် တဲ့အတွက် သင်က ဒါကို တန်ပြန်တဲ့အနေနဲ့ သူတို့ မကြိုက်တာကို ပြန်လုပ်လိုက်တာပဲဖြစ်ပါတယ်။ သူ တို့ကို သေချာမရှင်းပြဘဲ၊ သူတို့နဲ့ သေချာညှိနှိုင်းမှုမပြု လုပ်ဘဲ ဒီလိုအလွယ်လုပ်လိုက်တာက ကျန်းမာပြီး ပျော်ရွှင်တဲ့ကလေးငယ်ဖြစ်အောင် မြေတောင် မြှောက်ပေးတဲ့နည်းလမ်း မဟုတ်ပါဘူး။ ♦ ကလေးငယ်တွေရဲ့ စည်းကမ်းလိုက်နာတဲ့အကျင့်ကို တုံ့ဆိုင်းစေပါတယ် ♦ မိဘတွေအနေနဲ့ […]

မိဘတို့နားလည်သင့်သည့် နို့စို့ကလေးတို့၏ အမူအရာများ

မွေးကင်းစကလေးငယ်တွေဟာ နုနယ်လွန်းပြီး ဘာမှမပြောတတ်၊ မဆိုတတ်သေးတဲ့အတွက် သူတို့တွေ နေထိုင်မကောင်းဖြစ်မှာကို မိဘတွေက စိုးရိမ်လေ့ရှိကြပါတယ်။ ကလေးတွေက စကားမပြောနိုင်ပေမယ့် သူတို့လိုချင်တဲ့အရာတွေကို အမူအရာနဲ့ ပြတတ်တဲ့အတွက်မိဘတွေ နားလည်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ♦ ကလေးငယ်၏ ငိုသည့်ပုံစံဖြင့် သိနိုင်ခြင်း ကလေးတွေဟာ လေးလအရွယ်အထိ သူတို့လို ချင်တာကို ငိုပြီးတော့ပဲ ဖော်ပြတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ငိုရင် ဗိုက်ဆာလို့လား၊ နာ ကျင်လို့လား၊ တစ်ခုခုလိုချင်လို့လားဆိုတာကို မိဘ တွေ နားလည်ဖို့ ငိုတဲ့ပုံစံကို ခွဲခြားလေ့လာကြည့်ပါ။ ☺ သူတို့ကို ချီစေချင်လို့ ငိုတဲ့ပုံစံ နို့စို့ကလေးငယ်တွေက အိပ်ရာထဲမှာ နေရ တာကြာလာလို့ သူ့ကို ချီစေချင်ရင် အောက်ပါအတိုင်း ငိုတတ်ပါတယ်။ ၅-၆ စက္ကန့်လောက် ဆက်တိုက်ငိုပြီး စက္ကန့် ၂၀ လောက်နားပြီး အခြေအနေကို […]

ပုံမှန်ဖြစ်သော ကလေးငယ်တို့၏ စိတ်တိုစရာကောင်းသောအမူအကျင့်များ

မိဘတိုင်းက မိမိကလေးအသက် နှစ်နှစ်အရွယ်လောက်မှာဖြစ်တတ်တဲ့ စိတ်တိုစရာကောင်းတဲ့ အမူအကျင့် တွေကို ကြုံကြရမှာပါ။ ဒီအခါမှာ မိဘတွေအနေနဲ့ မိမိကလေးတွေကပဲ ဆိုးသွမ်းနေသလား၊ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုခုများရှိနေသလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါက စိုးရိမ်စရာလား၊ ပုံမှန်အခြေအနေလား၊ ဘယ်လိုဖြေ ရှင်းရမလဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းငြင်းဆန်နေခြင်း ငြိမ်ပြီး လိမ္မာနေတဲ့ကလေးငယ်က ရုတ်တရက် မိဘခိုင်းတာကို ငြင်းဆန်နေတာပါ။ သူတို့ကြိုက်နှစ် သက်တဲ့အရာကိုတောင်မှ ငြင်းပယ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်သလဲ ဒီပြဿနာက ကလေးနှစ်နှစ်ခွဲကနေ သုံးနှစ် အကြားအရွယ်တွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ကလေးတွေက သူတို့ဘာသာသူတို့ ပြုလုပ်နိုင်တယ် လို့ ထင်မှတ်နေတာကြောင့်ပါ။ သူတို့က မိသားစုထဲ မှာ တစ်စိတ်တစ်ဒေသအနေနဲ့ အရေးပါချင်တာ ကြောင့်လည်းပါပါတယ်။ ဘာပြုလုပ်ရမလဲ အတတ်နိုင်ဆုံး သည်းခံပါ။ ကလေးငယ်တွေရဲ့ ဆန္ဒတွေကို မချိုးနှိမ်ပါနဲ့။ သူတို့ဘာသာသူတို့ ဆုံး […]

သင့်ကလေးရဲ့အပြုအမူတွေကို စိုးရိမ်စိတ်ဝင်နေလား

မိဘအများစုက ကလေးတွေရဲ့ လှုပ်ရှားပြုမူတာတွေနဲ့ ပတ်သက်ပြီး စိတ်ပူပန်တတ်ကြပါတယ်။ ကိုယ့်ကလေးက သူ များကလေးထက် ဆော့တာ၊ အော်ဟစ်တာ၊ စိတ်ဆိုးမာန်ဆိုးပြု မူတတ်တဲ့ အလေ့အထတွေကြောင့် စိုးရိမ်စိတ်တွေ လွန်ကဲ တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကလေးရဲ့အပြု အမူက ကလေးသဘာဝပဲလား၊ အပြု အမူဆိုင်ရာ မှားယွင်းနေတာကြောင့် လားဆိုတာ ခွဲခြားရခက်ပါတယ်။ ကလေး ငယ်တွေရဲ့ အပြုအမူတွေကို လွှမ်းမိုးနေ တဲ့ အချက်တွေရှိပါတယ်။ စိတ်ဆိုးဒေါသထွက်ခြင်း ကလေးငယ်တွေမှာလည်း အလိုမ ကျတဲ့အခါ၊ သူတို့လိုတာလေးတွေ မရတဲ့ အခါမျိုးမှာ စိတ်ဆိုးဒေါသထွက်တတ် တာဟာ စိုးရိမ်စရာအခြေအနေတော့ မဟုတ်ပါဘူး။ ကျယ်လောင်စွာအော်တာ၊ ဒါမှမဟုတ် တိတ်ဆိတ်ငြိမ်သက်နေတာ တွေက သာမန်ပါပဲ။ ဒါပေမဲ့ ကလေးတွေ ဟာ မိဘက ကလေးကစားကွင်း လိုက်ပို့ ပေးတာ၊ သူတို့နှစ်သက်တဲ့ […]

ကလေးငယ်နှင့်မုသားချိုချို

ကလေးတွေ မုသားစကားဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုမုသားစကားမျိုး ပြောတာလဲ၊ ဘယ်လိုအခြေအနေမှာ ပြော တာလဲ၊ မုသားစကားရဲ့ ပြင်းထန်မှု အဆင့် စတာတွေကို အကဲခတ်ပြီးမှ ကလေးရဲ့ အပြုအမူပိုင်းဆိုင်ရာမှာ လေ့ကျင့်သင် ကြားမှုတွေလိုနေလားဆိုတာ ဆုံးဖြတ်ရပါ တယ်။ ဒီအတွက် Gကငိနူငညန မရှိပါဘူး။ မုသားစကားကိုအဆင့် သတ်မှတ်မယ်ဆိုရင်တော့သုံးဆင့်ရှိပါတယ်။ အဆင့် (၁) မုသား ကလေးက သူအာရုံစူးစိုက်ခံချင်လို့၊ သူ့ကို အထင်ကြီးအောင်လို့ လိမ်ပြောတာ မျိုးဆိုရင် လျစ်လျူရှုနိုင်ပါတယ်။ ကလေး က အရမ်းကြီး မဖြစ်နိုင်တာကို အဟုတ် လုပ်ပြောတာကို မိဘက အားပေးအား မြှောက်လုပ်တာမျိုးတော့ မလုပ်မိပါစေနဲ့၊ အထူးသဖြင့် ကလေးဟာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုမရှိလို့ မုသားစကားပြော တာကို အားပေးသလိုဖြစ်ပြီး နောက်ပိုင်း မှာလည်း ကလေးက […]

အစာကျွေးရခက်တဲ့ကလေးငယ်အစာစားချင်စိတ်ဖြစ်အောင်

ကလေးငယ်တွေကို ထမင်းကျွေးရတာဟာ မိခင်တွေအတွက်က အရမ်းကို ခက်ခဲတဲ့ပြဿနာတစ်ရပ်ပါ။ မိခင်တိုင်းက သားသမီးတွေကို အစားများများစားစေချင်ကြပေမယ့် တချို့ကလေးတွေက အစားအသောက်ရွေးတာ၊ တချို့လည်း အဆော့ မက်နေလို့ ထမင်းကောင်းကောင်းမစားတာ အမျိုးမျိုးပါပဲ။ အစာမကျွေးခင် မိနစ်၃၀အလိုတွင်ရေတိုက်ပါ ကလေးများကို အစာမစားခင် မိနစ် ၃၀ လောက်ခွာပြီး ရေတိုက်တာက အစာ စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အနံ့၊အရသာပြင်းတဲ့ အစာတွေ မကျွေးပါနဲ့ ကလေးအများစုဟာ အနံ့၊ အရသာ ပြင်းပြင်းတွေကို မနှစ်သက်တတ်ကြပါဘူး။ သင့်ကလေးကိုကျွေးတဲ့အစားအစာတွေ ထဲမှာ အနံ့ပြင်းတဲ့ ဟင်းခတ်အမွှေးအ ကြိုင်တွေ၊ ကြက်သွန်ဖြူတွေ ပါဝင်နေ တာက အစာစားချင်စိတ်ကို လျော့နည်း စေပါတယ်။ သံပရာရည်တိုက်ပါ ကလေးက ဗိုက်မဆာလို့ အစာ စား ဖို့ ငြင်းဆန်နေရင် ရေအစား လတ်ဆတ် တဲ့ […]

ကလေးငယ်အတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ကိုင်တွယ်နည်းအမှားများ

လေ့လာမှုအများအပြားအရ မိခင် တွေက ကလေးငယ်တွေနဲ့ အသားချင်း ထိတွေ့တာက စိတ်ဖိစီးမှုနည်းတယ်လို့ သိရပါတယ်။ ကလေးကို ချီပိုးရာမှာလည်း နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ဒီအထဲမှာ မှ ကိုင်တွယ်ချီပိုးနည်း မှားခဲ့ရင် ကလေး ရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင် တာမို့ ဖော်ပြပေးလိုက်ပါတယ်။ ချိုင်းအောက်မှချီပိုးခြင်း ကလေးငယ်တစ်ယောက်ကို ချီ တော့မယ်ဆိုရင် သူ့ခေါင်းကို ထိန်းကိုင် ပြီး ချီဖို့က အလွန်အရေးကြီးပါတယ်။ မွေးကင်းစကလေးငယ်တွေရဲ့ လည်ပင်း ကြွက်သားတွေက ကောင်းစွာ မဖွံ့ဖြိုး သေးပါဘူး။ ဒါကြောင့် သင်ဟာ ကလေး ရဲ့ လည်ပင်းကို မထိန်းဘဲ ချီလိုက်မယ် ဆိုရင် ကလေးက ရုတ်တရက် ဦးခေါင်း လှည့်လိုက်တဲ့အခါမှာ ထိခိုက်ဒဏ်ရာ ရတာနဲ့ အသက်ရှူရခက်ခဲတဲ့ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးငယ် […]