သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု ကောင်းမွန်စေတဲ့ အစားအစာတွေ စားသုံးရအောင်

 

အမေရိကန်နိုင်ငံမှာ လူပေါင်း ၅၉ သန်းလောက်မှာ သိုင်းရွိုက်ပြဿနာတွေ ဖြစ်ပွားနေပေမယ့် အများစုက ကိုယ့်ကိုယ်ကိုယ် သတိမထားမိကြပါဘူး။
သိုင်းရွိုက်ဂလင်း ပြဿနာများ
သိုင်းရွိုက်ဂလင်းပြဿနာတွေထဲမှာ ပါဝင်တာတွေက –
(၁) လည်ပင်းကြီးတာ
(၂) သိုင်းရွိုက်ဂလင်းရောင်တာ
(၃) သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု လျော့နည်းတာ
(၄) သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု လွန်ကဲတာနဲ့
(၅) သိုင်းရွိုက်ဂလင်းကင်ဆာတွေ ပါဝင်ပါတယ်။
သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှု လျော့နည်းတာနဲ့ လွန်ကဲတာတွေကအဖြစ်များပြီး ရောဂါလက္ခဏာအနေနဲ့ဟော်မုန်းမညီမျှတာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲတာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတာတွေ ဖြစ်ပွားတတ်ပါတယ်။

သိုင်းရွိုက်ဂလင်းလုပ်ဆောင်မှု ကောင်း မွန်စေသော အစားအစာများ

အိုင်အိုဒင်း
ဆယ်လ်မွန်ငါး၊ ပုစွန်၊ ဆာဒင်းငါး၊ နှမ်း၊ ကညွတ်၊ ဥအမျိုးမျိုး၊ ဟင်းနုနယ်ရွက်၊ ကြက်သွန်ဖြူ၊ မှို။
ဆီလီနီယမ်
တူနာငါး၊ မှို၊ အမဲသား၊ နေကြာစေ့ စတဲ့ အစေ့အဆန်၊ အတွင်းကလီစာ၊ ပဲပိစပ်။
ဇင့်
အမဲသား၊ ကြက်ဆင်၊ ကမာကောင်၊ ဆာဒင်းငါး၊ ပဲပိစပ်၊ အစေ့အဆန်၊ ဗာဒံစေ့၊ ပဲတောင့်ရှည်၊ ချင်း(ဂျင်း)၊ ကောက်နှံတစ်ခုလုံးကွေကာ။

ကော့ပါး
ကဏန်း၊ ကမာကောင်၊ ကျောက်ပုစွန်၊ အမဲသား၊ အစေ့အဆန်၊ ပဲအမျိုးမျိုး၊ မှို၊ ခရမ်းချဉ်သီး၊ ချောကလက်အညို။
သံဓာတ်
အတွင်းကလီစာ၊ ကမာကောင်၊ ဟင်းနုနယ်ရွက်၊ ပဲပိစပ်၊ ရွှေဖရုံသီး။
ဗီတာမင် A (ဘီတာကယ်ရိုတင်း)
ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်၊ ကိုက်လန်၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အသည်း၊ ရွှေဖရုံသီး၊ သခွားမွှေးသီး။
ဗီတာမင် C
ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်း၊ တရုတ်နံနံ၊ ငရုတ်သီး၊ စတော်ဘယ်ရီသီး၊ မာလကာသီး၊ သင်္ဘောသီး၊ ကီဝီသီး။
ဗီတာမင် န
မြေပဲ၊ ဗာဒံစေ့၊ အစေ့အဆန်၊ ပဲအ မျိုးမျိုး၊ ပဲပိစပ်၊ ကညွတ်၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ကောက်နှံတစ်ခုလုံး ကွေကာ၊ အသည်း။
ဗီတာမင် B
ကြက်ဥအနှစ်၊ အတွင်းကလီစာ၊ ဂျုံ၊ မှို၊ ဗာဒံစေ့၊ ကြက်သား၊ မြေပဲ၊ ငါး၊ ငှက်ပျောသီး၊ ဆန်လုံးညို၊ အစေ့အဆန်၊ ပဲအမျိုးမျိုး။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal