နားအူတာကိုပျောက်ကင်းအောင် ကုသလို့ရလား

ဟိုတစ်ချိန်က နားအူတယ်ဆိုရင် ကုလို့မပျောက်တော့ဘူး၊ အဲဒီလိုနားအူတဲ့အတိုင်းကြီးပဲ တစ်သက်လုံးနေရတော့မယ်လို့ ပြောနေကျစကားရှိပါတယ်။ ဒါကြောင့် ဒီလိုနားအူတာနဲ့ပတ်သက်ပြီး ကုသလို့ ပျောက်ကင်း မကင်းကို သိရှိစေဖို့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည်နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။ (#ဇာခြည်ဝင်း-ဆေးဝါးတက္ကသိုလ်) နားအူတာက ကုသလို့ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါသလား ဆရာ။ အရင်တုန်းက နားအူတယ်ဆိုရင် ပြောနေကျစကားတစ်ခွန်းရှိပါတယ်။ နားအူတာက ကုလို့ မပျောက်ဘူး၊ နား အူတာနဲ့ တစ်သက်လုံးပဲ နေရတော့မယ် ဆိုတာမျိုးပေါ့။ အခုချိန်မှာတော့ နားအူ တာက ဘယ်လိုအဆင့်ဆိုရင် ဘယ်လို ကုသနည်းမျိုးနဲ့ ကုမယ်ဆိုတဲ့ လမ်းစလေးတွေ တွေ့လာပါပြီ။ ဒါပေမဲ့ မတွေ့ သေးတာလေးတွေလည်းရှိပါသေးတယ်။ တွေ့တဲ့နည်းလမ်းတွေ၊ ကုသနိုင်တဲ့နည်း လမ်းတွေကို နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တွေ ညီလာခံတွေမှာ ဆွေးနွေးခဲ့ကြတာတွေ […]

ကိုဗစ်လက္ခဏာမဟုတ်သော ရာသီအပြောင်းမှာဖြစ်သည့် လည်ပင်းနာခြင်း

ကိုဗစ်လက္ခဏာမဟုတ်တဲ့ ရာသီအပြောင်းမှာဖြစ်တဲ့ လည်ပင်းနာရတဲ့အကြောင်း ဒေါက်တာဝင်းထိုက်ကြည် (နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်)နဲ့ ဆွေးနွေးမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ ◊ ရာသီဥတုပြောင်းလဲချိန်မှာ ခန္ဓာကိုယ်မှာ အပူအအေး ပြောင်းလဲမှုတွေ နည်းနည်းရှိတယ်။ ခုခံအားစနစ် ပြောင်းလဲမှုတွေ ရှိတယ်။ ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်ပိုးတွေ ပေါက်ဖွားမှုက များ လာတယ်။ အဲဒီတော့ ပိုးဝင်ကူးစက်လွယ် တယ်။ အထူးသဖြင့် လေကတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ အဲ့ဒီအ ချိန်မှာ အဖြစ်များတယ်။ ◊ တချို့ကွမ်းစားတဲ့၊ ဆေးလိပ်သောက်တဲ့သူတွေမှာ ဖြစ်ရင် မြန်မြန် ပျောက်ဖို့ ပိုခက်ပါတယ်။ ဆီးချိုသွေးချို ရှိရင် ပျောက်ဖို့ ပိုခက်ပါတယ်။ သွားတွေ၊ ခံတွင်းတွေ မကောင်းဘူးဆိုရင်လည်း လည်ပင်းနာက ပျောက်ဖို့ ခက်တယ်။ ◊ လည်ပင်းနာမဖြစ်အောင် လူထူတဲ့ နေရာသွားမယ်ဆိုရင် […]

ကိုဗစ်ဒုတိယလှိုင်းမှာ ဘာတွေထိခိုက်သွားလဲ

အခုဆိုရင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ Covid လူနာတွေများလာပြီး ဆေးရုံ တွေမှာလည်း နေရာမလုံလောက်တာ တွေ ရှိလာတော့လေ Covid ဒုတိယ လှိုင်းက စိုးရိမ်စရာအခြေအနေဖြစ်လာပြီ လား ဆရာ။ အခု Covid ဒုတိယလှိုင်းက စိုးရိမ် စရာအခြေအနေတစ်ခု ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ကျန်းမာရေးဝန် ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အလှူ ရှင်တွေ၊ တခြားနှီးနွယ်ပြီး ၀ိုင်းဝန်းကူညီ ဆောင်ရွက်နေတဲ့ဝန်ထမ်းတွေရော အ ကုန်လုံးက ပင်ပန်းနေကြပြီ။ ခြေကုန် လက်ပန်းကျနေကြပြီ။ တချို့နိုင်ငံတွေဆို တတိယလှိုင်း၊ စတုတ္ထလှိုင်းတောင်ပြော နေကြပြီဆိုတော့ ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲ တိုင်းပြည်အတွက် ပိုပြီးတော့ စိုးထိတ်စရာ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ တောင် (Mask) တွေ မတပ်ကြလို့၊ စည်းကမ်းတင်းကျပ်မှုတွေကို သေသေ ချာချာ […]

ကိုဗစ်ရောဂါကာကွယ်ဆေးရရှိအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဆောင်ရွက်နေသလဲ

နိုဝင်ဘာလ ၂၅ရက်က မြန်မာနိုင်ငံ Covid-19 ကာကွယ်ဆေး စီမံချက်အ တွက် Covid-19 ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ Video – conferencing စနစ်နဲ့ပြုလုပ်ခဲ့တဲ့ ပထမအကြိမ်အစည်းအဝေးမှာ ပြည် ထောင်စုဝန်ကြီးပြောကြားခဲ့တဲ့ အမှာ စကားကို ကောက်နုတ်ရေးသားထားတာ ဖြစ်ပါတယ်။ Covid-19 ကာကွယ်ဆေးထိုးရရှိချိန်မှာ ထိုးနှံပေးမယ့် အစီအစဉ်တွေအနေနဲ့ ဘယ်လိုဆောင်ရွက်ထားပါသလဲ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနအနေနဲ့ ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်တဲ့ Covid-19 ကာကွယ်ဆေးတွေရရှိလာတဲ့အခါ ပြည်သူ တွေကို ဦးစားပေးအစီအစဉ်အလိုက် စ နစ်တကျ ထိုးနှံနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေပါတယ်။ ဝန်ကြီးဌာနအ နေနဲ့ မြန်မာနိုင်ငံ Covid-19 ကာကွယ် ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး စီမံ ခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee-CNCC) နဲ့ […]

Covid-19 လူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ကုသဖို့ ခွင့်ပြုလိုက်ပြီလား

အောက်တိုဘာလ ၂၅ ရက်က Covid-19 ရောဂါဖြစ်ပွားမှုနဲ့ ရောဂါကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှု အခြေအနေ အပတ် စဉ်ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုဂ္ဂလိကဓာတ်ခွဲ ခန်းတွေမှာ Covid-19 ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်တာတွေနဲ့ ပုဂ္ဂလိကဆေးရုံ တွေမှာ Covid-19 လူနာတွေကို လက်ခံ ကုသပေးခြင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ညှိနှိုင်းမှုတွေကို သဘောတူညီပါ ကြောင်းနဲ့ ဆက်လက်ကာ အသေးစိတ် ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။ အထက်ပါအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ဆောင်ရွက်ထားရှိချက်တွေကို ပုဂ္ဂလိက ဆေးရုံများအသင်းဥက္ကဋ္ဌဒေါက်တာ ထင် ပေါ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာ Covid-19 လူနာ တွေကို ကုသနိုင်ရေးနဲ့ပတ်သက်ပြီး ကျန်း မာရေးနဲ့ အားကစားဝန်ကြီးဌာနက တာ ဝန်ရှိသူတွေနဲ့ […]

ဗိုင်းရပ်စ်ပိုးတွေက မျက်ကြည်နာ ဖြစ်နိုင်လား

မျက်ကြည်နာဖြစ်တယ်ဆိုတာ ဘယ်လိုအခြေအနေ တွေကို ခေါ်တာပါလဲ ဆရာ။ မျက်ကြည်နာဆိုတာ ဘာလဲဆိုတာ ကို ချုံ့ပြောရမယ်ဆိုရင် မျက်ကြည်လွှာ ပေါ်က Epithelium အလွှာလေးက ပွန်းပဲ့သွားပြီး နောက်ဆက်တွဲအနေနဲ့ ရောဂါပိုးတွေက ဝင်ရောက်လာကာ ပြည် တည်နာဖြစ်လာတာကိုမျက်ကြည် လွှာ (Cornea) မှာ ဖြစ်တဲ့အနာ (Ulcer) ဖြစ်လို့ မျက်ကြည်နာလို့ မြန်မာမှုပြု လိုက်ကြပါတယ်။ မျက်ကြည်နာ ဘာကြောင့်ဖြစ်ရတာလဲ ဆရာ။ မျက်ကြည်နာဖြစ်ဖို့ဆိုရင် အရင်ဆုံး ထိခိုက်ဒဏ်ရာ (Trauma) ရရမယ်။ ထိ ခိုက်ဒဏ်ရာရမှသာ Epithelium Defect ဖြစ်မှာပါ။ ပြီးရင် ပိုးဝင်ရမယ်။ ဒီအခြေအနေနှစ်ရပ်ဆုံသွားပြီဆိုတာနဲ့ မျက်ကြည်နာဖြစ်တတ်ပါတယ်။ မျက်ကြည်နာဖြစ်စေတဲ့ မျက်စိထိခိုက်မှုက ဘယ်လို အကြောင်းတွေကြောင့်ပါလဲ ဆရာ။ မျက်ကြည်လွှာက Injury ရရင် ထိခိုက်ဒဏ်ရာရတတ်တယ်။ Injury […]

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းက ဘယ်အခြေအနေမှာရှိနေတယ်လို့ သုံးသပ်နိုင်ပါသလဲ

ဒီတစ်ပတ်မှာတွေ့ရှိခဲ့တဲ့ Covid လူနာ စာရင်းတွေအပေါ် ဆရာရဲ့သုံးသပ်ချက် လေး သိပါရစေ။ အခုလက်ရှိအချိန်မှာ ပိုးရှိတဲ့ လူနာ အရေအတွက်ကို ကြည့်ပြီးတော့ ရောဂါ ပိုးပျံ့နှ့ံမှုနှုန်းများတယ်၊ နည်းတယ်ဆို ပြီး ပြောလို့မရနိုင်ပါဘူး။ ပိုးတွေ့လူနာ စာရင်းက ရာခိုင်နှုန်းအရပြောရရင် ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်မှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ လူအရေအတွက်ကိုတော့ ပြောလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆို ရင် ရောဂါပိုးရှိ၊ မရှိ စစ်တဲ့အရေအတွက် က လူဦးရေအယောက် ၉၀၀၀ မှာ ၉၀၀ တွေ့ရင် ၁၀ ရာခိုင်နှုန်း၊ လူဦးရေ ၁၄၀၀၀ စစ်ရင် ၁၄၀၀ တွေ့ရင် ၁၀ ရာခိုင်နှုန်းပဲ ဖြစ်တယ်။ ဒါကြောင့် ၉၀၀ ကနေ ၁၄၀၀ အထိဖြစ်သွားလို့ ပိုးတွေ့ တဲ့သူတွေပိုများလာတယ်ဆိုတာမျိုး […]

မူလနေရာကနေ နောက်တစ်နေရာကို ကင်ဆာ ထပ်မပျံ့အောင် ဘယ်လိုဂရုစိုက်ရမလဲ

ကင်ဆာရောဂါဖြစ်မှာ လူတိုင်း ကြောက် ကြပါတယ်။ ရောဂါရှိတာကို စောစောစီး စီး သိလို့ ကုသမှု ခံယူထားသူဆိုရင်လည်း နောက်တစ်နေရာကို ထပ်ပျံ့သွားမှာ အ လွန်ပဲ ကြောက်ကြပါတယ်။ ဘယ်လိုတွေ ဂရုစိုက်ဖို့ လိုအပ်ပါသလဲ ဆရာ။ ကင်ဆာဖြစ်တဲ့ မူလနေရာကနေ တခြားနေရာကို ကင်ဆာဆဲလ်တွေ မပျံ့ နှံ့အောင် ကင်ဆာအကျိတ်ကို ခွဲစိတ် ပြီးရင် ဓာတ်ရောင်ခြည်ပေးပါတယ်။ ရင် သားကင်ဆာမှာ ခွဲစိတ်ပြီးရင် ဓာတ်ရောင် ခြည်ပေးပါတယ်။ အဆုတ်ကင်ဆာမှာ လည်း ပေးဖို့ လိုအပ်ရင် ပေးပါတယ်။ အခုနောက်ပိုင်း အစာအိမ်ကင်ဆာ၊ စအို ကင်ဆာတွေပါ လိုအပ်ရင် ဓာတ်ရောင် ခြည်ပေးနိုင်နေပါပြီ။ >ခင်းချက်အနေနဲ့ အူမကြီးကင်ဆာမှာတော့ ဓာတ်ရောင် ခြည်ပေးဖို့ အဆင်မပြေတာကြောင့် မပေး ပါဘူး။ နောက်ပြီး ကီမိုဆေးသွင်းကု […]

Covid-19 ကြောင့် ရောဂါအခံမရှိဘဲ သေဆုံးမှုတွေရှိလာတာ ဘာကြောင့်လဲ

♦ Covid-19ရောဂါကြောင့်သေဆုံးတဲ့လူ နာတွေထဲမှာ ရောဂါအခံမရှိဘဲ သေဆုံး သူတွေ ဘယ်လောက်အထိ ရှိလာပြီလဲ ဆရာ။ Covid-19 ရောဂါကြောင့် သေဆုံး သူတွေမှာ အောက်တိုဘာလ ၁၅ ရက်အ ထိ သေဆုံးမှုစာရင်းတွေအရ ၉၃ ရာခိုင် နှုန်းက ရောဂါအခံတစ်ခုခုရှိနေတာ ကို တွေ့ရပါတယ်။ ၇ ရာခိုင်နှုန်းကတော့ ရောဂါအခံမရှိဘဲ သေဆုံးနေတာကို တွေ့ ရတယ်။ ♦ အသက်အရွယ်အပိုင်းအခြားအရ ဘယ် အသက်အရွယ်တွေမှာ သေဆုံးမှုနှုန်း ပိုပြီး များပါသလဲ။ ရောဂါအခံရှိသူကော၊ ရောဂါအခံ မရှိသူတွေရော အသက်အုပ်စုအနေအ ထားအရ သေဆုံးမှုနှုန်းကို ပြန်ကြည့်ရင် အသက် ၇၅ နှစ်အထက်မှာ သေဆုံးမှုက ၇၅ ရာခိုင်နှုန်း၊ ၆၁ နှစ်ကနေ ၇၅ နှစ် ကြားက […]

အနံ့ပျောက်တာက ကိုဗစ်-၁၉ ရောဂါရဲ့ အဓိကလက္ခဏာတစ်ရပ် ဖြစ်လာပြီလား

Covid-19 ရောဂါကူးစက်ခံရသူတွေ များလာတာကြောင့် ကူးစက်ခံရတာ နည်းအောင် ဘယ်လိုဂရုစိုက်သင့်ပါသလဲ။ ပညာရှင်တွေ သုံးသပ်ချက်အရ ရောဂါပိုးကူးစက်နိုင်ခြေနည်းလမ်း နှစ်ခု ရှိပါတယ်။ ပထမတစ်ခုအနေနဲ့က ရော ဂါပိုးရှိသူက နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အခါ ထွက်လာတဲ့ အမှုန်အမွှားတွေ၊ စကားကျယ်ကျယ်လောင်လောင် ပြော လိုက်တဲ့ အခါမျိုးမှာ ထွက်လာတဲ့ အမှုန် အမွှားတွေကနေတစ်ဆင့် ကူးစက်နိုင်ပါ တယ်။ အဲဒီလိုအချိန်မျိုးမှာ ရောဂါပိုးရှိတဲ့ သူကလည်း Mask တပ်မထားဘူး၊ တခြား တစ်ယောက်ကလည်း Mask တပ်မ ထားဘူးဆိုရင် ရောဂါပိုးကူးစက်ခံရနိုင် ခြေ ပိုများပါတယ်။ နောက်နည်းလမ်း တစ်ခုက ရောဂါပိုးရှိတဲ့သူက နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါထွက်လာတဲ့ အမှုန်အမွှားတွေက အသုံးအဆောင်ပစ္စည်း တွေမှာသွားကပ်နေတတ်ပါတယ်။ အဲဒါ တွေကို ကိုင်မိပြီး မိမိပါးစပ်၊ နှာခေါင်း၊ မျက်စိတွေကို […]