Covid-19 ကြောင့် ရောဂါအခံမရှိဘဲ သေဆုံးမှုတွေရှိလာတာ ဘာကြောင့်လဲ

Covid-19ရောဂါကြောင့်သေဆုံးတဲ့လူ နာတွေထဲမှာ ရောဂါအခံမရှိဘဲ သေဆုံး သူတွေ ဘယ်လောက်အထိ ရှိလာပြီလဲ ဆရာ။
Covid-19 ရောဂါကြောင့် သေဆုံး သူတွေမှာ အောက်တိုဘာလ ၁၅ ရက်အ ထိ သေဆုံးမှုစာရင်းတွေအရ ၉၃ ရာခိုင် နှုန်းက ရောဂါအခံတစ်ခုခုရှိနေတာ ကို တွေ့ရပါတယ်။ ၇ ရာခိုင်နှုန်းကတော့ ရောဂါအခံမရှိဘဲ သေဆုံးနေတာကို တွေ့ ရတယ်။

အသက်အရွယ်အပိုင်းအခြားအရ ဘယ် အသက်အရွယ်တွေမှာ သေဆုံးမှုနှုန်း ပိုပြီး များပါသလဲ။
ရောဂါအခံရှိသူကော၊ ရောဂါအခံ မရှိသူတွေရော အသက်အုပ်စုအနေအ ထားအရ သေဆုံးမှုနှုန်းကို ပြန်ကြည့်ရင် အသက် ၇၅ နှစ်အထက်မှာ သေဆုံးမှုက ၇၅ ရာခိုင်နှုန်း၊ ၆၁ နှစ်ကနေ ၇၅ နှစ် ကြားက ၄၃ ရာခိုင်နှုန်း၊ ၄၅ နှစ်ကနေ အသက် ၆၀ ကြားက ၂၅ ရာခိုင်နှုန်း၊ အ သက် ၃၀ ကနေ ၄၄ ကြားက ၅ ရာခိုင်နှုန်း ရှိပါတယ်။ ရောဂါအခံရှိမယ်၊ အသက်ကြီး မယ်၊ အသက်ကြီးတာတောင်မှ ၆၁ နှစ် နဲ့ ၇၅ နှစ်ကြားမှာ သေဆုံးမှုနှုန်းက ပိုမြင့် တယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ရောဂါအခံရှိတဲ့သူတွေမှာ သေဆုံးမှုနှုန်း မြင့်ရတာက Covid ရော၊ ကိုယ့်မှာ နဂိုက တည်းကရှိတဲ့ ရောဂါဝေဒနာတွေကိုရော ခံစားရတာကြောင့် ဖြစ်ပါတယ်။

♦ ရောဂါအခံမရှိတဲ့သူတွေကကော ဘာ ကြောင့် သေဆုံးနေရတာလဲ ဆရာ။
ရောဂါအခံမရှိတဲ့သူတွေ သေဆုံးရ တဲ့ အချက်၂ ချက်ရှိပါတယ်။ အရေးကြီး ဆုံးအချက်ကတော့ Covid-19 ရောဂါ ဖြစ်ပြီးတော့ ဆေးရုံအရောက်နောက်ကျ တာ ဖြစ်ပါတယ်။ ကိုယ်ခံအားလည်း ကောင်းတယ်၊ ဘာမှလည်း ရောဂါလက္ခ ဏာမပြဘူး အနံ့ပျောက်တာလောက် ရှိ ရင်ရှိမယ်၊ ဖျားတာ နာတာလောက် ရှိရင် ရှိမယ်၊ ချောင်းဆိုးမယ်စတဲ့ တုပ်ကွေး ဆန်တဲ့လက္ခဏာတွေ ခံစားရမယ်ဆိုရင် Covid-19 ရောဂါဖြစ်နေတာမျိုး သေ ချာသွားပြီ။ ဥပမာ-အနံ့ပျောက်တယ် ဆိုရင်တောင် အတော်လေးသေချာသွား ပြီလို့ ပြောလို့ရပါတယ်။ အနံ့ပျောက်နေ ပေမယ့် လူငယ်လည်း လူငယ်ဆိုတော့ အနံ့ပျောက်ပြီးရင် ပြန်ကောင်းလာမယ် ဆိုပြီး ဆေးရုံဆေးခန်းကိုလည်း မသွားခဲ့ ဘူး၊ ဆေးရုံဆေးခန်းသွားရင် လူများတာ တွေ၊ ဆေးစစ်တာတွေကို ကြောက်ကြ တယ်။ ဒီလိုအနေအထားနဲ့နေလိုက်ရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုရင် သွေးထဲမှာ အောက်ဆီဂျင်ကျလာနိုင်တယ်။ အောက်ဆီဂျင်ကျတာတွေက Covid မှာ မသိနိုင်ဘူး။ ပုံမှန် အနေအထားအရဆိုရင် ၉၀ ရာခိုင်နှုန်းအောက်လောက်ကျရင် လူ တွေက မောလာတဲ့သဘောရှိတယ်၊။ Covid မှာက အောက်ဆီဂျင် ၉၀ ရာခိုင် နှုန်းအောက်၊ ၈၀ လောက်အထိ ကျနေ ရင်တောင် သိသိသာသာမရှိဘဲ ဟိုက်တစ် တစ်လေးပဲ နေပါတယ်။ ဒီတော့ ကိုယ့် ကိုယ်ကိုယ် အောက်ဆီဂျင်ကျလို့ ကျနေ မှန်းမသိဘူး။ အောက်ဆီဂျင်ကျနေတာ နဲ့အမျှ သွေးထဲမှာ ဓာတ်တွေက ပြောင်း လဲနေပါတယ်။ သွေးထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက်တွေ များလာတာ၊ အဲဒီက နေ အက်စစ်ဓာတ်တွေ သွေးထဲမှာ မြင့် တက်လာတာတွေ ဖြစ်ပြီးတော့ အတွင်း အင်္ဂါတွေဖြစ်တဲ့ ကျောက်ကပ်တို့၊ နှလုံး တို့ ထိခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။ တကယ်တမ်း တအားမောပန်းလာတဲ့ အ ချိန်ကျတော့ အောက်ဆီဂျင်က ၇၀ အောက် လောက်ဖြစ်ပြီးတော့ အောက်ဆီဂျင်ကို ကြာကြာမရှူရရင် အသက်မရှင်နိုင်တဲ့ အနေအထား ဖြစ်သွားတတ်ပါတယ်။ ဒီ လိုအနေအထား ဖြစ်တော့မှ Albulance ပေါ်ရောက်၊ ဆေးရုံရောက်ဆိုတော့ တချို့ တွေမှာ ဝမ်းနည်းစရာကောင်းတဲ့အဖြစ်နဲ့ ကြုံရတာပေါ့။ အသက်တောင် မပါတော့ တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒါ ကတော့ ဆေးရုံအရောက်နောက်ကျတာရဲ့ ပြဿနာ ဖြစ်ပါတယ်။
နောက်တစ်ခုအနေနဲ့က ခန္ဓာကိုယ် ထဲမှာ ရောဂါပိုးဝင်ရင် ခုခံအားစနစ်က ပြန်ပြီးတုံ့ပြန့်လေ့ရှိပါတယ်။ Cytokine strom လို့ခေါ်တဲ့ မုန်တိုင်းတိုက်တာပေါ့။ အဲဒီအခါကျတော့ တချို့လူငယ်တွေမှာ ရောဂါအခံမရှိပေမယ့်လည်း တုံ့ပြန်မှုက တအားများနေတယ်။ ဒီတော့ ရောဂါ ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေက ပြင်းပြင်းထန်ထန် အချိန်တိုအတွင်းမှာ ဖြစ် တယ်။ ဒီတော့ သူ့အနေနဲ့ရောဂါဖြစ်နေ တာမျိုးလည်း မရှိပေမယ့် လူငယ်ဖြစ်နေ ပြီးတော့ ရောဂါနဲ့ ကိုယ်ခံအားစနစ်နဲ့ တုံ့ ပြန့်မှုက တအားများတဲ့အခါ သေဆုံးနိုင် ပါတယ်။ ဒါကလည်း တကယ်တမ်းကျ တော့ ဆေးရုံကိုသာ စောစောစီးစီး ရောက် မယ်ဆိုရင် ဆေးတွေသုံးပြီး Cytokine strom တုံ့ပြန်မှုရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အင်အားကို ဟန့်တားပြီး လျော့ကျစေနိုင် ပါတယ်။ မုန်တိုင်းဝင်တာတို့၊ ခန္ဓာကိုယ် ထဲမှာရှိတဲ့ ကလီစာတွေ အကုန်ပျက်စီး ပြီးမှ သွေးကြောတွေထဲသွေးခဲသွားတဲ့ အနေအထားမျိုးတွေ ဖြစ်လာတော့တဲ့အ ခါမျိုးရောက်မှ အနောက်ကနေ လိုက်ပြီး ကုသရင် ဘယ်လောက်အထိ အသက် ငယ်ရွယ်တဲ့ လူငယ်ပဲဖြစ်ဖြစ် ကုသလို့မရ တော့ပါဘူး။ ပြီးတော့ ဒီရောဂါမှာ ထူးခြား ချက်က မုန်တိုင်းတွေလာနိုင်တဲ့အပြင် သွေးကြောလေးထဲမှာ သွေးခဲနိုင်တာတွေ ကြောင့် ဆေးရုံကို စောစောရောက်ပြီး စစ်ဆေးလိုက်ရင် ဒီလူက သွေးခဲနိုင်မ လား၊ သွေးကျဲဆေးပေးရမလားဆိုတာ ကို လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေက လည်း ဆေးရုံမှာပဲ လုပ်နိုင်တာဖြစ်ပါ တယ်။ ဆေးရုံကိုအချိန်မီရောက်ပြီး ဒီလိုမျိုး စနစ်တကျ ကုသမှုခံယူလိုက်ရင် သေဆုံး မှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါ တွေကိုမသိဘဲ လူငယ်ပဲဖြစ်စေ သွေးကြော ခဲသွားရင်၊ ရုတ်တရက် နှလုံးသွေးကြော ပိတ်သွားရင် အသက်ဆုံးရှုံးနိုင်တယ်၊ ဦး နှောက်ထဲကို သွားတဲ့ သွေးကြောတွေမှာ ပိတ်သွားရင်လည်း လေဖြတ်တဲ့ လက္ခဏာ တွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ဆေးရုံကိုအရောက် နောက်ကျတဲ့ အခါ လူကြီးပဲဖြစ်ဖြစ်၊ လူငယ်ပဲဖြစ်ဖြစ် အန္တ ရာယ်ရှိပါတယ်။ ဒါကြောင့် ရောဂါအခံရှိ သူတွေအနေနဲ့ ပိုပြီးဂရုစိုက်သင့်သလို လူ ငယ်တွေအနေနဲ့လည်း ပေါ့ဆလို့မရပါဘူး။

♦ ရောဂါပြင်းထန်သူတွေများတယ်ဆိုပြီး တော့လည်း သိရပါတယ်။ ဟုတ်ပါသလား ဆရာ။
ဆေးရုံရောက်တယ်ဆိုကတည်းက ရောဂါပြင်းထန်တယ်လို့ ဆိုနိုင်ပါတယ်။ ပြင်းထန်မှုရှိ၊ မရှိဆိုတာကလည်း သေဆုံး မှုနှုန်းကိုကြည့်ရင် သိနိုင်ပါတယ်။ အခုဆို ရင် သေဆုံးမှုနှုန်းက အယောက် ၃၀၊ ၄၀ လောက်အထိရှိတယ်ဆိုတော့ ရောဂါပြင်း ထန်တာကြောင့်လို့ ဆိုနိုင်တာပေါ့။ အရင် တုန်းကဆိုရင် ၆ လလောက်နေမှ ၆ ယောက်လောက် သေခဲ့တာ။ အခုဆိုရင် တစ်ရက်ကို အယောက် ၃၀၊ ၄၀ လောက် အထိ သေတာဆိုတော့ တစ်ဖက်က ဆရာ ဝန်တွေ ဘယ်လိုပဲကုကု၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လက်လွှတ်လိုက်ရတဲ့ အရေအတွက်များတယ်ဆိုတော့ ရောဂါ ပြင်းထန်ပြီး ရောက်လာတဲ့သူတွေ များ တာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်တာနဲ့ဆေးရုံ၊ ဆေးခန်းမသွား တာမျိုး မဖြစ်စေချင်ဘူး၊ စောစောစီးစီး ရောက်အောင် လာစေချင်ပါတယ်။

ဒေါက်တာသန်းနိုင်စိုး
(ညွှန်ကြားရေးမှူး၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

Post Author: Good Health Admin