ဘာကြောင့် ဖောရောင် ရပါသလဲ? ဖောရောင်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ?

ဘာကြောင့် ဖောရောင် ရပါသလဲ?

ဖောရောင်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ?

မနက်အိပ်ရာထခါစမှာ မျက်နှာအမ်းနေတာ ဒါမှမဟုတ် တစ်နေကုန် လမ်းလျှောက်အပြီး ခြေထောက်အမ်းနေတာက ပုံမှန် အခြေအနေ ဖြစ်ပေမဲ့ ဖောရောင်နေတာက ပြန်လျော့ကျ မသွားပဲ တစ်ချိန်လုံး ဖြစ်နေရင်တော့ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ ဖြစ်နေတဲ့ လက္ခဏာ ဖြစ်ပါတယ်။

#ဖောရောင်သည်ဆိုသည်မှာ

ခန္ဓာကိုယ်တစ်သျူးအတွင်း အရည်တွေ စုဆောင်းမှု များလာတာကို ဖောရောင်တယ်လို့ ခေါ်ပါတယ်။ များသောအားဖြင့် ခြေထောက်၊ ခြေဖမိုး၊ ခြေကျင်းဝတ်နဲ့ ခြေသလုံးနေရာတွေမှာ ဖောနေတတ်ပါတယ်။ မျက်နှာ၊ လက်နဲ့ ဝမ်းဗိုက် အပါအဝင် ခန္ဓာကိုယ်ရဲ့ တစ်ခြားနေရာတွေမှာလည်း ဖောရောင် နိုင်ပါတယ်။

#သင့်မှာဖောရောင်ခြင်းရှိနေနိုင်သောလက္ခဏာများ

– ဖောရောင်တဲ့နေရာက အရွယ်အစား ကြီးမားလာခြင်း
– ဖောရောင်တဲ့ နေရာပေါ်က အရေပြားဆွဲဆန့်ခံရပြီး ပြောင်တင်းနေခြင်း
– ဖောရောင်တဲ့နေရာကို လက်ချောင်းနဲ့ ၅ မိနစ်ခန့် ဖိထားရင် ချိုင့်ဝင်သွားခြင်း
– လမ်းလျှောက်ရတာ အခက်အခဲ ဖြစ်ခြင်း
အနည်းငယ် ဖောရောင်နေတာက သင့်ကိုဒုက္ခမပေးနိုင်လူးလို့ ထင်ရပေမဲ့ ဆရာဝန်နဲ့ ပြသဖို့တော့ လိုအပ်ပါတယ်။
သင်ရဲ့ ဖောရောင်နေတာက ပျောက်ကင်းမှု မရှိခဲ့ရင် အထူးကုဆရာဝန် နဲ့ ပြသဖို့ လိုအပ်ပါတယ်။ သွေးခဲနေတဲ့ ပြဿနာ ဖြစ်နိုင်တာကြောင့်ပါ။
ဖောရောင်တာနဲ့ အတူတူ ရင်ပတ်နာကျင်တာ၊ အသက်ရှူမဝတာနဲ့ အသက်ရှူရ ခက်ခဲနေရင် ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုအပ်ပါတယ်။ Pulmonary edema အဆုတ်ထဲ သွေးခဲတုံးဝင်ရောက်တာ ဖြစ်နိုင်တာမို့ အရေးပေါ်ကုသမှု လိုအပ်တာကြောင့်ပါ။

#အနည်းငယ်ဖောရောင်ရတဲ့အကြောင်းရင်းများ

– အနေအထားတစ်ခုမှာ ကြာကြာနေခြင်း။ ဥပမာ အချိန် အကြာကြီး ထိုင် ဒါမှမဟုတ် မတ်တတ်ရပ်နေခြင်း
– အငန်စာ အစားများလွန်းခြင်း
– ကိုယ်ဝန်ဆောင်ထားရခြင်း
– ဓမ္မတာ အကြို ဝေဒနာ ခံစားရခြင်း
– တစ်ချို့ ဆေးဝါးမှီဝဲရခြင်း

#ဆိုးရွားသောကျန်းမာရေးပြဿနာကြောင့်ဖောရောင်ခြင်း

– အသည်း အမာရွတ်ဖြစ်ခြင်း။
အသည်းပျက်စီးတာကြောင့် ခြေထောက်နဲ့ ဝမ်းဗိုက်အတွင်း အရည် စုဆောင်းမှု များလာပါတယ်။
– နှလုံး ပျက်စီးခြင်း။
နှလုံးက သွေးတွေကို ထိထိရောက်ရောက် ညှစ်အား မပြုလုပ်နိုင်တာကြောင့်ပါ။
– ကျောက်ကပ်ရောဂါ။
ခြေထောက်နဲ့ မျက်လုံးနေရာမှာ အမ်းတတ်ပါတယ်။
– ခြေထောက်မှ သွေးပြန်ကြော ပျက်စီးနေခြင်း။
ခြေထောက် သွေးပြန်ကြောအဆို့ရှင် အားနည်းသွားတဲ့ အတွက် ခြေထောက်မှာ အရည်စုဆောင်းမှု ဖြစ်ကာ ဖောရောင် လာပါတယ်။
– ပြန်ရည်ကျောစနစ် အားနညိးခြင်း။
– ပရိုတင်းဓာတ် အလွန်အမင်း ချို့တဲ့တာကြောင့် ခန္ဓာကိုယ် အတွင်း အရည် စုဆောင်းမှု များတတ်ပါတယ်။

#ဖောရောင်တာလျော့ကျသွားရလေအောင်

– ဆိုဖာထိုင်ခုံပေါ် ပက်လက်အိပ်ပြီး ခြေထောက်ကိုနံရံပေါ်မှီပြီး ဦးခေါင်းအထက်ရောက်အောင် မြှောက်ပင့်ထားပါ။
– ဆားခါးနဲ့ ၁၅-၂၀ မိနစ်ခန့် ရေစိမ်ချိုးပါ။
– ပိုလျှံနေတဲ့ အရည်တွေကို ညှစ်ထုတ်နိုင်အောင် ခန္ဓါကိုယ်ရွေ့လျားမှု ပိုမို ပြုလုပ်ပါ။
– ခြေထောက်ဖောရောင်နေတာက အမြဲလိုလို ဖြစ်နေရင် ခြေစွပ် ကျပ်ကျပ်ပ် ဝတ်ထားပါ။တစ်သျှူးတွေ အပေါ် ဖိအားအနည်းငယ် ပေးနိုင်ပြီး သွေးလှည့် ပတ်မှု ကောင်းမွန်နိုင်ပါတယ်။
– အငန် လျော့စားင်္ပြး အရည်များများသောက်ပါ။
– သွေးလှည့်ပတ်မှု ကောင်းမွန်အောင် လေ့ကျင့်ခန်း ပြုလုပ်ပါ။
– ဒေါင့်နိမ့် ဖိနပ် စီးပြီး သက်သောင့်သက်သာ ရှိသော အဝတ်အစား ဝတ်ဆင်ပါ။

#ခရီးရှည်နှင့်လေယာဉ်ပေါ်တွင်ဖောရောင်ခြင်းမဖြစ်ရလေအောင်

– သက်တောင့်သက်သာရှိသော အဝတ်အစားကို ဝတ်ထားပါ။
– ဖြစ်နိုင်ရင် တစ်နာရီခြား တစ်ကြိမ် မတ်တတ်ထ ရပ်ပါ။ လမ်းလျှောက်ပါ။ မတ်တတ်ရပ်ဖို့ မဖြစ်နိုင်ရင် ဒူးခေါင်းကို ဆန့်လိုက် ကွေးလိုက် ပြုလုပ်ပါ။
– ခြေထောက်ချိတ်ပြီး မထိုင်ပါနဲ့။ ကိုယ်အနေအထားကို ခဏ ခဏပြောင်း ပေးပါ။
– ရေဓာတ် မချို့တဲ့အောင် အရည်များများ သောက်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal