လိင်တံအရွယ်အစားကြီးအောင်သဘာဝအတိုင်းဘယ်လိုလုပ်နိုင်သလဲ

အမျိုးသားတွေမှာ လိင်တံအရွယ်အစား သေးငယ်တာက သူတို့ကိုယ်သူတို့ စိတ်ဖိစီးမှုဖြစ်စေပြီး အပြစ်ရှိသလိုခံစား ရစေပါတယ်။ အမျိုးသားအားလုံးမဟုတ်ပေမယ့် အများ စုက သူတို့လိင်တံအရွယ်အစားကို ကြီးမားလိုကြပါတယ်။

လူ့ဘ၀နေထိုင်မှုပုံစံက အမျိုးသား တို့ရဲ့ လိင်တံအရွယ်အစားပေါ် သက် ရောက်မှုရှိပါတယ်။ လိင်တံကို သဘာဝ အတိုင်း ကြီးမားလိုတယ်ဆိုရင် ကြွက် သားတွေ တည်ဆောက်မှုကောင်းပြီး ကိုယ်အလေးချိန်လျှော့ချဖို့ Gပာ သွား ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ကျန်း မာရေးကောင်းမွန်ပြီး လိင်တံရှည်လျား လိုတယ်ဆိုရင် ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး လိင်တံဆီ သွေးစီးဆင်းမှုကောင်းအောင် လုပ်ဆောင်ရပါမယ်။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်သူနဲ့ ဆေးလိပ်မ သောက်သူတွေရဲ့ လိင်မှုဘ၀ကို လေ့လာ ကြည့်တဲ့အခါ ဆေးလိပ်မသောက်သူတွေ က Sနထ ကိစ္စမှာ ကျေနပ်မှုရှိကြတာကို တွေ့ရပါတယ်။ ဆေးလိပ်က လိင်တံမှာရှိ တဲ့တစ်သျှူးတွေကိုပျက်စီးစေပြီး ထောင် မတ်မှုကို အားလျော့သွားစေပါတယ်။ ဒါ့ အပြင်ဆေးလိပ်သောက်သူတွေက နှလုံး ရောဂါဖြစ်ပွားမှုနဲ့လည်း ဆက်စပ်နေပြီး လိင်တံဆီသွေးရောက်ရှိမှု နည်းစေပါ တယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စားပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင် စားသောက်မှုရှိတဲ့ အမျိုးသားတွေဟာ လိင်မှုဘ၀မှာ ကျေနပ်မှုရရှိကြပါတယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းနုနယ်ရွက်၊ ကိုက် လန်၊ ပန်းဂေါ်ဖီစိမ်း စတာတွေ စားသုံး တာ၊ ဗီတာမင်စီရရှိနိုင်တဲ့ ထောပတ်သီး၊ လိမ္မော်သီး၊ သံပရာသီးတွေ စားသုံးတာ ကြောင့် ကျေနပ်မှုအထွတ်အထိပ်ကို ရရှိ စေပါတယ်။ သုက်ကောင်လေးတွေကျန်း မာစေဖို့ ငှက်ပျောသီး၊ ဆယ်လ်မွန်ငါးနဲ့ ကြက်သွန်နီ စားသုံးပါ။

စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုက အမျိုးသားတို့ရဲ့ Sနထ ကိစ္စကို လျော့နည်းသွားစေပါတယ်။ စိတ် ဖိစီးမှုလျော့နည်းစေတဲ့ အပန်းဖြေမှုတွေ နဲ့ စိတ်ပျော်ရွှင်စေတဲ့နည်းလမ်းတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။ စိတ်ဖိစီးမှု ကို လျှော့ချလိုက်မယ်ဆိုရင် လိင်မှုကိစ္စ အခက်အခဲတွေကိုလည်း ကျော်လွှားသွား နိုင်မှာဖြစ်ပါတယ်။ တရားထိုင်တာ၊ ယော ဂကျင့်တာတွေကလည်း တစ်နေ့တာအ တွက် စိတ်ဖိစီးမှုတွေကို ကင်းဝေးစေပါ တယ်။

တရားထိုင်ပါ
အနားယူအပန်းဖြေတာကြောင့် စွမ်း အင်တွေပြန်လည် ပြည့်ဝလာစေပါတယ်။ တရားထိုင်တာက စိတ်နဲ့ခန္ဓာကိုယ် အပန်းပြေစေတဲ့ အကောင်းဆုံးနည်း လမ်းပါ။ တရားထိုင်တာကြောင့် စိတ်နဲ့ ခန္ဓာကိုယ် ငြိမ်းချမ်းပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေလို့ လိင်မှုဘ၀ကိုတိုးတက် ကောင်းမွန်စေပါတယ်။ လိင်တံဆီ သွေး စီးဆင်းမှု ကောင်းမွန်စေလို့ လိင်တံကြီး မားဖို့ အထောက်အကူဖြစ်စေပါတယ်။

အနွေးဓာတ် ပေးပါ
ပတ်ဝန်းကျင်အေးတာကြောင့် လိင် တံအရွယ်အစားကို ကျုံ့သွားစေပါတယ်။ရေနွေးနွေးနဲ့ ချိုးတာ၊ လိင်တံတစ်ဝိုက် နွေးထွေးအောင် ထားတာတွေလုပ်ပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ နွေးထွေးမှုရှိတဲ့ အခါ သွေးလှည့်ပတ်မှုကောင်းမွန်ပြီး လိင် တံဆီ သွေးစီးဆင်းမှုကောင်းစေပါတယ်။ လိင်တံဆီ သွေးစီးဆင်းသွားတဲ့အခါ အ ရွယ်အစားလည်း ပြောင်းလဲသွားပါတယ်။

အိမ်တွင်းနည်းလမ်းများ
(၁) ဂင်ဂိုဘလိုဘာ
ကမ္ဘာဦးပင်လို့ခေါ်တဲ့ ဂင်ဂိုဘလို ဘာက ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှု ကောင်းစေတဲ့အပြင် လိင်တံဆီလည်း သွေးရောက်ရှိမှု ကောင်းစေပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့လေ့လာ မှုအရ ဂင်ဂိုက အမျိုးသားတွေမှာ လိင် မှုကိစ္စအဆင်မပြေတာကြောင့်ဖြစ်တဲ့ စိတ်ဓာတ်ကျတာကို အကောင်းဆုံးကူ ညီနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

L-arginine
အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ခန္ဓာ ကိုယ်ထဲမှာ မထုတ်လုပ်နိုင်ပါဘူး။ L-arginine က အမျိုးသားတွေရဲ့ လိင်တံကို ကြီးမားစေပြီး စွမ်းဆောင်ရည်ကို မြင့် မားစေပါတယ်။ L-arginine ကို ဖြည့် စွက်သောက်သုံးနိုင်ပါတယ်။

ဖရဲသီး
ဖရဲသီးထဲမှာ ဗီတာမင်ြ၁ နဲ့ြ၆ ပါဝင်ပါတယ်။ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီ ယမ်တွေလည်း ပါဝင်ပြီး ဆီးကျိတ်ကျန်း မာစေဖို့ ကူညီနိုင်ပါတယ်။ ဖရဲသီးကို ဒီတိုင်းစားတာဖြစ်စေ၊ ဖျော်ရည်လုပ် သောက်တာဖြစ်စေ စားသုံးမယ်ဆိုရင် လိင်မှုကိစ္စတွေမှာ အကောင်းဆုံးစွမ်း ဆောင်နိုင်မှာဖြစ်ပါတယ်။

ဂျင်စင်း
ကိုရီးယားဂျင်စင်းက အာရုံကြော အတွက် အကောင်းဆုံးပါ။ တောင်ကိုရီး ယားပညာရှင်တွေက ဂျင်စင်းသုံးစွဲတဲ့ အ မျိုးသားတွေနဲ့ မသုံးစွဲတဲ့ အမျိုးသားတွေ ကို လေ့လာခဲ့ရာမှာဂျင်စင်းသုံးစွဲတဲ့ အမျိုး သားတွေက လိင်မှုကိစ္စမှာ ပိုမိုစွမ်းဆောင် နိုင်တာကို တွေ့ရပါတယ်။ ဂျင်စင်းကို တချို့ရောဂါရှိသူတွေမှာ မသုံးစွဲဖို့ တား မြစ်တာမျိုးတွေရှိနိုင်တာကြောင့် ဆရာ ဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲသင့်ပါတယ်။

လေ့ကျင့်ခန်းများ
(၁) အိုကေသင်္ကေတ
လက်ညှိုးနဲ့လက်မကို ထိကာ အို ကေ သင်္ကေတအတိုင်းလုပ်ပြီး လိင်တံကို ဆုပ်ကိုင်ပါ။ အပေါ်အောက် ဖြည်းဖြည်း ချင်းဆွဲတာကိုအနည်းဆုံး ၅ မိနစ်လောက် လုပ်ပါ။ နေ့စဉ် ပြုလုပ်ပေးမယ်ဆိုရင် အရွယ်အစားသိသိသာသာ ပြောင်းလဲ လာပါလိမ့်မယ်။

(၂) အိမ်ထောင်ဖက် အကူအညီယူပါ
လေ့ကျင့်ခန်းကို ကိုယ်တိုင်လုပ်တာ ထက် အိမ်ထောင်ဖက်ရဲ့ အကူအညီကို ရယူတာက ပိုမိုထိရောက်စေပါတယ်။

(၃) တဘက်ကို သုံးပါ
တဘက်ကို ရေနွေးထဲ စိမ်၊ ရေညှစ် ချပြီးနောက် လိင်အင်္ဂါတစ်ဝိုက်ပေါ်မှာ အုပ်ပြီး တင်ထားပါ။ အနွေးဓာတ်ကြောင့် လိင်တံဆီ သွေးစီးဆင်းမှု ကောင်းစေပါ တယ်။ လိင်တံကြီးမားစေပြီး ထောင်မတ် မှု ကောင်းစေပါတယ်။

(၄) ဆွဲဆန့်ပေးပါ
လိင်တံအရင်းကို ကိုင်ထားပြီး အောက်ဘက်ကို ဖြည်းဖြည်းချင်းဆွဲပါ။ ၁၀ မိနစ်၊ ၁၅ မိနစ် ကြာပြုလုပ်ပါ။ လိင် တံကြီးမားဖို့နဲ့ မာကျောတောင့်တင်းဖို့ အ ကောင်းဆုံးလေ့ကျင့်ခန်းပါ။

အလင်း (ဆေးဝါး)

Post Author: Good Health Journal