ရင်သားတွဲမကျစေရန် ကာကွယ်နည်းများ

ကျွန်မတို့ဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ သားမြတ်ကို ပုံစံမပျက်အောင် ထောက်ပံ့ပေးထားတဲ့ တွယ်ဆက်တစ် သျှူး(Cooper’s Ligaments)တွေက ဆွဲဆန့်ခံရဖန်များတဲ့အတွက် ကျုံ့နိုင်ဆန့်နိုင်အား မရှိတော့ပါဘူး။ ဒါ့အပြင် အသက်ကြီး လို့ ၀လာတာကြောင့်လည်း သားမြတ်တစ်သျှူးနေရာမှာ အဆီတွေပိုမိုများပြားလာပြီး ရင်သားတွဲကျလာပါတယ်။ ဒီလိုဖြစ်လာရင် တချို့ကတော့ ရင်သားအလှအပအတွက် ငွေကုန်ကြေးကျခံပြီး ခွဲစိတ်ပြုပြင်လာကြပါတယ်။ ခွဲစိတ်ကုသမှုခံယူရမှာ ကြောက် ရွံ့တာ၊ စိုးရိမ်တာ၊ ငွေကုန်ကြေးကျမခံနိုင်တဲ့သူတွေအတွက် ရင်သားတွဲကျတဲ့ ပြဿနာမဖြစ်အောင် ကာကွယ်နိုင်ဖို့ လွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

သလဲသီ
သလဲသီးမှာ အရွယ်တင်နုပျိုနိုင်တဲ့ အစွမ်းထက်စွမ်းအင်တွေရှိတာကြောင့် သားမြတ်တွဲကျတာကို ကာကွယ်ဖို့အသုံး ပြုနိုင်ပါတယ်။ သလဲသီး အစေ့ရဲ့အဆီ မှာပါဝင်တဲ့ အပင်အာဟာရဓာတ်တွေ က သားမြတ်ရဲ့တင်းရင်းမှုကို ထိန်းသိမ်း ပေးနိုင်ပါတယ်။
– ညအိပ်ရာမဝင်ခင်မှာ သင့်သားမြတ် ကိုသလဲသီးအဆီလိမ်းပြီး ၅-၁၀ မိနစ်ခန့်ကြာအောင် နှိပ်နယ်ပါ။
– နှစ်ပတ်သုံးပတ်ကြာတဲ့အထိ ပြု လုပ်ပေးရပါမယ်။

သခွားသီးနှင့် ကြက်ဥအနှစ်
သခွားသီးဟာ အရေပြားကို တင်း ရင်းစေတဲ့ ဂုဏ်သတ္တိတွေပိုင်ဆိုင်ပြီး ကြက် ဥအနှစ်ကတော့ ဗီတာမင်နဲ့ ပရိုတင်းတွေ များစွာပါဝင်တာကြောင့် ဒီနှစ်မျိုးကိုတွဲ စပ်ပြီး အသုံးပြုတာက ရင်သားတွဲကျမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
– သခွားသီးကိုသေးသေးလှီးပြီး မွှေ စက်နဲ့မွှေပါ။
– ပြီးရင် ကြက်ဥနှစ်တစ်လုံးနဲ့ ထော ပတ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ပြီး အနှစ်ရအောင်ပြုလုပ်ပါ။
– ရလာတဲ့အနှစ်ကို သားမြတ်ပေါ်မှာ မိနစ် ၃၀ ခန့်လိမ်းထားပါ။
– ပြီးရင် ရေအေးနဲ့ ဆေးကြောပါ။
– တစ်ပတ်တစ်ကြိမ် ပြုလုပ်ပါ။

Shea Butter
Shea Butter မှာ ဗီတာမင်အီးတွေ ပါဝင်တဲ့အတွက် ရင်သားကို တင်းတင်း ရင်းရင်းဖြစ်အောင် ကူညီနိုင်ပါတယ်။ ဒါ့ အပြင် ဓာတ်တိုးပစ္စည်းကြောင့် ပျက်စီးမှု မရှိအောင် ကာကွယ်နိုင်တဲ့အတွက် အရွယ် အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။
– ညအိပ်ရာမဝင်ခင်မှာ Shနa ကြအအနမ ကို သားမြတ်ပေါ်မှာ သုတ်လိမ်းပြီး ၁၀-၁၅ မိနစ်ခန့် သားမြတ်ကိုပင့် တင်ကာစက်ဝိုင်းပုံသဏ္ဌာန် နှိပ်ပါ။
– ၁၀ မိနစ်ခန့်ထားပါ။ သင့် အနေနဲ့ စေးကပ်ကပ်ဖြစ်တာကိုသည်းခံနိုင် ရင် တစ်ညလုံးထားကာ အိပ်နိုင်ပါ တယ်။
– တစ်ပတ် ၃-၄ ကြိမ်ပြုလုပ်ပါ။

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်တဲ့အ တွက် သားမြတ်ကို တင်းရင်းမှုဖြစ်စေနိုင် တဲ့အပြင် ဓာတ်တိုးပစ္စည်းကြောင့် ပျက် စီးမှုမရှိအောင်လည်း ကာကွယ်နိုင်ပါတယ်။
– ခွက်တစ်ခွက်ထဲမှာ ရှားစောင်းလက် ပပ်အနှစ် စားပွဲဇွန်း တစ်ဇွန်းစာကို မရောနိစ် လက်ဖက်ရည်ဇွန်းတစ် ဇွန်းစာ၊ ပျားရည်လက်ဖက်ရည် ဇွန်းတစ်ဇွန်းစာနဲ့ ရောစပ်မွှေပါ။
– ရလာတဲ့အနှစ်ကို သားမြတ်ပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ။
– ပြီးရင် ရေနွေးနဲ့ဆေးကြောပါ။
– အနည်းဆုံး တစ်ပတ်တစ်ကြိမ် ပြုလုပ်ပါ။

လေ့ကျင့်ခန်း
သားမြတ်တင်းရင်းမှုရှိဖို့အတွက် လေ့ကျင့်ခန်းပြုလုပ်ဖို့လည်း လိုအပ်ပါ တယ်။ လက်မောင်း မြှောက်လေ့ကျင့် ခန်း၊ အိပ်ထ မ တင်၊ Dumbbell flyes လိုမျိုး လေ့ကျင့်ခန်းတွေက သားမြတ် ကိုတင်းရင်းမှုရှိစေနိုင်ပါတယ်။

ရေ
ဝင်ကိုစင်တက္ကသိုလ်ရဲ့အဆိုအရ ရေကို လုံလောက်စွာမရရှိသူတွေရဲ့ အရေပြားက အိုမင်းမှု မြန်ဆန်တယ်လို့ သိရပါတယ်။ အိုမင်းတာကြောင့် သား မြတ်ကတွဲကျနိုင်ပါတယ်။ ဒါကြောင့် နေ့ စဉ်ရေရှစ်ဖန်ခွက်ရရှိအောင် သောက် ပေးပါ။
ရင်သားတွဲကျတာက သက်ကြီး ဖြစ်စဉ်ဖြစ်တာမို့ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမဲ့လည်း ဆိုးဆိုးရွားရွား ပုံပျက် မသွားရအောင် ကြိုတင်ကာကွယ်ထား နိုင်ပါတယ်။

လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *