မျက်စိစွံ နေပါသလား

မျက်စိစွံတယ်ဆိုတာက မျက်ခွံပေါ် မှာ ဝက်ခြံပေါက်နေတာပါ။ ဝက်ခြံက မျက်လုံးအပါအဝင် ခန္ဓာကိုယ်ရဲ့ မျက်နှာ ပြင်အနှံ့အပြားမှာ ပေါက်ရောက်နိုင်ပါ တယ်။ ပတ်ဝန်းကျင်ကလာတဲ့ဖုန်မှုန့်တွေ ရယ်၊ အရေပြားမသန့်ရှင်းတာတွေရယ် ပေါင်းစပ်ပြီး ဝက်ခြံပေါက်တာဖြစ်ပါ တယ်။ မျက်ခွံမှာပေါက်ရင် မျက်စိစွံတယ် လို့ ခေါ်ကြပါတယ်။
မျက်စိစွံတာက အင်မတန်နေရခက် ပါတယ်။ မျက်ခွံလေးနေပြီး မျက်စိဖွင့်ရ ခက်ပါတယ်။ မျက်စိစွံတဲ့နေရာမှာ ရောင် ရမ်းမှုတွေဖြစ်ပေါ်နေပြီး အဖုအကျိတ်ကို လည်း တွေ့ရနိုင်ပါတယ်။
မျက်ခွံက အဆီဂလင်းမှာ ဘက်တီး ရီးယားပိုးမွှား၊ စတက်ဖလိုကော့ကပ်စ်ပိုး ဝင်တာကြောင့် မျက်စိစွံတာပါ။ ဝက်ခြံက များသောအားဖြင့် အန္တရာယ်မရှိပါဘူး။ အမြင်အာရုံကိုလည်း ထိခိုက်မှုမရှိပါဘူး။ အောက်ဖော်ပြပါ အိမ်တွင်းကုထုံးတွေနဲ့ လည်း ဝက်ခြံပျောက်ကင်းနိုင်ပါတယ်။
ဒါပေမဲ့ ဝက်ခြံကြောင့် နာကျင်နေ တာ၊ ယားယံနေတာဖြစ်နေရင် ဆရာဝန် နဲ့ပြသဖို့လိုအပ်ပါတယ်။

အပူကပ်ခြင်း
ဝက်ခြံနေရာကို အပူကပ်တာ ကြောင့် သွေးလှည့်ပတ်မှုပိုမိုကောင်းမွန် လာပြီး ရောင်ရမ်းမှုတွေ သက်သာလာ ကာ ပြည်တွေ ထွက်ကျသွားနိုင်ပါတယ်။ ဒါ့အပြင် အပူကြောင့် နာကျင်တဲ့ဝေဒနာ လည်း သက်သာသွားနိုင်ပါတယ်။

– ခွက်တစ်ခုထဲကို ရေနွေးလောင်း ထည့်ပါ။
– သန့်စင်တဲ့ပိတ်စတစ်ခုကိုယူပြီး ရေ နွေးထဲစိမ်ထားပါ။
– ပြီးရင် ပိတ်စကို ရေညှစ်ပါ။
– မျက်စိကိုမှိတ်ထားပြီး ပက်လက်အိပ် ပါ။
– ရေနွေးဖတ်နဲ့ မျက်စိစွံတဲ့နေရာပေါ် မှာ ကပ်ထားပြီး ၃-၅ မိနစ်ခန့်ထားပါ။
– တစ်နေ့ကို သုံးလေးကြိမ်ခန့် ပြည် တွေထွက်သွားတဲ့အထိ ပြုလုပ်နိုင်ပါ တယ်။
– ဝက်ခြံက ပြည်တွေ ကုန်စင်အောင် ထွက်သွားပြီဆိုရင် မျက်ခွံကိုပြန်လည် သန့်စင်ပေးပါ။

နနွင်းအသုံးပြုခြင်း
နနွင်းဟာ သဘာဝအားဖြင့် ပိုးမွှား တွေကို သေစေတဲ့ ဂုဏ်သတ္တိရှိတဲ့အ တွက် အရေပြားပြဿနာအားလုံးကို ကု သဖို့ အသုံးဝင်နိုင်ပါတယ်။ မျက်စိစွံတာ ပျောက်ကင်းရုံသာမက နောက်ထပ်မဖြစ် အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

– စားပွဲဇွန်းတစ်ဇွန်းစာ နနွင်းမှုန့်ကို ရေတစ်ဖန်ခွက်ထဲ ထည့်ဖျော်ပါ။
– အဲဒီအရည်ကို ပမာဏတစ်ဝက်ခန့် ကျန်အောင် ကျိုပေးပါ။
– ဖျော်ရည်ကို အအေးခံပါ။
– နနွင်းရည်က အခဲတွေဖြစ်နေရင် ပိတ်စိမ်းပါးနဲ့ စစ်ထုတ်ပေးပါ။
– စွံနေတဲ့မျက်စိကို အဲဒီနနွင်းဖျော် ရည်နဲ့ တစ်နေ့ ၂-၃ ကြိမ် ဆေးကြော ပေးပါ။
– ဒီနည်းလမ်းကို မျက်စိစွံတာပျောက် သွားတဲ့အထိ ပြုလုပ်ပါ။

လက်ဖက်ခြောက်အသုံးပြုနည်း
လက်ဖက်ခြောက်က ရောင်ရမ်းမှု ကို လျော့ကျစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ သူ့မှာပါဝင်တဲ့ တန်နစ်အက်စစ်က ရော ဂါပိုးတွေ မပြန့်ပွားအောင် တားမြစ် ပေးပါတယ်။ ဒါ့အပြင် နာကျင်မှုဝေဒနာ ကိုလည်း သက်သာစေပါတယ်။

– လက်ဖက်ခြောက်အိတ်ကို ရေနွေး တစ်ဖန်ခွက်ထဲ စိမ်ပေးပါ။
– လက်ဖက်ခြောက်အိတ်ကို ဖယ်ရှား ပြီး အိတ်မှ ပိုလျှံနေတဲ့အရည်တွေကို ညှစ်ထုတ်လိုက်ပါ။
– ပူနွေးနေတဲ့ လက်ဖက်ခြောက်အိတ် ကို မျက်စိစွံတဲ့နေရာပေါ် ငါးမိနစ်ခန့် ကပ်ပေးပါ။
– တစ်နေ့ ၂-၃ ကြိမ် မျက်စိစွံတာ ပျောက်ကင်းတဲ့အထိ ပြုလုပ်ပါ။

လေးညှင်းပွင့်အသုံးပြုခြင်း
သူက နာကျင်မှုဝေဒနာကို သက် သာစေတဲ့ ဂုဏ်သတ္တိရှိတဲ့အပြင် ဘက် တီးရီးယားပိုးမွှားတွေသေစေနိုင်တဲ့ ဂုဏ် သတ္တိလည်းရှိတာကြောင့် မျက်စိစွံတာ အတွက် အလွန်အသုံးဝင်ပါတယ်။

– လေးညှင်းပွင့် လေးငါးခြောက်ပွင့်ကို ရေထဲမှာ ၁၀ မိနစ်ခန့် စိမ်ထားပါ။
– လေးညှင်းပွင့်မှ ပါဝင်ပစ္စည်းတွေ ရေ ထဲကိုပျော်ဝင်သွားပြီဆိုရင် အဲဒီလေး ညှင်းပွင့်တွေကို ဖယ်ရှားပါ။
– သန့်စင်တဲ့ ပိတ်စိမ်းစတစ်ခုကို လေး ညှင်းပွင့်စိမ်ထားတဲ့ရေထဲ ထည့်နှစ် ပြီး အဝတ်ကို ရေညှစ်ပါ။
– အဲဒီအဝတ်ဖတ်နဲ့ မျက်စိစွံတဲ့နေရာ ပေါ် မိနစ်အနည်းငယ်ခန့် တင်ထား ပါ။
– မျက်စိစွံတာပျောက်ကင်းတဲ့အထိ ပြုလုပ်ပါ။

ရှားစောင်းလက်ပပ်အသုံးပြုခြင်း
ရှားစောင်းလက်ပပ်က ရောင်ရမ်းမှု ကို လျော့ကျစေတဲ့ ဂုဏ်သတ္တိရှိတာ ကြောင့် မျက်စိစွံတာကြောင့်ဖြစ်တဲ့ နီရဲ ရောင်ရမ်းတာတွေကို သက်သာနိုင်ပါ တယ်။ ဒါ့အပြင် နာကျင်မှုဝေဒနာတွေ လည်း ပျောက်ကင်းနိုင်ပါတယ်။

– ရှားစောင်းလက်ပပ်အရွက်ကနေ အနှစ်ထုတ်ယူပါ။
– အဲဒီအနှစ်ကို စွံနေတဲ့မျက်စိပေါ်မှာ အသာအယာပွတ်လိမ်းပေးပါ။
– မိနစ် ၂၀ ခန့်ထားပြီးနောက် ကြက် သီးနွေးရေနဲ့ ဆေးကြောပါ။
– တစ်ပတ် သုံးကြိမ်ပြုလုပ်ပါ။

လှပတ္တမြား

Post Author: Good Health Journal