WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း

WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါကို ကမ္ဘာ့တစ်လွှားက တိုက်ထုတ်နေစဉ်မှာပဲ ကမ္ဘာ့နိုင်ငံအများအပြားကို ပျံ့နှံ့နေပြီ ဖြစ်တဲ့ မျောက်ကျောက်ရောဂါကို WHO က ယခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေလို့ သတ်မှတ်ပေးလိုက်ပါတယ်။ မျောက်ကျောက်ရောဂါက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့် ဖြစ်ပြီး ရောဂါ လက္ခဏာတွေက ကျောက်ရောဂါ Smallpox နဲ့ ဆင်တူပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးရဲ့ ဗဟိုဌာနရဲ့ အဆိုအရ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်ပြီလို့ သိရပါတယ်။ #မျောက်ကျောက်ရောဂါရဲ့လက္ခဏာ။ မျောက်ကျောက်ရောဂါက အဖြစ်များလာတာမို့ ရောဂါရဲ့လက္ခဏာတွေကို သိရှိရင် ရောဂါ မပျံ့ပွားအောင်ကာကွယ်နိုင်ပြီး အချိန်မီကုသနိုင်ပါလိမ့်တယ်။ ဒါပေမဲ့ ပြဿနာက ဒီရောဂါရဲ့ […]

COVID-19 ပြင်းထန်သည့် လူနာငါးဦးတွင် တစ်ဦးက ကာကွယ်ဆေးမထိုးရသေးသည့် ကိုယ်ဝန်ဆောင်ဖြစ်နေ

နာမကျန်းမှုပြင်းထန်ဆိုးရွားတဲ့ COVID-19 လူနာ ငါးဦးမှာ တစ်ဦးက ကာကွယ်ဆေးမထိုးရသေးတဲ့ ကိုယ်ဝန်ဆောင်မိခင်ဖြစ်နေတယ်လို့ လေ့လာမှုအချက်အလက်တွေအရသိရပါတယ်။ COVID-19 ကာကွယ်ဆေးထိုးဖို့ရာ အတွက် မိခင်နဲ့ရင်သွေးအဖို့ အဆိုပါ ကာကွယ်ဆေးတွေက ဘေးကင်းစိတ်ချရမှု ရှိမရှိအပေါ် သံသယများပြီး ကိုယ်ဝန်ဆောင်အများစုက ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။ လေ့ လာမှုအချက်အလက်တွေအရ နာမကျန်း မှုပြင်းထန်တာကြောင့် Extracorporeal Membrane Oxygenation (ECMO) လို့ခေါ်တဲ့ ကုထုံးနဲ့ကုသပေးရတဲ့ လူနာ ငါးဦးမှာ တစ်ဦးနှုန်းက ကိုယ်ဝန်ဆောင် မိခင်တွေဖြစ်နေတယ်လို့ သုတေသီတွေ ကဆိုပါတယ်။ COVID-19 ကြောင့် အ ဆုတ်တွေ အရမ်းထိခိုက်ပျက်စီးသွားတဲ့ လူနာတွေမှာ အသက်ရှူစက်နဲ့ အောက် ဆီဂျင်ပမာဏကို မထိန်းထားနိုင်တဲ့အခြေ အနေမျိုးထိ ဆိုးရွားလာတဲ့အခါ ECMO ကုထုံးကိုအသုံးပြုကြတာဖြစ်ပါတယ်။ အ ဆိုပါကုထုံးအသုံးပြုရတဲ့ အသက် ၁၆ […]

Ultrasound လှိုင်းဖြင့် သုက်ပိုး ဖျက်ဆီးသည့်စက်ကိရိယာသည် အမျိုးသား သန္ဓေတားနည်းအသစ် ဖြစ်လာမည်လား

လက်ရှိမှာ အမျိုးသမီးတွေအတွက် သန္ဓေတားနည်း ၁၂ မျိုးရှိ ပေမယ့် အမျိုးသားတွေအတွက် သန္ဓေတားနည်းမှာ ကွန်ဒုံးနဲ့ သားကြောဖြတ်တဲ့နည်း နှစ်မျိုးသာရှိပါတယ်။ နောက်ပိုင်းမှာ ဝှေးစေ့ကို ခွက်ထဲစိမ်ရုံနဲ့ အာထရာဆောင်းလှိုင်းနဲ့ သုက်ပိုးဖျက်ဆီးပေးမယ့် စက်ကိရိ ယာဟာ အမျိုးသားသန္ဓေတားနည်းအသစ်ဖြစ်လာနိုင်ကြောင်း ဂျာမန်ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။ COSO လို့အမည်ပေးထားတဲ့ အဲဒီကိရိယာက နာကျင်မှုမရှိသလို သုံးရလွယ်ကူကာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်နိုင်ပါတယ်။ ကိရိယာက ခွက်ပုံစံရှိပြီး အဲဒီအထဲမှာ ရေထည့်ကာ ဝှေးစေ့ကို စိမ်ရမှာ ဖြစ်ပါတယ်။ ရေက တဖြည်းဖြည်းနွေးလာပြီး စက်ကနေ ထုတ်လွှတ်တဲ့ Ultrasound လှိုင်းတွေက သုက်ပိုးထုတ်လွှတ်မှုနဲ့ သုက်ပိုးရွေ့လျားနိုင်မှုကို နှစ်လအထိ ကန့်သတ်ပေးထားမှာပဲ ဖြစ်ပါတယ်။ တစ်ကြိမ်ကို ၁၅ မိနစ်နဲ့ နှစ်ရက်ခြားကာ နှစ်ကြိမ်ပြုလုပ်ရမှာဖြစ်ပါတယ်။ နှစ်ပတ် အကြာမှာ စတင်သိသာလာပြီး […]

နှစ်လသားအရွယ်ကလေးကို ခွဲစိတ်ပေးပြီးနောက် အဆုတ်တွင် အပ်တစ်ချောင်းစိုက်ကျန်ရစ်ခဲ့သဖြင့် ကလေးသေဆုံး

ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့က နှစ်လသားအရွယ်ကလေးတစ်ဦးကို ဝမ်းဗိုက်ပြည်တည်နာအတွက် ခွဲစိတ်ကုသပေးခဲ့ပြီးတဲ့နောက် ကလေးရဲ့အဆုတ်မှာ အပ်တစ်ချောင်းစိုက်ဝင်လျက်သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။ ခွဲစိတ်ပြီး တဲ့နောက်ရက်မှာ ကလေးက ဘယ်လိုမှ ချော့မရအောင် ငိုနေခဲ့တယ်လို့ မိခင်ဖြစ်သူ ဒါယာရှာတိုခီနာကဆိုပါတယ်။ ကလေးက ဖျော့တော့နေခဲ့ပြီး ဂျယ်လီလိုမျိုး ပျော့ဖတ်နေခဲ့ကာ မိဘတွေရဲ့အထိအတွေ့ကို မတုံ့ပြန်နိုင်တော့ဘဲ သတိမေ့မြောနေခဲ့တယ်လို့ မိခင်ဖြစ်သူကဆိုပါတယ်။ ဆေးရုံမှာ အရေးပေါ်အသက်ကယ်ဖို့ ကြိုးပမ်းပေးခဲ့ကြပေမယ့် မိနစ် ၄၀ လောက်ကြာပြီးချိန်မှာ ကလေးက သေဆုံးသွားခဲ့ရပါတယ်။ ကလေးရဲ့ အဆုတ်မှာ အပ်တစ်ချောင်းစိုက်နေတာကို တွေ့ရပြီး ခွဲခန်းထဲမှာကုသပေးရင်း ကျန်ရစ်နေခဲ့တာဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ မွေးချင်းငါးဦးအနက် အငယ်ဆုံးကလေးဖြစ်ပြီး ဒီကလေးသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးအရေးယူပေးဖို့ မိခင်ဖြစ်သူက အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ အဆိုပါကလေးကို အမှတ် ၅ ကလေးဆေးရုံမှာ ကုသပေးပြီးနောက်ပိုင်း အခုလို သေဆုံးမှုဖြစ်ရတာနဲ့ပတ်သက်လို့ […]

ကိုရိုနာဗိုင်းရပ်စ်အသစ်က ဓာတ်ခွဲခန်းက ပြုလုပ်တာမဟုတ်

ကိုရိုနာဗိုင်းရပ်စ်အသစ်က သဘာဝတရားကြောင့်ဖြစ်လာတာဖြစ်ပြီး ဓာတ်ခွဲခန်းနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။ နယူးယောက်၊ သြစတြေးလျနဲ့ နယူးအော်လန်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ပေါင်းစပ်ပြီးပြုလုပ်ထားတဲ့ သုတေသနတွေအရ SARS-CoV-2 ခေါ်တဲ့ COVID-19 ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်က လူလုပ်ဗိုင်းရပ်စ်ဖြစ်ဖို့အတွက် သက်သေပြဖို့ အချက်တစ်ချက်မှ မရှိဘူးလို့ သိရပါတယ်။ ♥ ဒေါက်တာခင်မိုးမိုး (Ref: WebMD)

Coronavirus ရောဂါပိုးရှိသူနှင့် ခြောက်ပေခွဲပတ် လည်တွင်ရှိပါက ၁၅ မိနစ်အတွင်း ရောဂါပိုးကူးစက်ခံရနိုင်

Coronavirus ရောဂါပိုးရှိသူနဲ့ ၆ ပေခွဲပတ်လည်မှာရှိနေ ပါက ၁၅ မိနစ်အတွင်း ရောဂါပိုးကူးစက်ခံရနိုင်တယ်လို့ ကျန်းမာ ရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ Public Health England ရဲ့ကျွမ်းကျင်ပညာရှင်တွေက ရောဂါပိုးရှိသူနဲ့အနီး ကပ်ဆုံးရှိနေတာမှမဟုတ်ဘဲ ခြောက်ပေခွဲအကွာလောက်မှာရှိ နေတာနဲ့တင် ၁၅ မိနစ်အတွင်း ရောဂါပိုးကူးစက်ခံရနိုင်ခြေများ တယ်လို့ဆိုခဲ့ကြတာပါ။ ခြောက်ပေခွဲအကွာအဝေးဟာ ရောဂါပိုး ရှိသူနဲ့နီးကပ်တဲ့ နေရာမဟုတ်ဘူးလို့ ယူဆနိုင်ပေမယ့် တကယ် တမ်းပတ်ဝန်းကျင်တစ်ခုတည်းမှာ ဒါမှမဟုတ် ဧရိယာတစ်ခု တည်းမှာ ဒါမှမဟုတ် အခန်းတစ်ခုတည်းမှာ အတူရှိနေရုံနဲ့တင် ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ COVID-19 ဟာ ကူးစက် မြန်ရောဂါပိုးဖြစ်တာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတောင် ကပ်ရောဂါအသွင်ဖြစ်လာနိုင်တယ်လို့ သတိပေးထားတာဖြစ်ပါ တယ်။ ♥ အေးယုနိုင်

သစ်တော်သီးအရွယ် အသည်းကင်ဆာကျိတ်ဟု ထင်မှတ်ကာ ခွဲစိတ်ခဲ့ပြီးမှ ကင်ဆာကျိတ်မဟုတ်ဘဲ ရှားပါးကပ်ပါးကောင်ကြောင့်ဖြစ်နေ

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ် အက်မွန်တန်မြို့ မှ ကက်စီဒီအမ်းစထရောင်းဆိုသူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးက အသည်းမှာ သစ်တော်သီးအရွယ်ကင်ဆာ ကျိတ်ဖြစ်နေတယ်ဆိုပြီး ဆေးကုသမှုတွေနဲ့ ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ပြီးမှာ ကင်ဆာကျိတ်လုံးဝမဟုတ်ဘဲ ရှားပါးကပ်ပါးတစ် မျိုးကြောင့်ဖြစ်ရတာလို့ သိရှိလိုက်ရပါတယ်။ ကက်စီက ကိုယ် အလေးချိန် ၂၅ ပေါင်လောက် ကျဆင်းသွားခဲ့ပြီး အစာခြေမှု ပြဿနာတွေလည်းဖြစ်လာခဲ့ကာ အိပ်မပျော်တဲ့အခြေအနေတွေ နဲ့ စစ်ဆေးကုသမှုခံယူခဲ့တာမှာ ဆရာဝန်တွေက ကက်စီရဲ့အ သည်းမှာ သစ်တော်သီးအရွယ်အကျိတ်လုံးကိုတွေ့ရှိခဲ့ပြီး fibr-olamellar carcinoma ဆိုတဲ့ရှားပါးအသည်းကင်ဆာဆိုပြီး ကုသပေးနေခဲ့ကြပါတယ်။ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီးချိန်မှာ အကျိတ် ကို ဓာတ်ခွဲခန်းပို့စစ်ဆေးခဲ့ရာမှာတော့ ကင်ဆာကျိတ်မဟုတ်ဘဲ ရှားပါးကပ်ပါးသန်ကောင်တစ်မျိုးဖြစ်တဲ့ Echinococcus multilocularis ကြောင့်ဖြစ်တဲ့ alveolar echinococcosis ဆိုတဲ့ကပ်ပါးရောဂါခံစားနေရတာလို့ ဆရာဝန်တွေက ဆိုပါ တယ်။ သူရဲ့အသည်းထဲမှာ နှစ်ပေါင်း […]

အဝလွန်ခြင်းက ဉာဏ်ရည်လျော့နည်းခြင်းနှင့်ဆက်နွှယ်နေဟုဆို

အဝလွန်တာက ဉာဏ်ရည်လျော့နည်းတာနဲ့ဆက်နွှယ် နေနိုင်တယ်လို့ သုတေသနသစ်တစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။ခန္ဓာကိုယ်ထုထည်အညွှန်းကိန်းများတဲ့ကျောင်းသားတွေဟာ ကျောင်းစာမှာညံ့လေ့ရှိတယ်လို့ သုတေသီတွေက ဆိုလိုက် တာဖြစ်ပါတယ်။ အဝလွန်သူတွေရဲ့ဦးနှောက်အပြင်ဘက်လွှာ က ပါးလွှာပြီးတော့ ဒီအပိုင်းက မှတ်ဉာဏ်၊ ဆုံးဖြတ်ချက်ချနိုင် စွမ်းတွေနဲ့ဆက်နွှယ်မှုရှိနေပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီ ညွတ်အောင်မစားလို့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်တာလား ဒါမှမဟုတ် ကောင်းစွာမဖွံ့ဖြိုးတဲ့ဦးနှောက်ကြောင့် အလွန်အ ကျွံစားသုံးမိတာလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေး ပါဘူး။ University of Vermont မှ ဒေါက်တာ Jennifer Laurent ဟာ အသက်ကိုးနှစ်နဲ့ ၁၀ နှစ်ကြား ကလေးငယ် ၃၁၉၀ ဦးကို လေ့လာစောင့်ကြည့်ခဲ့ကြတာဖြစ်ပေမယ့် ဒီလေ့ လာမှုဟာ အငြင်းပွားဖွယ်ရာဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ (AP,12.12.19) အေးယုနိုင်

နေ့စဉ် ဒိန်ချဉ်သောက်ပေးလျှင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ နည်းနိုင်

နေ့တိုင်း ဒိန်ချဉ်တစ်ခွက်သောက်ပေးရင် အဆုတ်ကင် ဆာဖြစ်နိုင်ခြေ နည်းသွားနိုင်တယ်လို့ နောက်ဆုံးထွက်လေ့ လာချက်ကဆိုပါတယ်။ နေ့တိုင်းမှန်မှန် ဒိန်ချဉ်သောက်တဲ့လူ တွေဟာ ဒိန်ချဉ်နေ့တိုင်း မသောက်တဲ့လူတွေနဲ့ယှဉ်ရင် အဲဒီ ရောဂါဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းနည်းတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုကောင်းတာကတော့ ဒိန်ချဉ်ကို အမျှင်ဓာတ် များတဲ့အစားအစာနဲ့ တွဲစားပေးပါ။ ဒါဆိုရင်တော့ အဆုတ်ကင် ဆာဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းကျော် နည်းသွားပါလိမ့်မယ်။ ဒိန် ချဉ်မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေက ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်ပြီး ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ရှိပါတယ်။ ဒိန်ချဉ် သောက်တဲ့အကျင့်ကို အားပေးရမှာဖြစ်ပြီး ဒိန်ချဉ်နဲ့တခြားနို့ထွက်ပစ္စည်းတွေရဲ့ ကောင်းကျိုးတွေကို သေသေချာချာပြန်လေ့လာသင့်တယ်လို့ သုတေသီတွေက ပြောလိုက်ပါတယ်။ (DM, 12.12.19) ချယ်ရီ

သစ်ပင်များက လူတို့ကို အသက်ပိုရှည်စေရန် ကူညီပေးဟု သုတေသီများဆို

စိမ်းစိုလန်းဆန်းတဲ့သစ်ပင်တွေ ပတ်ဝန်းကျင်မှာနေထိုင်တဲ့သူတွေက သက်ရှင်နေထိုင်နိုင်တဲ့ မျှော်မှန်းသက် တမ်းပိုများတာကိုတွေ့ရပြီး ဒီတွေ့ရှိချက် ကြောင့် သစ်ပင်တွေနားမှာနေထိုင်တဲ့သူ တွေက အသက်ပိုရှည်နိုင်တယ်လို့ ဘာ စီလိုနာကမ္ဘာ့ကျန်းမာရေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ သစ်ပင် တွေက ကမ္ဘာမြေပူနွေးမှုဖြစ်စေတဲ့ဓာတ် ငွေ့တွေကိုစုပ်ယူလိုက်ပြီး လေထုကိုသန့် စင်အေးမြစေတယ်လို့လည်း သုတေသီ တွေက ဆိုပါတယ်။ တရုတ်ကနေ ကနေ ဒါအထိ နိုင်ငံပေါင်းခုနစ်နိုင်ငံက လူဦးရေ ရှစ်သန်းကျော်ကို လေ့လာမှုအကြိမ်ရေ ကိုးကြိမ်ပြုလုပ်ကာ သမိုင်းမှာအကျယ် ပြန့်ဆုံးသုတေသနလေ့လာမှုအဖြစ် လေ့ လာခဲ့ကြတာဖြစ်ပါတယ်။ ဂြိုဟ်တုဓာတ် ပုံတွေအသုံးပြုပြီး လူသားတွေရဲ့နေထိုင် ရာပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာ သစ် ပင်တွေရှိနေတာရဲ့အကျိုးသက်ရောက် မှုကို နှစ်နဲ့ချီစောင့်ကြည့်ကာ လေ့လာခဲ့ ကြတာဖြစ်ပါတယ်။ သစ်ပင်တွေအနီးမှာ နေသူတွေမှာ နှလုံးနဲ့ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါတွေကြောင့် အ ရွယ်မတိုင်ခင်သေဆုံးနိုင်ခြေတွေအပေါ် လေ့လာသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။ အပင်တွေပိုပြီးနည်းပါးလေ့ရှိပြီး လူဦး […]