Ultrasound လှိုင်းဖြင့် သုက်ပိုး ဖျက်ဆီးသည့်စက်ကိရိယာသည် အမျိုးသား သန္ဓေတားနည်းအသစ် ဖြစ်လာမည်လား

လက်ရှိမှာ အမျိုးသမီးတွေအတွက် သန္ဓေတားနည်း ၁၂ မျိုးရှိ ပေမယ့် အမျိုးသားတွေအတွက် သန္ဓေတားနည်းမှာ ကွန်ဒုံးနဲ့ သားကြောဖြတ်တဲ့နည်း နှစ်မျိုးသာရှိပါတယ်။ နောက်ပိုင်းမှာ ဝှေးစေ့ကို ခွက်ထဲစိမ်ရုံနဲ့ အာထရာဆောင်းလှိုင်းနဲ့ သုက်ပိုးဖျက်ဆီးပေးမယ့် စက်ကိရိ ယာဟာ အမျိုးသားသန္ဓေတားနည်းအသစ်ဖြစ်လာနိုင်ကြောင်း ဂျာမန်ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

COSO လို့အမည်ပေးထားတဲ့ အဲဒီကိရိယာက နာကျင်မှုမရှိသလို သုံးရလွယ်ကူကာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်နိုင်ပါတယ်။ ကိရိယာက ခွက်ပုံစံရှိပြီး အဲဒီအထဲမှာ ရေထည့်ကာ ဝှေးစေ့ကို စိမ်ရမှာ ဖြစ်ပါတယ်။ ရေက တဖြည်းဖြည်းနွေးလာပြီး စက်ကနေ ထုတ်လွှတ်တဲ့ Ultrasound လှိုင်းတွေက သုက်ပိုးထုတ်လွှတ်မှုနဲ့ သုက်ပိုးရွေ့လျားနိုင်မှုကို နှစ်လအထိ ကန့်သတ်ပေးထားမှာပဲ ဖြစ်ပါတယ်။ တစ်ကြိမ်ကို ၁၅ မိနစ်နဲ့ နှစ်ရက်ခြားကာ နှစ်ကြိမ်ပြုလုပ်ရမှာဖြစ်ပါတယ်။ နှစ်ပတ် အကြာမှာ စတင်သိသာလာပြီး အနည်းဆုံးနှစ်လအထိ သန္ဓေတားပေးနိုင် ပါတယ်။ နောက်ဆုံးအကြိမ်စိမ်ပြီး ခြောက်လအကြာမှာ မျိုးပွားနိုင်မှုနှုန်း နဂိုအတိုင်းပြန်ဖြစ်လာမယ်လို့သိရပါတယ်။ အဆိုပါကိရိယာကို ဂျာမန် ပညာရှင် Rebecca Weiss က တီထွင်ဖန်တီးထားတာဖြစ်ပါတယ်။ နောင်နှစ် နှစ်မှသုံးနှစ်အကြာမှာ စျေးကွက်ထဲဖြန့်ဖို့ မျှော်လင့်ထားပေမယ့် ယခု အချိန်ထိ အဆိုပါ Ultrasound လှိုင်းဖြင့် သန္ဓေတားနည်းကို တိရစ္ဆာန်တွေမှာသာ စမ်းသပ်ထားပြီး လူတွေမှာတွင် စမ်းသပ်ထားတာမရှိသေးပါ။

(DM,13.10.21) #NM
#GoodHealthJournal_850
#INTERNATIONAL HEALTH NEWS

Post Author: Good Health Journal