အစေ့အဆန်တွေဆိုတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။ အစေ့အဆန်တွေမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှု များကြတယ်လို့ ထင်မှတ်ပြီး Read more about ကျန်းမာရေးအတွက် စားသင့်သော အစေ့အဆန်များ …
Author: Good Health Journal
သွေးလွန်တုပ်ကွေးရောဂါ၏ သတိပြုသင့်သော စိုးရိမ်စရာလက္ခဏာများ
သွေးလွန်တုပ်ကွေးရောဂါက ဒင်ဂီး ဗိုင်းရပ်စ်ပိုး ကူးစက်တာကြောင့် ဖြစ်ပွားပါ တယ်။ ဒီရောဂါက သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ ခြင်ကျားကိုက်ခံရတာက နေတစ်ဆင့် ကူးစက်ဖြစ်ပွားပါတယ် Read more about သွေးလွန်တုပ်ကွေးရောဂါ၏ သတိပြုသင့်သော စိုးရိမ်စရာလက္ခဏာများ …
ရာသီတုပ်ကွေး Seasonal Flu H1N1 အကြောင်း သိစေချင်
ရာသီဥတုပြောင်းလဲလာသည်နှင့် အမျှ ရာသီတုပ်ကွေး (Seasonal Flu) ရောဂါလည်း ခေါင်းထောင်လာပါသည်။ Influenza Virus တုပ်ကွေးဗိုင်းရပ်စ် A,B,C နှင့် D ဟူ၍ လေးမျိုးရှိသည့်အ နက်Type A နှင့် B ကြောင့် ရာသီတုပ် ကွေး ဖြစ်လေ့ရှိပါသည်။ Seasonal Flu H1N1 သည် ရာသီအလိုက်ဖြစ်နေကြ သောကြောင့် လူအများတွင် ခံနိုင်ရည် (ခုခံအား)အထိုက်အလျောက်ရှိပြီးသား ဖြစ်ပါသည်။ ရောဂါလက္ခဏာပြင်းပြင်း ထန်ထန် ပြလေ့မရှိပါ။ သို့ရာတွင် ကိုယ် ခံအားကျသူများတွင် ပြင်းထန်နမိုးနီးယား (Severe Pneumonia)ဖြစ်ကာ အ သက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ပါသည်။ H1N1 ဆိုသည်မှာ H1N1 ဆိုသည်မှာInfluenza Virus Type A ၏ မျိုးကွဲတစ်ခုဖြစ်ပါ သည်။ […]
သင့်သားလေး မုဒိမ်းကောင် ဖြစ်မသွားစေဖို့
ခေါင်းစဉ်ကတော့ နည်းနည်းကြမ်း ပါတယ်။ ဒါပေမဲ့ ဖတ်ကြည့်ရင် အကျိုး ရှိမှာပါ။ အထူးသဖြင့် မိဘအုပ်ထိန်းသူ တွေအတွက်ပေါ့။ အရင်ဆုံး မိဘတွေရဲ့အတ္တအ ကြောင်း ပြောချင်ပါတယ်။ ဟုတ်ပါတယ်။ မိဘတွေဟာ အတ္တကြီးပါတယ်။ နဂိုက သဘောကောင်းတဲ့သူ၊ စိတ်ထားပြည့် ၀တဲ့သူတောင် သားသမီးနဲ့ပတ်သက်လာ ရင် နောက်ထပ်လူတစ်ယောက်ပြောင်း သွားသလို ဖြစ်သွားတာတွေ မကြာခဏ တွေ့ဖူးတယ်။ ဟိုတစ်နေ့ကလည်း ကိုရီးယား ဇာတ်လမ်းတွဲတစ်ခု ထိုင်ကြည့်တယ်။ မင်းသားက လူသတ်မှုနဲ့ ထောင်ကျဖူး တယ်။ တကယ်တော့ သူသတ်တာ မ ဟုတ်ဘူး။ မှားယွင်းပြီး စီရင်ခံရတာ။ ဒါ ပေမဲ့ ]လူသတ်သမား ထောင်ထွက်ရဲ့ သမီး} ဆိုပြီး သူ့သမီးကို ရစရာမရှိအောင် လူတွေက ကဲ့ရဲ့ကြတယ်။ တကယ်သတ် တဲ့ လူသတ်သမားက […]
အိမ်မွေးတိရစ္ဆာန်နဲ့အတူအိပ်တာက ကျန်းမာရေးထိခိုက်လား
တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးတဲ့ သူတွေအနေနဲ့ အိပ်ရာပေါ်ထိ အိမ်မွေး တိရစ္ဆာန်လေးတွေ ခေါ်တင်တာ၊ အတူ ခေါ်အိပ်တာက အထူးအဆန်းတော့ မ ဟုတ်ပါဘူး။ သုတေသနတချို့မှာ အိမ် မွေးတိရစ္ဆာန်နဲ့အတူအိပ်တာက စိတ်လုံ ခြုံမှု ရစေပြီး သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သင့်မှာ ရင်ကျပ်ရောဂါရှိ နေရင်၊ တိရစ္ဆာန်နဲ့ ပတ်သက်ပြီး အလာ ဂျီတစ်ခုခု ရှိနေရင် အိမ်မွေးတိရစ္ဆာန်လေး တွေနဲ့ အတူအိပ်လို့ မရပါဘူး။ အိပ်ခန်း ထဲကိုတောင် ထည့်ထားလို့ မရပါဘူး။ HEPA Filter ပါတဲ့ လေသန့်စက်တွေ တပ်ဆင်ထားဖို့လည်း လိုပါမယ်။ သင် နေ မကောင်းလို့ ဖျားနာနေရင်လည်း အိမ်မွေး တိရစ္ဆာန်လေးတွေကို အိပ်ရာပေါ် ခေါ်မ အိပ်ပါနဲ့။ သင့်ဆီက […]
နာကျင်ခြင်း (သို့မဟုတ်)ဂရုစိုက်သင့်သော လက္ခဏာများ
လူတိုင်းလိုလိုဟာ နာကျင်မှုတွေ တစ်မျိုးမဟုတ် တစ်မျိုး ခံစားဖူးပေမယ့် ဒါကို ဖြစ်လေ့ဖြစ်ထရှိတဲ့ အပယိက ဝေဒနာတစ်ရပ်လို့သာ မှတ်ယူပြီးတော့ ပေါ့ပေါ့တန်တန်ပဲ သဘောထားတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ သူတို့တွေ ပြင်းထန်တဲ့အခြေအနေတွေရဲ့သတိပေးလက္ခဏာတွေလည်း ဖြစ်နေတတ်ပါတယ်။ ရုတ်တရက်ကြီး ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်နေရာရာကနေ နာကျင်လာတာ၊ တခြားရောဂါလက္ခဏာတွေနဲ့ တွဲလာတာမျိုးရှိလာပြီဆိုရင် ပိုပြီးတော့ သတိထားရပါတယ်။ အဲဒီအထဲကမှ မပေါ့ဆသင့်တဲ့နာကျင်ခြင်း ၁၂ မျိုးကို ဖော်ပြလိုက်ပါတယ် ဆိုးဆိုးရွားရွား ခေါင်းကိုက် ခြင်း ဘ၀မှာ တစ်ခါမှ မကြုံဖူးတဲ့ခေါင်းကိုက်ခြင်းမျိုးကို ကြုံတွေ့နေရပြီလား။ ဒါဆိုရင်တော့ ဆေးကုသမှုကို ချက်ချင်း ခံယူဖို့သင့်ပါပြီ။ အထူးသဖြင့် အအေးမိ တာမျိုးတွေပါ တွဲဖြစ်လာပြီဆိုရင် ဒါဟာ Sinus Headache ဖြစ်နိုင်ပါတယ်။ အဲဒီ လိုပဲ ဦးနှောက်အတွင်း သွေးယိုစီးတာ၊ ဦးနှောက်မှာ ထိခိုက်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်လို့ American […]
ကလေးအတွက် ပါရာစီတမော
ပါရာစီတမော လို့ခေါ်တဲ့ဆေးကို လူအများ သိဖူး၊ ကြားဖူးပြီးသားဖြစ်မှာပါ။ ခေါင်းမူးတယ်၊ ခေါင်းကိုက်တယ်၊ သွား နာတယ်၊ ကိုယ်ပူတယ်၊ ဖျားချင်သလိုဖြစ် တယ်ဆိုရင် အရင်ဆုံး လက်လှမ်းယူမိတဲ့ ဆေးဖြစ်ပါတယ်။ ကလေးတွေမှာ ပါရာ စီတမောတိုက်လို့ရလားဆိုရင် ရပါတယ်။ ဒါပေမဲ့ မတိုက်ခင်မှာ သိထားရမယ့် အချက်တွေလည်း ရှိပါတယ်။ ကလေးက ပါရာစီတမောသောက်ဖို့ လိုအပ်လား – အဖျားရှိရုံနဲ့ ပါရာစီတမောတိုက်ဖို့ မလိုအပ်ပါဘူး။ ဆေးက ရောဂါရဲ့ အရင်း အမြစ်ကို ပျောက်အောင်မလုပ်နိုင်ပါဘူး၊ နာကျင်ကိုက်ခဲတဲ့ဝေဒနာကိုပဲ သက်သာ အောင် လုပ်ပေးနိုင်တာပါ။ ကလေးက ကာကွယ်ဆေးတွေလည်း ပုံမှန်ထိုးထား မယ်ဆိုရင် ကိုယ်ခံအားစနစ်ကောင်းပြီး သားမို့ အလိုလို ပျောက်ကင်းနိုင်ပါတယ်။ နေမကောင်းစဉ် ကိုယ်ခံအားပိုကောင်း အောင် အစားအစာသေချာကျွေးပြီး ပြု စုပေးပါ။ […]
အိမ်တွင်းလေထုသန့်စင်စေဖို့ ဘာတွေလိုက်နာကြမလဲ
လေထုညစ်ညမ်းတာက ပန်းနာ ရင်ကျပ်ရောဂါနဲ့ အဆုတ်ရောဂါတွေကို ပိုမိုဆိုးရွားစေတဲ့အပြင် ကြာရှည်ထိတွေ့ မိရင် အဆုတ်ကင်ဆာထိပါ ဖြစ်ပွားနိုင်ပါ တယ်။ အိမ်အပြင်ဘက်မှာတင် လေထု ညစ်ညမ်းနေတာမဟုတ်ဘဲ သင်အမြဲ တမ်းနေထိုင်နေတဲ့ အိမ်တွင်းမှာလည်း သတိမပြုမိတဲ့ အမှားတွေကြောင့် လေ ထုညစ်ညမ်းမှု အန္တရာယ်နဲ့ တွေ့ကြုံနေရ တတ်ပါတယ်။ အိမ်တွင်းလေထု သန့်စင် စေဖို့အတွက် ရှောင်ကြဉ်ရမှာတွေနဲ့ လုပ် ဆောင်ရမှာတွေကို ဖော်ပြပေးလိုက်ပါ တယ်။ ဆေးလိပ်ငွေ့ ကင်းစင်ပါစေ အိမ်မှာ ဆေးလိပ်သောက်သူ ရှိနေခဲ့ရင် ဒါမှမဟုတ် သင်ကိုယ်တိုင်က ဆေးလိပ်သောက်တတ်သူဖြစ်နေရင် အိမ်တွင်းမှာ ဆေးလိပ်မသောက်မိအောင် နေပါ။ အိမ်တွင်းလေထုကို ညစ်ညမ်း စေတဲ့အပြင် အတူနေထိုင်သူ မိသားစု ကိုလည်း ဆေးလိပ်သောက်တာရဲ့ ဆိုး ကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လေထုညစ်ညမ်းမှု ကင်းပါစေ အိမ်တွင်းက […]
အာသီးရောင်ခြင်းကို သက်သာစေသော နည်းလမ်းကောင်းများ
အာသီးက အာခေါင်ရဲ့ အနောက် ဘက်မှာ အစုံလိုက်တည်ရှိပါတယ်။ အာသီးက ခန္ဓာကိုယ်ခုခံအားစနစ်မှာ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး အသက်ရှူ လမ်းကြောင်းထဲကို ပိုးမွှားတွေ မဝင် ရောက်နိုင်အောင် တားဆီးပေးပါ တယ်။ တစ်ခါတစ်ရံမှာတော့ ရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေအာသီးထဲမှာ စုမိ ပြီး အာသီးရောင်တာ ဖြစ်လာပါတယ်။ ရှောက်သီး ရှောက်သီးတစ်ခြမ်းကို အစိတ် လေးခပ်သေးသေးလှီးထားပါ။ ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်ကို ကြိတ် ခြေထားပါ။ ဇွန်းတစ်ဇွန်းထဲကို ရှောက် သီးစိတ်လေးတွေထည့်ပြီး ဆားနဲ့ ငရုတ်ကောင်းကြိတ်ထားတဲ့ အမှုန့်ကို ဖြူးပါ။ ဇွန်းကို မီးနဲ့ အပူပေးပါ။ ပြီးနောက် အအေးခံပြီး ရှောက်သီးအရည်တွေ ကုန် သွားတဲ့အထိစုပ်စားပါ။ သံပရာရည် သံပရာသီးကို အရည်ညှစ်ပြီး ရေ ခပ် နွေးနွေးနဲ့ရောပါ။ ဆားအနည်းငယ်နဲ့ ပျားရည် […]
ဦးနှောက်ပျက်စီးစေနိုင်သည့်နေ့စဉ်အမူအကျင့်များ
သင်ရဲ့ ဦးနှောက်က ခန္ဓာကိုယ်တွင်းက အရာအားလုံးကို အခြေခံကစပြီး ထိန်းချုပ်ထားနိုင်ဖို့အတွက် ဆဲလ်သန်းပေါင်း တစ်သိန်းကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ကျွန်မတို့အများစုဟာ နေ့စဉ် ယဉ်ပါးနေတဲ့အမူအကျင့်တွေကို အကျင့်ပါပြီး ပြုလုပ် လေ့ရှိပါတယ်။ ဒီအမူအကျင့်တွေထဲက တချို့တလေဟာ ဦးနှောက်ကို ပျက်စီးစေနိုင်တယ်ဆိုတာ သိကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မပူပါနဲ့။ အဲဒီအမူအကျင့်တွေကို အလွယ်တကူ ပြုပြင်နိုင်ခဲ့ရင် သင့်ဦးနှောက်ကို အချိန်မီကယ်တင်နိုင်မှာပါ။ အောက်ပါ တို့ဟာ ဦးနှောက်ပျက်စီးစေနိုင်တဲ့ အမူအကျင့်တွေမို့ ရှောင်ကြဉ်နိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။ စကားနည်းခြင်း မီချီဂန်တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့ကို ၁၀ မိနစ်လောက် စကားပြော နေရင်တောင် ဦးနှောက်စွမ်းအားတိုး တက်လာတယ်လို့ သိရပါတယ်။ သင် တွေ့ကရာလူနဲ့ စကားပြောနေဖို့ ဆိုလို တာ မဟုတ်ပါဘူး။ သင်က အလုပ်မလုပ် ဘဲ အိမ်မှာပဲ နေရသူဖြစ်နေရင် သင့်သူ […]