စိတ်ဖိစီးမှုကြောင့် နှလုံးကျန်းမာရေး မထိခိုက်ရလေအောင်

စိတ်ဖိစီးမှုက သင့်နှလုံးကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အကြောင်းအရာတစ်ခုပါ။ စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကို လျှော့ချနိုင်မယ်ဆို ရင် နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေ ဖြစ်နိုင်ခြေလည်း နည်းသွားနိုင်ပါတယ်။ ယောဂကျင့်ပါ ယောဂကျင့်တာက စိတ်နဲ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကင်းဝေးစေပါတယ်။ တရားထိုင်ပါ တစ်နေ့ကို မိနစ် ၂၀-၃၀ လောက် တရားထိုင်ပေးမယ်ဆိုရင် စိတ်ဖိစီးမှု ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ပျက်စီးမှုတွေကို ရှောင်ရှားနိုင်ပါတယ်။ ခြံထဲဆင်းပါ သင့်ခြံဝန်းထဲကိုဆင်းပြီး သစ်ပင် ပန်းပင်လေးတွေ ပြုစုတာ၊ ပေါင်းသင်တာ၊ ရေလောင်းတာတွေကို ပြုလုပ်ပေးမယ်ဆိုရင် စိတ်အေးချမ်းတည်ငြိမ်မှုကို ခံစားရစေပါတယ်။ ရယ်မောပါ ရယ်မောတာက စိတ်ဖိစီးမှုကင်းဝေးစေတဲ့ ဆေးကောင်းတစ်ခွက်ပါ။ ဟက်ဟက်ပက်ပက် ရယ်မောပျော်ရွှင်စွာ နေတတ်သူတွေဟာ စိတ်ဆင်းရဲခြင်းကင်း ပြီး စိတ်ဖိစီးမှုသောကတွေကနေ ကင်းဝေးစေပါတယ်။ နေ့စဉ်မှတ်တမ်းရေးပါ တစ်နေ့တာ ဖြစ်ပျက်ခဲ့တာတွေကို အိမ်ပြန်ရောက်ပြီး […]

ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အိမ်တွင်းရှိပစ္စည်းတချို့

  အိမ်တွင်းမှာရှိတဲ့ တချို့ပစ္စည်းတွေက ကျန်းမာရေးအတွက် အသုံးပြုနိုင်တယ်ဆိုတာ အမှုမဲ့အမှတ်မဲ့နဲ့မို့ ဗဟုသုတတွေ ရှာမဖတ်ထားမိရင် မသိနိုင်ပါဘူး။ ဥပမာ – ခဲတံ တစ်ချောင်းက ကျန်းမာရေးအတွက် အထောက်အကူပြု အသုံးပြုနိုင်တယ်ဆိုတာ အများစုက တော်ရုံနဲ့ မသိနိုင်ပါဘူး။ တင်းနစ်ဘောလုံးတစ်လုံးကလည်း သွေးတိုးရောဂါရှိသူတွေအတွက် အထောက်အကူပြုနိုင်တယ်ဆိုတာလည်း သိသူနည်းပါလိမ့်မယ်။ ပီကေ ရင်ပူတာကို သက်သာစေတယ် အင်္ဂလန်မှသုတေသီတွေရဲ့ လေ့ လာမှုတစ်ခုမှာ ရင်ပူတာကို ဆိုးဆိုးရွားရွားခံစားရတဲ့GERD နဲ့ အစာမျိုပြွန်ထဲက အစာနဲ့အက်စစ်တွေ ပြန်ဆန်တက် တဲ့ စားချဉ့်ပြန်ရောဂါ ခံစားနေရသူတွေကို အစာစားပြီးတဲ့အခါတိုင်း ပီကေကို နာရီ ဝက်ကြာဝါးခိုင်းပြီး လေ့လာခဲ့ရာမှာ အက်စစ်ထွက်တဲ့နှုန်းနည်းသွားပြီး ရင်ပူတာသက်သာသွားတာကို တွေ့ရတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပီကေဝါးတဲ့အခါ ထွက်လာတဲ့ တံတွေးတွေက ဓာတ်ပြယ်စေနိုင်သလို အစာမျိုချမှုနှုန်းကိုလည်း မြန်ဆန်စေတာကြောင့်ပါ။ ခဲတံ […]

သွေးတွင်းသကြားဓာတ် မြင့်မားတာကို လျှော့ချပေးနိုင်မယ့် အကြံပြုချက်တွေ

သွေးတွင်းမှာ သကြားဓာတ် တွေ မြင့်မားနေတဲ့အခါ ဆီးချိုသွေးချို၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စတာတွေ ဖြစ်ပွားနိုင်ပြီး ခန္ဓာကိုယ်ရဲ့ တခြား အင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ အကြံပြုချက်တချို့ကို ရေးသား လိုက်ပါတယ်။ အိမ်မှုကိစ္စတွေ ပြုလုပ်ပါ အချိန်ရရင်ရသလို အိမ်မှာ တံမြက်စည်းလှည်းတာ၊ ခြံဝင်းထဲမှာ ပေါင်းသင်ရှင်းလင်းရေးလုပ်တာဟာ သွေးချိုဆီးချို ရောဂါရှိတဲ့သူတွေအတွက် သွေးတွင်း သကြားဓာတ်လျှော့ချပေးနိုင်မယ့် အကောင်းဆုံးအလေ့အကျင့်တွေ ဖြစ်ပါတယ်။ လမ်းများများလျှောက်ပေးတာ၊ စက်ဘီးစီးတာ၊ မနှေးမမြန်ပြေးတာ စတာတွေကလည်း သွေးတွင်းသကြား ဓာတ်မတက်နိုင် ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် တစ်ယောက်တည်းဖြစ်စေ၊ အဖော်တွေနဲ့ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ ဒိန်ချဉ်သောက်ပါ အကျိုးပြု ဗတ်တီးရီးယားများစွာပါဝင်တဲ့ ဒိန်ချဉ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် သွေးတွင်း ဂလူးကိုစ့်ဓာတ်များမသွားအောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။ တချို့ […]

ဗိုက်ပူသူအမျိုးသားတွေ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ

ဝမ်းဗိုက်သူတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို မစားမိအောင် မဆင်ခြင်နိုင်ကြသလို လေ့ကျင့်ခန်းလုပ်ဖို့လည်း ပျင်းရိတတ်ကြပါတယ်။ အောက်ပါလေ့ကျင့်ခန်းတွေက အလွယ်တကူလုပ်နိုင်ပြီး ဗိုက်ပူတာကို လျော့ကျစေပါတယ်။ ကြွက်သားသန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ ကြွက်သားတွေက အဆီတွေထက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေ ပိုစေပါတယ်။ ဇီဝဖြစ်ပျက်မှုကောင်းတာက အဆီတွေလျင်လျင်မြန်မြန် လောင်ကျွမ်းစေတာပါ။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေ လောင်ကျွမ်းသွားစေပြီး ကြွက်သားတွေကို သန်မာတဲ့လေ့ကျင့်ခန်းလုပ်ပါ။ ခန္ဓာကိုယ်အလေးချိန်က ၁၄၅ ပေါင်ဖြစ် ပါက တစ်ပတ်ကို ၁၄၅ မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ။ မှန်ကန်တဲ့ ခါးကွင်းလှည့်နည်းအတိုင်း လှည့်ပါ နာမည်ကျော်သရုပ်ဆောင်တွေကို လေ့ကျင့်ပေးနေတဲ့ နည်းပြက ခါးကွင်းလှည့်တဲ့အခါ လှုပ်ရှားမှုပုံစံသုံးမျိုးနဲ့ ပြုလုပ်ဖို့အကြံပေးထားပါတယ်။ ဝမ်းဗိုက်က အဆီတွေကိုချဖို့ ခါးကွင်းလှည့်တဲ့အခါ ခန္ဓာကိုယ်ကို အရှေ့အနောက်၊ အပေါ်အောက်၊ ဘေးတိုက်တွေ လှုပ်ရှားပြီး လှည့်ပေးရမှာ ဖြစ်ပါတယ်။ […]

ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကို သောက်တော့မယ်ဆိုရင်

ဆေးဝါးတွေမှာ ဆရာဝန်ညွှန်ကြားလိုဘဲ ဝယ်ယူသုံးစွဲလို့ရတဲ့ ဆေးဝါးတွေရှိသလို၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဝယ်ယူသောက်သုံးလို့ မရတဲ့ ဆေးဝါးတွေလည်းရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်လိုတဲ့ ဆေးဝါးတွေကို သောက်သုံးမယ်ဆိုရင် ပိုပြီးဂရုစိုက်ဖို့ လိုအပ်တဲ့အကြောင်းအရာတွေ ရှိနေတာကြောင့်ပါ။ ဆေးဝါးတွေကို သတ်မှတ်ချိန်ပြည့်တဲ့အထိ သောက်ပါ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို ဆရာဝန်က သောက်ရမယ်ဆိုတဲ့ရက်အထိ တိတိကျကျသောက်သုံးပါ။ ရောဂါသက်သာလာတယ်ဆိုပြီး ကိုယ့်သဘောနဲ့ ကိုယ် မရပ်လိုက်ပါနဲ့။ ပိုးသတ်ဆေးလို တချို့ဆေးတွေက ဆေးပတ်လည်အောင် သောက်ရတာမျိုး ရှိသလို၊ တချို့ဆေးတွေက သောက်နေတာကနေ ချက်ချင်း ဖြတ်လိုက်လို့မရတဲ့ဆေးမျိုးတွေလည်း ရှိနိုင်တာကြောင့်ပါ။ ဆေးကို တိတိကျကျ မှန်မှန်ကန်ကန် သောက်ပါ ဆေးသောက်ချိန်တွေကို ဆရာဝန်သတ်မှတ်ပေးလိုက်တဲ့အချိန်တွေအတိုင်း အချိန်မှန်မှန်နဲ့ တိတိကျကျ သောက်ပေးရပါမယ်။ အထူးသဖြင့် ပိုးသတ်ဆေးတွေဟာ အချိန်တိတိကျကျနဲ့ ဆေးပတ်လည် အောင်သောက်ဖို့လိုအပ်ပါတယ်။ ဆီး ချိုကျဆေးတွေဆိုရင်လည်း အစာမစား ခင်ဆေးသောက်ထားပြီးမှ အစာစားရတာမျိုးပါ။ […]

စပ်စပ်လေး စားတာကလည်း ကောင်းကျိုးတွေ ရနိုင်တယ်

မိန်းကလေးအများစုက အစပ်စာ ကြိုက်နှစ်သက်တတ်ကြပါတယ်။ မာလာရှမ်းကောစားတော့ စပ်စပ်လေးမှ ကြိုက်သလို ဟော့ပေါ့စားပြန် တော့လည်း အရည်ကို အစပ်ပဲရွေးမှာတတ်ကြတာ မိန်းကလေးအများစုရဲ့ အကျင့်ပါ။ အစပ်စာ စားသုံးတာကြောင့် ကောင်းကျိုးတွေ ရနိုင်တာ သင်သိပါရဲ့လား။ နှလုံးကျန်းမာစေတယ် အစပ်စာတွေမှာ ထည့်ချက်ထားတဲ့ ငရုတ်သီးနဲ့ ချင်း(ဂျင်း) က သွေးဖိအား လျော့နည်းစေဖို့ ကူညီပေးပါတယ်။ ငရုတ်သီးမှာပါဝင်တဲ့ဒြပ်ပေါင်းက သွေး ကြောတွေကိုကျယ်စေပြီး သွေးဖိအားကို လျှော့ချပေးတာပါ။ ချင်း(ဂျင်း)က ရောင် ရမ်းမှုလျော့နည်းစေပါတယ်။ ဒီအာနိ သင်တွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကယ်လိုရီလောင်ကျွမ်းစေတယ် အစပ်စာတွေစားတဲ့အခါ ချွေးတွေ ထွက်လာတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေ လောင်ကျွမ်းပြီး အပူတွေ ထွက်လာတာကြောင့်ပါ။ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ် အစပ်စာတွေမှာ ပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းက ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေတယ်၊ ကက်စိုင်စင်ဒြပ်ပေါင်းက […]

စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်တဲ့ သဘာဝအစားအစာ ၁၅ မျိုး

ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ သင်က စွမ်းဆောင်ရည်တွေ မြင့်မားနေမှ သာ သူများတွေထက် သာလွန်တဲ့ဘဝကို ဖန်တီးရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျင်လည် ရာလူ့ဘဝမှာ လူမှုတာဝန်တွေကို အပြည့်အ၀ ထမ်းဆောင်နိုင်ဖို့ဆိုရင်လည်း သင်ဟာ စွမ်းဆောင်ရည်နဲ့ ပြည့်စုံသူ တစ်ဦးတစ်ဖို့ လိုပါတယ်။ သဘာဝကရတဲ့ အစားအသောက်၊ အသီးအနှံတွေ စားသုံးရင်း စွမ်းဆောင်ရည်မြှင့်တင်နိုင်စေ ဖို့ ရေးသားလိုက်ပါတယ်။ ၁။ နွားနို့ စွမ်းဆောင်ရည်ရှိတဲ့ မိန်းမတစ် ယောက်အဖြစ် အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ထိန်းသိမ်းထားနိုင်အောင် နို့သောက်ပေးပါ။ လူတို့ ပြုပြင်ဖန်တီး မှုတွေမပါတဲ့ နို့၊ မလိုင်နဲ့ ထောပတ်တွေမှာ သဘာဝအဆီဓာတ်တွေ ပါဝင်နေပါတယ်။ အဲဒီအဆီဓာတ်တွေက သဘာဝပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး အီစထရိုဂျင်ဟော် မုန်းထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဆီဓာတ်ဖြစ်ပါတယ်။ ၂။ ကမာကောင် အမျိုးသားတွေအတွက် အကောင်း […]

အနီရောင်အသားနဲ့ ပတ်သက်တဲ့ အယူအဆတချို့

သင်နေ့စဉ်စားသုံးမှုမှာ အသား၊ ငါးနဲ့ဟင်းသီးဟင်းရွက်တွေကို မျှတစုံလင်အောင် စားတာက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ စားသောက်မှုပါ။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်နဲ့ ငါးစားသုံးမှုတွေဟာ ကျန်းမာရေးနဲ့ မညီညွတ် စရာအကြောင်းပြောဖို့ သိပ်မလိုပေမယ့် အသားတွေစားသုံးမှုဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိ၊ မရှိနဲ့ ကျန်းမာရေးညီညွတ်အောင် ဘယ်လိုစားလို့ရမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး သင့်အနေနဲ့ သိလိုတဲ့ မေးခွန်းတွေရှိနေမှာပါ။ သင်သိလိုတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ အနီရောင်အသားတွေစားတာက ကင် ဆာနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို တိုးစေသလား။ အနီရောင်အသားတွေစားတာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေများတယ်ဆိုတဲ့အချက်က ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနီရောင်အသားတွေမှာ ပြည့်ဝဆီတွေ များစွာပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို မြင့်တက်စေပါတယ်။ သွေးတွင်းမှာ မကောင်းတဲ့ကိုလက်စထရောအဆီတွေ များနေတာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို များစေပါတယ်။ ၂။ အနီရောင်အသားတွေစားတာက ကင် ဆာဖြစ်ပွားမှုနဲ့ကော ဆက်စပ်မှုရှိပါသလား။ ကင်ဆာဖြစ်ပွားနိုင်ခြေနဲ့ […]

ခံတွင်းထဲက သတိထားသင့်တဲ့ ပြဿနာတွေ

သွားနဲ့ ခံတွင်းပြဿနာတွေ ခံစားရတဲ့အခါ ဆိုးဆိုးရွားရွား မဟုတ်နိုင်ဘူးဆိုတဲ့ စိတ်အထင်နဲ့ လျစ်လျူရှုမထားသင့်ပါဘူး။ သွားနဲ့ခံတွင်းဆိုင်ရာ တချို့ပြဿနာတွေက ရောဂါလက္ခဏာ သိသိသာ သာပြတဲ့အချိန်မှာ ကုသဖို့အတွက်ဆိုရင် အချိန်နောက်ကျသွားတတ်ပါတယ်။ အောက်ပါဝေဒနာတွေ ခံစားရပါက လျစ်လျူရှုမထားသင့်ဘဲ ဆရာဝန်ထံ သွားရောက်ပြသနိုင်စေဖို့ ရေးသားလိုက်ပါတယ်။ အနာမကျက်ရင် လျှာ၊ ပါးစောင်၊ သွားဖုံး စတာတွေမှာ အနာ၊ အဖုအကျိတ်နဲ့ အဖြူရောင်၊ အနီရောင်အကွက်တွေ တွေ့ခဲ့ရင် ပေါ့ဆမနေသင့်ဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။ ဒီလက္ခဏာတွေက ခံတွင်းကင် ဆာရောဂါရဲ့လက္ခဏာတွေဖြစ်နေနိုင်ပြီး အစောဆုံးသိရှိပါက ကုသပျောက်ကင်း နိုင်ခြေများနိုင်လို့ပါ။ ခံတွင်းမှာ ဘာရောဂါ လက္ခာတွေမှ မရှိခဲ့ဘူးဆိုရင်တောင် ခြောက်လတစ်ကြိမ်လောက် သွားနဲ့ခံတွင်းဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မှန်ကြည့်တိုင်း မျက်နှာတင်မကဘဲ သွားနဲ့ ခံတွင်းကိုပါ စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေ […]

ညဘက်သရေစာ စားတဲ့အကျင့်ကို ဘယ်လိုပြင်မလဲ

ညဘက် စာဖတ်ရင်း၊ တီဗီကြည့် ရင်း၊ အလုပ်တွေလုပ်ရင်းနဲ့ ဗိုက်ဆာလာ တဲ့အခါ သရေစာတွေ စားမိတတ်ကြပါတယ်။ အာလူးကြော်၊ ကွတ်ကီး၊ ပြောင်းဖူးပေါက်ပေါက် စတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို အများဆုံးစားမိတတ် ကြပါတယ်။ စိတ်ဓာတ်ကျတဲ့အခါမျိုးမှာ လည်း ညဘက်မှာ သရေစာတွေ အများကြီးစားတတ်ကြပါတယ်။ ပိုစားပါ ညဘက်မှာ ကျန်းမာရေးနဲ့မညီတဲ့ သရေစာတွေ မစားမိအောင်ဆိုရင် အစာကို ပိုစားသုံးဖို့ လိုပါတယ်။ တစ်နေကုန် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေ ဖြစ်တဲ့ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စတာတွေကို စားသုံး ထားမယ်ဆိုရင် ညဘက်မှာ သရေစာ စားချင်စိတ် လျော့နည်းသွားနိုင်ပါတယ်။ ဒီ အစားအစာတွေက ဦးနှောက်မှာရှိတဲ့ အစာစားချင်စိတ်ဖြစ်ပေါ်စေတဲ့အပိုင်းကို တည်ငြိမ်စေပြီး ဆာလောင်မှုမရှိအောင် ထိန်းထားနိုင်ပါတယ်။ မနက်စာ၊ နေ့လယ်စာတွေကို […]