စပ်စပ်လေး စားတာကလည်း ကောင်းကျိုးတွေ ရနိုင်တယ်

မိန်းကလေးအများစုက အစပ်စာ ကြိုက်နှစ်သက်တတ်ကြပါတယ်။ မာလာရှမ်းကောစားတော့ စပ်စပ်လေးမှ ကြိုက်သလို ဟော့ပေါ့စားပြန် တော့လည်း အရည်ကို အစပ်ပဲရွေးမှာတတ်ကြတာ မိန်းကလေးအများစုရဲ့ အကျင့်ပါ။ အစပ်စာ စားသုံးတာကြောင့် ကောင်းကျိုးတွေ ရနိုင်တာ သင်သိပါရဲ့လား။
နှလုံးကျန်းမာစေတယ်
အစပ်စာတွေမှာ ထည့်ချက်ထားတဲ့ ငရုတ်သီးနဲ့ ချင်း(ဂျင်း) က သွေးဖိအား လျော့နည်းစေဖို့ ကူညီပေးပါတယ်။ ငရုတ်သီးမှာပါဝင်တဲ့ဒြပ်ပေါင်းက သွေး ကြောတွေကိုကျယ်စေပြီး သွေးဖိအားကို လျှော့ချပေးတာပါ။ ချင်း(ဂျင်း)က ရောင် ရမ်းမှုလျော့နည်းစေပါတယ်။ ဒီအာနိ သင်တွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကယ်လိုရီလောင်ကျွမ်းစေတယ်
အစပ်စာတွေစားတဲ့အခါ ချွေးတွေ ထွက်လာတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေ လောင်ကျွမ်းပြီး အပူတွေ ထွက်လာတာကြောင့်ပါ။

ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတယ်
အစပ်စာတွေမှာ ပါဝင်တဲ့ ကာကူမင်ဒြပ်ပေါင်းက ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေတယ်၊ ကက်စိုင်စင်ဒြပ်ပေါင်းက ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို လျော့နည်းစေတယ်လို့ လေ့လာမှု အရ သိရပါတယ်။

အာဟာရဓာတ် ရရှိစေတယ်
ငရုတ်သီး ဒါမှမဟုတ် ငရုတ်ကောင်းတွေ စားသုံးတဲ့အခါ ဗီတာ မင် A နဲ့ C ကို ရရှိနိုင်ပါတယ်။ ဒါကြောင့် အစားအသောက် တွေစားသုံးတဲ့အခါ အစပ်အနည်းငယ်ထည့်စားပြီး ဒီဗီတာမင်ဓာတ်တွေကို ခန္ဓာကိုယ်အတွက် ရယူနိုင်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချနိုင်တယ်
စားသုံးတဲ့အစားအစာထဲမှာ အစပ်ထည့်စားရုံနဲ့ ကိုယ်အလေးချိန် လျှော့ချနိုင်တယ်ဆိုတော့ အရမ်းလွယ်ကူနေမလား။ ငရုတ်သီးစားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက မြန်လာစေပါတယ်။ ဒါ့ပြင် အစာအိမ်ရဲ့အက်စစ်အထွက် နည်းသွားလို့ အစာအပေါ်မှာ တင်းတိမ် သွားပြီး တဇွတ်ဇွတ်စားတဲ့အကျင့်လည်း နည်းသွားစေပါတယ်။ အစပ်စာ စားသုံးပါက အစာမကြေဖြစ်ပွားမှုကို ၅၀ ရာ ခိုင်နှုန်း လျှော့ချနိုင်တယ်လို့လည်း သိရ ပါတယ်။

စိတ်တက်ကြွယ်စေတယ်
အစပ်စာ စားသုံးတာက စိတ်ပိုင်း ဆိုင်ရာနဲ့လည်း ဆက်စပ်နေပါတယ်။ ငရုတ်သီးထဲမှာပါဝင်တဲ့ ကက်(ပ်)စိုက်စင်နဲ့ ကာကူမင်ဒြပ်ပေါင်းတွေက ဦးနှောက်ထဲ မှာ ပျော်ရွှင်မှုဖြစ်စေတဲ့ ဆီရိုတိုနင်ဟော်မုန်းထွက်စေလို့ စိတ်ကျရောဂါနဲ့ စိုးရိမ်သောကဖြစ်တာတွေကို လျော့နည်းစေပါတယ်။

 

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

Post Author: Good Health Journal