ညဘက်သရေစာ စားတဲ့အကျင့်ကို ဘယ်လိုပြင်မလဲ

ညဘက် စာဖတ်ရင်း၊ တီဗီကြည့် ရင်း၊ အလုပ်တွေလုပ်ရင်းနဲ့ ဗိုက်ဆာလာ တဲ့အခါ သရေစာတွေ စားမိတတ်ကြပါတယ်။ အာလူးကြော်၊ ကွတ်ကီး၊ ပြောင်းဖူးပေါက်ပေါက် စတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို အများဆုံးစားမိတတ် ကြပါတယ်။ စိတ်ဓာတ်ကျတဲ့အခါမျိုးမှာ လည်း ညဘက်မှာ သရေစာတွေ အများကြီးစားတတ်ကြပါတယ်။

ပိုစားပါ
ညဘက်မှာ ကျန်းမာရေးနဲ့မညီတဲ့ သရေစာတွေ မစားမိအောင်ဆိုရင် အစာကို ပိုစားသုံးဖို့ လိုပါတယ်။ တစ်နေကုန် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေ ဖြစ်တဲ့ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စတာတွေကို စားသုံး ထားမယ်ဆိုရင် ညဘက်မှာ သရေစာ စားချင်စိတ် လျော့နည်းသွားနိုင်ပါတယ်။ ဒီ အစားအစာတွေက ဦးနှောက်မှာရှိတဲ့ အစာစားချင်စိတ်ဖြစ်ပေါ်စေတဲ့အပိုင်းကို တည်ငြိမ်စေပြီး ဆာလောင်မှုမရှိအောင် ထိန်းထားနိုင်ပါတယ်။ မနက်စာ၊ နေ့လယ်စာတွေကို သေချာစွာ စားသုံးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။

တက်တက်ကြွကြွနေပါ
တစ်နေ့တာလုံးမှာ တက်တက်ကြွကြွ နေထိုင်မယ်ဆိုရင် ညဘက်မှာ သရေ စာ စားချင်စိတ်ကို လျှော့ချနိုင်မှာဖြစ်ပါ တယ်။ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ပြီး ကယ်လိုရီတွေလောင်ကျွမ်းမှုကို အား ပေးပါတယ်။ တစ်နေ့တာလုံး အစားအ သောက်တွေကို ပုံမှန်စားသုံးမယ်ဆိုရင် ညဘက် နောက်ကျမှ စားသုံးချင်စိတ်ဖြစ်တာကို တားဆီးနိုင်ပါတယ်။ တက်တက်ကြွကြွနေထိုင်သူတွေက စိတ်ဓာတ်ကျ ဆင်းမှုမရှိဘဲ ပျော်ရွှင်မှုဖြစ်စေတဲ့ ဟော်မုန်း အန်ဒေါ်ဖင်မြင့်တက်လာလို့ ညဘက်မှာ သရေစာစားချင်စိတ်ကို လျော့ နည်းစေပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာကို စားပါ
အဆိပ်အတောက်တွေ ပြည့်ဝနေ တဲ့ ခန္ဓာကိုယ်က အဆိပ်အတောက်ဖြစ် စေတဲ့အစာတွေကိုပဲ ပိုမိုစားချင်စိတ်ဖြစ် မိပါတယ်။ လျှာပေါ်က အရသာခံဖုတွေက စားနေကျအစားအသောက်တွေကိုပဲ ပိုမို စားချင်စိတ်ဖြစ်တတ်ကြပါတယ်။ ဒါ ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အစာတွေကို ပိုမိုစားသုံးဖို့ လိုပါတယ်။ သကြားများတဲ့ အစာတွေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို ညဘက်မှာ သရေစာ အဖြစ် စားသုံးမယ်ဆိုရင် နောက်တစ်နေ့ မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစာတွေ ပိုမိုစားမိစေပါတယ်။

အိပ်ရေးပျက်
ညဘက်တွေမှာ အိပ်ရေးပျက်များတဲ့အခါ ခန္ဓာကိုယ်အတွက် မကောင်းပါ ဘူး။ အထူးသဖြင့် အစာစားချင်စိတ်ကို ပိုမိုဖြစ်စေပါတယ်။ အိပ်ပျက်များတဲ့အခါ ခန္ဓာကိုယ်မှာ အင်ဆူလင်ထုတ်လုပ်မှုနဲ့ လက်ပ်တင် မလုံလောက်မှုကို ဖြစ်စေပါ တယ်။ ဒီဟော်မုန်းတွေ မလုံလောက်တဲ့ အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစာတွေကို ပိုမိုစားချင်စိတ်ဖြစ်နိုင်ပါတယ်။ ညဘက်မှာ ကျန်းမာရေးနဲ့ မညီညွတ်တာ တွေ စားမိတာကနေ ရှောင်ချင်တယ်ဆို ရင်တော့ တစ်နေ့တာလုံးမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။ သဘာဝကရတဲ့ သကြားနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ ဓာတ်ကို စားသုံးပါ၊ အိပ်ရေးဝအောင် တစ်ညကို ၇-၈ နာရီကြားရအောင် အိပ် စက်ပါ။

ကျန်းမာရေးနဲ့ညီညွတ်တာတွေပဲ ဝယ် ထားပါ
ညဘက်သရေစာ စားတာက အိမ်မှာ အဆင်သင့် ဝယ်ထားတာတွေပဲ စားကြတာများပါတယ်။ ဒီတော့ သင့်အိမ်မှာ သရေစာအတွက် ဝယ်တဲ့အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်တာတွေ ဖြစ်ရပါတယ်။ ဘယ်ရီသီး၊ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး စတဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေစားပါ။ အချိုမထည့်ထားတဲ့ ဒိန်ချဉ်ထဲကို အစေ့အဆန်တွေ ထည့်စားပါ။ ပြုတ်ထား၊ ပေါင်း ထားတဲ့ ကန်စွန်းဥစားတာ စတာတွေက ကယ်လိုရီမတက်စေဘဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့သရေစာတွေဖြစ်လို့ အိမ်မှာအဆင်သင့် ဝယ်ထားသင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal