ဘာကြောင့် ပဲအမျိုးမျိုးက ကျန်းမာရေးကောင်းစေတာလဲ

• အမျှင်ဓာတ်ပါဝင်မှုများခြင်း ပဲအမျိုးမျိုးမှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး နှလုံးရောဂါ၊ သွေးတွင်းကိုလက်စထရောမြင့်မားတာ၊ အစာခြေလမ်းကြောင်းပြဿနာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လူတစ်ယောက်အတွက် နေ့စဉ် အမျှင်ဓာတ် လိုအပ်ချက်က ၂၅-၃၈ ဂရမ်ခန့်ရှိပြီး ပဲတစ်ခွက်စာမှာ အမျှင်ဓာတ်က ၁၉ ဂရမ်ပါ ဝင်ပါတယ်။ • ပရိုတင်းပါဝင်မှုများခြင်း ပဲတွေက အဆီပါဝင်မှု၊ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒ ရိတ်တွေ ရောစပ်နေပါတယ်။ ပဲ ခွက်တစ်ခွက်စာမှာ ၁၅ ဂရမ်အထိ ပါဝင်ပြီး ထမင်း ထက် ၂-၃ ဆခန့် ပိုများပါတယ်။ သူ့မှာပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်တွေက လိုင်စင်း ခေါ်တဲ့ ပရိုတင်းတည်ဆောက်ဖို့အတွက် အလွန်အမင်းကောင်းမွန်ပါတယ်။ သက်သတ်လွတ်စားသူတွေမှာ လိုင်စင်းဓာတ်လုံလုံလောက်လောက်မရရှိနိုင်တဲ့အ တွက် ပဲကို မဖြစ်မနေ ပါဝင်အောင် စားပေးသင့်ပါတယ်။ […]

သူငယ်ပြန်ခြင်းမဖြစ်စေရန် စားသင့်သောအစားအစာများ

သင့်ပန်းကန်ထဲမှာ ထည့်စားတဲ့အစားအစာက သင့်ခန္ဓာကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါ သက်ရောက်မှုရှိပါတယ်။ သူငယ်ပြန်နိုင်ခြေ လျော့ကျလေအောင် စိုးရိမ်စိတ်တွေ ဖယ်ရှားနိုင်ဖို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့အစာ စားသုံးမှသာ စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်မှာပါ။ လေ့လာမှုတွေအရ အစားအသောက်ပုံစံတစ်မျိုးတည်းပြောင်းလဲရုံနဲ့တင် သူငယ်ပြန်နိုင်ခြေ ၅၃ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ ကောက်နှံတစ်ခုလုံးအပါအဝင် သဘာဝထုတ်ကုန် ပစ္စည်းတွေကို စားသုံးပြီး ပြုပြင်ထားတဲ့အစားအစာနဲ့ အဆင်သင့်စားလို့ရတဲ့အစား အစာလိုမျိုး ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကို ရှောင်ရှားရမှာဖြစ်ပေမယ့် သူငယ်ပြန်တာနဲ့ပတ်သက်လာရင် စိတ်ကျန်းမာရေးကောင်းမွန်နေအောင် နည်းမှန်လမ်းမှန် စားသုံးနိုင်ဖို့ ဂရုစိုက်ရပါမယ်။ အောက်ပါတို့ဟာ သူငယ်ပြန်နိုင်ခြေ နည်းပါးအောင် စားသုံးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာနှင့်ပဲအမျိုးမျိုး လူအများစုက အဝလွန်တာနဲ့ပတ်သက်ရင် ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ရှောင်ရှားတတ်ကြပါတယ်။ အမှန်မှာတော့ ကာဗိုဟိုက်ဒရိတ်တွေက ပရိုတင်းနဲ့ တခြားဗီတာ မင်လိုမျိုး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အစားအစာဖြစ်ပါတယ်။ […]

သည်းခြေကျောက်ပျော်စေတဲ့ အိမ်တွင်းနည်းလမ်းတွေ အသုံးပြုရအောင်

သည်းခြေအိတ်က သစ်တော်သီးပုံစံ အိတ်ငယ်လေးဖြစ်ပြီး အသည်းရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ သူရဲ့ တာဝန်က သည်းခြေရည်တွေ စုဆောင်းထားပြီး စားလိုက်တဲ့အစာထဲမှာပါတဲ့ အဆီတွေကို ချေဖျက်ရာမှာ ကူညီပေးပါ တယ်။ သည်းခြေကျောက်တည်တဲ့အခါ ဝမ်းဗိုက်နာကျင်တာအပြင် နောက်ကျော နဲ့ ပခုံးတွေအထိပါ နာကျင်တာကို ခံစားရပါတယ်။ အောက်ပါနည်းလမ်းတွေက သည်းခြေကျောက်ကို မခွဲမစိတ်ရဘဲ ကျောက်ပျော်စေတဲ့ နည်းလမ်းတွေပါ။ (၁) သံပရာရည် သံပရာရည် တစ်နေ့ လေးခွက်ကို အစာအိမ်ထဲမှာ အစာမရှိတဲ့အချိန် သောက်ပေးပါ။ တစ်ပတ်တိတိ သောက်ပေးပါ။ သည်းခြေကျောက်ကို ဖယ်ရှားနိုင်အောင် ကူညီပေးနိုင်ပါတယ်။ သည်းခြေကျောက်ကို ဖယ်ရှားဖို့အတွက် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ (၂) ဟင်းသီးဟင်းရွက်ရည် သကြားမုန်လာ၊ မုန်လာဥနီ၊ သခွားသီး စတဲ့ ဟင်းသီးဟင်းရွက်တွေကို ရောပြီး အရည်ဖျော်ကာ တစ်နေ့ […]

ဝှေးစေ့နှင့်ပတ်သက်၍ အံ့ဩဖွယ်ရာအချက်များ

ဝှေးစေ့က သုက်ပိုးထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ် ဝှေးစေ့က တစ်စက္ကန့်မှာ သုက်ပိုးပေါင်း ၁၅၀၀ ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်မိနစ်ကြာတိုင်း သုက်ပိုး ကိုးသောင်း၊ တစ်နာရီမှာ ၅.၄ သန်းနဲ့ တစ်နေ့ကို သန်းပေါင်း ၁၃၀ ထုတ်လုပ်ပေးလျက်ရှိတယ်လို့ သိရပါ တယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူပေမယ့် ထုတ်လုပ်နိုင်တဲ့ သုက်ပိုး အရေအတွက်ကတော့ သိပ်မကွာခြား ကြပါဘူး။ မမျိုးဥနဲ့ ဥအောင်ဖို့အတွက် သုက်ပိုးတစ်ကောင်ပဲလိုအပ်ပေမယ့် သုက်ရည်တစ်ခါလွှတ်စာ(လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တစ်ဇွန်းခွဲစာ)သုက်ရည်မှာ သုက်ပိုး သန်း ၄၀ ကနေ သန်း ၁၃၀ အထိပါဝင်ပါတယ်။ အကယ်၍ သုက်မလွှတ်ဘူးဆိုရင် သုက်ပိုးတွေကို ခန္ဓာကိုယ်က ပြန်လည်စုပ်ယူသွားပါတယ်။ တခြားခန္ဓာကိုယ်အစိတ်အပိုင်းထက် အပူချိန် ၅ ဒီဂရီ ပိုအေးပါ တယ် အမျိုးသမီးတွေမှာလည်း မမျိုးဥ […]

လိုင်ချီးသီး၏ ကျန်းမာရေး အကျိုးကျေးဇူး

အရသာကောင်းမွန်လှတဲ့ လိုင်ချီးသီးမှာ အာဟာရဓာတ်များစွာပါဝင်တဲ့အပြင် အရေပြားနဲ့ ဆံသားကျန်းမာရေးအတွက်ပါ အကျိုးများစွာရှိပါတယ်။ သူ့မှာ အမျှင်ဓာတ်၊ ပရိုတင်း၊ နိုင်ရာစင်၊ ဖော့လိတ်၊ ရိုင်ဖိုဖလေဗင်၊ ဗီတာမင် A,C, E နဲ့ K ၊ သိုင်ရာမင်း၊ ဓာတ်ဆား၊ ကယ်လ်စီယမ်၊ ကော့ပါး၊ သွပ်၊ ဆီလီနီယမ်၊ သံဓာတ်၊ ဖော့စဖရပ်စ်နဲ့ မဂ္ဂနိစ်တို့ပါဝင်ပြီး ကျန်းမာရေးအတွက် အောက်ပါအတိုင်း အကျိုးကျေးဇူးတွေရှိပါတယ်။ အရွယ်တင်နုပျိုစေနိုင်သော ဂုဏ်သတ္တိရှိခြင်း လိုင်ချီးသီးမှာပါဝင်တဲ့ များစွာသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အရေပြားကို နေရောင်ခြည်နဲ့ ဓာတ်တိုးပစ္စည်းကြောင့် ပျက်စီးမှုမရှိအောင် ကာကွယ် ပေးပါတယ်။ ဆံသားကြီးထွားသန်မာနိုင်ခြင်း လိုင်ချီးမှာပါဝင်တဲ့ ကော့ပါးက ဆံသားမွေးညင်းပေါက်တွေကို လှုံ့ဆော်မှုပေးပြီး ဆံသားကြီးထွားသန်မာအောင်ကူညီပေးပါတယ်။ လိုင်ချီးစားတာကြောင့် ဆံသား တောက်ပြောင် သန်မာနိုင်ပါတယ်။ ကင်ဆာကို ကာကွယ်နိုင်ခြင်း လိုင်ချီးသီးမှာပါဝင်တဲ့ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ […]

ခေါင်းကိုက်စေနိုင်သော ဆံပင်ပုံစံများ

စိတ်ဖိစီးမှုများတာ၊ သွေးတိုးတာ၊ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် အပူအအေးမညီမျှတာတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ သင် ရွေးချယ်တဲ့ ဆံပင်ပုံစံကလည်း သင့်ကို ခေါင်းကိုက်မှုဖြစ်စေနိုင်ပါတယ်။ တချို့ဆံပင်ပုံစံတွေက ဦးရေပြားပေါ်မှာ ဖိအားသက်ရောက်စေနိုင်တဲ့အတွက် ခေါင်းကိုက်ရတာဖြစ်ပါတယ်။ သင်ဟာ မကြာခဏ ခေါင်းကိုက်တတ်သူဖြစ်ရင်၊ ခေါင်းတစ်ခြမ်းကိုက်တတ်သူဖြစ်နေရင် အောက်ပါဆံပင်ပုံစံမျိုးကို ရှောင်ကြဉ်ရပါမယ်။ ပိုနီတေးဆံပင်စည်းထားခြင်း သင်ရဲ့ ဆံပင်မွေးညင်းပေါက်နဲ့ ဦးရေပြား အောက်မှာ နာကျင်မှုဝေဒနာကို ခံစားနိုင်တဲ့ အာရုံ ကြောများစွာ ရှိပါတယ်။ ဆံပင်စည်းထားတာက အာရုံကြောများစွာက တင်းမာတဲ့ ခံစားမှုရရှိလာတာ ကြောင့် ခေါင်းကိုက်တာဖြစ်ပါတယ်။ ဒီ အခြေအနေ ကို Pony Tail Headache Syndrome လို့ ခေါ် ပါတယ်။ ခေါင်းပတ်စည်းထားခြင်း ခေါင်းပတ်ကို တင်းတင်းကျပ်ကျပ် စည်းသူတွေ ကလည်း ခေါင်းကိုက်နိုင်ပါတယ်။ ဦးခေါင်းကို အပြင်ကနေ […]

သင်နေ့စဉ်ပြုလုပ်နေသည့်အမူအကျင့်အမှားများ

မနက်အိပ်ရာထထချင်း ပထမဆုံး လုပ်မိတဲ့အလုပ်က ကော်ဖီတစ်ခွက် သောက်လိုက်တာပဲဖြစ်ပါတယ်။ ဒီအပြုအမူက မှားယွင်းနေမှန်း သိကြမှာမဟုတ်ပါဘူး။ ဒီလိုမိမိမသိလိုက်ဘဲ မှားယွင်းတဲ့အမူအကျင့်တွေကို နေ့စဉ်ပြုလုပ်နေတာတွေရှိတာမို့ အမူအကျင့်မှားတွေကို သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ၁) မနက် ၉ နာရီခွဲမတိုင်မီ ကော်ဖီသောက်ခြင်း လူတိုင်းလူတိုင်းရဲ့ ခန္ဓာကိုယ်က ကွဲပြားခြား နားကြပေမယ့် လူတိုင်းအတွက် ၂၄ နာရီ ဟော်မုန်း စက်ဝန်းကတော့ အတူတူပဲဖြစ်ပါတယ်။ တစ်နည်း အားဖြင့်ဆိုရင် အစီအစဉ်တကျ ရှိပြီးသားပါ။ ခန္ဓာ ကိုယ်ကို နိုးကြားတက်ကြွမှုဖြစ်စေနိုင်တဲ့ ဟော်မုန်းကော်တီစောဟာ ပုံမှန်အားဖြင့် မနက် ၈-၉ နာရီကြားမှာ ခန္ဓာကိုယ်ထဲက ထွက်လာလေ့ရှိပါတယ်။ ဒါကြောင့် ဒီလိုအချိန်တွေမှာ ကော်ဖီသောက်ပြီး ခန္ဓာကိုယ်ကို နိုးကြားတက်ကြွအောင် လုပ်ယူစရာမလိုပါဘူး။ ကော်ဖီ သောက်ဖို့ အကောင်းဆုံးအချိန်က မနက် ၉ နာရီခွဲနဲ့ […]

ပျို့အန်ချင်တဲ့အခါ ဘာစားပေးရမလဲ


နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သူတွေ စားသင့်သော အစားအစာများ

• ညအိပ်ရာဝင်စဉ်မှာ တော်ရုံနဲ့အိပ်မပျော်လို့ မယ်လတိုနင် ဒါမှမဟုတ် အိပ်ဆေး သောက်အိပ်နေရပါသလား။ • ကြက်အိပ်ကြက်နိုးလို ဖြစ်နေလို့ အိပ်ရေးမဝ ဖြစ်နေပါသလား။ • ကိုဗစ်ကူးစက်နှုန်းများနေစဉ်မှာ မိမိရဲ့ကိုယ်ခံအားကောင်းမွန်နေဖို့ အိပ်ရေးဝ အောင်အိပ်ရဖို့ကလည်း အရေးကြီးပါတယ်။ • အိပ်ဆေးမသောက်ဘဲ အိပ်ရာပေါ်ခေါင်းချလိုက်တာနဲ့ အိပ်ပျော်နိုင်ဖို့၊ နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့အတွက် ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ သံ ဓာတ်ပါဝင်တဲ့ အောက်ဖော်ပြပါ အစားအစာတွေကို စားသုံးရပါမယ်။ ဒီသတ္တုဓာတ် တွေက အိပ်စက်မှုကို ကောင်းမွန်စေတဲ့ ကိုယ်တွင်းမယ်လတိုနင်ထုတ်လုပ်မှုကို ကူညီနိုင်လို့ပါ။ ငှက်ပျောသီး သူ့မှာများစွာပါဝင်တဲ့ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တွေက ကြွက်သားတင်းမာမှု နဲ့ အာရုံကြောကို ဖြေလျှော့ပေးနိုင်တာကြောင့် အညောင်းပြေပြီး စိတ်တည်ငြိမ် အေး ချမ်းမှုကို ရရှိနိုင်ပါတယ်။သူ့မှာပါဝင်တဲ့ ဗီတာမင် B6 က Tryptophan […]

နှာရည်ယိုခြင်းအတွက် သဘာဝကုထုံးနည်းလမ်းများ
