COVID-19 ပြင်းထန်သည့် လူနာငါးဦးတွင် တစ်ဦးက ကာကွယ်ဆေးမထိုးရသေးသည့် ကိုယ်ဝန်ဆောင်ဖြစ်နေ

နာမကျန်းမှုပြင်းထန်ဆိုးရွားတဲ့ COVID-19 လူနာ ငါးဦးမှာ တစ်ဦးက ကာကွယ်ဆေးမထိုးရသေးတဲ့ ကိုယ်ဝန်ဆောင်မိခင်ဖြစ်နေတယ်လို့ လေ့လာမှုအချက်အလက်တွေအရသိရပါတယ်။ COVID-19 ကာကွယ်ဆေးထိုးဖို့ရာ အတွက် မိခင်နဲ့ရင်သွေးအဖို့ အဆိုပါ ကာကွယ်ဆေးတွေက ဘေးကင်းစိတ်ချရမှု ရှိမရှိအပေါ် သံသယများပြီး ကိုယ်ဝန်ဆောင်အများစုက ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။ လေ့ လာမှုအချက်အလက်တွေအရ နာမကျန်း မှုပြင်းထန်တာကြောင့် Extracorporeal Membrane Oxygenation (ECMO) လို့ခေါ်တဲ့ ကုထုံးနဲ့ကုသပေးရတဲ့ လူနာ ငါးဦးမှာ တစ်ဦးနှုန်းက ကိုယ်ဝန်ဆောင် မိခင်တွေဖြစ်နေတယ်လို့ သုတေသီတွေ ကဆိုပါတယ်။ COVID-19 ကြောင့် အ ဆုတ်တွေ အရမ်းထိခိုက်ပျက်စီးသွားတဲ့ လူနာတွေမှာ အသက်ရှူစက်နဲ့ အောက် ဆီဂျင်ပမာဏကို မထိန်းထားနိုင်တဲ့အခြေ အနေမျိုးထိ ဆိုးရွားလာတဲ့အခါ ECMO ကုထုံးကိုအသုံးပြုကြတာဖြစ်ပါတယ်။ အ ဆိုပါကုထုံးအသုံးပြုရတဲ့ အသက် ၁၆ […]

မြောင်းပိုက်ဆေးရည် သောက်ချမိသည့်ကလေးငယ် စကားပြောနိုင်စွမ်းကင်းမဲ့သွားခဲ့ရ

မန်ချက်စတာမြို့က ဆာဖာစူပါစတိုးဆိုင်တစ်ဆိုင်မှာ အသက်နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးက မြောင်းပိုက်ဆေးရည်ကို သောက်လိုက်မိတာကြောင့် အဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ပါးစပ်ပြာနှမ်းကာ သွေးတွေထွက်လာခဲ့တာကြောင့် ဆေးရုံကို အရေးပေါ်ပို့ဆောင်ကာ ကုသမှုခံယူခဲ့ရပါတယ်။ ကော့စတစ်ဆိုဒါပါတဲ့ ဒီဆေးရည်က မြောင်းပိုက်တွေထဲမှာ ပိတ်ဆို့နေတာတွေကို ရှင်းလင်းသွားစေဖို့ အသုံးပြုရတဲ့ ဓာတုပါဝင်မှုများပြားတဲ့ ဆေးရည်ဖြစ်ပြီး ဒီဆေးရည်ပုလင်းကို ကလေးငယ်အိုင်မန်က သွားကိုင်ပြီး အဖုံးကို အလွယ်တကူပဲဖွင့်လိုက်နိုင်ခဲ့ကာ သောက်မိခဲ့တာကြောင့် ကလေးရဲ့ပါးစပ်နဲ့လက်တွေ၊ ခြေတွေမှာပါ ဓာတုလောင်ကျွမ်းမှုတွေနဲ့ ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရစေခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူက ဈေးဆိုင်မှာဈေးဝယ်နေတုန်း ကလေးက အိမ်သုံးဓာတုဆေးရည်ပုလင်းတွေဘက်ဆီရောက်သွားခဲ့ကာ ခုလိုမတော်တဆဖြစ်ခဲ့တာဖြစ်ပါတယ်။ ရွိုင်ရယ်မန်ချက်စတာဆေးရုံက အတွင်းလူနာဌာနမှာ တစ်လကြာကုသမှုခံယူခဲ့ရပြီး နောက်ထပ်ခြောက်လကြာအောင် ဆေးရုံမှာနေခဲ့ရသေးတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ အိုင်မန်လိုကလေးငယ်လေးကတောင် အလွယ်တကူဖွင့်လိုက်နိုင်လောက်အောင် ဘေးကင်းစိတ်ချမှုမရှိ အောင်ထုတ်လုပ်ထားတဲ့ ဆေးရည် ကုမ္ပဏီကို မိခင်ဖြစ်သူက တရားစွဲဆို ထားခဲ့တယ်လို့သိရပါတယ်။ ◘ (DM,7.6.18) သံသာ

အသီးအရွက်ကိုသာ နှစ် ၃၀ ကြာ စားသုံးခဲ့သူ အာရုံကြောမ ထိခိုက်မှုကြောင့် မသန်စွမ်းသူဖြစ်ခဲ့ရ

တရုတ်နိုင်ငံ ၀ူဟန်မြို့က ချန်မျိုးနွယ်အမည်ရ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ဗီတာမင်ဘီ ၁၂ ချို့တဲ့မှု ကြောင့် ပြင်းထန်တဲ့အာရုံကြောမ ထိခိုက်မှုဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၃၀ ကျော်ကြာ အသီးအရွက်ချည်းသာစားသုံး နေခဲ့တဲ့ သက်သတ်လွတ်သမားဖြစ်ခဲ့ပြီး ဗီတာမင်ဘီ ၁၂ ဖြည့် စွက်အာဟာရကို ပုံမှန်မှီဝဲမှုမပြုခဲ့ဘူးလို့သိရပါတယ်။ အသက် ၂၀ အရွယ်လောက်မှာ ကိုယ်အလေးချိန်ကျလိုစိတ်နဲ့ အသီးအရွက်တွေကိုသာစားသုံးဖြစ်ခဲ့ပြီး တကယ်လည်း ထိရောက်စွာ ကိုယ်အလေးချိန်ကျခဲ့တာကြောင့် အသီးအရွက်တွေကိုသာ စွဲလမ်းစွာ စားဖြစ်နေခဲ့တာလို့သိရပါတယ်။ အသီးအရွက်စားသုံးတာကြောင့် ခန္ဓာကိုယ်သေးသွယ်ကျစ်လျစ်လာခဲ့တာကို ဂုဏ်ယူနေခဲ့ပေမယ့် ကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့အာဟာရ ဖြည့် တင်းမှုကိုတော့ ဂရုမစိုက်မိဘဲ လျစ်လျူရှုထားမိခဲ့တယ်လို့ ချန်က ဆိုပါတယ်။ မကြာသေးမီကမှ လမ်းလျှောက်တဲ့အခါ ခြေလှမ်းလှမ်းတိုင်း ခြေမညီသလိုခံစားနေရပြီး ခြေဖ၀ါးနဲ့ကြမ်းပြင်ကို မိမိရရထိတယ်လို့မခံစားရဘဲ ဂွမ်းပုံပေါ် လမ်းလျှောက်နေရသလိုခံစားခဲ့ရကာ […]

“နှစ်ပေါင်အလေးချိန်ရှိသည့်ဆံပင်အလုံးကို ဝမ်းဗိုက်တွင်းမှ ခွဲထုတ်ဖယ်ရှားခဲ့ရ”

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ V C Gandhi & M A Vora ဆေးရုံမှာ  အသက်နှစ်ဆယ်အရွယ်အမျိုးသမီးလေးရဲ့ဝမ်းဗိုက် ထဲက အလေးချိန်နှစ်ပေါင်ရှိတဲ့ ဆံပင်အလုံးကို ခွဲထုတ်ဖယ် ရှားခဲ့ရတယ်လို့သိရပါတယ်။ ဒီအမျိုးသမီးက Rapunzel syndrome လို့ခေါ်တဲ့ ဆံပင်ကိုဝါးစားနေတတ်တဲ့အခြေအနေ ဖြစ်နေခဲ့တာကြောင့် ကာလကြာရှည်လာတာနဲ့အမျှ ဝမ်းဗိုက်ထဲ မှာ ဆံပင်တွေ စုထွေးလုံးခဲလာခဲ့တာဖြစ်ပြီး အစာစားချင်စိတ် မရှိတာ၊ အမြဲလိုလိုအော့အန်တာနဲ့ ဝမ်းဗိုက်နာကျင်တာတွေ ဖြစ်လာခဲ့တာပါ။ လူနာအမျိုးသမီးမှာ အစာစားသောက်မှု ပုံစံ ချို့ယွင်းလာခဲ့ပြီး မခွဲစိတ်ခင်တိုင်းတာတဲ့မှတ်တမ်းတွေအ ရ ကိုယ်အလေးချိန်စုစုပေါင်း ၆၆ ပေါင်သာရှိတော့တယ်လို့ ခွဲ စိတ်ဆရာဝန်ဖြစ်တဲ့ဒေါက်တာဘာရတ်ကာမတ်က ပြောကြား ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်တွေ၊ ချို့ယွင်းချက်တွေ ဖြစ်နေတဲ့လူငယ်တွေမှာ ဆံပင်ကိုစားတဲ့အလေ့အကျင့်ဖြစ် လေ့ရှိပြီး ဆံပင်အလုံးနဲ့ အူသိမ်ထဲကိုသွားနေတဲ့ ဆံပင်အမြီး တန်းကို ဖယ်ရှားခဲ့ရတာလို့သိရပါတယ်။ […]

ကြောင်ကုတ်ခံရပြီးနောက် ပန်းညှိုးသွားသည့် ဘယ်လ်ဂျီယံအမျိုးသား

ဘယ်လ်ဂျီယံနိုင်ငံမှာ အသက် ၂၃ နှစ်အရွယ်အမျိုးသား တစ်ဦးဟာ ကြောင်ကုတ်ခံရပြီးတဲ့နောက် လိင်ထောင်မတ်ခြင်းမရှိတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ လိင်အင်္ဂါမှာ နာကျင်နေတာကြောင့် ဆရာဝန်ကိုသွားပြခဲ့ပေမယ့် နောက်ပိုင်းမှသာ နေအိမ်မှာ ကြောင်ရဲ့လက်သည်းကြောင့် ဒဏ်ရာရခဲ့တာ ကိုသတိရခဲ့တာဖြစ်ပါတယ်။ ကြောင်တွေရဲ့ပါးစပ်နဲ့လက်သည်းတွေမှာတွေ့ရတတ်တဲ့ Bartonella Henselae   လို့ခေါ်တဲ့ဘက်တီးရီးယားတစ်မျိုးကြောင့်ပဲဖြစ်ပါတယ်။ ဒီဘက်တီးရီးယား ကြောင့် ဖျားနာတာအပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါ တယ်။ ပိုးသတ်ဆေးတွေကြောင့် သုံးပတ်အတွင်း ပျောက်ကင်း သွားခဲ့ပြီးတော့ လိင်အင်္ဂါကပုံမှန်တိုင်းပြန်လည်အလုပ်လုပ်နိုင် ပြီလို့ ဆရာဝန်တွေက ဆိုခဲ့ကြပါတယ်။ ကြောင်ချစ်သူတွေအနေနဲ့ ကြောင်ကိုပွေ့ဖက်ပြီးပြီဆိုရင် လက်ကိုပြန်လည်ဆေး ကြောသင့်တယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ကြပါသေးတယ်။ မေဇွန် (ဗဏယ၁၄.၉.၁၇)

လိင်တံကြီးစေရန် ခွဲစိတ်သည့် အမျိုးသား ခွဲစိတ်ခန်းတွင် သေဆုံး

လိင်တံကြီးအောင် ခွဲစိတ်တဲ့အမျိုး သားခွဲခန်းမှာပဲ ဆုံးသွားတယ်လို့ ဆွီဒင် သတင်းတစ်ရပ်က ဆိုပါတယ်။

အသက် ၃၀ အရွယ် အမျိုးသားဟာ လိင်အင်္ဂါ ရှည်ပြီး အရွgယ်အစားကြီးလာအောင်ဆို ပြီး ဗိုက်က အဆီကို လိင်အင်္ဂါထဲ ပြောင်း ထည့်တဲ့ခွဲစိတ်မှု လုပ်ခဲ့တာပါ။ Read more about လိင်တံကြီးစေရန် ခွဲစိတ်သည့် အမျိုးသား ခွဲစိတ်ခန်းတွင် သေဆုံး