ကာကွယ်ဆေးထိုးနှံပြီးသည့် ကိုယ်ဝန်ဆောင်မိခင်ထံမှ ကိုဗစ်နှိမ်နင်းသည့် ပဋိပစ္စည်းများ ကလေးဆီ လက်ဆင့်ကမ်းရောက်ရှိကြောင်းတွေ့ရှိ

Covid-19  ကာကွယ်ဆေးထိုးနှံ ပြီးစီးထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဗိုက်ထဲမှာရှိတဲ့၎င်းင်းတို့ရဲ့က လေးတွေဆီ ဗိုင်းရပ်စ်နှိမ်နင်းပေးနိုင်တဲ့ပဋိပစ္စည်းတွေ လက်ဆင့်ကမ်းပေးနိုင် တာကို လေ့လာတွေ့ရှိရတယ်လို့ သု တေသနလေ့လာမှုတစ်ခုက ဆိုပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ မိခင်တွေဆီ ကနေမှ မွေးဖွားလာတဲ့ ကလေး ၃၆ ဦးနဲ့ လေ့လာမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ New York University မှ သိပ္ပံပညာ ရှင်တွေကဆိုပါတယ်။ ကလေးတွေဆီမှာ ရှိထားတဲ့ Covid-19 ခုခံအားက ကူး စက်မှုကနေလား၊ မိခင်တွေထိုးထားတဲ့ ကာကွယ်ဆေးတွေဆီကနေလားဆိုတာ ကိုခွဲခြားသိရှိစေဖို့ ပထမဦးဆုံးလေ့လာမှု လည်းဖြစ်ပါတယ်။ ကလေးတွေရဲ့ချက် ကြိုးသွေးကနေ သွေးနမူနာရယူကာ ပဋိ ပစ္စည်းပမာဏကို တိုင်းတာစစ်ဆေး ခဲ့ကြတာဖြစ်ပြီး ဒီကလေးတွေထဲက ၃၁ ဦးမှာ မိခင်တွေဆီကနေတစ်ဆင့် Covid-19 ကာကွယ်နှိမ်နင်းနိုင်စွမ်းရှိတဲ့ ပဋိပစ္စည်းတွေ ရရှိထားပြီးနှင့်တာကို တွေ့ရှိခဲ့ကြတာလို့ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲမှု အများအပြားဖြစ်ပေါ်လာပါတယ်။ တချို့ကို အိမ်မှာ ကုသနိုင်ပေမယ့် တချို့အတွက်တော့ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ အောက်ပါတို့ဟာ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ၁။ ဓမ္မတာစက်ဝန်းအလယ်မှာ ဘောင်းဘီသွေးစွန်းခြင်း အဖြစ်များလှတဲ့ပြဿနာမဟုတ်ပေမယ့် တချို့အမျိုးသမီးတွေက ဓမ္မတာစက်ဝန်းတစ်ခုနဲ့တစ်ခုကြားမှာ တစ်ရက်နှစ်ရက်လောက် သွေးအနည်းငယ် ဆင်းတာနဲ့ ဘောင်းဘီသွေးစွန်းတာတွေဖြစ်တတ်ပါတယ်။ ဒါက မမျိုးဥကြွေချိန်မှာ ဖြစ်တတ်တဲ့ ပြဿနာပါ။ ဒီလိုဖြစ်ရင် ပြက္ခဒိန်မှာ ရက်မှတ်ထားပါ။ နောက်တစ်ကြိမ် ဖြစ် မဖြစ် သတိထားပြီး ဆရာဝန်နဲ့တွေ့စဉ်မှာ ပြောပြပါ။ ဒီလိုဖြစ်တာက ထိတ်လန့်စရာမရှိပေ မယ့် ဓမ္မတာစက်ဝန်းရပ်ဆိုင်းပြီး ရက်အနည်းငယ်အကြာမှာဖြစ်ရင် ဒါမှမဟုတ် ဓမ္မတာလာခါနီး ၅-၆ ရက်အလိုမှာဖြစ်ရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာ စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။ လိင်ဆက်ဆံအပြီးမှာ သွေးဆင်းတာကလည်း လျစ်လျူရှုမထားသင့်တဲ့ပြဿနာမို့ ဆရာဝန်နဲ့ […]

ကိုယ်ဝန်ဆောင်ကာလမှာ မာလကာသီး စားသင့်ပါသလား

မာလကာသီးကို ဝမ်းချုပ်တတ်တဲ့ အစားအစာ၊ အူအတက်ပေါက်နိုင်တဲ့ အစားအစာလို့ ထက်မှတ်ပြီး အရသာရှိလို့ စားချင်ပေမယ့် ရှောင်ကြဉ်ကြသူတွေ ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်ထားချိန်မှာ မလကာသီးကိုစားသုံး တာက အန္တရာယ်ကင်းနိုင်ပါသလားလို့ ဆိုရင်တော့ သူ့မှာ ကျန်းမာရေးအတွက် အကျိုးများစွာရှိတာမို့ ကိုယ်ဝန်ဆောင် ကာလတောက်လျှောက် စားသုံးနိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ မှည့်နေပြီး အခွံနွှာထားကာ အစေ့ကုန်အောင်ထုတ်ထား တဲ့ မာလကာသီး ဖြစ်ရမှာဖြစ်ပြီး တစ်နေ့ကို တစ်လုံးထက်ပို မစားသုံးရပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ မာလ ကာသီးစားသုံးတာကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ခုခံအားစနစ်ကောင်းမွန်နိုင်ခြင်း။ မာလကာသီးမှာ ပေါကြွယ်ဝစွာ ပါဝင်တဲ့ ဗီတာမင် C တွေက ခုခံအား စနစ်ကို သန်မာစေနိုင်ပါတယ်။ ဗီတာမင် C က ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ် မြင့် တက်စေကာ […]

မိခင်နို့တိုက်ကျွေးနေစဉ် ရှောင်သင့်သော အစားအစာများ

ကိုယ်ဝန်ဆောင်ကာလမှာ အရသာအတွက် အာသာပြေစေဖို့ အစားအစာမျိုးစုံကို စားလို့ရခဲ့ပေမယ့် ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ သင်ရဲ့ အရသာအာရုံကို ဦးစားပေးလို့ မရတော့ပါဘူး။ ရှေးလူကြီးတွေရဲ့ အယူအဆ အရ နို့တိုက်မိခင်တွေက အစားရှောင်ရှားရမယ်လို့ ဆိုပေမယ့် သားစိမ်း ငါးစိမ်းတွေကို ရှောင်ကြဉ်ပြီး အခြောက်အခြမ်း တွေကိုသာ စားရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ မိမိကလေးကို မိခင်နို့တိုက်နေတဲ့ မိခင်တွေက အောက်ပါအစားအစာ တွေကိုတော့ ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ကော်ဖီ ကော်ဖီမှာပါဝင်တဲ့ကဖင်းတွေက မိခင်နို့ရည်မှတစ်ဆင့် ကလေးဆီရောက် သွားတတ်ပါတယ်။ နို့စို့ကလေးငယ် တွေက ကဖင်းကို ထိထိရောက်ရောက် မစွန့်ထုတ်ပစ်နိုင်တဲ့အတွက် သူတို့ ကိုယ်တွင်းမှာ ကဖင်းတွေစုပုံလာနိုင်တာ ကြောင့် အိပ်မပျော်တာ၊ ဒေါသကြီးနေ တာနဲ့ တစ်ချိန်လုံးအီနေတာတွေ ဖြစ် တတ်ပါတယ်။ ဒါ့အပြင် ကဖင်းကို အများကြီး သောက်တာက မိခင်နို့အတွင်း […]

အမျိုးသမီးတို့ အချစ်စွမ်းအင် တိုးပွားစေရန်

♦ ပင်လယ်စာ လေ့လာမှုအရ ပင်လယ်စာ တွေထဲမှာ ဗီတာမင် B ၁၂ များ စွာပါဝင်လို့ အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်မှုကို များစွာအထောက် အကူပြုပါတယ်။ အမျိုးသမီး တွေရဲ့ ခန္ဓာကိုယ်တွင်းမှာ မဟော် မုန်း အီစထရိုဂျင် ထုတ်လုပ်မှုကို ပုံမှန်ဖြစ်အောင် ထိန်းပေးလို့ သားဥကြွေတာကို ပုံမှန်ဖြစ်စေ ပါတယ်။ ♦ ကညွတ် ကညွတ်ထဲမှာ ဖောလစ်အက် စစ်ပမာဏ များစွာပါဝင်လို့ အမျိုးသမီး တွေရဲ့ မျိုးပွားနိုင်မှုကို အထောက် အကူဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင် မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက် တွေမဖြစ်အောင် ဖောလစ်အက်စစ် လုံလောက်စွာရရှိဖို့ လိုအပ်ပါတယ်။ မျိုးဗီဇပြောင်းလဲမှု မဖြစ်အောင်နဲ့ သား ဥကြွေတာနဲ့ ပတ်သက်တဲ့ ပြဿနာ တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ♦ […]

ဓမ္မတာလာတယ်ဆိုတာဘယ်လိုမျိုးလဲ 

သမီးမိန်းကလေးတွေ မွေးလာတဲ့ အခါမှာ သားဥအိမ်ထဲသားဥတွေ သိန်း ချီပါလာတတ်ပြီး အပျိုဖော်မဝင်ခင်အထိ အသုံးပြုလို့ရမနေပါဘူး။ အပျိုဖော်ဝင် တဲ့အခါမှာ ဦးနှောက်ရှိပီကျူထရီဂလင်း ကနေ မလိင်ဟော်မုန်းတွေကို သားဥအိမ် ကထုတ်လုပ်ပေးအောင် လှုံ့ဆော်ပေး မယ့် ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေကြောင့် ကလေးမလေး ကနေ အပျိုကြီးဖားဖား ဖြစ်လာကြတာပါ။ အပျိုဖော်ဝင်တဲ့အခါ တစ်လတစ်ခါ သားဥကြွေပြီး ဓမ္မတာရာသီသွေးဆင်း တတ်ကြပါတယ်။ တစ်လမှာတစ်ကြိမ် သားဥအိမ်ကနေ သားဥပြွန်ထဲသားဥတွေကို ကြွေကျစေပါတယ်။ ကြွေကျလာတဲ့ သားဥကလိင်ဆက်ဆံတဲ့အခါ သားအိမ် ထဲဝင်လာတဲ့ သုက်ပိုးနဲ့တွေ့ပြီး သားဥ ပြွန်ထဲမျိုးအောင်သွားရင် ကိုယ်ဝန်ရှိသွား တတ်ပါတယ်။ လိင်ဆက်ဆံမှုလည်းမရှိ၊ သုက်ပိုးနဲ့ လည်း မျိုးမအောင်ဘူးဆိုရင်တော့ သား ဥကြွေပြီးနောက် ၂ ပတ်အကြာလောက်မှာ ဓမ္မတာလာတဲ့အနေနဲ့ သားဥတွေကို အပြင်ကိုစွန့်ထုတ်ရပါတယ်။ ဓမ္မတာလာ တဲ့အခါ […]

မမျိုးပွားအင်္ဂါစနစ်မှာ ဘာတွေပါလဲ

♦ မမျိုးပွားအင်္ဂါမှာ အပြင်ဘက်အကျ ဆုံးအပိုင်းကတော့ အမျိုးသမီးအင်္ဂါ ဇာတ်လို့ခေါ်ကြတဲ့ Vulva ပါ။ ပေါင် ကြားမှာရှိပြီးကိုယ်တွင်းရှိ မမျိုးပွားအင်္ဂါ တွေနဲ့ သားမွေးလမ်းကြောင်း ယောနိ (Vagina) အပေါက်ဝကို ဖုံးကာပေးထား ပါတယ်။ ယောနိဝထိပ် အပေါ်နားက အသားဆိုင်ကိုတော့ ဆီးခုံ(Manis Pubis) လို့ခေါ်ပါတယ်။ ယောနိဝပတ် လည်ရှိ အသားဖတ်နှစ်စုံကို နှုတ်ခမ်း ကြီးနဲ့ နှုတ်ခမ်းငယ် (Labia) လို့ခေါ်ပါ တယ်။ အမျိုးသမီးအင်္ဂါဇာတ်အပေါ် နားက နှုတ်ခမ်းကြီးနဲ့နှုတ်ခမ်းငယ်တို့ နှစ်ဖက်ဆုံရာနေရာရှိ အာရုံခံစားတဲ့ အင်္ဂါ အစေ့သေးသေးလေးကိုတော့ အမျိုး သမီးအင်္ဂါစေ့ငယ် (Clitoris)လို့ခေါ်ပါ တယ်။ နှုတ်ခမ်းနှစ်ဖက်ကြားမှာဆီးသွားရာဆီးထွက်ပေါက်နဲ့ ယောနိဝတို့ရှိနေပါ တယ်။ မိန်းကလေးတွေ အပျိုဖော်ဝင်တဲ့ အခါ နှုတ်ခမ်းကြီးနဲ့ ဆီးခုံပေါ် အမွေး တွေပေါက်လာတတ်ပါတယ်။ အတွင်း […]

မိန်းကလေးတိုင်း သတိမထားဘဲ လုပ်လေ့ရှိသော အမူအကျင့်ဆိုးများ

မိန်းကလေးအများစုက အလှအပ ကို မက်မောလေ့ရှိကြပါတယ်။ အလှ အပကြောင့်ပဲ ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အကျင့်ဆိုးတွေကို ပြုလုပ်မိတတ်ကြ ပါတယ်။ အောက်ပါအကျင့်ဆိုးတွေ သင့်မှာ ရှိနေခဲ့မယ်ဆိုရင်လည်း သတိ ထားပြီး ဖယ်ရှားဖို့ လိုပါတယ်။ ရေလုံလောက်စွာမသောက်ခြင်း တစ်နေ့ကို ရေရှစ်ဖန်ခွက်လောက် သောက်ရမယ်ဆိုတာကို လူတိုင်းကနား လည်ထားကြပါတယ်။ ဒါပေမဲ့ လိုက် နာဖို့တော့ခက်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အလုပ်တစ်ခုကို လုပ်နေချိန်မှာ အာရုံစူးစိုက်မှုများတတ် ကြပြီး တခြားအရာတွေကို မေ့လျော့ နေတတ်ပါတယ်။ အဲဒီအထဲမှာ ရေ သောက်ဖို့လည်း ပါဝင်နေတတ်ပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် ရေဓာတ် တွေခန်းခြောက်ပြီး လည်ချောင်းနဲ့ အာ ခေါင်တွေခြောက်တဲ့အချိန်ကျမှ ရေ သောက်ဖို့ သတိရတတ်ကြပါတယ်။ ဒါကြောင့် ရေပုံမှန်သောက်နိုင်ဖို့ သင့် အလုပ်စားပွဲမှာ ရေဘူးတစ်ဘူး […]

အဖြူဆင်းခြင်းက ပြောပြနိုင်သော သင့်ကျန်းမာရေး အခြေအနေ

ယောနိနဲ့ သားအိမ်ခေါင်းအကျိတ်ကထုတ်လုပ်လိုက်တဲ့ အရည်တွေ မိန်းမ ကိုယ်ပေါက်ကနေ ထွက်လာတာကို အဖြူဆင်းတယ်လို့ သိထားကြပါတယ်။ ဒီအရည် ထဲမှာ ဆဲလ်သေနဲ့ ဘက်တီးရီးယားတွေ ပါဝင်လာတတ်ပါတယ်။ ဒီအရည်က မိန်းမ ကိုယ်ကို သန့်ရှင်းမှုရှိစေပြီး ရောဂါပိုးမဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ ဒီအရည်က အဖြူရောင်အကြည်ကနေ နို့အရောင်ဖြစ်နေတာက ပုံမှန်အခြေအနေပါ။ အနံ့အသက် အနည်းငယ်ရှိနိုင်ပါတယ်။ မိန်းမကိုယ်က ဆင်းတဲ့အရည်ကို ကြည့်ရှုပြီး သင့်ကျန်းမာရေးအခြေ အနေကို သိရှိနိုင်ပါတယ်။ အရည်ဆင်းတဲ့ ပမာဏက အချိန်အခါနဲ့လိုက်ပြီး ပြောင်းလဲမှုရှိနိုင်ပါတယ်။ ဓမ္မတာသွေးပေါ်ပြီးပြီးချင်းမှာ အဖြူရည်မဆင်းပါဘူး။ သွေးပေါ်ပြီး ၂-၃ ရက် အကြာမှ အဖြူရည်ပျစ်ပျစ်ဆင်းပါတယ်။ ရက်အနည်းငယ်ကြာလာတဲ့အခါမှာ တော့ ချွဲရည်နဲ့ ပိုပြီးတူလာပါတယ်။ မျိုးဥကြွေချိန်မတိုင်ခင်မှာ စေးကပ်ကပ်အကြည်ရည် ဆင်းလာပြီး နောက်တစ်လ ဓမ္မတာသွေးပေါ်ချိန်အထိ အဖြူရောင်ပျစ်ပျစ် အရည် ဆင်းတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း […]

သင့်သားမြတ်ကပြောပြနိုင်သော သင့်ကျန်းမာရေး

သင့်သားမြတ်တစ်စုံက သင့်ကျန်းမာရေးကို တိုင်းတာနိုင်တဲ့ ကိရိယာလည်း ဖြစ်ပါတယ်။ သားမြတ်ရဲ့ အနေအထားကို ကြည့်ရှုပြီး ခန္ဓာကိုယ်အတွင်း ဘာတွေဖြစ်နေသလဲဆိုတာကို မှန်းဆလို့ ရရှိနိုင်ပါတယ်။ ဒါကြောင့် ရေချိုးခန်းထဲမှာ ရေမချိုးခင် ကြည့်မှန်နဲ့ သင့်သားမြတ်ကို နေ့စဉ် စစ်ဆေးကြည့်ပါ။ ♦ သားမြတ်ကြီးလွန်းခြင်း ကိုယ်အလေးချိန် မြင့်တက်လာတာကြောင့်ပါ။ အပျိုဖော်ဝင်လာချိန်ကာလမှာ သားမြတ်ကြီးထွားလာတတ်ပါတယ်။ အစားအစာ အစားများတာ၊ လှုပ်ရှားမှုနည်းတာ၊ အိပ်ရေးမ၀တာ ဒါမှမဟုတ် စိတ်ဖိစီးမှုဒဏ်များတာတွေကြောင့် ကိုယ်အလေးချိန်မြင့်တက်လာရင်လည်း သားမြတ်အရွယ်အစား ကြီးထွားလာနိုင်ပါတယ်။ ကိုယ်အလေးချိန်အနည်း ငယ် မြင့်တက်နေတာက များသောအားဖြင့် သားမြတ်က ပုံမှန်ဖြစ်နို်ငပေမယ့် ဝိတ်များလွန်းရင်တော့ ကင်ဆာရောဂါဖြစ်ခြေ များလာနိုင်ပါတယ်။ ဓမ္မတာသွေးပေါ်နေတာ၊ သန္ဓေတားဆေးကိုစတင်မှီဝဲတာ၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ထားရတာကြောင့်ပါ။ ဟော်မုန်းအပြောင်းအလဲဖြစ်တာက သားမြတ်တစ်သျှူးကြီးထွားအောင် လှုံ့ဆော်နိုင်ပါတယ်။ သားမြတ်နှစ်ဖက်က ကြီးထွားပုံစံချင်း ဆင်တူနေရင်တော့ ဘာပြဿနာမှ မရှိပါဘူး။ […]