သင့်သားမြတ်တစ်စုံက သင့်ကျန်းမာရေးကို တိုင်းတာနိုင်တဲ့ ကိရိယာလည်း ဖြစ်ပါတယ်။
သားမြတ်ရဲ့ အနေအထားကို ကြည့်ရှုပြီး ခန္ဓာကိုယ်အတွင်း ဘာတွေဖြစ်နေသလဲဆိုတာကို မှန်းဆလို့ ရရှိနိုင်ပါတယ်။
ဒါကြောင့် ရေချိုးခန်းထဲမှာ ရေမချိုးခင် ကြည့်မှန်နဲ့ သင့်သားမြတ်ကို နေ့စဉ် စစ်ဆေးကြည့်ပါ။
♦ သားမြတ်ကြီးလွန်းခြင်း
ကိုယ်အလေးချိန် မြင့်တက်လာတာကြောင့်ပါ။
အပျိုဖော်ဝင်လာချိန်ကာလမှာ သားမြတ်ကြီးထွားလာတတ်ပါတယ်။ အစားအစာ အစားများတာ၊ လှုပ်ရှားမှုနည်းတာ၊ အိပ်ရေးမ၀တာ ဒါမှမဟုတ် စိတ်ဖိစီးမှုဒဏ်များတာတွေကြောင့် ကိုယ်အလေးချိန်မြင့်တက်လာရင်လည်း သားမြတ်အရွယ်အစား ကြီးထွားလာနိုင်ပါတယ်။ ကိုယ်အလေးချိန်အနည်း ငယ် မြင့်တက်နေတာက များသောအားဖြင့် သားမြတ်က ပုံမှန်ဖြစ်နို်ငပေမယ့် ဝိတ်များလွန်းရင်တော့ ကင်ဆာရောဂါဖြစ်ခြေ များလာနိုင်ပါတယ်။
ဓမ္မတာသွေးပေါ်နေတာ၊ သန္ဓေတားဆေးကိုစတင်မှီဝဲတာ၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ထားရတာကြောင့်ပါ။
ဟော်မုန်းအပြောင်းအလဲဖြစ်တာက သားမြတ်တစ်သျှူးကြီးထွားအောင် လှုံ့ဆော်နိုင်ပါတယ်။ သားမြတ်နှစ်ဖက်က ကြီးထွားပုံစံချင်း ဆင်တူနေရင်တော့ ဘာပြဿနာမှ မရှိပါဘူး။
♦ သားမြတ်ရှုံ့တွသွားခြင်း
ကိုယ်အလေးချိန်လျော့ကျသွားတာကြောင့်ပါ။
သားမြတ်က အဆီတစ်သျှူးနဲ့ ပြုလုပ်ထားတာကြောင့် ၀ိတ်ကျသွားတာနဲ့ သားမြတ်က ရှုံ့တွသွားပြီး အရွယ်သေးငယ်သွားနိုင်ပါတယ်။
သင့်အနေနဲ့ အစားကို လျှော့မစားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားပြီး အတွင်းခံချောင်နေရင်တော့ သိုင်းရွိုက်ရောဂါ ဒါမှမဟုတ် နာတာရှည်ရောဂါရှိနိုင်တာမို့ ဆရာဝန်နဲ့ စစ်ဆေးမှု ပြုလုပ်ပါ။
ဓမ္မတာသွေးပေါ်နေတာကြောင့်ပါ။
ဓမ္မတာသွေးပေါ်တဲ့ ပထမရက်မှာ သားမြတ်အနည်းငယ်ကြီးလာတတ်ပေမယ့် နောက်ရက်တွေမှာ သားမြတ်က ရှုံ့တွသွားနိုင်ပါတယ်။
မီးယပ်သွေးဆုံးချိန်ရောက်သွားတာကြောင့်ပါ။
သွေးဆုံးချိန်မှာ အီစတရိုဂျင်ဟော်မုန်းပမာဏ လျော့ကျသွားတဲ့အတွက် သားမြတ်ရှုံ့တွနိုင်ပါတယ်။
တချို့အမျိုးသမီးတွေက တစ်နေ့ကို ကော်ဖီ သုံးခွက်လောက်သောက်တာနဲ့ သားမြတ်ကျုံ့သွားနိုင်တယ်လို့ ဗြိတိန်ကင်ဆာဖောင်ဒေးရှင်းက လေ့လာမှုအရ သိရပါတယ်။
သားမြတ်ကျုံ့သွားပြီး ဆံပင်ပါးတာ၊ မျက်နှာမှာ အမွေးအမှင်ပေါက်တာ၊ ဝက်ခြံပေါက်တာတွေ ဖြစ်လာရင်တော့ မမျိုးဥအိမ်မှာ အရည်အိတ်ရှိတဲ့ လက္ခဏာစုရောဂါ (PCOS) ကို စစ်ဆေးရပါမယ်။
♦ သားမြတ်တစ်ဖက်က အခြားတစ်ဖက်ထက် ကြီးမားနေခြင်း
သားမြတ်တစ်စုံက ဘယ်သူ့မှာမှ တူညီမှုရှိမှာ မဟုတ်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက် အရွယ်မတူညီတာက ပုံမှန်ဖြစ်စဉ်ပါ။
သားမြတ်ကင်ဆာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
သားမြတ်တစ်ဖက်က အရွယ်နဲ့ ပုံသဏ္ဌာန် သိသိသာသာပြောင်းလဲနေပြီဆိုရင်တော့ သားမြတ်ကင်ဆာဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ပြသပါ။
♦ သားမြတ်အောက်ဘက်တွင် ယားယံခြင်း
တစ်ခုခုနဲ့ဓာတ်မတည့်လို့ပါ။
ဘရာစီယာအုံက ဝိုင်ယာကြိုး၊ ညဝတ်အကျ ဒါမှမဟုတ် ရေချိုးရာမှာ ဆပ်ပြာမစင်ဘဲ ကျန်ရစ်ခဲ့တာတွေကနေ ဓာတ်မတည့်မှု ဖြစ်ပြီး ယားယံနိုင်ပါတယ်။ ကော်တီစောပါဝင်တဲ့ လိမ်းဆေးကို လိမ်းပေးပါ။ ရက်အနည်းငယ်အတွင်း သက်သာသွားနိုင်ပါတယ်။
ပွတ်တိုက်မှုဖြစ်ပြီး_ရောင်ရမ်းနေတာကြောင့်ပါ။
သားမြတ်အောက်ဘက်နေရာက ခေါက်တွန့်ရာမှာ ပွတ်တိုက်မှုဖြစ်ပေါ်ပြီး အရေပြားရောင်ရမ်းတာကြောင့် ယားယံတာပါ။ စတီးရွိုက်ပါဝင်တဲ့ လိမ်းဆေးကိုလိမ်းပြီး မိမိရင်အုံနဲ့ အနေတော်ဖြစ်မယ့် အတွင်းခံအကျကို ဝတ်ဆင်ပါ။
အတွင်းခံအကျကိုပုံမှန်လျှော်ဖို့_လိုအပ်တဲ့အခြေအနေပါ
ဘရာစီယာကို မလျှော်ဖွပ်ဘဲ ထပ်ကာထပ်ကာ ပြန်ဝတ်တာကြောင့် ဘက်တီးရီးယားနဲ့ မှိုပိုးတွေဝင်ရောက်နိုင်ပါတယ်။ အထူးသဖြင့် သားမြတ်အောက်ဘက် တွန့်ခေါက်ရာတွေမှာ ချွေးထွက်များသူတွေမှာ ဖြစ်တတ်ပါတယ်။
♦ သားမြတ်တွင် အကြောပြတ်ရာရှိခြင်း
၀ိတ်တက်လိုက်ကျလိုက်ဖြစ်နေလို့ပါ။
သားမြတ်က ဖောင်းလာလိုက်၊ ကျုံ့သွားလိုက် ဖြစ်တာမို့ အကြောပြတ်ရာပေါ်လာတာပါ။
♦ နို့သီးခေါင်း မည်းညစ်နေခြင်း
ပုံမှန်အခြေအနေပါ။
သားမြတ်ကင်ဆာနဲ့ ဆက်စပ်မှုမရှိပါဘူး။ လူမျိုး၊ အသားရောင်နဲ့ မိမိမှာရှိတဲ့ရောင်ခြယ်ပစ္စည်းတွေပေါ် မူတည်ပြီး နို့သီးခေါင်းအရောင်ကွဲပြားနိုင်ပါတယ်။
♦ နို့သီးခေါင်း ကြီးလွန်းခြင်း သို့မဟုတ် နို့သီးခေါင်း သေးငယ်လွန်းခြင်း
ပုံမှန်အခြေအနေပါပဲ။
♦ နို့သီးခေါင်းပတ်လည်ရှိ ပန်းရောင်အကွင်းတွင် အဖုအထစ်ရှိခြင်း
ဒါကလည်းပုံမှန်အခြေအနေပါပဲ။
နို့အုံက နို့ထုတ်လုပ်ဖို့ တည်ဆောက်ထားတာမို့ ဒီအဖုအကျိတ်တွေက နို့ပွန်တွေရဲ့ အဆုံးသတ်နေရာတွေပါ။
♦ နို့သီးခေါင်းတွင် အမွေးအမှင်ပေါက်ခြင်း
တက်စထရိုစတီရုန်းလိမ်းဆေးနဲ့ထိတွေ့မိတာကြောင့်ပါ။
တချို့အမျိုးသားတွေက လိင်စိတ်နိုးကြွလာအောင် တက်စထရိုစတီရုန်းလိမ်းဆေး အသုံးပြုရင်း သင့်နို့သီးခေါင်းကိုပါ ဆေးနဲ့ ထိတွေ့ထားတာကြောင့် ဆိုးကျိုးအနေနဲ့ အမွေးပေါက်နိုင်ပါတယ်။
မမျိုးဥအိမ်မှာအရည်အိတ်တည်နေတာကြောင့်ပါ။
မမျိုးဥအိမ်မှာ အရည်အိတ်တွေများစွာ ရှိနေတဲ့လက္ခဏာစုရှိသူတွေမှာ တက်စထရိုစတီးရုန်း ဟော်မုန်းပမာဏများနေတာကြောင့် ရင်ဘတ်မှာ အမွေးအမှင်ထူလာနိုင်ပါတယ်။ ဒီရောဂါကို ကုသမှုမခံယူရင် မြုံသွားတတ်ပါတယ်။
♦ နို့သီးခေါင်းယားယံခြင်း
ရေချိုးရာမှာ အသုံးပြုထားတဲ့ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေကို စင်ကြယ်အောင် မဆေးကြောနိုင်လို့ပါ။ ကော်တီဆုမ်းပါဝင်တဲ့ လိမ်းဆေးကို အသုံးပြုနိုင်ပါတယ်။
သင်ဝတ်ထားတဲ့ အဝတ်အစားနဲ့ ဓာတ် မတည့်လို့ပါ။
ဓမ္မတာလာစဉ်ကာလမို့ပါ။ ဒီအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ယားယံနိုင်ပါတယ်။
နို့သီးခေါင်းကင်ဆာခေါ် PCOS ရောဂါဖြစ်နေတာကြောင့်ပါ။ ရှားပါးတဲ့ ကင်ဆာအမျိုးအစားပါ။ နို့သီးခေါင်းနဲ့ သူ့ပတ်လည်က အေရီအိုလာခေါ် ပန်းရောင်စက်ဝန်းနေရာမှာယားယံပြီး အရေပြားအဖတ်တွေကွာကျတာ၊ နို့သီးခေါင်းအတွင်းဝင်တာ၊ နို့သီးခေါင်းမှ သွေး ဒါမှမဟုတ် အဝါရောင်အရည်တွေ ထွက်နေတတ်ပါတယ်။ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
♦ အကျိတ်ရှိပြီး နို့အုံတွင် နာကျင်နေခြင်း
ဓမ္မတာသွေးပေါ်နေတာကြောင့်ပါ။
ဓမ္မတာသွေးပေါ်နေစဉ်ကာလမှာ နို့အုံအပျော့အတင်းနဲ့ အထိခံနိုင် မနိုင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်တတ်တာကို သတိထားမိနိုင်ပါတယ်။ ပုံမှန်အခြေအနေမို့ စိတ်ပူစရာမလိုအပ်ပါ။
ဗီတာမင် ဘီ ၆ ၊ ဗီတာမင် အီးနဲ့ Evening Primrose Oil ပါဝင်တဲ့ အားဖြည့်ဆေးတွေကိုမှီဝဲပါ။ တစ်လလောက်သောက်အပြီး နောက်တစ်ကြိမ် ဓမ္မတာသွ