အနီရောင်အသားနဲ့ ပတ်သက်တဲ့ အယူအဆတချို့

fresh raw rib eye steaks isolated on white background

သင်နေ့စဉ်စားသုံးမှုမှာ အသား၊ ငါးနဲ့ဟင်းသီးဟင်းရွက်တွေကို မျှတစုံလင်အောင် စားတာက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ စားသောက်မှုပါ။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်နဲ့ ငါးစားသုံးမှုတွေဟာ ကျန်းမာရေးနဲ့ မညီညွတ် စရာအကြောင်းပြောဖို့ သိပ်မလိုပေမယ့် အသားတွေစားသုံးမှုဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိ၊ မရှိနဲ့ ကျန်းမာရေးညီညွတ်အောင် ဘယ်လိုစားလို့ရမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး သင့်အနေနဲ့ သိလိုတဲ့ မေးခွန်းတွေရှိနေမှာပါ။ သင်သိလိုတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အနီရောင်အသားတွေစားတာက ကင် ဆာနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို တိုးစေသလား။
အနီရောင်အသားတွေစားတာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေများတယ်ဆိုတဲ့အချက်က ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနီရောင်အသားတွေမှာ ပြည့်ဝဆီတွေ များစွာပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို မြင့်တက်စေပါတယ်။ သွေးတွင်းမှာ မကောင်းတဲ့ကိုလက်စထရောအဆီတွေ များနေတာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို များစေပါတယ်။

၂။ အနီရောင်အသားတွေစားတာက ကင် ဆာဖြစ်ပွားမှုနဲ့ကော ဆက်စပ်မှုရှိပါသလား။
ကင်ဆာဖြစ်ပွားနိုင်ခြေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျမပြောနိုင်ပေမယ့် သုတေသနများစွာရဲ့ဖော်ထုတ်ချက်အရ အနီရောင်အသားတွေ အစားများတာက အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို များစေတယ်လို့ ဆိုပါတယ်။National Institutes of Health အမေရိကန် သက်ကြီးတစ်သန်းနီးပါးကို သုတေသနပြုလုပ်ခဲ့ရာ အနီရောင်အသား အများအပြားကို ၁၀ နှစ်ကျော် စားသုံး ခဲ့သူတွေဟာ အနည်းငယ်စားသုံးသူတွေ ထက် အသက်ပိုတိုတာကို တွေ့ရပါတယ်။ တစ်နေ့ကို အသားလေးအောင်စလောက် စားသုံးသူတွေဟာ တစ်အောင်စအောက် စားသုံးသူတွေထက် ကင်ဆာဖြစ်နိုင်ခြေနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေပိုများတာကို တွေ့ရပါတယ်။ အမျိုးသမီးပေါင်း ၇၂၀၀၀ ကို ၁၈ နှစ်ကြာလေ့လာခဲ့တဲ့ လေ့လာမှု တစ်ခုက အနောက်တိုင်းစတိုင်ဖြစ် အသား များများစားတာ၊ အချိုများများစားတာ၊ ဖြူအောင်လုပ်ထားတဲ့ ကောက်နှံတစ်ခုလုံး စားတာနဲ့ ဆီကြော်စာတွေ စားသုံးမှုများသူတွေဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ တခြားရောဂါတွေ ဖြစ်ပွားမှုများစေတာကို တွေ့ရပါတယ်။

၃။ အနီရောင်အသားတွေ စားတာက ကင် ဆာရောဂါကို ဖြစ်စေတယ်ဆိုရင် ဘယ်လိုအ ကြောင်းတွေကြောင့်ပါလဲ။
အကြောင်းပြချက်ကို တိတိကျကျမ ပြောပြနိုင်တာကြောင့် သုတေသီပေါင်းများ စွာက လေ့လာမှုတွေ ဆက်လက်လုပ် ဆောင်နေကြပါတယ်။

  • အနီရောင်အသားမှာပါဝင်တဲ့ ပြည့်ဝဆီတွေက အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာ အပါအဝင် နှလုံးရောဂါဖြစ်ပွားမှုတွေနဲ့ ဆက်စပ်မှုရှိ၊ မရှိ၊
  • အသားတွေကို ချက်ပြုတ်တဲ့အခါ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေ ဖြစ်ပေါ်လာတာ ရှိ၊ မရှိ၊
  • အသားတွေမှာတွေ့ရတဲ့ သံဓာတ်အမျိုး အစားက ဆဲလ်တွေကိုဖျက်ဆီးတဲ့ ဒြပ်ပေါင်းတစ်မျိုးကိုထုတ်လုပ်ပြီး ကင်ဆာဖြစ်ပွားမှုကို ဦးတည်စေတယ်ဆိုတာ ဟုတ်၊ မဟုတ် စတာတွေကို ဆက်လက်လေ့လာ နေပါတယ်။

၄။ အနီရောင်အသားတွေစားတာက အာ ဟာရတန်ဖိုးကို ရရှိနိုင်ပါသလား။
အနီရောင်အသားတွေမှာ ဆယ်ကျော်သက်အရွယ်တွေနဲ့ သွေးမဆုံးမီအမျိုး သမီးတွေအတွက် လိုအပ်တဲ့ သံဓာတ်ကို ရရှိစေပါတယ်။ အသားတွေမှာပါဝင်တဲ့ သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူမှုအား ပိုမိုများပါတယ်။ အနီရောင်အသားတွေကနေ ဒီအင်န်အေ၊ အာရုံကြောတွေနဲ့ သွေးနီဥတွေအတွက် လိုအပ်တဲ့ ဗီတာမင် ဘီတွဲ (Vitamin B12) ကို ရရှိစေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိန်းသိမ်းပေးတဲ့ ဇင့်ဓာတ်ကိုပါ ရရှိစေပါတယ်။ အနီရောင်အသားတွေကနေ ကြွက်သားနဲ့အရိုးတွေ တည်ဆောက်ရာမှာ လိုအပ်တဲ့ပရိုတင်းဓာတ်အများအပြားကို ရရှိစေပါတယ်။ အသားတွေထဲမှာ အမဲသားက အာဟာရဓာတ် အကြွယ်ဝဆုံးရရှိနိုင်ပါတယ်။ အဆီထုတ်ထားတဲ့ အမဲသား သုံးအောင်စ စားသုံးပါက ၁၈၀ ကယ်လိုရီနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အာဟာရဓာတ် ၁၀ မျိုးထက်မနည်း ရရှိစေနိုင်ပါတယ်။

၅။ ဝက်သားက အနီရောင်အသားလား၊ အ ဖြူရောင်အသားလား။
ဝက်သားက အနီရောင်အသားပါပဲ။ အသားထဲမှာပါဝင်တဲ့ ပရိုတင်း မိုင်ရိုဂလိုဗင် (Myoglobin) ပါဝင်မှုပေါ်မူတည်ပြီး အ သားတွေရဲ့အရောင်ကို ခွဲခြားပါတယ်။ ဝက်သားမှာ ကြက်သားနဲ့ ငါးတွေထက် မိုင်ရိုဂလိုဗင် ပိုမိုပါရှိတာကြောင့် အနီ ရောင်အသားလို့ပဲ သတ်မှတ်ပါတယ်။
၆။ အနီရောင်အသားကို ဘယ်လောက် ပမာဏပဲ စားသင့်ပါသလဲ။
အနီရောင်အသား စားသင့်တဲ့ပမာဏ နဲ့ပတ်သက်ပြီး အနည်းငယ်ကွဲပြားမှုတွေ တော့ရှိပါတယ်။ အနီရောင်အသားတွေကို မစားဘဲ လုံးဝဖြတ်ထားဖို့တော့ မလိုပါဘူး။ အသား အမျိုးအစားနဲ့ စားတဲ့ အစိတ် အပိုင်းပေါ်မူတည်ပြီး စားသင့်တဲ့ပမာဏကွဲ ပြားပါတယ်။ အမေရိကန်ကင်ဆာ သုတေ သနတက္ကသိုလ်က တစ်ပတ်ကို အနီရောင် အသား ၁၈ အောင်စထက် ပိုမစားသင့်ဘူး လို့ အကြံပြုထားပါတယ်။ ပြုပြင်ထားတဲ့ အသားတွေဖြစ်တဲ့ ဝက်အူချောင်း၊ ဟော့ဒေါ့၊ ဝက်ပေါင်ခြောက် စတာတွေက အူမကြီးကင်ဆာဖြစ်နိုင်ခြေများတာကြောင့် ရှောင်သင့်တယ်လို့လည်း အကြံပေးထားပါ တယ်။

၇။ အနီရောင်အသားတွေမှာ ဘယ်အပိုင်း က အဆီပါဝင်မှု အနည်းဆုံးလဲ။
အနီရောင်အသားတွေမှာ ပေါင်သား၊ ပေါင်ရင်းသား၊ မိုးခိုသားတွေက အဆီပါဝင်မှု အနည်းဆုံးနေရာတွေပါ။ အဆီ နည်းတဲ့အပိုင်းတွေကို ရွေးချယ်စားသင့်ပါတယ်။

၈။ တိရစ္ဆာန်တွေရဲ့ အစားအသောက်က အနီရောင်အသားရဲ့ အာဟာရတန်ဖိုး အပေါ် သက်ရောက်မှုရှိပါသလား။
မြက်စားနွားကရတဲ့အသားက အဆီနဲ့ ပြည့်ဝဆီနည်းပါတယ်။ အသားတွေမှာ အိုမီဂါ-၃ အဆီပါဝင်မှုနည်းတယ်ဆို ပေမယ့် မြက်စားနွားကရတဲ့ အသားမှာတော့ အိုမီဂါ-၃ အဆီပါဝင်မှု အနည်းငယ်ပိုများ တာကို တွေ့ရပါတယ်။ အိုမီဂါ-၃ အဆီကို ဆယ်လ်မွန်ငါး၊ ဟင်းသီးဟင်းရွက်ဆီနဲ့ အစေ့အဆန်တွေကနေ အဓိကရရှိနိုင်ပါ တယ်။

၉။ အနီရောင်အသားတွေကို ကင်စားတာက ကင်ဆာဖြစ်နိုင်ခြေကို များစေပါသလား။
အနီရောင်အသားအပါအဝင် ဝက် သား၊ ငါး စတဲ့ အသားတွေကို အပူချိန် ပြင်းပြင်းနဲ့ကင်တာက ကင်ဆာဖြစ်ပွားနိုင် ခြေများစေတဲ့ ဒြပ်ပေါင်းတွေကို ထွက်စေ ပါတယ်။HCAs (Heterocyclic Ami-nes) နဲ့ PAHs (PolycyclicAroma-tic Hydrocarbons) တွေထွက်ပြီး ကင်ဆာဖြစ်ပွားမှုကို တိုးစေပါတယ်။

၁၀။ အသားတွေကို ကင်စားတဲ့အခါ ကင် ဆာဖြစ်ပွားနိုင်မှုကို ဘယ်လိုလျှော့ချနိုင် ပါသလဲ
အနီရောင်အသားတွေကနေ ကင်ဆာဖြစ်စေတဲ့ဒြပ်ပေါင်းတွေ ထွက်ရှိမှုကို လျော့နည်းအောင် ပြုလုပ်နိုင်တာတွေ ရှိပါတယ်။

  • အဆီထုတ်ထားတဲ့အသားကို တိုက်ရိုက်မီးနဲ့ ထိတွေ့ပြီးကင်ဆာ၊ ကျပ်တင်တာတွေက အသားတွေကနေ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေကို ထွက်ရှိမှုများစေပါတယ်။
  • အသားတွေကို ကင်တဲ့အခါ မီးပြင်းပြင်းနဲ့ မကင်ပါနဲ့။
  • အကျက်လွန်အောင် ချက်ပြုတ်တာကို ရှောင်ရှားပါ။
  • အသားတွေကို ဆားရည်စိမ်တာက ကင်ဆာဖြစ်စေတဲ့ဒြပ်ပေါင်းတွေ ထွက်ရှိမှုကို လျော့နည်းစေပါတယ်။
  • အသားတွေကင်တဲ့အခါ မကြာခဏ ဟိုဘက်ဒီဘက်ပြောင်းပြီး ကင်ပေးပါ။ အသားက အရည်တွေ၊ အဆီတွေ မီးပေါ်မကျပါစေနဲ့။

 ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal