ရေယုန်နှင့်ပတ်သက်သည့်အယူအဆများ

•• ရေကျောက်ရောဂါ ကူးစက်ခံရရင် ရောဂါပျောက်ကင်းသွားရင်တောင် ရေကျောက်ရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက ကိုယ်ထဲမှာကျန်နေတတ်ပါတယ်။ နောက်ပိုင်းမှာ အဲဒီဗိုင်းရပ်စ်က အလွန်အမင်းနာကျင်ပြီး အရည်ကြည်ဖုတွေထွက်လာတဲ့ရေယုန်ရောဂါဖြစ်အောင်လှုံ့ဆော်ပေးပါတယ်။

အယူအဆ ► အသက်ကြီးသူတွေကသာ ရေယုန် ပေါက်နိုင်ပါတယ်။
♦ အမှန်
ရေယုန်က အသက် ၅၀ ကျော်သူတွေမှာ ပိုအဖြစ်များလေ့ရှိပေမယ့် ရေကျောက်ရောဂါဖြစ်ဖူးသူတိုင်း (ကလေးတွေမှာတောင်) ရေယုန် ပေါက်နိုင်ပါတယ်။
လူငယ်တွေအနေနဲ့ တချို့ဆေးဝါးအသုံးပြုရတာကြောင့် ဒါမှမ ဟုတ် ကင်ဆာ/HIV လိုမျိုး ပိုးကူးစက်ခံရတာကြောင့် ခုခံအား စနစ်အားလျော့နေချိန်မှာ ပိုပြီးအဖြစ်များပါတယ်။

အယူအဆ ► ရေယုန်က အဖြစ်နည်းတဲ့ရောဂါပါ။
♦ အမှန်
အမေရိကန်လူမျိုး သုံးပုံတစ်ပုံခန့်က ဘဝရဲ့တစ်ချိန်ချိန်မှာ ရေယုန် ပေါက်ဖူးကြတယ်လို့ သိရပါတယ်။
အသက် ၈၅ နှစ်ကျော်သူထက်ဝက်ခန့်ကလည်း တစ်ချိန်ချိန်မှာ ရေယုန်ပေါက်ခဲ့ဖူးပါတယ်တဲ့။

အယူအဆ ► ရေယုန်က မကူးစက်နိုင်ပါဘူး။
♦ အမှန်
ရေယုန်က ပေါက်ထွက်လာတဲ့အရည်တွေကတော့ မကူးစက်နိုင်ပေ မယ့် သူတို့ကိုယ်တွင်းမှာရှိနေတဲ့ ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်က ရေကျောက်မပေါက်ဖူးသေးတဲ့သူကို ကူးစက်င်္ပြီးနောက်ပိုင်း ကူး စက်ခံရသူမှာ ရေယုန်ပေါက်လာပါတယ်။

အယူအဆ ► ရေယုန်နဲ့ရေကျောက်က အတူတူပါ။
♦ အမှန်
သူတို့နှစ်မျိုးက ဗိုင်းရပ်စ်ပိုးတစ်မျိုးတည်းကြောင့်ဖြစ်ပေမယ့် ရေကျောက်ကယားယံတဲ့အရည်ကြည်ဖုပေါင်း တစ်ရာကျော်လောက် ထွက်လာပြီး ငါးရက်ကနေ ခုနှစ်ရက်အတွင်း ပျောက်ကင်းပါတယ်။
ရေယုန်ကတော့ တစ်လလောက် ကြာတတ်ပါတယ်။

အယူအဆ ► ရက်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။
♦ အမှန်
ရေယုန်ဖြစ်သူ ၄၀ % က ရေယုန်အဖုတွေကင်းစင်သွားရင်တောင် နှစ်/လပေါင်းများစွာ ပူစပ်ပူလောင်ဖြစ်နေတာ၊ စူးစူးရှရှနာကျင်တာတွေ ကျန်ရစ်ခဲ့တတ်ပါတယ်။ သင့်ဆရာဝန်က ကုသပေးနိုင်ပါတယ်။

အယူအဆ ► ရေယုန်က ကုသလို့ မရပါဘူး။
♦ အမှန်
ဗိုင်းရပ်စ်ပိုးသတ်ဆေး (ဥပမာ Acyclovir, Famciclovir, Valacyclovir ကို အဖုအပိမ့်ပေါက်အပြီး သုံးရက်အတွင်း သောက်နိုင်ရင် နာကျင်မှုဝေဒနာပျောက်ကင်းပြီး ရောဂါအမြန် ပျောက်ကင်းနိုင်ပါ တယ်။ စောစောစီးစီးသောက်နိုင်လေ ရောဂါပျောက်ကင်းနှုန်း မြန်လေလေပါ။
စတီးရွိုက်ပါဝင်တဲ့ဆေးဝါးတွေ၊ ဆေးဆိုင်ပေါ်မှာ တင်ရောင်းတဲ့ အကိုက်အခဲပျောက်ဆေးဝါးတွေကိုလည်း သောက်နိုင်ပါတယ်။

အယူအဆ ► ရေယုန်က တစ်ကြိမ်ထက် ပိုပြီးမဖြစ်ပေါ်နိုင်ပါဘူး။
♦ အမှန်
ရေယုန်က မကြာခဏ မဖြစ်တတ်ပေမယ့် တစ်ကြိမ်ထက်တော့ပိုဖြစ် နိုင်ပါတယ်။ နောက်တစ်ကြိမ်ပြန်ဖြစ်ရင် အရင်ကဖြစ်ခဲ့တဲ့နေရာ မဟုတ်တော့ဘဲ ကိုယ်ရဲ့တခြားအစိတ်အပိုင်းမှာ ဖြစ်တတ်ပါတယ်။ ရေယုန်ကာကွယ်ဆေးထိုးထားရင် နောက်ထပ်တစ်ကြိမ်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ပထမအကြိမ် ရေယုန်ပေါက်ပြီးမှ ကာကွယ် ဆေးထိုးထားရင် နောင်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

အယူအဆ ► အရည်ကြည်ဖုပေါက်တာက အဓိကပြဿနာပါ။
♦ အမှန်
အာရုံကြောကြောင့် နာကျင်မှုဖြစ်တာအပြင် အရေပြားကိုကူးစက်တာ ကြောင့်အမာရွတ်ပေါ်တာ၊ ခေါင်းကိုက်တာ၊ အဖျားရှိတာ၊ ဝမ်းဗိုက် နာတာ ဒါမှမဟုတ် ကြွက်သားအားနည်းတာတွေပါ ဖြစ်နိုင်ပါတယ်။

အယူအဆ ► ကာကွယ်ဆေးထိုးထားတာကြောင့် ရောဂါမရတော့ပါဘူး။
♦ အမှန်
ကာကွယ်ဆေးထိုးထားပေမယ့် ရေယုန်မဖြစ်ဘူးလို့တော့ အာမ မခံ နိုင်ပါဘူး။
ကာကွယ်ဆေးထိုးထားတာကြောင့်ဖြစ်နိုင်ခြေက ၉၀ % ကျော်လျော့ ကျသွားပါတယ်။
အသက် ၅၀ ကျော်သူတွေက ရေယုန်ကာကွယ်ဆေးကို နှစ်ကြိမ် တစ်ကြိမ်နဲ့တစ်ကြိမ် ၂-၆ လခြားပြီး ထိုးထားသင့်တယ်လို့ ရောဂါ ကာကွယ်ရေးနဲ့ထိန်းချုပ်ရေးဗဟိုဌာနက ညွှန်ကြားထားပါတယ်။ လက်ရှိရေယုန်ပေါက်နေသူနဲ့ ကိုယ်ဝန်ဆောင်ကလွဲပြီးတော့ပါ။

အယူအဆ ► စိတ်ဖိစီးမှုကြောင့်ရေယုန်ပေါက်နိုင်ပါတယ်။
♦ အမှန်
စိတ်ဖိစီးမှုများတာက ခုခံအားစနစ်အားပျော့သွားစေနိုင်ပြီး ရေယုန် ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါမှမဟုတ် စိတ်ဖိစီးမှုကြောင့် အအေးမိ ဝေဒနာရရှိလွယ်ပြီး ရေယုန်ပေါက်အောင် လှုံ့ဆော်နိုင်ပါတယ်။
ရေယုန်ပေါက်နေသူတွေကလည်း စိတ်ဖိစီးမှုကြောင့် နာကျင်တဲ့ ဝေဒနာ ပိုခံစားရနိုင်ပါတယ်။

အယူအဆ ► ရေယုန်ကြောင့် အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။
♦ အမှန်
ရေယုန်က သင့်မျက်လုံး ဒါမှမဟုတ် မျက်ခမ်းကို နာကျင်နီရဲပြီး ရောင်ကိုင်းလာရင် အခြေအနေဆိုးရွားနိုင်တဲ့အတွက် မျက်စိဆရာ ဝန်နဲ့ ချက်ချင်းပြသပါ။ ရေတိမ်ရောဂါ၊ မျက်လုံးအတွင်း အမာရွတ် ဖြစ်တာ ဒါမှမဟုတ် အမြင်ကွယ်တဲ့အထိ ဆိုးရွားနိုင်ပါတယ်။ နှာ ခေါင်းထိပ်မှာ အရည်ကြည်ဖုပေါက်တာကလည်း စောစောစီးစီး သတိပေးလက္ခဏာပါ။

အယူအဆ ► အရည်ကြည်ဖုမှာ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။
♦ အမှန်
အရည်ကြည်ဖုနာကျင်နီရဲနေတာက တစ်ပတ်ကျော်ကြာတဲ့အထိ မပျောက်ကင်းရင် ဒါမှမဟုတ် ပိုမိုဆိုးရွားလာရင် ဗက်တီးရီးယားပိုး ကူးစက်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြပါ။ ပိုးဝင်တာကြောင့် အနာကျက် တာနှေးကွေးနိုင်ပြီး အမာရွတ်ထင်ကျန်ရစ်ခဲ့နိုင်တာမို့ပါ။

အယူအဆ ► ရေယုန်ကြောင့် ဦးနှောက်ထိခိုက်နိုင်ပါတယ်။
♦ အမှန်
အဖြစ်နည်းလှပေမယ့် မျက်လုံး၊ နားရွက်၊ နဖူး ဒါမှမဟုတ် နှာခေါင်း မှာပေါက်တဲ့ ရေယုန်ကြောင့် လေဖြတ်တာ၊ ဦးနှောက်အမြှေးပါး ရောင်တာတွေတောင် ဖြစ်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal