ဘာကြောင့် ပဲအမျိုးမျိုးက ကျန်းမာရေးကောင်းစေတာလဲ

• အမျှင်ဓာတ်ပါဝင်မှုများခြင်း

ပဲအမျိုးမျိုးမှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး နှလုံးရောဂါ၊ သွေးတွင်းကိုလက်စထရောမြင့်မားတာ၊ အစာခြေလမ်းကြောင်းပြဿနာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လူတစ်ယောက်အတွက် နေ့စဉ် အမျှင်ဓာတ် လိုအပ်ချက်က ၂၅-၃၈ ဂရမ်ခန့်ရှိပြီး ပဲတစ်ခွက်စာမှာ အမျှင်ဓာတ်က ၁၉ ဂရမ်ပါ ဝင်ပါတယ်။

• ပရိုတင်းပါဝင်မှုများခြင်း

ပဲတွေက အဆီပါဝင်မှု၊ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒ ရိတ်တွေ ရောစပ်နေပါတယ်။ ပဲ ခွက်တစ်ခွက်စာမှာ ၁၅ ဂရမ်အထိ ပါဝင်ပြီး ထမင်း ထက် ၂-၃ ဆခန့် ပိုများပါတယ်။ သူ့မှာပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်တွေက လိုင်စင်း ခေါ်တဲ့ ပရိုတင်းတည်ဆောက်ဖို့အတွက် အလွန်အမင်းကောင်းမွန်ပါတယ်။ သက်သတ်လွတ်စားသူတွေမှာ လိုင်စင်းဓာတ်လုံလုံလောက်လောက်မရရှိနိုင်တဲ့အ တွက် ပဲကို မဖြစ်မနေ ပါဝင်အောင် စားပေးသင့်ပါတယ်။

• ကျန်းမာသည့်ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ခြင်း

သင်က ပဲဟင်းကို ပုံမှန်စားတတ်တဲ့အကျင့်ရှိရင် ၀ိတ်နည်းပြီး ခါးသေးကာ ခန္ဓာကိုယ် အရပ်အမောင်းနဲ့ အလေးချိန်အချိုးအစား (BMI) လျော့နည်းနိုင်ပါတယ်။ လေ့လာမှုအရ ပရိုတင်းရရှိဖို့အတွက် ပဲကို အဓိက စားသုံးတဲ့ အဝလွန်တဲ့ အမျိုးသား တွေက ကိုယ်အလေးချိန်ကျဆင်းနှုန်းမြန်ဆန်တာကို တွေ့ရပါတယ်။

• နှလုံးကျန်းမာရေးကောင်းမွန်ခြင်း

ပဲစားတာကြောင့် ကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရောလျော့ကျသွားနိုင်ပါတယ်။ ဒါကြောင့် ပဲကို နှလုံးကျန်းမာရေးကောင်းစေတဲ့အစားအစာလို့ သတ်မှတ်ပါတယ်။

• ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ခြင်း

ပဲအမျိုးမျိုးကို စားသုံးတာက ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ရုံသာမက ဆီးချိုရောဂါရှိသူတွေမှာလည်း သွေးတွင်းသကြားဓာတ် မမြင့်တက်အောင် ထိန်း ချုပ်ပေးနိုင်ပါတယ်။

• သံဓာတ်ပေါကြွယ်ဝစွာ ပါဝင်ခြင်း

ခန္ဓာကိုယ်က သံဓာတ်ကို ဟေမိုဂလိုဘင်ပြုလုပ်ဖို့အတွက် အသုံးပြုပါတယ်။ ဟေမိုဂလိုဘင်က ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်သယ်ဆောင်ပေးပါတယ်။ သံဓာတ်က ဟော်မုန်းနဲ့ အရွတ်လိုမျိုး တွယ်ဆက်တစ်သျှူးတွေအတွက် အဓိကအာဟာရဖြစ်ပါတယ်။

• မဂ္ဂနီဆီယမ်ပါဝင်မှုများခြင်း

မဂ္ဂနီဆီယမ်မှာ ပရိုတင်းနဲ့ အရိုးပြုလုပ်ဖို့ ကူညီပေးပြီး သွေးတွင်းသကြားဓာတ် တည်ငြိမ်မှုရှိစေပါတယ်။ ပဲမည်းတစ်ခွက်မှာ မဂ္ဂနီဆီယမ် ၁၂၀ မီလီဂရမ်ပါဝင်ပြီး နေ့ စဉ်လိုအပ််ချက်ရဲ့ သုံးပုံတစ်ပုံရှိပါတယ်။

• ပိုတက်စီယမ်ပေါကြွယ်ဝခြင်း

ခန္ဓာကိုယ်က ပိုတက်စီယမ်ကို နှလုံး၊ ကျောက်ကပ်၊ ကြွက်သားနဲ့ အာရုံကြောအပါအဝင် ကိုယ်တွင်းအင်္ဂါများစွာအတွက် လိုအပ်ပါတယ်။ ပဲတစ်ခွက်စာမှာ ပိုတက်စီယမ် ၁၀၀၀ မီလီဂရမ်ခန့်ပါဝင်ပြီး ဒါက ငှက်ပျောသီးမှာ ပါဝင်တာထက် နှစ်ဆပိုများပါတယ်။

• သွပ်ဓာတ်ကြွယ်ဝခြင်း

ခန္ဓာကိုယ်က ရောဂါပိုးကိုတွန်းလှန်ဖို့၊ မျိုးရိုးဗီဇ (DNA)နဲ့ အနာကျက်ဖို့အတွက် သွပ်ဓာတ်ကို လိုအပ်ပါတယ်။ ကလေးတွေ ပုံမှန်ကြီးထွားဖွံ့ဖြိုးအောင် ကူညီနိုင်ပြီး အနံ့အရသာ ကောင်းမွန်အောင် သွပ်ဓာတ်က ကူညီပေးပါတယ်။

• ဖောလိတ်ကြွယ်ဝခြင်း

ဗီတာမင် ဘီ (ဖောလိတ်ဓာတ်)က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဒါမှမဟုတ် ကလေးရယူဖို့ ကြိုးစားနေသူတွေအတွက် မွေးလာတဲ့ကလေးမှာ မွေးရာပါချို့ယွင်းချက်မရှိ အောင် ကာကွယ်ဖို့အတွက် အထူးလိုအပ်ပါတယ်။ နှလုံးကျန်းမာရေး၊ ဆဲလ်မျိုးပွားမှုနဲ့ အာရုံ ကြောစနစ်အတွက်လည်း ဖောလိတ်က ကူညီပေးပါတယ်။

• ကစီဓာတ်ပါဝင်ခြင်း (Resistant Starch)

သူ့မှာပါဝင်တဲ့ကစီဓာတ်က အမျှင်ဓာတ်လိုမျိုး အစာခြေဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အူမကြီးဆီ ရွေ့လျားသွားပြီး လူ့အကျိုးပြုဗက်တီးရီးယားတွေအတွက် အစာဖြစ်သွားပါတယ်။ ဗိုက်ပြည့်တင်းမှု တာရှည်စွာ ရရှိပြီး သွေးတွင်းသကြားဓာတ် လျော့ကျနိုင်ပါတယ်။ ပဲကို အအေးခံပြီး ရေခဲသေတ္တာထဲ ထည့်စားမယ်ဆိုရင် Resistant Starch ပိုမိုရရှိနိုင်ပါတယ်။

• စည်သွတ်ဘူးအမျိုးအစားကလည်း တူညီသောအကျိုးကျေးဇူးရရှိနိုင်ခြင်း

ပဲကို ရေစိမ်ပြီး ချက်ပြုတ်ဖို့ အချိန်မရလို့မစိုးရိမ်ပါနဲ့။ စည်သွတ်ဘူးထဲက ပဲတွေကလည်း အိမ်ချက်ပဲလိုပဲ တူညီတဲ့အာဟာရရရှိနိုင်ပါတယ်။

TIPS
• ပဲဟင်းရုတ်တရက်အများကြီးစားရင် လေပွနိုင်ပါတယ်။ ဒါက မကျန်းမာတာ ကြောင့် မဟုတ်ပါဘူး။ တစ်ပတ်အကြာမှာ ခန္ဓာကိုယ်က ကျင့်သားရသွားပါလိမ့်မယ်။
• ပဲဟင်းစားပြီး ရေများများသောက်ပေးပါ။
• ပဲဟင်းကို မချက်ခင် တစ်ညခန့် ရေစိမ်ပြီး ရေတွေ သွန်ပစ်လိုက်ပါ။

#ဒေါက်တာခင်မိုးမိုး
#GoodHealthJournal_850
#Health&Nutrition

Post Author: Good Health Journal