ကိုယ်စိတ်နှစ်ဖြာ ကျန်းမာနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးရပါမယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့နည်းလမ်းနဲ့ ဝိတ်ကျနိုင်ဖို့ အာဟာရပြည့်ဝတဲ့အစားအစာကို စားသုံးနိုင်ဖို့ကလည်းအလွန်မှပင် အရေးကြီးတယ်လို့ ဆိုပေမဲ့ သတ်သတ်လွတ်စားသုံးသူတွေကတော့ မိမိစားတဲ့ အစားအစာမှ ပရိုတင်း ပြည့်ဝစွာ မရရှိတတ်ကြပါဘူး။ပရိုတင်းက မရှိမဖြစ်လိုအပ်တဲ့ အာဟရတစ်မျိုးဖြစ်ပြီး သူက စွမ်းအင်ရရှိအောင်ကူညီနိုင်ကာ ခန္ဓာကိုယ်ထဲက ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးပြီး ဆဲလ်အသစ်ကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ အစာအတွက်ကျေနပ်နှစ်သိမ့်မှုလည်း ရရှိနိုင်ပြီး အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိနိုင်ပါတယ်။ အသားစားသူတွေက ကြက်သားနဲ့ ငါးလိုမျိုး အသားအမျိုးမျိုးမှ ပရိုတင်းကို အပြည့်အဝ ရရှိနိုင်ပေမဲ့ သတ်သတ်လွတ်စားသုံးသူတွေက ပရိုတင်းလုံလောက်အောင်ရရှိဖို့ ခက်ခဲနိုင်တာကြောင့် ပရိုတင်းကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို ဖော်ပြပေးလိုက်ပါတယ်။#ဟင်းနုနယ်နှင့်ဘရိုကိုလီ။ဟင်းနုနယ်နဲ့ ဘရိုကိုလီလိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပရိုတင်းပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ချက်ပြီးသား ဟင်းနုနယ်တစ်ခွက်စာမှာ […]
Category: Lifetsyle
ခြေထောက်အနှိပ်ခံခြင်း ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ခြေထောက်အနှိပ်ခံခြင်း ၏ ကျန်းမာရေး အကျိုးကျေးဇူးများ အနှိပ်ခံတာကို ရှေးယခင်ထဲက အသုံးပြုခဲ့ကြပြီး သူက အန္တရာယ်ကင်းကာ သဘာဝအတိုင်း ဘဝအရည်အသွေး ကောင်းမွန်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ခြေထောက်အောက်ပိုင်းနဲ့ လက်ဖဝါးက အာရုံကြောကိုနှိုးဆွရတဲ့ နည်းလမ်းကို အသုံးပြုထားတာဖြစ်ပြီး အာရုံကြော တစ်ခုစီက ကိုယ်တွင်းက အင်္ဂါတွေနဲ့ ဂလင်းတွေ ဆက်သွယ်နေကြပါတယ်။ အနှိပ်ခံတာက ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိနိုင်တဲ့ အံဩဖွယ်နည်းလမ်း ဖြစ်ပါတယ်။ သူ့ကြောင့် ခေါင်းကိုက်ဝေဒနာ၊ အအေးမိလက္ခဏာ၊ စိတ်ဖိစီးမှု နဲ့ နေ့စဉ် သက်သောင့်သက်သာ မရှိတာတွေ သက်သာနိုင်ပါတယ်။ ညစဉ် အိပ်ရာမဝင်ခင် ခြေဖဝါးကို အနှိပ်ခံတာကြောင့် တစ်နေ့တာလုံး ပင်ပန်းထားတဲ့ ခြေထောက် ညောင်းညာကိုက်ခဲတာ သက်သာသွားတဲ့ အပြင် အောက်ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးကိုလည်း ရရှိနိုင်ပါတယ်။ #စိတ်ကျန်းမာရေးကောင်းမွန်နိုင်ခြင်း။ ခြေဖဝါးကို […]
သင်နေ့စဉ်ပြုလုပ်နေသည့်အမူအကျင့်အမှားများ
မနက်အိပ်ရာထထချင်း ပထမဆုံး လုပ်မိတဲ့အလုပ်က ကော်ဖီတစ်ခွက် သောက်လိုက်တာပဲဖြစ်ပါတယ်။ ဒီအပြုအမူက မှားယွင်းနေမှန်း သိကြမှာမဟုတ်ပါဘူး။ ဒီလိုမိမိမသိလိုက်ဘဲ မှားယွင်းတဲ့အမူအကျင့်တွေကို နေ့စဉ်ပြုလုပ်နေတာတွေရှိတာမို့ အမူအကျင့်မှားတွေကို သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ၁) မနက် ၉ နာရီခွဲမတိုင်မီ ကော်ဖီသောက်ခြင်း လူတိုင်းလူတိုင်းရဲ့ ခန္ဓာကိုယ်က ကွဲပြားခြား နားကြပေမယ့် လူတိုင်းအတွက် ၂၄ နာရီ ဟော်မုန်း စက်ဝန်းကတော့ အတူတူပဲဖြစ်ပါတယ်။ တစ်နည်း အားဖြင့်ဆိုရင် အစီအစဉ်တကျ ရှိပြီးသားပါ။ ခန္ဓာ ကိုယ်ကို နိုးကြားတက်ကြွမှုဖြစ်စေနိုင်တဲ့ ဟော်မုန်းကော်တီစောဟာ ပုံမှန်အားဖြင့် မနက် ၈-၉ နာရီကြားမှာ ခန္ဓာကိုယ်ထဲက ထွက်လာလေ့ရှိပါတယ်။ ဒါကြောင့် ဒီလိုအချိန်တွေမှာ ကော်ဖီသောက်ပြီး ခန္ဓာကိုယ်ကို နိုးကြားတက်ကြွအောင် လုပ်ယူစရာမလိုပါဘူး။ ကော်ဖီ သောက်ဖို့ အကောင်းဆုံးအချိန်က မနက် ၉ နာရီခွဲနဲ့ […]
အိပ်မပျော်ခြင်းအကြောင်း သင်ဘယ်လောက်သိပါသလဲ
ဒီရက်ပိုင်းထဲ ညညအိပ်မပျော်တဲ့ သူတွေ များနေကြပါတယ်။ စိတ်ဖိစီးမှု များတာရော၊ စိတ်ဓာတ်ကျတာရော၊ စိုးရိမ်ပူပန်စိတ်များတာရော၊ ကိုယ်လက် လှုပ်ရှားမှုနည်းတာကြောင့်ပါ တော်ရုံနဲ့ အိပ်မပျော်ကြတာပါ။ အိပ်မပျော်ရတဲ့ အကြောင်းတွေကို ဒီ Quiz လေးဖြေ ရင်း လေ့လာကြည့်ကြရအောင်။ ၁။ ညဘက်အိပ်မပျော်ပါက ဘာတွေဖြစ်လာနိုင်ပါသလဲ။ (က) မှတ်ဉာဏ်ဆိုင်ရာပြဿနာတွေ (ခ) အက်ဆီးဒန့်တွေ (ဂ) စိတ်ဓာတ်ကျတာတွေ (ဃ) အပေါ်ကအချက်တွေအကုန် ၂။ အောက်ပါတို့အနက် ဘယ်အရာက အိပ်ရေးမဝဖြစ်စေနိုင်ပါသလဲ။ (က) အေးလွန်းတဲ့အိပ်ခန်း (ခ) နောက်ကျမှစားတဲ့ ညစာ (ဂ) ညတိုင်းအိပ်ရာဝင်တဲ့ အချိန်မှန် ရင် (ဃ) အပေါ်ကအချက်အားလုံး ၃။ ညဘက်အိပ်မပျော်တာကို ဘာနဲ့ ကုသနိုင်ပါသလဲ။ (က) အိပ်ဆေး (ခ) အမူအကျင့်တွေပြောင်းလဲခြင်း (ဂ) နှစ်မျိုးလုံး […]
ဦးနှောက်ပျက်စီးစေနိုင်သော အမူအကျင့်ဆိုးများ
သင်နေ့စဉ် အမှတ်မထင်ပြုလုပ်နေကျအရာတွေထဲမှာ အောက်ဖော်ပြပါ ဦးနှောက်ပျက်စီးနိုင်တဲ့ အမူအကျင့်တွေရှိနေရင် အခုကစတင်ပြီး ပြုပြင်လိုက်ပါ။ အစာကြူးခြင်း အစာကို အလွန်အမင်း စားသုံးတာကြောင့် အဝလွန်နိုင်ပြီး ဦးနှောက်ပျက်စီးနိုင်ကာ အာရုံစူးစိုက်နိုင်မှု လျော့နည်းသွားနိုင်ပါတယ်။ နံနက်စာ မစားခြင်း နံနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံး လိုအပ်တဲ့အစာဖြစ်ပြီး သူ့ကို မစားဘဲ ရှောင်နေရင် သွေးတွင်းသကြားဓာတ်အတက်အကျများပြီး မတည်မငြိမ် ဖြစ်တတ်ပါတယ်။ တစ်ညလုံးအစာမစားဘဲ အိပ်နေရတာကြောင့် မနက်အိပ်ရာထခါစ မှာ အစာစားဖို့ လိုအပ်ပါတယ်။ အစာမစားရင် ဦးနှောက်က အာဟာရမရရှိတာကြောင့် ပျက်စီးလွယ်နိုင်ပါတယ်။ အိပ်စက်အနားမယူခြင်း မအိပ်ရတဲ့ ရက်တွေ များပြားလာရင် ဦးနှောက်ထဲက ကျန်းမာတဲ့ ဆဲလ်ကောင်းတွေ လျော့နည်းသွားနိုင်ပါတယ်။ အိပ်စက်နေစဉ်မှာ ခန္ဓာကိုယ်က ပျက်စီးနေတဲ့ ဆဲလ်တိုင်းကို ပြုပြင်ပေးပြီး ဆဲလ်အသစ်တွေ ထုတ်လုပ်ပေးနေတာပါ။ အချိုစာ အစားများခြင်း ကျွန်မတို့စားလိုက်တဲ့အစာတိုင်းနဲ့ […]
ခါးနာနေစဉ် ချက်ချင်းရှောင်ရှားသင့်သည့် အပြုအမူ ခြောက်မျိုး
ခါးနောက်ကျောနာတာက အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အဲဒီပြဿနာကြောင့် အလုပ်အကိုင် ထိခိုက်တာတွေ ဖြစ်တတ်ပါ တယ်။ ခါးနောက်ကျောအောက်ပိုင်း နာတာဖြစ်ပေါ်လာခဲ့ရင် ချက်ချင်းရပ်တန့်သင့်တဲ့ အပြုအမူ ခြောက်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁) နာကျင်မှု ပျောက်ကင်းအောင် စောင့်ဆိုင်းနေခြင်း ခါးနာတဲ့ဝေဒနာက တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကျော် ကြာနေခဲ့ရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။ မိမိဘာသာ ရောဂါပျောက်နိုးနိုးနဲ့ အကိုက်အခဲ ပျောက်ဆေးတွေသောက်နေမယ်ဆိုရင် ကုသမှုမှာ ခက်ခဲသွားနိုင်ပါတယ်။ ခါးနာ တာကို စောစောစီးစီးကုသမှုခံယူလေလေ၊ ပျောက်ကင်းနှုန်း မြန်လေလေပါ။ ၂) အပူ သို့မဟုတ် အအေးကပ်ခြင်းကို ရပ်တန့်လိုက်ပါ ခါးနာတာကြောင့် အပူ ဒါမှမဟုတ် အအေးကပ်တာက နာကျင်တဲ့ဝေဒ နာသက်သာနိုင်ပေမယ့် ယာယီသာ ပျောက်ကင်းနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ ခန္ဓာကိုယ်အနေအထားမှန်ကန်အောင် လေ့ကျင့်ပေးတာက ခါးနောက် ကျောနာကျင်မှုအတွက် အလွန်ထိရောက်တဲ့ကုသမှုလို့ […]
သင့်ဒူးခေါင်းပျက်စီးစေနိုင်သည့် အမူအကျင့် ငါးမျိုး
ဒူးခေါင်းကို ဒဏ်ရာရထားဖူးတဲ့အတွက် ဒူးနာဝေဒနာခံစားရနိုင်ပါတယ်။ ဒါကြောင့် သင် နေ့စဉ် လုပ်ဆောင်နေတဲ့လုပ်ငန်းထဲက အမှတ်မထင် ဒူးခေါင်းကို ဒဏ်ရာရစေနိုင်တဲ့အမူအကျင့်ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကိုယ်အလေးချိန်မြင့်မားခြင်း သင့်ခန္ဓာကိုယ်ရဲ့ အလေးချိန် တစ်ပေါင်တိုးလာတိုင်း သင် မတ်တတ်ရပ်စဉ် မှာ သင့်ဒူးအပေါ် ဖိအားသက်ရောက်တဲ့ ပေါင်ချိန် သုံးပေါင် တိုးလာပါတယ်။ အဝလွန် တာကြောင့် အရိုးအဆစ်ရောင်ရောဂါ ဝေဒနာခံစားရကာ ဒူးခေါင်းအတွင်းမှ အရိုးနု တွေပျက်စီးလာပြီး အလွယ်တကူ ဒဏ်ရာရရှိနိုင်ပါတယ်။ ကိုယ်အလေးချိန် ၁၀ ပေါင်ကျော် လျှော့ချလိုက်ရုံနဲ့ အရိုးအဆစ်ရောင်ရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ လေ့လာမှုအရ သိရှိထားပါတယ်။ ၂။ လေ့ကျင့်ခန်းလုံလုံလောက်လောက် မလုပ်ခြင်း ဒူးခေါင်းကျန်းမာရေးနဲ့ပတ်သက်လာရင် လေ့ကျင့်ခန်းလုပ်တာက အသွား နှစ်ဖက်ပါ ဓားသွားလိုမျိုး အကျိုးသက်ရောက်မှုရှိပါတယ်။ ဒူးခေါင်းကျန်းမာဖို့အ တွက် လေ့ကျင့်ခန်းလုပ်ဖို့ […]
ဘာကြောင့် အိပ်ချိန်အပြည့်ရရှိတာတောင် အိပ်ချင်နေရတာလဲ ?
လူတစ်ယောက်ဟာ အိပ်ချိန်အပြည့်အိပ်ထားခဲ့ရင် မနက်အိပ်ရာထခါစမှာ ဦးနှောက်ကြည်လင်စွာနဲ့ လန်းလန်းဆန်းဆန်း နိုးလာနိုင်ပါတယ်။ အိပ်ချိန်အပြည့်ဆိုတာက တစ်ညကို ခုနစ်နာရီနဲ့ရှစ်နာရီကြား အိပ်တာဖြစ်တယ်လို့ အိပ်စက်မှုဆိုင်ရာဆေးပညာ အမေရိကန်ဌာနက သတ်မှတ်ချက်အရ သိရပါတယ်။ အိပ်ချိန်အနည်းငယ်ပဲရှိတာကြောင့် မနက်အိပ်ရာထမှာ အိပ်ရေးမဝတဲ့ပုံစံနဲ့ နိုးလာတာက အံ့သြစရာအနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိပ်ချိန်အပြည့်အဝအိပ်ထားတာတောင် အိပ်ရာထခါစမှာ အိပ်ရေးမဝသလိုဖြစ်နေရင်တော့ တစ်ဖက်ပါအကြောင်းတွေကြောင့်ပါ။ သင့်မှာ Sleep Apnea ရှိနေတာကြောင့်ပါ Sleep Apnea ရှိနေရင် ဦးနှောက်ကို ညဘက်မှာ အိပ်ရမလား အသက်ရှူရမလားဆိုတာကို ဆုံးဖြတ်ဖို့ တွန်းအားပေးနေတဲ့အခြေအနေ ဖြစ်နေပါတယ်။ သင်အိပ်တဲ့အခါမှာ လျှာခင်ထဲက ကြွက်သားပျော့တွေက လေပြွန်ကို ပိတ်ဆို့ပြီး အသက်ရှူတာ ယာယီရပ်တန့်သွားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိတ်သွားတဲ့အတွက် အသက်ရှူမဝတာကြောင့် အောက်ဆီဂျင်ပြန်လည်ရရှိဖို့ အသက်ရှူနိုင်အောင် ဦးနှောက်က သင့်ကို အလိုလိုနှိုးလိုက်ပါတယ်။ ညအိပ်စဉ်မှာ ဒီလိုမျိုးခဏခဏဖြစ်တဲ့အတွက် […]
ကိုယ့်ဘဝကိုယ် နေပျော်အောင် ဘယ်လိုနေထိုင်ကြမလဲ
ဘဝက သာယာလှပပြီး နေပျော်စေ ဖို့ အောက်ပါဘဝနေနည်း ၂၁ နည်းကို လိုက်နာကျင့်သုံးသင့်ပါတယ်။ ၁။ တစ်နေ့ကို ၁၀-၃၀ မိနစ် လမ်း လျှောက်ပါ။ လမ်းလျှောက်တဲ့အခါ သင့် မျက်နှာကို အလှဆုံးပြုံးထားပါ။ ၂။ နေ့စဉ် ၁၀ မိနစ်လောက် တိတ် ဆိတ်ငြိမ်သက်စွာ ထိုင်ပါ။ ၃။ မနက်ခင်း မိုးလင်းတဲ့အခါ ကိုး ကွယ်ရာ ဘာသာတရားကို သက်ဝင်ယုံ ကြည်စွာနဲ့ ဆောင်ရွက်ပါ။ ၄။ လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်း သီးဟင်းရွက်တွေ ပိုစားပါ။ ၅။ လက်ဖက်စိမ်းရည်သောက်ပါ။ ရေ များများသောက်ပါ။ ဘလူးဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဗာဒံစေ့တွေ စားပါ။ ၆။ တစ်နေ့ကို အနည်းဆုံး လူသုံး ယောက်ကို ရယ်ပြပါ။ ၇။ […]
သင့်ကို ရုပ်ဆိုးသွားစေတဲ့ အပြုအမူတွေ လုပ်နေတာလား
လူတိုင်းက လှချင်၊ ချောချင်ကြသူ တွေချည်းပါပဲ။ ဒါပေမဲ့ ကိုယ်ရဲ့သတိ လက်လွတ် လုပ်နေတဲ့ အပြုအမူတွေက သင့်ကို ရုပ်ဆိုးစေတာတွေ ရှိပါတယ်။ ပိုက်ဆံကုန်ခံပြီးဘယ်လိုပဲ အလှတွေပြင် ပြင် ရုပ်ဆိုးစေတဲ့အပြုအမူတွေ လုပ်နေ မယ်ဆိုရင် ဘာမှ ထူးလာမှာ မဟုတ်ပါ ဘူး။ အဲဒါကြောင့် အောက်ပါ ရုပ်ဆိုးစေ တဲ့အပြုအမူတွေ သင်ကိုယ်တိုင် လုပ်နေ မိတယ်ဆိုရင် အခုကစပြီး ရှောင်ရှားကြဖို့ လိုပါတယ်။ ဆီကြော်တွေ စားမိနေခြင်း အာလူးကြော်၊ ဟမ်ဘာဂါ၊ ပီဇာ စတာတွေက ခန္ဓာကိုယ်အတွက် ကျန်းမာ ရေးနဲ့ မညီစေပါဘူး။ ဒါတွေကို စားပါများ လာရင် တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ပြင်ပ ရဲ့ပုံပန်းသဏ္ဌာန်တွေ ပြောင်းလာသလို ကိုယ်တွင်းမှာလည်း မျက်စိနဲ့ မမြင်နိုင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြားအတွက်လည်း […]