အမျိုးသားတွေမှာဖြစ်တတ်တဲ့ သုက်လွှတ်စောတာကို လေ့ကျင့်ခန်းနဲ့ ကုသနိုင်လား

အမျိုးသားတွေအနေနဲ့ ကိုယ့်အဖော်နဲ့အတူSex ကိစ္စဆောင်ရွက်ချိန်မှာ စိတ်ဆန္ဒမပြည့်မီ အချိန်ခဏအတွင်း သုက်ထွက်သွားတာကို ဆိုလိုတာပါ။ ဒီဖြစ်စဉ်မျိုးဖြစ်တာ အချိန်ကြာလာတဲ့အခါ စိတ်ရောဂါဖြစ်လာနိုင်ပါတယ်။ စုံတွဲတွေမှာ ကျေနပ်မှုမရတဲ့အခါ ပျော်ရွှင်မှုလည်း တဖြည်းဖြည်းနည်းလာပြီး၊ အိမ်ထောင်ရေးသုခလည်း ပျောက်ကွယ်လာနိုင်ပါတယ်။ သုက်လွှတ်စောတာ အမြဲတမ်းလိုလို ဖြစ်ပေါ်နေပါက ကျန်းမာ ရေးပြဿနာတစ်ခုဖြစ်ကြောင်းသိသင့်ပြီး နားလည်သူနဲ့ တိုင်ပင်ပြီး ကုသမှုခံယူသင့် ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသားတစ်ယောက်မှာ ပထမဆုံးအချိန် လိင်ဆက်ဆံစဉ်အတွင်း သုက်ထွက်စောတာက ပြဿ နာမဟုတ်ပေ။ မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တာ၊ ဆန္ဒမပြီးမြောက်တာနဲ့ သုက်ထွက်ချိန်မှာ နာကျင်မှုတွေ ခံစားရတယ် ဆိုရင်တော့ ကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။

သုက်လွှတ်မြန်တာကို ဘယ်လိုသိနိုင်လဲ
အမျိုးသားတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ သုက်လွှတ်စောတာကို သူတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သတိထားမိတတ်ကြပြီး အိမ်ထောင်ရေးအဆင်မပြေမှုတွေဖြစ်ပေါ်တတ်တာ၊ လိင်ဆက်ဆံချိန်မှာ ကျေနပ်မှုမရလို့ အဆင်မပြေတာ စတာတွေကနေ သိနိုင်ပါတယ်။

သုက်လွှတ်ဖို့ အချိန်ဘယ်လောက် လိုအပ်နိုင်လဲ
အမျိုးသားတစ်ယောက် သုက်လွှတ်နိုင်ဖို့အတွက် သီးသန့်သတ်မှတ်ထားတဲ့ အချိန်ဆိုတာ အတိအကျမရှိပါဘူး။ တချို့လေ့လာမှုတွေအရ သာမန်စုံတွဲတွေမှ ာSex ကိစ္စဆောင်ရွက်ချိန် အနည်းဆုံး ၇-၈ မိနစ်ကြာချိန်မှာ သုက်လွှတ်တတ်ကြပြီး၊ သုက်လွှတ်စော တဲ့ဆိုသူတွေမှာတော့ လိင်ဆက်ဆံရင်း တစ်မိနစ်၊ နှစ်မိနစ်အကြာမှာ သုက်လွှတ် တတ်ကြတယ်လို့ သိရပါတယ်။ သင်ရဲ့ လိင်ဆက်ဆံဖက်က သုံးမိနစ်၊ လေးမိနစ် အကြာမှာ စိတ်ကျေနပ်မှုရှိသွားတယ်ဆို ရင်တော့ သင်က သုက်လွှတ်စောနေတာ မဟုတ်ဘူးလို့ ယူဆလို့ ရနိုင်ပါတယ်။

သုက်လွှတ်စောတာ ဘာကြောင့်ဖြစ်ရသလဲ
အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး တခြားစိတ်လှုပ်ရှားမှုအကြောင်းအရာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ တခြားအကြောင်းအချက်တွေ ဆိုတာ ကတော့ –

  • စိတ်ဓာတ်ကျတာနဲ့ မျှော်လင့်ချက်မဲ့နေတာ
  • အမျိုးသားလိင်အင်္ဂါကြွက်သားတွေ အားနည်းတာ
  • စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါရှိတာ
  • လိင်တံအရေပြားမှာ အထိခိုက်မခံ (Sensitive) ဖြစ်တာ
  • မိမိဘာသာစိတ်ဆန္ဒဖြေဖျောက်တာ (Masturbation) ကို ခဏခဏပြုလုပ် လေ့ရှိခြင်း

စိတ်ဓာတ်ကျတာနဲ့ သုက်လွှတ်စောတာ ဘယ်လိုဆက်စပ်နေလဲ
စိတ်ဖိစီးမှုများတာနဲ့ စိတ်ကျရောဂါ ခံစားနေရတာတွေကြောင့် ဘဝမှာ ပျော်ရွှင်ကျေနပ်မှုမရှိတော့ဘဲ လိင်မှုကိစ္စတွေမှာလည်း စိတ်ပါဝင်စားမှုလျော့နည်းလာတတ်ပါတယ်။ လိင်မှုဆိုင်ရာကိစ္စတွေမှာ စိတ်ခံစားမှုလျော့နည်းလာပြီး မပျော်ရွှင်တဲ့စိတ်ကြောင့် နေ့စဉ်ဘဝနေထိုင် လှုပ်ရှားမှုတွေမှာလည်း ခံစားချက်တွေ ကင်းမဲ့လာနိုင်ပါတယ်။ အထူးသဖြင့် လိင်မှုဆိုင်ရာကိစ္စတွေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလျော့နည်းလာပြီး အချိန်ကြာလာတဲ့အခါ သုက်မလွှတ်နိုင်တာနဲ့ သုက်လွှတ်စောတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

သုက်လွှတ်စောတာအတွက် လေ့ကျင့်ခန်းနဲ့ ကုသနိုင်လား
အခြေခံအားဖြင့် သွေးလည်ပတ်မှု မလုံလောက်တာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းလိင်အင်္ဂါအထိ လုံလောက်တဲ့ သွေးလည်ပတ်မှုကို မရရှိတာကြောင့် လိင်မှုဆိုင်ရာ စွမ်းရည်တွေကို ကျဆင်းလာနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုပုံမှန်ပြု လုပ်ပေးတာကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကောင်းစေပြီး တစ်နေ့တာအတွက် စွမ်းဆောင်ရည်တွေလည်း မြင့်မားလာစေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန် သုံး၊ လေး၊ ငါးလကြာချိန်တွင် ပိုမိုတိုးတက်လာတဲ့ သင့်ကျန်းမာရေး အခြေအနေတွေကို တွေ့ရှိနိုင်ပါကြောင်း လေ့လာမှုအတော်များများက အတည်ပြုထားကြပါတယ်။

ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်လဲ

Kegel လေ့ကျင့်ခန်း
သင့်ဆီးခုံကြွက်သားတွေကို ဆီးသွားချိန်မှာ ဆီးအောင့်ထားသလိုမျိုး အချိန်စက္ကန့်အနည်းငယ်ကနေ မိနစ်အနည်းငယ်ကြာတဲ့အထိ ထိန်းထားလိုက်၊ ပြန်ဖြေလျှော့လိုက် လေ့ကျင့်ပေးမယ်ဆိုရင် လိင်တံတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေ အားလုံးကို သန်မာစေနိုင်ပါတယ်။

ဆွဲဆန့်လေ့ကျင့်ခန်း
အကြောတွေကို ဆွဲဆန့်ပြီးတော့ လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ယောဂလိုလေ့ကျင့်မှုမျိုးကလည်း ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကောင်းစေပြီး၊ အမျိုးသားတွေအအတွက်လည်း စိတ်ခံစားချက်ကောင်းတွေကို ပေးစွမ်းနိုင်ပါတယ်။

ကွန်ဒုံးအသုံးပြုခြင်း
အမျိုးသားအများစုက လိင်ဆက်ဆံစဉ် စိုးရိမ်မှုလွန်ကဲနေပြီး မိမိရဲ့အဖော်မှာ ကိုယ်ဝန်ရသွားမှာကို စိုးရိမ်တဲ့စိတ်ကြောင့်လည်း သုက်လွှတ်စောတာ ပိုပြီးအဖြစ် များတတ်ကြပါတယ်။ ဒီလိုဖြစ်တဲ့ စိုးရိမ်စိတ်ကိုမဖြစ်အောင် ကာကွယ်နိုင်ဖို့ဆိုရင်တော့ ကွန်ဒုံးအသုံးပြုတာက စိတ်ချရ ပြီး စိုးရိမ်စိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကွန်ဒုံးအသုံးပြုတဲ့အခါ တချို့ အမျိုးသားတွေအနေနဲ့ စိတ်ကျေနပ်မှု မရှိကြပေမယ့် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေနဲ့ ကိုယ်ဝန်ရနိုင်ခြေကို ကာကွယ်ရာမှာ ထိရောက်မှုရှိတာကြောင့် လိင်ဆက်ဆံတဲ့အခါ ဖြစ်တတ်တဲ့ စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးနိုင်မှာ ဖြစ်ပါတယ်။

သုက်လွှတ်စောတာအတွက် ဆရာဝန်နဲ့ ဘယ်အချိန်မှာ တိုင်ပင်သင့်ပြီလဲ
လိင်ဆက်ဆံတိုင်း သုက်လွှတ်စောတာက အကြိမ်ရေများစွာဖြစ်ပေါ်နေတယ်ဆိုရင်၊ လိင်မှုဆိုင်ရာကိစ္စတွေမှာ စိတ် ကျေနပ်မှုတွေမရရှိဘူးဆိုရင်၊ အချိန်တွေကြာလာတဲ့အခါ စိတ်ကျဝေဒနာတွေ ခံစားလာရတယ်ဆိုရင် နားလည်တတ် ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။ လိင်ဆက်ဆံ စဉ် စိတ်ကျေနပ်မှုမရှိတာကြောင့် စိတ်တိုတာ၊ ဒေါသထွက်တာ၊ စိတ်ခံစားချက်ပြောင်းလဲတာနဲ့ မိမိရဲ့လိင်ဆက်ဆံဖော်မှာလည်း စိတ်ကျေနပ်မှုတွေ မရရှိဘူးဆိုရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုတွေ အမြန်ဆုံးခံယူဖို့ တိုက်တွန်းချင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

 

Post Author: Good Health Journal