အရပ်ရှည်လိုလျှင်

အရပ် ရှည်တာ၊ ပုတာက မျိုးရိုးဗီဇ ကြောင့် အဓိက သက်ဆိုင်နေပြီး (၆၀-၈၀ ရာခိုင်နှုန်း) ကျန် (၂၀-၄၀ ရာခိုင် နှုန်း) ကတော့ ပတ်ဝန်းကျင်ရဲ့ အကျိုး သက်ရောက်မှု အထူးသဖြင့် စားသောက် ပုံနဲ့ ဆက်စပ်နေပါတယ်။ အရပ်အမောင်း ကောင်းစေဖို့ အောက်ဖော်ပြပါအချက် တွေကနေ ကြိုးစားကြည့်နိုင်ပါတယ်။

(၁) ကျန်းမာရေးနဲ့ညီညွတ်တဲ့ နံနက်စာ စားပါ
နံနက်စာစားတာက ဇီဝကမ္မဖြစ် စဉ်ကို ကောင်းစွာအလုပ်လုပ်စေပြီး ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုအပေါ် ကောင်း ကျိုးများစွာ သက်ရောက်စေပါတယ်။ အရပ်ရှည်ဖို့အတွက် နံနက်စာကို အာ ဟာရပြည့်ဝအောင်စားပါ။

(၂) အရပ်ရှည်မှုဖြစ်စဉ်ကို ဟန့်တားစေ တဲ့အရာတွေ မလုပ်ပါနဲ့
ဒီထဲမှာ ဘာတွေပါမလဲဆိုတော့ အ ရက်သေစာသောက်တာ၊ ဆေးလိပ် သောက်တာ၊ ကဖင်းဓာတ် အလွန်အကျွံ သောက်သုံးမှီဝဲတာ စတဲ့အကျင့်ဆိုးတွေ ကို ငယ်ရွယ်စဉ်ကတည်းက မလုပ်ပါစေ နဲ့၊ ဒါတွေက ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

(၃) အိပ်ရေးဝအောင်အိပ်ပါ
ကြီးထွားဖွံဖြိုးနေဆဲကလေးတွေနဲ့ ဆယ်ကျော်သက်တွေက အိပ်ရေး၀၀ အ နားယူအိပ်စက်ဖို့ အထူးလိုအပ်ပါတယ်။ အနည်းဆုံး ၉-၁၁ နာရီထိ အိပ်ချိန်ရှိဖို့ လိုအပ်ပြီး အိပ်နေစဉ်မှသာ ပစ်ကျူတရီ ဂလင်းကနေ ကြီးထွားမှု ဖြစ်စေတဲ့ ဟော် မုန်းတွေ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(၄) အာဟာရမျှတအောင်စားပါ။
အသီးအရွက်တွေချည်း၊ အသား တွေချည်းပဲ မစားဘဲ ပရိုတင်းဓာတ်၊ အ မျှင်ဓာတ်၊ ဗီတာမင် အစုံအလင် ရရှိ အောင် စားစရာစုံစုံလင်လင်ကို မျှတ အောင် စားပေးရပါမယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ အစုံ အလင် ရရှိနေမှတော့ အရပ်ပုသွားမှာကို လည်း စိုးရိမ်စရာမလိုတော့ပါဘူး။

(၅) ရေများများသောက်ပါ
ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ လည်း လိုပါတယ်။ ဒါမှ မကောင်းတဲ့ တောက်ဆင်တွေကို ဖယ်ရှားနိုင်ပြီး၊ အစာခြေ စနစ်ကို ကောင်းမွန်စေပါတယ်။ အရပ်အမောင်းကောင်းစေဖို့ တစ်နေ့ကို ရေရှစ်ဖန်ခွက် အနည်းဆုံး သောက်ပေးပါ။

(၆) ကိုယ်လက်လှုပ်ရှားလုပ်ပါ
ဒါကလည်း အရေးကြီးပါတယ်၊ ကိုယ်လက်လှုပ်ရှားမလုပ်ဘဲ အထိုင်များ တာက ကြွက်သားတွေရဲ့ စွမ်းရည်ကို ကျ စေနိုင်ပြီး အရိုးတွေ ကြီးထွားမှုကိုလည်း နှောင့်နှေးစေပါတယ်။ ရေကူးတာ၊ ယော ဂကျင့်တာ၊ စက်ဘီးစီးတာ၊ ပြေးတာ စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ အရပ်ရှည် ထွက်စေဖို့ အထောက်အကူပြုတဲ့ ဆွဲဆန့် လေ့ကျင့်ခန်းတွေလည်း လုပ်ဆောင်ပါ။ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါမှာ လည်း ခါးကို မတ်မတ်ထားပါ။

(၇) ကိုယ်အလေးချိန်ကို ထိန်းပါ
အ၀လွန်တဲ့သူတွေက အရပ်ရှည် ထွက်နိုင်ခြေနည်းပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်နဲ့အရပ်ကို  BMI  နဲ့တွက်ပြီး ကျန်းမာတဲ့ အလေးချိန် ဖြစ်အောင် ကြိုးစားပါ။

◘ ထူးဒါလီကိုကို (Mpharm)

Good Health Journal

Post Author: Good Health Journal