သားမြတ်ကင်ဆာကို တွန်းလှန်နိုင်မည့် အားဖြည့်ဆေးဝါးများ

မှန်ကန်တဲ့ အားဖြည့်ဆေးဝါးကို မှီဝဲနိုင်ရင် သားမြတ်ကင်ဆာကို ကာကွယ်နိုင်တဲ့အပြင် တခြားရောဂါတွေအတွက်ပါ အကျိုးရှိနိုင်တာကြောင့် အောက်ပါတို့ကို ဖတ်ကြည့်ပါ။ ၁။ သင့်မိသားစုဝင်ထဲမှာ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်သူရှိရင် မယ်လတိုနင် မှီဝဲပါ အိပ်စက်မှုကို ကောင်းမွန်စေတဲ့ မယ်လတိုနင်ကို ညအိပ်ရာဝင်ခါနီး နေ့စဉ် သုံးမီလီဂရမ် မှီဝဲတာက သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ သက်ကြီးရွယ်အိုကျန်းမာရေးဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ မယ်လတိုနင်ဟာ ဆဲလ်ကြီးထွားမှုကို ထိန်းချုပ်ပေးနိုင်ပြီး ပုံမှန်မဟုတ်တဲ့ သားမြတ်ဆဲလ်တွေ ဖြစ်ပေါ်မှုကို ရပ်တန့်ပေးနိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီပမာဏမယ်လတိုနင်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်တဲ့အတွက် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ ၂။ သူငယ်ပြန်နိုင်ခြေကိုပါ လျှော့ချနိုင်အောင် နနွင်းမှီဝဲပါ နနွင်းဟာ သွေးထဲကို ရောက်ရှိသွားတာနဲ့ […]

အမျိုးသမီးတိုင်းသိသင့်သော ဆီးအိတ်ကင်ဆာလက္ခဏာ ၅ ခု

အသက် ၆၅ နှစ်ကျော်လာတဲ့အခါ အမျိုးသမီးတွေက အမျိုးသားထက် ဆီး အိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ အများစုက သက်ကြီးအမျိုးသားတွေမှာ ဖြစ်ပွားမှုပိုများတယ်လို့ အထင်မှားနေ တတ်ကြပါတယ်။ အမေရိကန်နိုင်ငံမှာ နှစ်စဉ်ကင်ဆာရောဂါရှိသူ အမျိုးသမီး လူနာအသစ်ပေါင်း ၁၈၀၀၀ ကျော်ကို ရောဂါရှာဖွေတွေ့ရှိခဲ့ပါတယ်။ အများစု က ဆီးအိတ်ကင်ဆာရဲ့ အစောဆုံးလက္ခဏာတွေ ပြသတဲ့အချိန်မှာ သတိမထား မိတတ်ကြဘဲ ရောဂါပြင်းထန်ပြီး တခြား နေရာတွေအထိ ပျံ့နှံ့မှ၊ ကုသရခက်ခဲ ချိန်မှ သိရှိကြတာကြောင့် မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ရပါတယ်။ အောက်ပါလက္ခဏာ ငါးခုက ဆီးအိတ် ကင်ဆာရဲ့ အစောဆုံး ရောဂါလက္ခဏာ တွေအဖြစ် ဖော်ပြနေတတ်တာကြောင့် သတိပြုဆင်ခြင်နိုင်စေဖို့ ရေးသားလိုက်ပါတယ်။ ♥ ဆီးထဲတွင် သွေးပါခြင်း ဆီးအိတ်ကင်ဆာရဲ့ အစောဆုံး လက္ခဏာရပ်ဖြစ်ပါတယ်။ အထူးသဖြင့် နာကျင်မှုမရှိဘဲနဲ့ […]

ဆီးချိုကြောင့်နောက်ဆက်တွဲရောဂါတွေ ရှိသော်လည်း သက်တမ်းမတိုအောင်

♦ ဆီးချိုသွေးချိုရောဂါကြောင့် ကိုယ့်မှာ နောက်ဆက်တွဲရောဂါတွေ ရှိနေပြီလား ဆိုတာကို သိအောင် ဘယ်လိုလုပ်သင့်ပါ သလဲဆရာ။ ဆီးချိုသွေးချိုရောဂါတွေ မဖြစ် အောင် ကြိုတင်ကာကွယ်မယ်၊ ဆီးချို ရောဂါဖြစ်လာပြီဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ကြိုတင်ကာ ကွယ်မယ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်ဆိုရင် ဆီးချိုသွေးချိုကို နိုင် အောင်ထိန်းမယ်၊ သွေးတိုးကို နိုင်အောင် ထိန်းမယ်၊ သွေးတွင်းအဆီဓာတ်ကို နိုင်အောင် ထိန်းမယ်၊ နောက်တစ်ချက် ထပ်ဖြည့်ပြောချင်တာက ကိုယ့်မှာ နောက် ဆက်တွဲဆိုးကျိုးတွေ ရှိပြီလားဆိုတာကို အရင်စစ်ဆေးဖို့ လိုပါလိမ့်မယ်။ တချို့က ကိုယ့်မှာ ဆီးချိုသွေးချို ရောဂါရှိတယ်၊ ဆရာဝန်ဆီသွားတယ်၊ ဆေးသောက်တယ်။ လူကလည်း နေ ကောင်းနေတော့ စစ်ဆေးမှုတွေကို စစ် ချင်မှလည်း စစ်မယ်၊ မစစ်ချင်လည်း မစစ်ဘူး။ […]

သားဥအိမ်တွင် ရေအိတ်တည်ခြင်း၊ သွေးအိတ်တည်ခြင်း

သားဥအိမ်မှာ ရေအိတ်ဖြစ်ရတဲ့အ ကြောင်းတွေက မျိုးစုံဖြစ်နိုင်တယ်။ ဘာ ဆိုဘာမှ အန္တရာယ်မပေးတတ်တဲ့ သူ့အ လိုလို ပျောက်ကင်းသွားနိုင်တဲ့ ရေအိတ် လေးတွေကစပြီး အသက်အန္တရာယ်နဲ့ ကြုံရပြီး ကိုယ့်ကို သေမင်းခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားစေ မယ့် အလုံးအကျိတ်တွေလည်း ဖြစ်နိုင်ပါ တယ်။ ♦ သားဥအိမ်တွင် အလုံးအကျိတ် တွေ့လျှင် သားဥအိမ်မှာ တစ်ခုခု တွေ့ပြီပေါ့၊ အလုံးတွေ့ပြီ၊ ကြီးနေပြီဆိုရင် လူနာတစ် ယောက်ချင်းစီကို သေချာကြည့်ဖို့တော့ လိုပါတယ်။ အသက်အရွယ် ဘယ်လောက် လဲ၊ ရေအိတ်ရဲ့ အရွယ်အစားက ဘယ် လောက်လဲ၊ အကြည်လေးပဲလား။ အာထ ရာဆောင်းရိုက်ကြည့်လိုက်ရင် ရေအိတ်က အကြည်လေးပဲလား၊ အထဲမှာ အစိုင်အခဲ အဖုအကျိတ်တွေ ရှိနေလား၊ တချို့လည်း အမှုန်လေးတွေ တွေ့ရတဲ့ သွေးခဲတွေ […]

အမျိုးသမီးတိုင်း ရောဂါရှာဖွေ စစ်ဆေးသင့်သော ကင်ဆာလေးမျိုး

ရောဂါတွေကို စောစောစီးစီး သိ ရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေဆင့်ပွားဖြစ်ပွားမှုကနေ ကာ ကွယ်နိုင်တာကြောင့် အမျိုးသမီးတိုင်း ရှာဖွေစစ်ဆေးထားသင့်တဲ့ကင်ဆာ ရောဂါတွေအကြောင်းကို ရေးသား လိုက်ပါတယ်။ (၁) ရင်သားကင်ဆာ ရင်သားကင်ဆာရောဂါကို စော စောစီးစီးရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါ က ရောဂါပျောက်ကင်းဖို့ ရာခိုင်နှုန်းအ တော်များပါတယ်။ ကင်ဆာဖြစ်တဲ့ အ စိတ်အပိုင်းနည်းလေလေ၊ ရောဂါ ပျောက်ကင်းမှုများလေလေ ဖြစ်တာ ကြောင့်ပါ။ ဒါ့အပြင် လင့်အကျိတ်တွေ၊ အဆုတ်နဲ့ ဦးနှောက်ဆီ ကင်ဆာပျံ့ နှံ့နိုင်ခြေလည်း နည်းပါတယ်။ သင်က အသက် ၂၀-၃၀ နှစ်အရွယ် မိန်းက လေးတစ်ယောက်ဖြစ်ပြီး ရင်သားကင် ဆာဖြစ်ပွားနိုင်တဲ့အချက်တွေကို မသိ ရှိပါက သုံးနှစ်တစ်ကြိမ် ဆရာဝန်နဲ့ပြ သပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ အမျိုးသမီးတွေက ကိုယ့်ရင်သား […]

ကိုယ်ဝန်ဆောင်နှင့် ဆောင်ရန်၊ ရှောင်ရန်များ

ကိုယ်ဝန်ဆောင်ချိန်မှာ လေယာဉ်နဲ့ခရီး သွားဖို့ သင့်တော်ပါရဲ့လား။ လေယာဉ်က အမြင့်ကို တက်သွား တဲ့အခါ အောက်ဆီဂျင်နည်းသွားပါ တယ်။ လေယာဉ်ပျံကို သာမန်လူတွေ တောင် အကြာကြီးစီးရင် ခြေထောက် သွေးကြောပိတ်တာ၊ အောက်ဆီဂျင်နည်း တာကြောင့် ရင်ဘတ်အောင့်တာတွေ ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင် တွေမှာ ဒီလိုဖြစ်ရင် ကလေးဆီကို သွေး အရောက်နည်းသွားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်လရင့်လာပြီဆိုရင် ခရီး ဝေးသွားတာကို ခွင့်မပြုပါဘူး။ ခရီးတို လေးတွေ သွားတာကိုပဲ ခွင့်ပြုပါတယ်။ ဥပမာ-ဘန်ကောက်သွားမယ်၊ စင်ကာပူ သွားမယ်ဆိုရင် ရပါတယ်။ ဒါပေမဲ့ သြစတြေးလျသွားမယ်၊ အင်္ဂလန်သွား မယ်၊ မဖြစ်မနေသွားမှရမယ်ဆိုရင်တော့ လမ်းထလျှောက်ဖို့၊ ဟိုရောက်တာနဲ့ ခြေ ထောက်ကို ထောင်ပြီး အိပ်ဖို့ မှာရပါ တယ်။ ကိုယ်ဝန် ၇ လနောက်ပိုင်းမှာတော့ […]

“သားဆက်ခြားတော့မယ်ဆို ဘာတွေ သိထားသင့်သလဲ”


မမြင်ကွယ်ရာမှာ ရေယုန်ပေါက်တဲ့အခါ

တလောက ကျမကို လူနာတစ်ယောက်ကလာမေးပါတယ် လိင်အင်္ဂါမှာ ရေယုန်ပေါက်တာတွေအတွက် သက်သာအောင် ဘယ်လိုလုပ်ရမလဲတဲ့။ သူပြောသလို ပေါင်ခြံ၊ တင်ပါး၊ လိင်အင်္ဂါနဲ့ စအိုတဝိုက်မှာ အရည်ကြည်ဖုလေးတွေ အများကြီးပေါက်တဲ့အခါ အတော်လေးကို နာကျင်တဲ့အပြင် နေထိုင်ဂရုစိုက်ရတာ ကလည်း သိပ်အဆင်မပြေလှပါဘူး။ ဒီလိုနေရာတွေမှာပေါက်တဲ့ ရေယုန်တွေကို Genital Herpes လို့ခေါ်ပြီး Herpes Simplex Virus Type 2 ကြောင့်ဖြစ်တာပါ။   လိင်အင်္ဂါမှာ ပေါက်တဲ့ရေယုန် (Genital Herpes) ဆိုတာ ဘာလဲ။ လိင်အင်္ဂါမှာ ပေါက်တဲ့ရေယုန်ဟာ ကူးစက်နှုန်းများတဲ့အပြင် ေပျာက်အောင်လည်း ကုလို့ မရပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို သိထားမယ်ဆိုရင်တော့ နာကျင်၊ ယားယံတာတွေ၊ နေရခက်တာတွေကို သက်သာလျော့ပါးအောင် လုပ်လို့ရပါတယ်။ အမျိုးသမီး လေးယောက်မှာ တစ်ယောက်နှုန်းဟာ HSV2 […]

Genital Herpes ခေါ် လိင်အင်္ဂါမှာဖြစ်တဲ့ ရေယုန်ကို သက်သာလာအောင် ဘယ်လိုလုပ်ရမလဲ

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ anti-viral (Acyclovir, Famciclovir, Valacyclovir ) ဆေးတွေသောက်တဲ့အပြင် ကိုယ့်ဘာသာအိမ်တွင်း ကုထုံးလေးတွေအနေနဲ့ Aspirin, Acetaminophen (Paracetamol), Ibuprofen လို အကိုက်ခဲပျောက်ဆေးတွေ သောက်လို့လည်းရပါတယ်။ lidocaine, xylocaine ပါတဲ့ ရေယုန်လိမ်းဆေးတွေ လိမ်းပေးရင်လည်း အနာကျက်လွယ်ပြီး နာကျင်တာသက်သာပေမယ့် ဒီနည်းကိုတော့ FDA က မထောက်ခံထားပါဘူး။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး side effects တွေ ဖြစ်တာကိုလည်း မတွေ့ရပါဘူး။ အနာကိုတစ်နေ့တစ်ခါလောက် ဆားရေနွေးနွေးလေးနဲ့ ဆေးပြီး ဂွမ်းသန့်သန့်လေးနဲ့ ဖြစ်စေ Dryer နဲ့ ဖြစ်စေ ခြောက်အောင်လုပ်ပေးပါ။ အနာရှိတဲ့နေရာကို Vaseline လိုအဆီတစ်ခုခုလိမ်းပြီး အစိုဓာတ်ထိန်းထားပေးသင့်ပါတယ်။ ဒါမှ ခြောက်သွေ့ယားယံတာတွေ မဖြစ်တော့မှာပါ။ #ဒေါက်တာစိမ့်

ဓမ္မတာရာသီအကြောင်း သင် ဘယ်လောက်သိပါသလဲ

အရွယ်ရောက်အမျိုးသမီးတိုင်း လစဉ်ကြုံတွေ့နေရတာကတော့ ဓမ္မတာရာ သီစက်ဝန်းပါပဲ။ တစ်လတစ်ခါကြုံတွေ့ ရတဲ့ သွေးဆင်းတာနဲ့ ပတ်သက်ပြီး ဘယ်လောက်သိသလဲ လေ့လာကြည့်ကြရအောင်။  Read more about ဓမ္မတာရာသီအကြောင်း သင် ဘယ်လောက်သိပါသလဲ