ဆီးချိုကြောင့်နောက်ဆက်တွဲရောဂါတွေ ရှိသော်လည်း သက်တမ်းမတိုအောင်

♦ ဆီးချိုသွေးချိုရောဂါကြောင့် ကိုယ့်မှာ နောက်ဆက်တွဲရောဂါတွေ ရှိနေပြီလား ဆိုတာကို သိအောင် ဘယ်လိုလုပ်သင့်ပါ သလဲဆရာ။
ဆီးချိုသွေးချိုရောဂါတွေ မဖြစ် အောင် ကြိုတင်ကာကွယ်မယ်၊ ဆီးချို ရောဂါဖြစ်လာပြီဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ကြိုတင်ကာ ကွယ်မယ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်ဆိုရင် ဆီးချိုသွေးချိုကို နိုင် အောင်ထိန်းမယ်၊ သွေးတိုးကို နိုင်အောင် ထိန်းမယ်၊ သွေးတွင်းအဆီဓာတ်ကို နိုင်အောင် ထိန်းမယ်၊ နောက်တစ်ချက် ထပ်ဖြည့်ပြောချင်တာက ကိုယ့်မှာ နောက် ဆက်တွဲဆိုးကျိုးတွေ ရှိပြီလားဆိုတာကို အရင်စစ်ဆေးဖို့ လိုပါလိမ့်မယ်။
တချို့က ကိုယ့်မှာ ဆီးချိုသွေးချို ရောဂါရှိတယ်၊ ဆရာဝန်ဆီသွားတယ်၊ ဆေးသောက်တယ်။ လူကလည်း နေ ကောင်းနေတော့ စစ်ဆေးမှုတွေကို စစ် ချင်မှလည်း စစ်မယ်၊ မစစ်ချင်လည်း မစစ်ဘူး။ နှစ်နှစ်၊ သုံးနှစ်လောက် ဘာမှ မစစ်ဆေးဘဲနဲ့လည်း နေတာတွေရှိတယ်။ ဘာလို့လဲလို့ လူနာတွေကိုမေးကြည့် တော့ နေကောင်းနေတော့ မစစ်ဆေး တာလို့ ပြန်ဖြေကြတယ်။ အဲဒါမှားတယ် လို့ ကျွန်တော်တို့က ပြောချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဆီးချိုသွေး ချိုရောဂါကြောင့် နောက်ဆက်တွဲဆိုးကျိုး တွေ ရှိနေပြီလား၊ မရှိသေးဘူးလားဆိုတာ သိဖို့အတွက်က စစ်ဆေးဖို့လိုပါတယ်။ တစ်နှစ်တစ်ခါ မျက်စိကိုစစ်ပါ၊ ကျောက် ကပ်ကောင်း၊ မကောင်းကို တစ်နှစ်တစ် ခါ ဆီးစစ်ပါ၊ သွေးဖောက်စစ်ပါ။ ကိုယ့်မှာ နှလုံးသွေးကြောကျဉ်း ရောဂါရှိ၊ မရှိ တစ် နှစ်တစ်ခါ အီးစီဂျီရိုက်ပါ။ တစ်နှစ်တစ်ခါ ကိုယ့်သွေးထဲမှာ အဆီဓာတ်တွေများ၊ မများဆိုတာကိုလည်း သိအောင်စစ်ပါလို့ တိုက်တွန်းချင်ပါတယ်။

♦ တချို့တွေက ရောဂါရှာဖွေစစ်ဆေးမှုတွေ လုပ်ရမှာ ကြောက်တတ်ကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလည်း သိချင်ပါတယ် ဆရာ။
ဒီလိုစစ်ဆေးမှုတွေ လုပ်ရင် ပိုက်ဆံ ကုန်တယ်၊ ဒီလိုစစ်လိုက်လို့ ကိုယ့်မှာ ရောဂါတွေရှိမှန်းသိရင် စိတ်ညစ်စရာကြီး လို့ မထင်ပါနဲ့။ မဖြစ်ခင်က ကြိုတင်ကာ ကွယ်တာ အကောင်းဆုံးပါ။ ရောဂါတွေ့ ရင်လည်း စောစောစီးစီးကုသလိုက်မယ် ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ မရှိ အောင် ကာကွယ်နိုင်ပါတယ်။

♦ ဆီးချိုသွေးချိုရောဂါကြောင့် နောက် ဆက်တွဲ ဝေဒနာတွေ ခံစားနေရသူတွေ ကောဆရာ ဘယ်လိုအကြံပြုချင်ပါသလဲ။

ဆီးချိုသွေးချိုရောဂါကို ဘာကြောင့် ကုသတာလဲဆိုရင် မသေချင်လို့၊ ခြေ ထောက် မပြတ်ချင်လို့၊ မျက်စိမကွယ် ချင်ဘူး၊ ကျောက်ကပ်မဆေးချင်ဘူး၊ ကျောက်ကပ် အစားမထိုးချင်ဘူး၊ ဒါကြောင့် ကုသတာ ဖြစ်ပါတယ်။
အခုဆီးချိုရောဂါရှိလို့ ဆရာဝန်သွား ပြတယ်။ ဆရာဝန်က အီးစီဂျီ ရိုက်လိုက် တော့ နှလုံးသွေးကြောကျဉ်း နည်းနည်း ရှိတယ်လို့ပြောတယ်။ ကျောက်ကပ်စစ် လိုက်တော့ ကျောက်ကပ်နည်းနည်းထိ တယ်လို့ ပြောတယ်။ အဲဒီအခါ လူနာ တွေ စိတ်ညစ်သွားကြပါတယ်။ စိတ် မညစ်ပါနဲ့။ ကိုယ့်မှာ ကျောက်ကပ်နည်း နည်းထိနေပြီဆိုရင် ကျောက်ကပ်ဆေးရ တဲ့အဆင့်အထိ မရောက်အောင်၊ ကျောက်ကပ်အစားထိုးရတဲ့အဆင့်အထိ မရောက်အောင်၊ ကျောက်ကပ်ရောဂါနဲ့ မသေအောင် ကျွန်တော်တို့ ကာကွယ်လို့ ရပါတယ်။ အီးစီဂျီမှာ နှလုံးသွေးကြော ကျဉ်း နည်းနည်းရှိပြီဆိုရင် နှလုံးသွေး ကြောမပိတ်အောင် ကျွန်တော်တို့ ကာ ကွယ်ကြမယ်။ ခြေလက်တွေထုံတာ၊ ကျဉ်တာတွေဖြစ်တယ်ဆိုရင် ခြေလက် တွေ မဖြတ်ရအောင် ကျွန်တော်တို့ ကာ ကွယ်လို့ရတယ်။ ဆီးချိုသွေးချိုရောဂါ ကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာပေမယ့်လည်း အသက်မသေအောင်၊ ဒုက္ခိတမဖြစ်အောင် ကာကွယ်တာကို Tertiary Prevention လို့ ခေါ်ပါ တယ်။ ဒါကြောင့် နောက်ဆက်တွဲဆိုးကျိုး တွေရှိနေရင်တောင် စိတ်ဓာတ်မကျပါနဲ့။ အသက်မတိုအောင်ကာကွယ်လို့ ရပါ တယ်။

♦ ဆီးချိုသွေးချိုရောဂါကြောင့် နောက် ဆက်တွဲ ဝေဒနာခံစားနေရသူတွေအ တွက် ဆရာရဲ့ လမ်းညွှန်မှုတွေကိုလည်း သိချင်ပါတယ်။
ကျွန်တော်ပြောချင်တာက ဆီးချိုကို နိုင်အောင်ထိန်းပါ၊ သွေးတိုးကို နိုင် အောင်ထိန်းပါ၊ အဆီဓာတ်တွေကို နိုင် အောင်ထိန်းပါ။ သက်ဆိုင်ရာ ကျွမ်း ကျင်တဲ့ မိသားစုဆရာဝန်နဲ့တိုင်ပင်ပါ။ ဆီးချိုသွေးချိုရောဂါကို စစ်ဆေးတဲ့နည်း နှစ်နည်းရှိပါတယ်။ ဆေးတွေ သောက်နေ ပြီး ဆီးချိုသွေးချိုကို မစစ်ဘဲနေတာက မှားပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက် ဖြစ်တဲ့ မနက်အစောကြီးမှာ ဆီးချိုသွေး ချိုကို စစ်ရင် ၈၀ နဲ့ ၁၃၀ မကျော်ရဘူး။ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး။ သုံးလတစ်ခါ ဆီးချိုစစ်ရင် ၇ မကျော်ရ ဘူး။ သွေးပေါင်ချိန်တိုင်းရင် ၁၄၀/၉၀ မကျော်ရဘူး။ ဒီလိုနည်းနဲ့ စစ်ဆေးနေရ မှာ ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးနေမယ်ဆို ရင် ကျောက်ကပ်နည်းနည်းထိနေရင် တောင် ကျောက်ကပ်မပျက်စီးအောင်၊ ကျောက်ကပ်ဆေးရတဲ့ အဆင့်အထိ မရောက်အောင်၊ ကျောက်ကပ်အစားထိုး ကုသရတာမျိုးတွေ မဖြစ်အောင် ကာ ကွယ်နိုင်ပါတယ်။ ဒါတွေကို လုပ်လို့ရ ပါတယ်။

♦ ဆီးချိုသွေးချိုရောဂါကြောင့် နောက် ဆက်တွဲ ရောဂါရှိသူတွေ သက်တမ်းစေ့ နေနိုင်ဖို့ဆိုရင် ဘာကအရေးကြီးပါသလဲ ဆရာ။
ကိုယ့်မှာ ဆီးချိုသွေးချိုရောဂါရှိနေ တယ်၊ ဆေးတွေတော့ သောက်တယ်၊ စစ်ဆေးတာတွေတော့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ နောက်ဆက်တွဲရောဂါတွေ ရှိ လို့ ရှိမှန်းမသိနိုင်ပါဘူး။ တချို့လည်း နောက်ဆက်တွဲရောဂါတွေ ရှိပေမယ့် မကုသဘဲ ပစ်စလက်ခတ်နေမယ်ဆိုရင် သက်တမ်းစေ့ နေနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဆရာဝန်တွေဆီမှာ ဆီးချို သွေးချိုရောဂါရှိနေတဲ့သက်တမ်း အနှစ် ၃၀ လောက်ရှိသူတွေ အများကြီးပါ။ ဒီလူတွေကို မေးကြည့်လိုက်ရင် သေချာ စစ်တယ်၊ တစ်နှစ်တစ်ခါ စစ်တယ်၊ ကိုယ် ရဲ့လက္ခဏာကို ပိုဆိုးမသွားအောင် ထိန်း ထားနိုင်တာတွေ တွေ့ရပါတယ်။ ဒါကြောင့် Tertiary Prevention က အရမ်းအရေးကြီးပါတယ်။
ကျွန်တော်တို့ အားကစားနဲ့ ကျန်း မာရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေလုပ် ပေးနေလဲဆိုရင် မြို့တွေနဲ့ ရွာတွေမှာ ဗုဒ္ဓဟူးနေ့တိုင်းမှာ ဆီးချိုသွေးချိုရော ဂါကို အခမဲ့ စစ်ဆေးပေးနေပါတယ်။ စစ် ဆေးလို့ တွေ့ရှိရင် လိုအပ်တဲ့ ကုသမှု တွေ လုပ်ပေးပါတယ်။ လိုအပ်လို့ လွှဲ ပေးတာတွေကိုလည်း လွှဲပေးပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့အနေနဲ့ ပြောချင် တာက ဆီးချိုသွေးချိုရောဂါကို မှန်မှန် စစ်ပါ၊ Target ထဲ ဝင်အောင်ထိန်းပါ၊ သွေးတိုးရောဂါကို နိုင်အောင်ထိန်းပါ၊ အဆီဓာတ်ကို နိုင်အောင်ထိန်းပါ၊ နောက် ဆက်တွဲဆိုးကျိုးတွေနဲ့ အသက်မသေ အောင် ကာကွယ်ကြပါလို့ ပြောချင်ပါ တယ်။

♦ ဆီးချိုသွေးချိုရောဂါရှိသူတွေကို ဆရာ့ အနေနဲ့ ဘယ်လိုအကြံဉာဏ်မျိုး ပေးချင် ပါသလဲဆရာ။
ဆီးချိုသွေးချို မဖြစ်အောင် လူတိုင်း မှာ တာဝန်ရှိပါတယ်။ အစိုးရမှာ တာဝန်ရှိ ပါတယ်။ ကျွန်တော်တို့ ဆီးချိုရောဂါကာ ကွယ်တိုက်ဖျက်ရေးအသင်းမှာလည်း တာဝန်ရှိသ