မမြင်ကွယ်ရာမှာ ရေယုန်ပေါက်တဲ့အခါ

တလောက ကျမကို လူနာတစ်ယောက်ကလာမေးပါတယ် လိင်အင်္ဂါမှာ ရေယုန်ပေါက်တာတွေအတွက် သက်သာအောင် ဘယ်လိုလုပ်ရမလဲတဲ့။ သူပြောသလို ပေါင်ခြံ၊ တင်ပါး၊ လိင်အင်္ဂါနဲ့ စအိုတဝိုက်မှာ အရည်ကြည်ဖုလေးတွေ အများကြီးပေါက်တဲ့အခါ အတော်လေးကို နာကျင်တဲ့အပြင် နေထိုင်ဂရုစိုက်ရတာ ကလည်း သိပ်အဆင်မပြေလှပါဘူး။ ဒီလိုနေရာတွေမှာပေါက်တဲ့ ရေယုန်တွေကို Genital Herpes လို့ ခေါ်ပြီး Herpes Simplex Virus Type 2 ကြောင့်ဖြစ်တာပါ။   လိင်အင်္ဂါမှာ ပေါက်တဲ့ရေယုန် (Genital Herpes) ဆိုတာ ဘာလဲ။ လိင်အင်္ဂါမှာ ပေါက်တဲ့ရေယုန်ဟာ ကူးစက်နှုန်းများတဲ့အပြင် ပျောက်အောင်လည်း ကုလို့ မရပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို သိထားမယ်ဆိုရင်တော့ နာကျင်၊ ယားယံတာတွေ၊ နေရခက်တာတွေကို သက်သာလျော့ပါးအောင် လုပ်လို့ရပါတယ်။ အမျိုးသမီး လေးယောက်မှာ တစ်ယောက်နှုန်းဟာ […]

Genital Herpes ခေါ် လိင်အင်္ဂါမှာဖြစ်တဲ့ ရေယုန်ကို သက်သာလာအောင် ဘယ်လိုလုပ်ရမလဲ

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ anti-viral (Acyclovir, Famciclovir, Valacyclovir ) ဆေးတွေသောက်တဲ့အပြင် ကိုယ့်ဘာသာအိမ်တွင်း ကုထုံးလေးတွေအနေနဲ့ Aspirin, Acetaminophen (Paracetamol), Ibuprofen လို အကိုက်ခဲပျောက်ဆေးတွေ သောက်လို့လည်းရပါတယ်။ lidocaine, xylocaine ပါတဲ့ ရေယုန်လိမ်းဆေးတွေ လိမ်းပေးရင်လည်း အနာကျက်လွယ်ပြီး နာကျင်တာသက်သာပေမယ့် ဒီနည်းကိုတော့ FDA က မထောက်ခံထားပါဘူး။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး side effects တွေ ဖြစ်တာကိုလည်း မတွေ့ရပါဘူး။ အနာကိုတစ်နေ့တစ်ခါလောက် ဆားရေနွေးနွေးလေးနဲ့ ဆေးပြီး ဂွမ်းသန့်သန့်လေးနဲ့ ဖြစ်စေ Dryer နဲ့ ဖြစ်စေ ခြောက်အောင်လုပ်ပေးပါ။ အနာရှိတဲ့နေရာကို Vaseline လိုအဆီတစ်ခုခုလိမ်းပြီး အစိုဓာတ်ထိန်းထားပေးသင့်ပါတယ်။ ဒါမှ ခြောက်သွေ့ယားယံတာတွေ မဖြစ်တော့မှာပါ။ #ဒေါက်တာစိမ့်

မြန်မာနိုင်ငံမှာ မြွေကိုက်ခံရတဲ့လူနာတွေ ဘာကြောင့် အသေအပျောက်များရလဲ

ကျမတို့နိုင်ငံဟာ မြန်မာ၊ ယိုးဒယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘဂ်လားဒေ့ရှ်၊ အင်ဒိုနီးရှားဆိုတဲ့ ကမ္ဘာမှာ မြွေကိုက်ခံရ နှုန်းအမြင့်ဆုံးဖြစ်တဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနိုင်ငံလေးတွေဟာ ဝေးလံခေါင်သီတဲ့ နေရာတွေ၊ ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေး တဲ့ဒေသတွေ အလွန်များပြားတဲ့အတွက် မြွေကိုက်ခံရတဲ့လူဦးရေကို အတိအကျ မသိရသလို လူမသိ၊ သူမသိ အသက်ဆုံး ရှုံးသွားသူတွေလည်း မရေမတွက်နိုင် လောက်အောင်ပါပဲ။ များသောအားဖြင့် – လူနာကို ဆေးရုံရှိရာ ခေါ်လာဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိတာတွေရယ်၊ ဆေးရုံရောက် လာပြန်တော့လည်း နယ်ဆေးရုံငယ်လေးတွေမှာ ဆေးဝါး ပစ္စည်း အပြည့်အစုံ မရှိတာတွေရယ်၊ ရှိတဲ့ ဖြေဆေးတွေကလည်း အရည်သွေး မကောင်းတာတွေ ဆေးပြတ်လပ်နေတာ တွေရယ် ရှေးဦးသူနာပြုနည်းတွေ လွဲမှားတာတွေရယ်ကြောင့် သေဆုံးကြရပါတယ်။   မြွေကိုက်ခံရတဲ့ လူနာတစ်ယောက် […]

ဆီးချိုရောဂါယုံတမ်းများ

အချိုတွေအများကြီးစားရင် ဆီးချို၊သွေးချို ဖြစ်လိမ့်မယ် ဆိုတာမျိုး ကြားဖူးပါလား။ ဆီးချိုဖြစ်ရင် ကိုယ်စားချင်တာတွေတစ်ခု မှမစားရတော့ဘူး ဆိုတာမျိုးရော ပြောလေ့ရှိကြတယ်မလား။ ဒါတွေအားလုံးဟာ မမှန်ပါဘူး။ တကယ်တော့ ဆီးချို ရောဂါနဲ့ ပတ်သက်ပြီး ယုံတမ်းစကားတွေ အများကြီးပြောနေကြတာတွေဟာ နည်းနည်းလွဲနေပါတယ်။ (၁) အချိုတွေအစားများတာဟာ ဆီးချို ရောဂါဖြစ်စေလ မဖြစ်ပါဘူး။ ဆီးချိုဖြစ်တယ်ဆိုတာ ကိုယ်စားလိုက်တဲ့ အစားစာတွေကိ စွမ်းအငအဖြစ်ပြောင်းတဲ့နေရာမှာ ချို့ယွင်းတာကြောင့် ဖြစ်ပါတယ်။ (၂) ဆီးချိုမတက်အောင် ဘာမှမစားဘဲ နေတာကောင်းလား မကောင်းပါဘူး။ ဆီးချိုဖောက်လိုက်တိုင်း သုံးရာကျော်၊ လေးရာကျော်ဖြစ်နေတဲ့ လူနာတွေဟာ ဒီလိုဆီးချိုမတက်အောင် ဆိုပြီး အစာမစားတော့တာတွေ လုပ်တာ တွေ့ရပါတယ်။ ဒါဟာအရမ်းကြောက်ဖို့ ကောင်းပါတယ်။ သူတို့ဟာ ဆီးချိုကျ ဆေး ပုံမှန်သောက်ရ၊ ထိုးရတာတွေရှိတဲ့ အတွက်အစားသာမစားထားရင်သွေးတွင်း သကြားဓာတ်တွေ တဟုန်ထိုးကျဆင်း သွားပြီး […]

ဗီတာမင်အယူအဆမှားများ

သက်လတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကိုလေ့လာကြည့်တဲ့အခါမှာ လူဦးရေ ၂၄၀၀၀ လောက်မှာ ၈၈ ရာခိုင်နှုန်းသော အမျိုးသမီးတွေနဲ့ ၈၁ ရာခိုင်နှုန်းသော အမျိုးသားတွေဟာ ဗီတာမင်အားဆေးတွေ သောက်ကြတာကို တွေ့ရပါတယ်။ အဲလိုသိရတာနဲ့အတူ ဒီဖြည့်စွက်စာတွေ၊ ဆေးတွေကို သောက်ပုံသောက်နည်းတွေ မှားနေတာကိုပါ တွေ့နေရပါတယ်။ ဘယ်လိုမှားတာလဲဆိုတော့ လိုတာထက် ပိုသောက်တာ၊ လျော့သောက်တာ၊ သောက်တဲ့အချိန်မှားနေတာ၊ အစာမစားခင်လား၊ စားပြီးမှလား မသေချာဘဲ ဆေးနဲ့တွဲမသောက်သင့်တဲ့ အစားစာတွေ၊ ဆေးတွေကိုပါ တွဲသောက်နေကြတာပါ။   နံပတ် (၁) တွေ့ရတဲ့အမှားတစ်ခုကတော့ ကိုယ်သောက်တဲ့ ဗီတာမင် dose အရမ်းနည်းနေတာပါ။ ဒီအာဟာရဓာတ်တွေ (ဗီတာမင်နဲ့သတ္တုဓာတ်) တွေဟာ အူလမ်းကြောင်းကနေ တစ်ခုကို စုပ်ယူမှုနှုန်းကို နောက်တစ်ခုက သွားဟန့်တားတတ်ပါတယ်။ ဥပမာ ဆိုရင် – သံဓာတ်ဟာ ဇင့်ဓာတ်စုပ်ယူမှုကို ပိတ်ပင်ဟန့်တားပါတယ်။ ဒါကြောင့် […]

မှန်ကန်သော Diet Plan ရွေးခြယ်ခြင်း

Diet လို့ပြောလိုက်တာနဲ့ တော်တော်များများက ဝိတ်ကျအောင်စားတာ၊ ပိန်အောင်စားတာလို့ပဲထင် နေကြပါတယ်။ တကယ်တော့ Diet ဆိုတာ အဲဒီထက်အများကြီးပိုပါတယ်။ Dietting can make you thinner or fatter ဆိုပါသတဲ့။ ဒါကြောင့် Diet လုပ်တာဟာ ဝတဲ့သူကိုလည်း ကိုယ်ရည်စစ်စေပြီး ပိန်တဲ့သူကိုလည်း ပြည့်ဖြိုးစေပါတယ်။ Diet ထက်စာရင် Balanced Diet လို့သုံးတာက ပိုပြည့်စုံမယ်ထင်ပါတယ်။ Diet ရဲ့အဓိက ရည်ရွယ်ချက်က ကိုယ်အလေးချိန်ကိုထိန်းပြီး (Maintaining Body Weight) ကျန်းမာတဲ့ဘဝကို ရစေဖို့ (Healthy Life) ပဲဖြစ်ပါတယ်။ ကျွန်မတို့ခန္ဓာကိုယ်တွင်းက ဆဲလ်တွေ၊ အစိတ်အပိုင်းအင်္ဂါတွေဟာ အလုပ်လုပ် ဖို့အတွက် စွမ်းအင်လိုပါတယ်။ မပျက်စီးမထိခိုက်ဖို့အတွက် ရောဂါတွေကနေ ကာကွယ်ထားဖို့လိုပါတယ်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရဓာတ်တွေလိုပါတယ်။ အဲဒီလိုအပ်တဲ့ […]

သံဓာတ်ဖြည့်စွက်ဆေးသောက်ဖို့ ဘာကြောင့်လိုလဲ

အများအားဖြင့် သံဓာတ်ချို့တဲ့တာ ကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါဟာ နောက် ဆက်တွဲဆိုးကျိုးတွေ အဖြစ် နည်းပေမယ့် သွေးအားနည်းတာက အရမ်းဆိုးလာရင် ဖြစ်ဖြစ်၊ သံဓာတ်နည်း နေတာကို ဘာမှမကုသဘဲ ဒီတိုင်းနေ နေရင်ဖြစ်ဖြစ် ရေရှည်မှာ ဆိုးဆိုးရွားရွား တွေဖြစ်လာပါလိမ့်မယ်။ Read more about သံဓာတ်ဖြည့်စွက်ဆေးသောက်ဖို့ ဘာကြောင့်လိုလဲ

အများပြည်သူလူထု သုံးစွဲရန်မသင့်တော်သော အလှကုန်ပစ္စည်းများ ထုတ်ပြန်ကြေငြာ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း ၃ မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်း (မာကျူရီ) ပါဝင်နေကြောင်း စစ်ဆေးတွေ့ ရရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။   စဉ် အလှကုန်ပစ္စည်းအမည် ထုတ်လုပ်သည့်ကုမ္ပဏီ တွေ့ ရှိချက် ၁ Due Beauty Cream Kreative Cosmetics (Pvt) Ltd., Pakistan Mercury (+) ၂ Momiji 66 Sixty Six Every Day Fancy Girl Made in Thailand Mercury (+) ၃ […]

အလိုလိုနေရင်း ပင်ပန်းနေပြီလား

ဘာမှသိပ်မလုပ်ရဘဲ ပင်ပန်းနွမ်းနယ်နေတာမျိုးဖြစ်နေတာကြာနေပြီလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့လိုနေပါပြီ။ လူအများကတော့ အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာကြောင့်လို့ပဲ ထင်နေတတ်ပါတယ်။ ဟုတ်တော့ ဟုတ်ပေမယ့် ဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ကိုယ်ပြုမူနေထိုင်နေတဲ့ တခြားသောပုံစံတွေကလည်း ကိုယ့်ကို တစ်နေ့လုံး နုံးချိပင်ပန်းစေပါတယ်။ ဒါလေးတွေကို သတိထားဆန်းစစ်ပြီး ပြန်လည်ပြုပြင်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ စွမ်းအင်တွေ အသားလွတ် မဆုံးရှုံးတော့ဘဲ အရင်လိုတက်ကြွလန်းဆန်းစွာ ပြန်လုပ်နိုင်တော့မှာပါ။   (၁) ကိုယ်လက်လှုပ်ရှားမှုနည်းတာ တကယ်လို့ ကိုယ့်အလုပ်ဟာ Sedentary life style ဆိုတဲ့ စားပွဲနဲ့ကုလားထိုင်မှာတင် တစ်နေ ကုန်နေရပြီး လှုပ်ရှားမှုမရှိတဲ့ ပုံစံမျိုးဆိုရင်တော့ အလကားနေရင်းပင်ပန်းသလို ခံစားနေရတာ သိပ်မထူးဆန်းပါဘူး။ လေ့လာမှုတွေအရ နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ပုံမှန်လုပ်သွားမယ် ဆိုရင် ၆ ပတ်အကြာမှာ နေရတာသိသိသာသာ လန်းဆန်းတက်ကြွနေတာကို ခံစားလာရမှာပါ။ ပုံမှန်လေ့ကျင့် […]

‘က’ ကလေးငယ် ချစ်စဖွယ် အာဟာရပြည့်မှ ကျန်းမာမယ်

ကလေးငယ်တွေဆိုတာ ပြုစုပျိုးထောင် သူရဲ့ပုံသွင်းမှုအတိုင်း ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပုံစံတွေ၊ စိကလေးငယ်တွေဆိုတာ ပြုစုပျိုးထောင် သူရဲ့ပုံသွင်းမှုအတိုင်း ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပုံစံတွေ၊ စိတ်ဓါတ်ပိုင်း ရင့်ကျက်မှုတွေ ပြောင်းလဲလာကြရတာပါ။ ဒါကြောင့် ကျွေးမွေးစောင့်ရှောက်တဲ့ မိခင်ဖြစ်သူက အစာအာဟာရနဲ့ ပတ်သက်ပြီးတော့ ဖြစ်စေ၊ အတွေးအခေါ်အယူအဆ နဲ့ ပတ်သက်ပြီးတော့ဖြစ်စေ မသိနားမလည် တာတွေ များတဲ့အခါ ကလေးမှာ ရုပ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ချို့ ယွင်းကြရရှာပါတယ်။ အဲဒီလိုချို့ယွင်းမှုတွေထဲကမှ ရုပ်ပိုင်းဆိုင် ရာချို့ယွင်းမှုတွေဖြစ်တဲ့ အာဟာရချို့တဲ့ တာတွေကို ကျွန်မတို့လို ဆင်းရဲတဲ့နိုင်ငံ တွေမှာ အများဆုံးတွေ့ရပါတယ်။ကလေး တွေမှာလိုအပ်တဲ့အစာအာဟာရတွေ ကောင်းစွာ မရရှိတဲ့အခါ အာဟာရချို့တဲ့ တဲ့ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ ဒီရောဂါလက္ခဏာတွေကို (PEM- Protein Energy Malnutrition) လို့ ခေါ်ပါတယ်။ […]