‘က’ ကလေးငယ် ချစ်စဖွယ် အာဟာရပြည့်မှ ကျန်းမာမယ်

ကလေးငယ်တွေဆိုတာ ပြုစုပျိုးထောင် သူရဲ့ပုံသွင်းမှုအတိုင်း ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပုံစံတွေ၊ စိကလေးငယ်တွေဆိုတာ ပြုစုပျိုးထောင် သူရဲ့ပုံသွင်းမှုအတိုင်း ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပုံစံတွေ၊ စိတ်ဓါတ်ပိုင်း ရင့်ကျက်မှုတွေ ပြောင်းလဲလာကြရတာပါ။ ဒါကြောင့် ကျွေးမွေးစောင့်ရှောက်တဲ့ မိခင်ဖြစ်သူက အစာအာဟာရနဲ့ ပတ်သက်ပြီးတော့ ဖြစ်စေ၊ အတွေးအခေါ်အယူအဆ နဲ့ ပတ်သက်ပြီးတော့ဖြစ်စေ မသိနားမလည် တာတွေ များတဲ့အခါ ကလေးမှာ ရုပ်ပိုင်း ဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ချို့ ယွင်းကြရရှာပါတယ်။

အဲဒီလိုချို့ယွင်းမှုတွေထဲကမှ ရုပ်ပိုင်းဆိုင် ရာချို့ယွင်းမှုတွေဖြစ်တဲ့ အာဟာရချို့တဲ့ တာတွေကို ကျွန်မတို့လို ဆင်းရဲတဲ့နိုင်ငံ တွေမှာ အများဆုံးတွေ့ရပါတယ်။ကလေး တွေမှာလိုအပ်တဲ့အစာအာဟာရတွေ ကောင်းစွာ မရရှိတဲ့အခါ အာဟာရချို့တဲ့ တဲ့ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။

ဒီရောဂါလက္ခဏာတွေကို (PEM- Protein Energy Malnutrition) လို့ ခေါ်ပါတယ်။

PEM မှာမှ kwarshiorkor, marasmus, marsmic kwarshoirkor ဆိုပြီး သုံးမျိုးရှိပါသေးတယ်။

 

Kwarshiorkor (ကွာရှာကော)

ဒီရောဂါဟာဆိုရင် တစ်ကိုယ်လုံးဖော နေတတ်တဲ့အတွက် ကလေးကို ၀နေ တယ်လို့တောင် ထင်မိတတ်ပါတယ်။ အမှန်ကတော့ ပရိုတင်းဓာတ်ချို့တဲ့လို့ ဖောနေတာပါ။ စိတ်ပိုင်းဆိုင်ရာမှာလည်း ကလေးက ဂျီကျတာမျိုး၊ အီတာမျိုး၊ မစားမသောက်ချင်တဲ့ပုံမျိုးနဲ့ မှိန်းနေ တတ်ပါတယ်။ ကလေးရဲ့ခြေတွေ၊ လက် တွေနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ဟာ ကြုံလှီနေပြီး အသက်အရွယ်နဲ့ လိုက်လျောညီတဲ့ အရပ်၊ ကိုယ်အလေး ချိန်တွေ မရှိဘဲ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေး နေတတ်ပါတယ်။

ဒါ့အပြင် အရေပြားမှာလည်း အသား အရောင် မညီညာတာတွေ၊ အရေခွံကွာ ကျတာတွေ၊ အရည်ကြည်ဖုတွေ၊ အနာ တွေ ဖြစ်တတ်ပါတယ်။ ဆံပင်ကလည်း ခြောက်ယောင်းပြီး ကျိုးတိုးကျဲတဲနဲ့ အရောင်တွေ မညီညာတာမျိုး တွေ့ရပါ တယ်။ အသည်းကြီးလေ့ရှိတဲ့အပြင် သံဓာတ်၊ ဖောလစ်အက်စစ်ဓာတ်ချို့တဲ့ တာကြောင့် သွေးအားနည်းရောဂါလည်း ဖြစ်နိုင်ပါတယ်။ တခြားသော ဗီတာမင် အေ၊ ဘီ၊ စီ ချို့တဲ့ တဲ့ရောဂါလက္ခဏာ တွေလည်း မြင်ရပါတယ်။

 

Marasmus

 

ဒီရောဂါကတော့ အဓိကအားဖြင့် ကယ်လိုရီချို့တဲ့လို့ ဖြစ်တာပါ။ သူလည်း ပဲ ကြွက်သားတွေဟာ ကြုံလှီပြီး ကြီးထွား ဖွံ့ဖြိုးမှုနှောင့်နှေးပါတယ်။ ကလေးငယ်ကို ကြည့်လိုက်ရင် ဆာလောင်မွတ်သိပ်တဲ့ အကြည့်မျိုးနဲ့ အဖိုးအို၊ အဖွားအိုလိုမျိုး အရိုးခေါင်းရုပ်ရည်ဖြစ်နေတတ်ပါတယ်။ ငတ်မွတ်တာကြောင့်ဖြစ်ပေမယ့်လည်း အချွဲဝမ်းတွေ မကြာခဏသွားတတ်ပါ တယ်။ ဒီကလေးလေးတွေကို အာဖရိက ဘက်မှာ အများအားဖြင့် တွေ့ရပါတယ်။

Marasmic kwarshiorkor

ဒါကတော့ ပရိုတင်းဓာတ်ရော ကယ်လို ရီပါ ချို့တဲ့တဲ့အတွက်  kwarshiorkorနဲ့ marasmus ကျ နှစ်မျိုးစလုံး ပေါင်းဖြစ်နေ တာပါ။

ဒီလို အာဟာရမမျှတတာရဲ့ နောက်ဆက် တွဲအနေနဲ့ သွေးတွင်းသကြားဓာတ်တွေ လျော့နည်းလာမယ်၊ ကိုယ်အပူချိန်တွေ ကျဆင်းလာမယ်၊ ရေဓာတ်ခန်းခြောက်ပြီး ရှော့ရလာနိုင်မယ်၊ ဓာတ်ဆားဓာတ်တွေ မမျှတာဖြစ်လာမယ်၊ ရောဂါပိုးတွေ ဝင်လာတဲ့အတွက် သွေးဆိပ်တက်လာ မယ်၊ သွေးအားနည်းလွန်းတဲ့အခါ နှလုံး ကိုပါ ထိခိုက်စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ရော၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်း မှုတွေ ဖြစ်လာနိုင်ပါတယ်။

 

ဘာကြောင့် PEM ဖြစ်လဲ ?

အဓိကတော့ ဆင်းရဲနွမ်းပါးတာက အကြောင်းရင်းပါ။ ဆင်းရဲတဲ့အတွက် အစာအာဟာရမျှတအောင်မကျွေးနိုင်ကြ တာပါ။ ကျွေးရကောင်းမှန်း မသိလောက် အောင် ကျန်းမာရေးအသိနည်းပါးတာ လည်း ပါပါတယ်။ ရောဂါတွေဖြစ်တဲ့အခါ မှာလည်း မစားနိုင်၊ မသောက်နိုင်ဖြစ်ပြီး အာဟာရချို့တဲ့လာကြပါတယ်။ တချို့ တွေဆို တတ်နိုင်ပါရက်နဲ့ အစာကျွေး နည်းမမှန်ကန်တဲ့အတွက် ကလေးမှာ အာ ဟာရချို့တဲ့ လာရပါတယ်။ ဒါကြောင့် ကလေးငယ်ကို အာဟာရပြည့် ၀ပြီး ကျန်းမာသန်စွမ်းနေစေဖို့အတွက် ဆိုရင် မတတ်နိုင်လည်း မတတ်နိုင်တဲ့ အလျောက်၊ တတ်နိုင်လည်း တတ်နိုင်တဲ့ အလျောက် ကျွေးမွေးတဲ့အခါမှာ အစာ ကျွေးနည်းစနစ်ကျမှန်ကန်ဖို့ အလွန် အရေးကြီးပါတယ်။

 

ကလေးငယ်ကို နည်းစနစ်ကျကျ ဘယ်လို ကျွေးကြမလဲ?

ကလေးငယ်မွေးစကနေ  အသက်နှစ်နှစ် အထိ မိခင်နို့တိုက်ကျွေးရမှာ ဖြစ်ပြီး ခြောက်လပြည့်မှစပြီး မိခင်နို့အပြင် ဖြည့်စွက်စာပါ စကျွေးရမှာ ဖြစ်ပါတယ်။

ခြောက်လအထိကတော့ မိခင်နို့ တစ်မျိုး တည်းနဲ့တင် လုံလောက်ပါတယ်။ မိခင်က ဆေးသောက်နေရတဲ့ အခြေနေနဲ့ ရောဂါ တချို့ရှိနေတာကလွဲလို့ တတ်နိုင်သမျှ နို့ဗူးမတိုက်ဘဲ မိခင်နို့ကိုသာ တိုက်စေ ချင်ပါတယ်။ (ဆရာဝန်နဲ့ တိုင်ပင်ရန်)

 

မိခင်ဖြစ်သူက ရေဒီယိုသတ္တိကြွဆေးတွေ (Radioactive substances ဥပမာ- သိုင်းရွိုက်ရောဂါဆေး)  Ergot နဲ့ ကင်ဆာဆေးတွေ၊ Lithium (စိတ်ငြိမ် ဆေး) ဆေးတွေသောက်နေရရင် လုံးဝ (လုံးဝ) နို့မတိုက်ရပါဘူး။

မိခင်ဖြစ်သူမှာ HIV ရောဂါပိုးရှိနေခဲ့ ရင်တော့ နို့မှုန့်တိုက်တာဟာ အကောင်း ဆုံးပါပဲ။ ဒါပေမယ့် နို့မှုန်အတွက် မတတ်နိုင်ဘူးဆိုရင်တော့ PEM (protein- energy malnutrition) ဆေးသောက်ပြီး ကလေးကို ကန့်သတ် ချက်နဲ့ နို့တိုက်လို့ ရပါတယ်။ ပြီးတော့ မိခင်ဟာ စိတ်ရောဂါ ဝေဒနာရှင်ဖြစ်နေခဲ့ ရင်လည်း ကလေးကို တစ်ခုခုလုပ်မှာ စိုး တဲ့အတွက် မတိုက်စေတာ ကောင်းပါ တယ်။ မိခင်ရောဂါအခြေနေ သိပ်အဆိုး ကြီးမဟုတ်ရင်တော့ ဘေးကနေ တစ်ယောက်ယောက်ရဲ့ စောင့်ရှောက်မှုနဲ့ တိုက်လို့ရပါတယ်။

ဘာလို့လဲဆိုတော့ နို့ဗူးသောက်တဲ့ ကလေးဟာ ဝမ်းပျက် ဝမ်းလျောရောဂါ တွေ၊ ကလေးနှင်းခူ လို အရေပြားရောဂါ တွေ၊ ကျောက်ကပ်ရောဂါ၊ ကယ်လဆီ ယမ်၊ သံဓာတ်နဲ့ ဖောလစ်အက်စစ်ချို့တဲ့ တာတွေ ဖြစ်နိုင်တဲ့အတွက်ပါ။ မဖြစ်မနေ နို့ဗူးတိုက်ရတဲ့အခါမှာလည်း နို့ဗူးမဖျော်ခင် လက်ကိုဆပ်ပြာနဲ့သေချာ ဆေးပြီးမှ ပြင်ဆင်သင့်ပါတယ်။ နို့ဗူးနဲ့ နို့သီးခေါင်းကို သေချာဆေးကြောပြီးရင် ရေနွေးနဲ့ နာရီဝက်အကြာ ပြုတ်ထားရပါ မယ်။ ဒါမှသာ ပိုးသတ်ပြီးသားဖြစ်မှာ အဲဒီ လိုသေချာမသန့်စင်ဘဲနို့ဗူးဖျော်ရင်နုနယ် တဲ့ကလေးငယ်ရဲ့ အူလမ်းကြောင်းမှာ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်လာ တတ်လို့ပါ။

 

ဖြည့်စွက်စာဆိုတာ ဘာလဲ?

ဖြည့်စွက်စာကျွေးတယ်ဆိုတာ ကိုယ့်ရဲ့ ကလေးငယ်ကို လူကြီးတစ်ယောက် စားတဲ့အစားအစာတွေနဲ့ ယဉ်ပါးအောင် လေ့ကျင့်ပေးတာပါပဲ။ ဖြည့်စွက်စာဆိုတဲ့ အတိုင်း မိခင်နို့တိုက်ကျွေးခြင်းကို ဖြည့်ဆည်းပေးတဲ့အစာပါ။ နို့တိုက် တာကို တိခနဲရပ်လိုက်ပြီး ဖြည့်စွက်စာ တစ်မျိုးတည်းနဲ့ ကလေးကို ကျွေးမွေးလို့ တော့မရပါဘူး။

 

ဒါဆို ဘယ်အချိန်မှာ စပြီး ဖြည့်စွက်စာ ကျွေးကြမလဲ?

ကလေးအသက် (၆) လ မှာ ဖြည့်စွက်စာ စကျွေးသင့်ပါတယ်။

မွေးစကနေ ခြောက်လအထိကို မိခင်နို့ တစ်မျိုးတည်းသာတိုက်ရပြီး ခြောက်လက စတင်ကာ မိခင်နို့ + ဖြည့်စွက်စာ ကျွေးရမှာဖြစ်ပါတယ်။

 

ဖြည့်စွက်စာ ဘယ်လိုကျွေးကြမလဲ ?

ဖြည့်စွက်စာ ကျွေးပုံကျွေးနည်းတွေက တော့ ကလေးရဲ့အသက်အလိုက် ကျွေးရပါတယ်။

 

၆ လ ကနေ ၈ လအထိ

– မိခင်နို့ကို ကလေးဆာတိုင်း၊ တောင်းတိုင်း တိုက်ပါ။

– ဖြည့်စွက်စာ စကျွေးပါ။

ဆန်ပြုတ်နဲ့ဆီအနည်းငယ်။ (လူကြီးတွေ စားတဲ့ထမင်းကို အကြမ်းပန်းကန်လုံးထဲ ထည့်ပြီး ဆီအနည်းငယ်နဲ့ ရေအနည်း ငယ် ထည့်ပြုတ်ပါ။)

ဒါမှမဟုတ် ဆန်မှုန့်နဲ့ ပဲမှုန့် (၄ ချိုး ၁ ချိုး နှုန်းနဲ့ရောပြီး ဆီအနည်းငယ် ထည့် ပြုတ်ပါ။

– ဖြည့်စွက်စာကျွေးတဲ့အခါ နို့တိုက်ပြီးမှ ကျွေးပါ။ တစ်ခါကျွေးရင် လက်ဖက်ရည် ဇွန်းနဲ့ တစ်ဇွန်း၊ နှစ်ဇွန်းကို တစ်နေ့ တစ်ကြိမ်ကနေ နှစ်ကြိမ်ထိ ကျွေးပါ။

 

၈ လကနေ တစ်နှစ်အထိ

-မိခင်နို့ကို ကလေးဆာတိုင်း၊ တောင်း တိုင်း တိုက်ပါ။

– ခပ်ပျော့ပျော့ချက်ထားတဲ့ ထမင်းထဲကို ဆီရယ်၊ ကြက်ဥပြုတ်ဖြစ်စေ၊ ကြက် အသည်းဖြစ်စေ၊ အသား၊ ငါး၊ ပဲတစ်မျိုး မျိုးဖြစ်စေ၊ ကြိတ်ခြေထားတဲ့ ဟင်းသီး ဟင်းရွက်ပါ ထည့်ပြီး ရောမွှေကျွေးပါ။

– ငှက်ပျောသီး၊ သဘောFသီး၊ သရက်သီး စတဲ့ သစ်သီးဝလံတွေကိုလည်း ကြိတ်ခြေ ကျွေးလို့ရပါတယ်။

– ကလေးက နို့စို့ရင် တစ်နေ့ သုံးကြိမ် ကျွေးပြီး နို့မစို့ရင်တော့ တစ်နေ့ငါးကြိမ် ကျွေးသင့်ပါတယ်။

 

တစ်နှစ်ကနေ ငါးနှစ်ထိ

– ကလေးအသက် ၂ နှစ်အထိတော့ မိခင်နို့ကို ဆက်တိုက်သင့်ပါတယ်။

– လူကြီးတွေစားတဲ့အတိုင်း ကလေးကို ကျွေးပါ။ အစပ်ကလွဲလို့ ကြက်ဥ၊ ငါး၊ ပဲ၊ ဟင်းသီးဟင်းရွက် အကုန်ကျွေးလို့ ရပါတယ်။

– တစ်နေ့ သုံးကြိမ် ကျွေးပါ။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ အာဟာရရှိတဲ့မုန့်ပဲ သရေစာတွေ ကျွေးပါ။ ဥပမာ – ဆန်နဲ့ လုပ်တဲ့မုန့်တွေ၊ ပဲ၊ ထန်းလျက်၊ ကန်စွန်း ဥ၊ အာလူး၊ မြေပဲ၊ ပြောင်းဖူး၊ သဘောင်္သီး နဲ့ တခြားသောရာသီပေါ် သစ်သီးဝလံ တွေလည်း ကျွေးလို့ရပါတယ်။

များသောအားဖြင့် ဖြည့်စွက်စာကျွေးတဲ့ အခါ ပြောင်း၊ နှံ၊ ဂျုံ စတဲ့ ကစီဓာတ်ကြွယ် ၀တာတွေကို ဟင်းရွက်ဆီ တစ်ဇွန်း၊ နှစ်ဇွန်းနဲ့ ရောကျွေးတဲ့အပြင် ၆ လကနေ တစ်နှစ်ကြားဆိုရင် သားငါးသစ်သီးဝလံ နဲ့ နို့ထွက်ပစ္စည်းတွေပါကျွေးမွေးသင့်ပါ တယ်။

အခုဖော်ပြထားသလိုမျိုး စနစ်တကျ၊ သန့်သန့်ရှင်းရှင်းကျွေးတဲ့အပြင် ကာ ကွယ်ဆေးတွေကိုလည်း သူ့အရွယ် အလိုက် သေသေချာချာထိုး နိုင်မယ်ဆို ရင် ကလေးငယ်မှာ ရောဂါတွေအလွယ် တကူမဖြစ်တော့ဘဲ အာဟာရပြည့်ဝပြီး ကျန်းမာသန်စွမ်းမှာ ဖြစ်ပါတယ်။

မေတ္တာဖြင့်…

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *