သားဥအိမ်တွင် ရေအိတ်တည်ခြင်း၊ သွေးအိတ်တည်ခြင်း

သားဥအိမ်မှာ ရေအိတ်ဖြစ်ရတဲ့အ ကြောင်းတွေက မျိုးစုံဖြစ်နိုင်တယ်။ ဘာ ဆိုဘာမှ အန္တရာယ်မပေးတတ်တဲ့ သူ့အ လိုလို ပျောက်ကင်းသွားနိုင်တဲ့ ရေအိတ် လေးတွေကစပြီး အသက်အန္တရာယ်နဲ့ ကြုံရပြီး ကိုယ့်ကို သေမင်းခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားစေ မယ့် အလုံးအကျိတ်တွေလည်း ဖြစ်နိုင်ပါ တယ်။

♦ သားဥအိမ်တွင် အလုံးအကျိတ် တွေ့လျှင်
သားဥအိမ်မှာ တစ်ခုခု တွေ့ပြီပေါ့၊ အလုံးတွေ့ပြီ၊ ကြီးနေပြီဆိုရင် လူနာတစ် ယောက်ချင်းစီကို သေချာကြည့်ဖို့တော့ လိုပါတယ်။ အသက်အရွယ် ဘယ်လောက် လဲ၊ ရေအိတ်ရဲ့ အရွယ်အစားက ဘယ် လောက်လဲ၊ အကြည်လေးပဲလား။ အာထ ရာဆောင်းရိုက်ကြည့်လိုက်ရင် ရေအိတ်က အကြည်လေးပဲလား၊ အထဲမှာ အစိုင်အခဲ အဖုအကျိတ်တွေ ရှိနေလား၊ တချို့လည်း အမှုန်လေးတွေ တွေ့ရတဲ့ သွေးခဲတွေ ရှိ နေလား၊ ရေအိတ်ဖြစ်နိုင်သလို၊ သွေး အိတ်လည်း ဖြစ်နိုင်တယ်။ တချို့တွေမှာ ရိုးရိုးအကျိတ်ကနေ ကင်ဆာတွေအထိ လည်း ဖြစ်နိုင်တယ်။

♦ သားဥအိမ်တွင် ရိုးရိုးရေအိတ် တည်ခြင်း
ရိုးရိုးရေအိတ် သေးသေးလေးတွေ ကတော့ Functional Cyst လို့ခေါ် တယ်။ Reproductive Life လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရာသီလာနေတဲ့ အချိန်မှာ တစ်လကို သားဥတစ်လုံးကြွေ သွားတဲ့အခါ ကျန်ခဲ့တဲ့ အခွံက အရည် အိတ် တည်တတ်တယ်။ အဲဒီအရည် အိတ်က ၅ စင်တီမီတာထက် မကြီးတတ် ဘူး။ အရည်ကြည်အိတ်လေးပဲ၊ ဘာမှ အစိုင်အခဲတွေ မပါဘူးဆိုရင် သူ့အလိုလိုဖြစ် တာပါ။ ဟော်မုန်းတွေ ထုတ်လုပ်ပေးတဲ့ သားဥအိမ်ကနေ သားဥတွေ ထုတ်လုပ် ရင်းက အရည်ကြည်အိတ်တည်တာဆို ရင် ဘာမှလုပ်စရာ မလိုဘူး။ ဒီတိုင်းပဲ စောင့်ကြည့်နေရင်းနဲ့ နှစ်လ၊ သုံးလနေရင် သူ့အလိုလို ပျောက်သွားပါတယ်။ အဲဒါ မျိုးကို တချို့က အရေးကြီးတယ်ထင်ပြီး ခွဲစိတ်တာတွေ လုပ်တဲ့သူတွေလည်း တွေ့ရပါတယ်။

♦ သားဥအိမ်တွင် သွေးအိတ်တည်ခြင်း
တချို့တွေမှာတော့ သွေးအိတ်တွေ ဖြစ်တတ်ပါတယ်။ အဲဒါကို နေရာလွဲမှား သားအိမ်အတွင်းသားလို့ ခေါ်တယ်။ ရာသီ လာတဲ့ သားအိမ်အတွင်းမြှေးဆဲလ်လေး တွေက တခြားနေရာကို ရောက်နေတာ ပါ။ ဥပမာ – သားအိမ်အတွင်းမြှေးဆဲလ် တွေက သားဥအိမ်ထဲ ရောက်နေတာပါ။ အဲဒီအခါ လစဉ် ရာသီလာရင် အဲဒီနေရာ မှာပါ ရာသီလာပြီး ရာသီသွေးတွေစုကာ သွေးလုံး၊ သွေးအိတ်ဖြစ်လာတာပါ။ အဲဒီ လူနာတွေမှာ ရာသီလာတဲ့အခါ အရမ်းကို နာကျင်ကိုက်ခဲတယ်။ ကင်ဆာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဆေးကုဖို့ လိုလိမ့် မယ်။ အရွယ်အစားပေါ်မူတည်ပြီး ဟော် မုန်းဆေးတွေ ပေးကာ ကုသရပါတယ်။ ကြီးလာတယ်ဆိုရင်တော့ ခွဲစိတ်ဖယ်ရှား ပစ်ရတာတွေ ရှိပါတယ်။

♦ မျိုးရိုးရာဇဝင်ရှိနေခြင်း
ဆရာတို့ဆီ ရောက်လာတဲ့ လူနာ တစ်ယောက်ကို ရာဇဝင်မေးလိုက်တဲ့အခါ မိခင်မှာ၊ အဒေါ်မှာ စတဲ့ ဆွေမျိုးတွေထဲ မှာ သားဥအိမ်ကင်ဆာဖြစ်ဖူးတယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သားဥအိမ်ကင်ဆာက မျိုးရိုး လိုက်တတ်တာကြောင့်ပါ။ ပေါ့ဆလို့တော့ မရပါဘူး။

♦ ကင်ဆာရောဂါ သံသယရှိခြင်း
ရေအိတ်ရဲ့ အရွယ်အစား၊ အဖုအ ကျိတ်တွေ ရှိလား၊ CA125 (သွေးထဲမှာ တွေ့ရတတ်တဲ့ ကင်ဆာရှိတဲ့အခါ မြင့် တက်တတ်တဲ့ ဓာတ်တစ်မျိုး) ရှိ၊ မရှိ စစ် ဆေးရပါတယ်။ ရေအိတ်အရွယ်အစားက ကြီးနေမယ်၊ အဖုအကျိတ်တွေကလည်း ကင်ဆာလို့ မသင်္ကာဘူး၊ CA125 လည်း များနေမယ်ဆိုရင် အချိန်မဆွဲဘဲ မြန်မြန် ဆန်ဆန်ပဲ ခွဲစိတ်ဖယ်ရှားရတာမျိုးတွေ ရှိပါတယ်။

♦ ကင်ဆာဘက်သို့ ပြောင်းသွားခြင်း
တချို့တွေရဲ့ သားဥအိမ်မှာ အလုံး၊ အကျိတ် ဖြစ်လာတယ်၊ အဲဒီအလုံးထဲမှာ ဆံပင်မွေးတွေ၊ သွားတွေ၊ အရိုးတွေနဲ့ ပြည့်နေတယ်။ အဲဒီလို အဖုအကျိတ် မျိုးကို လူတချို့က အပင်းသွင်းထားတယ် လို့တောင် ထင်တတ်ကြပါတယ်။ တချို့ လည်း အရည်အိတ်ထဲမှာ ဘာမှ မရှိဘဲ အရည်ကြည်တွေပဲ ရှိနေတာ ဖြစ်နိုင်ပေ မယ့် တချို့မှာကျတော့ ချွဲချွဲ ချွဲချွဲတွေ ရှိနေနိုင်တယ်။ တစ်ခါတလေမှာ အဲဒီက နေ ကင်ဆာအဖြစ်လည်း ပြောင်းသွားနိုင် ပါတယ်။

♦ ပေါ့ဆမနေသင့်ပါ
ဒီလို အရည်အိတ်တွေ၊ အကျိတ် တွေ ဖြစ်လာပြီဆိုရင် ပေါ့ဆလို့ မရပါဘူး။ ဆရာဝန်နဲ့ သေချာစွာ ပြသသင့်ပါတယ်။ အန္တရာယ်မရှိတဲ့ အရည်အိတ်ဆိုရင် လည်း မရှိသလို ထားပြီး ကုသမယ်၊ အန္တရာယ်ရှိတာဆိုရင်လည်း ရှိနိုင်သလို ဆေး ပေးပြီး ကုသတာ၊ ခွဲစိတ်ကုသတာတွေကို ပြုလုပ်ရပါတယ်။

♦ အကြံပြုချက်
ရေအိတ်လေးတွေ့တယ်ဆိုရင် ဘာ မှ မဖြစ်နိုင်တာကနေ အသက်အန္တရာယ် ရှိနိုင်တဲ့ကင်ဆာအထိ ဖြစ်နိုင်တယ်ဆိုတာ ကို မမေ့မလျော့ဘဲ သတိထားပြီး တတ် ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ကုသဖို့ ပြောချင်ပါတယ်။

♥ ဒေါက်တာစိုးလွင် (သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal