♦ သန်ကောင်၊ တုတ်ကောင်တွေက ခန္ဓာကိုယ်ကို ဘယ်လိုဒုက္ခပေးသလဲဆိုတာကို အထွေထွေရောဂါအထူးကုသမားတော် ဒေါက်တာဟိန်းရာဇာအောင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
Q. သန်ကောင်၊ တုတ်ကောင်တွေ အကြောင်းကို ဆရာနဲ့ ဆွေးနွေးချင်ပါတယ်။
A. သန်ကောင်၊ တုတ်ကောင် အမျိုးအစားအများကြီးရှိတဲ့ထဲက ဒီတိုင်းပြည်မှာ အဖြစ်များ၊ အတွေ့ရများတဲ့ သန်ကောင်က သန်လုံးကောင်ပေါ့၊Roundworm လို့ ခေါ်တဲ့ Ascaris Lumbricoides ပါ။ အ၀ါဖျော့ဖျော့အရောင်နဲ့ 20-35 cm လောက်ရှည်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲ ဘယ်လိုရောက်လာသလဲဆိုရင် စားတဲ့အစာထဲမှာ အဲဒီသန်လုံးကောင်တွေရဲ့ ဥ တွေ (Mature Lava) ပါလာလို့ပါပဲ။ အဲဒီဥတွေက လူရဲ့အစာအိမ်၊ အဲဒီကမှ အူသိမ် (Duodenum) မှာLarvae လို့ ခေါ်တဲ့ သားလောင်းလေးတွေ ပေါက်ပါတယ်။ သွေးကြောထဲကတစ်ဆင့် အဆုတ်ကိုရောက်တယ်။ အဆုတ်ကတစ်ဆင့် လေပြွန်အဆင့်ဆင့်တက်လာပြီး နောက် ဆုံးအနီးအနားမှာရှိတဲ့ အစာမျိုပြွန်ထဲ ပြန်မျိုချမိရာက အူလမ်းကြောင်းထဲပြန် ရောက်လာပြီး ဆရာတို့တွေ့ဖူးတဲ့ အရွယ် အစားလောက်အထိ ကြီးထွားလာကြပါ တယ်။ အဲဒီလို ရွေ့လျားနေတဲ့အချိန်မှာ ခန္ဓာကိုယ်အနှံ့ ယားယံတာ၊ ချောင်းဆိုးတာ၊ ရင်ကျပ်တာနဲ့ အဖုအပိမ့်တွေ ထွက်တာ စတာတွေ တွဲပြီးဖြစ်တတ်ပါတယ်။
Q. သန်ကောင်တွေက ခန္ဓာကိုယ်မှာ ဘယ်လိုဒုက္ခ ပေးနိုင်ပါသလဲ ဆရာ။
A. ရောဂါလက္ခဏာအနေနဲ့ ထင်ထင်ရှားရှားရှိချင်မှ ရှိပါမယ်။ သာမန်ဗိုက်အောင့်၊ ဗိုက်နာတာမျိုးကနေ အူလမ်းကြောင်း ပိတ်သွားတာမျိုး၊ အူစွပ်သွားတာ မျိုး (Intussusception)၊ အူထုံးသွားတာမျိုး (Volvulus )၊ တစ်ခါတလေမှာ အူနံရံ သွေးယိုစိမ့်မှုမျိုးကနေ အူပေါက် ထွက်သွားတာမျိုးအထိ တွေ့ရတတ်ပါ တယ်။ သည်းခြေပြွန်ပိတ်တာမျိုး (Paucelas) လို့ ခေါ်တဲ့ မုန့်ချိုအိတ်ပြွန် လေးတွေ ပိတ်သွားတတ်တာမျိုး၊ အူအ တက်မှာ ပိတ်မိတာမျိုးတွေနဲ့လည်း တွေ့ရ တတ်ပါတယ်။
Q. ကလေးတွေမှာ သန်ရှိတာကို ဘယ်လိုသိနိုင် မလဲဆရာ။
A. ကလေးတွေမှာတော့ သန်အန်ချ တာမျိုး၊ ၀မ်းသွားရင် ပါလာတာမျိုးတွေ တွေ့ရတတ်ပါတယ်။ ၀မ်းကိုMicroscope နဲ့ကြည့်ပြီး သန်ကောင်ဥတွေ ရှာကြည့် ရင်လည်း တွေ့နိုင်ပါတယ်။ သွေးထဲမှာ Eosinophil လို့ ခေါ်တဲ့ သွေးဖြူဥအမျိုး အစား တစ်မျိုး များနေတတ်ပါတယ်။
Q. သန်ကောင်တွေရှိခဲ့ရင် ဘယ်လိုကုသမှုမျိုးပေး ပါသလဲဆရာ။
A. ကုသမှုအနေနဲ့တော့ အလွယ်တကူ ပဲ ၀ယ်လို့ရတဲ့ Albendazole ဆိုတဲ့ ဆေး 400 mg ကို တစ်ကြိမ်တည်း သောက်ရုံနဲ့တင် အူလမ်းကြောင်းထဲက သန်ကောင်တွေကို ရှင်းနိုင်ပါတယ်။Mebendazole 100 mgကို နံနက် တစ်ကြိမ်၊ ည တစ်ကြိမ် သုံးရက် သောက် လို့လည်း ရပါတယ်။
မိသားစုဝင်တိုင်း သန်ချတဲ့ရက်ကို သတ်သတ်မှတ်မှတ်ထားပြီး သုံးလတစ်ခါ သန်ချဖို့ အကြံပေးဖို့လိုပါတယ်။
Q. တုတ်ကောင်အကြောင်းလည်း ရှင်းပြပေးပါဦး ဆရာ။
A. သန်ကောင်အပြင် နောက်ထပ်အ ဖြစ်များ၊ အတွေ့များတာက တုတ်ကောင် လို့ ခေါ်ကြတဲ့ Thread-worm (Enterobius Vermicularic) ပါ။ ကလေးတွေ မှာ ပိုဖြစ်ပေမယ့် လူကြီးတွေမှာလည်း မ ရှားပါဘူး။ စအိုဝတစ်ဝိုက်မှာ အလွန် ယားယံတဲ့ဝေဒနာကို ခံစားရလို့မို့ စိတ် ဒုက္ခအလွန်ပေးတတ်တဲ့အကောင်မျိုးပါ။
Q. ဘယ်လိုကူးစက်နိုင်ပါသလဲ ဆရာ။
A. ကူးစက်နည်းကတော့ အစားအ သောက်ထဲမှာပါသွားတဲ့ တုတ်ကောင်ဥ ကြောင့်ပါပဲ။ အူလမ်းကြောင်းတစ်လျှောက် ကြီးထွားလာပြီး သက်ကြီးကောင်တွေက တော့ အူမကြီးထဲမှာ နေလေ့ရှိပါတယ်။ သက်ကြီးကောင်ဆိုလို့ အကြီးကြီးတွေ မဟုတ်ပါဘူး။ သေးသေးမျှင်မျှင်အပ် ချည်ကြိုးစလေးတွေလိုပါ။ ဒါကြောင့် Threadworm လို့ ခေါ်ကြတာ။ ဥ အောင်ထားတဲ့ တုတ်ကောင်အမဟာ အ ထူးသဖြင့် ညအချိန်တွေမှာ အူမကြီးက တစ်ဆင့် စအိုအ၀ကို ဆင်းလာပြီး ဥဥချ လေ့ရှိပါတယ်။ အမျိုးသမီးမှာတွေဆို မိန်းမကိုယ်အထိလာတတ်ပါတယ်။ အ လွန်ယားယံတဲ့ ဝေဒနာကို ခံစားရပါတယ်။
Q. တုတ်ကောင်ရှိမှန်း ဘယ်လိုနည်းနဲ့ သိရှိနိုင်ပါ သလဲ ဆရာ။
A. Tape အကြည်လေးနဲ့ စအိုအ၀ကို ကပ်၊ ပြန်ခွာပြီး ကြည့်လိုက်ရင် တုတ် ကောင်ဥလေးတွေကို တွေ့ရတတ်ပါ တယ်။ ၀မ်းကို Microscope နဲ့ ကြည့်လို့ လည်း ရပါတယ်။
Q. တုတ်ကောင်ရှိနေခဲ့ရင် ဘယ်လိုကုသမှုမျိုး ခံ ယူဖို့ လိုအပ်ပါသလဲဆရာ။
A. ကုသမှုအနေနဲ့တော့ Albendazole 400 mg ကိုတစ်ကြိမ် သောက်၊ နောက် နှစ်ပတ်အကြာမှာ နောက်တစ်ကြိမ် ထပ် သောက်ပေးရပါမယ်။ ဒါမှ Auto-infection လို့ခေါ်တဲ့ ကိုယ့်ဆီက အကြွင်းအ ကျန်ဥတွေကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ပဲ ပြန်ကူးစက်မှုမျိုးမဖြစ်အောင် ကာကွယ် နိုင်ပါလိမ့်မယ်။ တစ်မိသားစုလုံး၊ အိမ်ရှိ လူအကုန်သောက်သင့်ပါတယ်။ ညအိပ် အ၀တ်အစား၊ အိပ်ရာအသုံးအဆောင် တွေအားလုံးကိုလည်း စနစ်တကျ သန့် ရှင်းအောင် လျှော်ဖွပ်ရပါမယ်။ လက်သည်း အရှည်မထားသင့်ပါ။ အထူးသဖြင့် အစာမစားခင်တိုင်း လက်ကို ဆပ်ပြာနဲ့ သန့်ရှင်းစင်ကြယ်အောင် စနစ်တကျ ဆေးတဲ့ အကျင့်ရှိရပါမယ်။
Q. ကြာပွတ်သန်ကောင်ကို ဘယ်လိုလူတွေမှာ အ တွေ့ရပိုများတတ်ပါသလဲ ဆရာ။
A. ကြာပွတ်သန်ကောင်လို့ခေါ်ကြတဲ့Whip worm (Trichuris trichiura) ကတော့ ကလေးတွေမှာ အတွေ့ရပိုများ တတ်ပါတယ်။ တစ်ချိန်လုံး ၀မ်းပျက်ဝမ်း လျှောဖြစ်နေတတ်ပါတယ်။ ကိုယ်ကာယ ဖွံ့ဖြိုးမှုနှေးကွေးပြီး အာဟာရချို့တဲ့ လက္ခဏာတွေပြတတ်ပါတယ်။ တစ်ခါတလေ မှာ စအိုအပြင်ကို ကျွံထွက်လာပြီး ဆေးရုံ ကို အရေးပေါ်လာပြရတာမျိုးတွေရှိတတ် ပါတယ်။
နောက်စိတ်ဝင်စားစရာကောင်းတဲ့ သန်ကောင်တစ်မျိုးကတော့ သန်လုံး ကောင် အမျိုးအစားထဲကမဟုတ်ဘဲ သန်ပြားကောင် (Tapeworm) အနွယ် ၀င်ပါ။Taenia Solium လို့ ခေါ်ပါတယ်။ လူက စွန့်ထုတ်လိုက်တဲ့ သန်ဥကို ၀က် တွေကစား၊ အဲဒီဝက်ရဲ့ ကြွက်သားတွေထဲ မှာ အဲဒီသန်ဥကပေါက်တဲ့ သားလောင်း လေးတွေက အိတ်လေးတွေ (cysticerci) အနေနဲ့ နေပါတယ်။ အဲဒီဝက်သားကို စားမိရင် အဲဒီ Cysticerci လေး တွေက လူရဲ့ အူလမ်းကြောင်းထဲမှာ သက်ကြီး ကောင်အဖြစ် ပြောင်းလဲသွားပါတယ်။ ဒီလို မျိုးဝက်ကနေတစ်ဆင့် ကူးစက်တာမို့ Pork Tapeworm လို့ခေါ်လေ့ရှိကြပါ တယ်။ အဲဒီလိုမှမဟုတ်ဘဲ သန်ဥတွေပါ တဲ့ မသန့်ရှင်းတဲ့ အစားအစာကို လူက စားမိရင်တော့ လူ့ခန္ဓာကိုယ် အနှံ့အပြား (ဥပမာ- ကြွက်သားတွေ၊ ဦးနှောက်တွေ) မှာ Cysticeric လေးတွေ ပေါ်လာတတ် ပါတယ်။ အရေပြားအောက်မှာ အိတ်က လေးတွေစမ်းမိတတ်တာမျိုး၊ ဦးနှောက် မှာရှိနေရင် အတက်ရောဂါရတတ်တာမျိုး တွေရှိပါတယ်။ ဒီလိုမျိုး ဖြစ်လာရင် ဒါကို Cysticercosis လို့ခေါ်ပါတယ်။
Q. အဲဒါဆိုရင် ၀က်ကတစ်ဆင့် ရောဂါမကူးစက် အောင် ၀က်သားကို ဘယ်လိုချက်စားသင့်ပါ သလဲ ဆရာ။
A. ၀က်သားကို ချက်မယ်ဆိုရင် နူးနပ် အောင် အချိန်ယူပြီး ချက်ပြုတ်ဖို့ လိုပါ မယ်။ မကျက်တကျက်ချက်စားတဲ့အသား မှန်သမျှကတော့ ရှောင်သင့်တာပါပဲ။
Q. တကယ်လို့ Cysticercosis ဖြစ်လာခဲ့ရင် ဘယ်လိုကုသမှုတွေခံယူသင့်ပါသလဲဆရာ။
A. Cysticercosis ဖြစ်ပြီဆိုရင် ကုသ မှုအနေနဲ့ သက်ဆိုင်ရာကျွမ်းကျင်တဲ့ မိသားစုဆရာဝန်တစ်ဦးဦးနဲ့ တိုင်ပင်ပြီး လို အပ်သလို ဆက်လက်ဆောင်ရွက်ရပါ မယ်။ ဦးနှောက် အာရုံကြောအထူးကုသ မားတော်၊ ဦးနှောက် အာရုံကြောခွဲစိတ် အထူးကုဆရာဝန်တွေလည်း လိုကောင်း လိုအပ်ပါတယ်။
Q. နောက်ထပ်သန်ကောင်အမျိုးအစားတွေ ရှိရင် ရှင်းပြပေးပါဆရာ။ A. နောက် Tapeworm အနွယ်ဝင် စိတ်ဝင်စားဖို့ကောင်းတဲ့ သန်ပြားကောင် တစ်မျိုးကတော့ အဆစ်အဆစ်လေးတွေ နဲ့ပါ။ Taenia Saginata လို့ ခေါ်ပါတယ်။ မကျက်တကျက် ချက်ထားတဲ့ အမဲသား ကိုစားမိရင် အဲဒီအမဲသားထဲက Cysticersic လေးတွေ လူရဲ့အူလမ်း ကြောင်း ထဲရောက်၊ ကြီးထွားဖွံ့ဖြိုးလာပြီး သက် ကြီးကောင်အဖြစ် ပြောင်းလဲသွားပါ တယ်။ ဒါကြောင့် အဲဒီသန်ပြားကောင်ကို Beef Tapeworm လို့လည်းခေါ်ကြပါ တယ်။ မီတာများစွာ အရှည်ရှိတတ်ကြပါ တယ်။ အူလမ်းကြောင်းထဲမှာပဲနေပြီး Pork Tapeworm လိုမျိုး လူရဲ့ကြွက် သားတို့၊ ဦးနှောက်တို့မှာ Cystecescosis ဖြစ်လေ့မရှိပါဘူး။ အူလမ်းကြောင်းထဲမှာ လည်း ဘာရောဂါလက္ခဏာမှမပြဘဲ ရှိ နေတတ်ကြပါတယ်။ တချို့စူးစူးစမ်းစမ်း ၀ါသနာပါသူတွေနဲ့မှ ကိုယ့်ဝမ်းကိုယ် အမြဲတမ်း စစ်ဆေးကြည့်နေရင်း ၀မ်းထဲ မှာ အဆစ်၊ အဆစ်လေးတွေ၊ အပိုင်း အပိုင်းလေးတွေ ပါနေလို့ဆိုပြီး လာပြ လေ့ရှိပါတယ်။ ဒီခေတ်က Smart Phone တွေ ပေါတော့ ဓာတ်ပုံလေး ရိုက် ယူခဲ့ပါဆိုရင် ရိုက်လာပါတယ်။ သွားတဲ့ ၀မ်းထဲမှာ ဥတွေ ရှိ၊ မရှိကိုလည်းMicroscope နဲ့ ကြည့်လို့ ရပါတယ်။ သင့်တော် တဲ့ ကုထုံးကို ရက်ပြည့်အောင် ပေးလိုက် တော့မှလည်း အဆစ်အပိုင်းလေးတွေ ၀မ်းထဲမှာ မတွေ့ရတော့ပါဘူး။ ဒီမှာ လည်း အရေးတကြီး ပြောလိုတာက အမဲ သားကို နူးနပ်အောင် ချက်ပြုတ်စား သောက်ဖို့ပါပဲ။
အခုနောက်ပိုင်း ထပ်တွေ့ထားတဲ့ သန်ပြားကောင်တစ်မျိုးကတော့ Taenia Asiatice ပါ။ အာရှဒေသမှာပဲ တွေ့ရ တယ်လို့ ဆိုပါတယ်။ မကျက်တကျက် ချက်ပြုတ်ထားတဲ့ ၀က်သားအပြင် ၀က် ကလီစာတွေကလည်း ကူးစက်ပါတယ် တဲ့။ ရောဂါလက္ခဏာနဲ့ ကုသမှုအပိုင်းက တော့Beef Tapeworm နဲ့ တူပါတယ်။
Q. လိုအပ်တာများရှိရင်လည်း ဖြည့်စွက် အကြံပြုပေးပါဆရာ။
A. အဲဒီတော့ ဒီသန်ကောင်၊ တုတ် ကောင်တွေကြောင့် ဖြစ်ရတဲ့ရောဂါ၊ ဝေဒ နာတွေ မဖြစ်အောင် အဓိကထား လုပ် ဆောင်ရမှာတွေကတော့…
(၁) အစာမစားမီနဲ့ အစာစားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ နည်းစနစ်တကျ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောဖို့ (Proper Hand Washing)
(၂) တစ်ကိုယ်ရေသန့်ရှင်းရေး အထူးဂရု စိုက်ဖို့၊
(၃) လက်သည်းအတိုညှပ်ပြီး သန့်ရှင်း အောင် ထားဖို့၊
(၄) အသားတွေ၊ ကလီစာတွေကို နူးနပ် အောင်၊ စနစ်တကျ အချိန်ယူချက်ပြုတ် ပြီးမှ စားကြဖို့၊
(၅) မိသားစုဝင်တိုင်း သုံးလတစ်ခါ သန်ချ ဖို့။
ဒါတွေကို အဓိက အကြံပေးတင်ပြပါရစေ။
♥ ကျေးဇူးတင်ပါတယ် ဆရာ။
◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်) တွေ့ဆုံမေးမြန်းသည်။