ဝှေးစေ့နှင့်ပတ်သက်၍ အံ့ဩဖွယ်ရာအချက်များ

ဝှေးစေ့က သုက်ပိုးထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်
ဝှေးစေ့က တစ်စက္ကန့်မှာ သုက်ပိုးပေါင်း ၁၅၀၀ ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်မိနစ်ကြာတိုင်း သုက်ပိုး ကိုးသောင်း၊ တစ်နာရီမှာ ၅.၄ သန်းနဲ့ တစ်နေ့ကို သန်းပေါင်း ၁၃၀ ထုတ်လုပ်ပေးလျက်ရှိတယ်လို့ သိရပါ တယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူပေမယ့် ထုတ်လုပ်နိုင်တဲ့ သုက်ပိုး အရေအတွက်ကတော့ သိပ်မကွာခြား ကြပါဘူး။
မမျိုးဥနဲ့ ဥအောင်ဖို့အတွက် သုက်ပိုးတစ်ကောင်ပဲလိုအပ်ပေမယ့် သုက်ရည်တစ်ခါလွှတ်စာ(လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တစ်ဇွန်းခွဲစာ)သုက်ရည်မှာ သုက်ပိုး သန်း ၄၀ ကနေ သန်း ၁၃၀ အထိပါဝင်ပါတယ်။ အကယ်၍ သုက်မလွှတ်ဘူးဆိုရင် သုက်ပိုးတွေကို ခန္ဓာကိုယ်က ပြန်လည်စုပ်ယူသွားပါတယ်။

တခြားခန္ဓာကိုယ်အစိတ်အပိုင်းထက် အပူချိန် ၅ ဒီဂရီ ပိုအေးပါ တယ်
အမျိုးသမီးတွေမှာလည်း မမျိုးဥ အိမ်ခေါ်တဲ့ မျိုးပွားအင်္ဂါရှိပေမယ့် အမျိုး သမီးတွေရဲ့ အင်္ဂါက ကိုယ်တွင်းမှာရှိ နေပြီး အမျိုးသားမျိုးပွားအင်္ဂါက ခန္ဓာ ကိုယ်အပြင်မှာ ဘာကြောင့်ရှိနေပါသလဲ ဆိုတာကို အဖြေရှာကြည့်တဲ့အခါမှာ ဝှေးစေ့ရဲ့ အပူချိန်က ခန္ဓာကိုယ်အပူချိန်ထက် ငါးဒီဂရီ လျော့နည်းနေတာကြောင့်လို့ သိရပါတယ်။ ဒီအပူချိန်က သုက်ပိုးတွေ ကို သိုလှောင်ဖို့အတွက် အကောင်းဆုံးအပူချိန်ဖြစ်တာကြောင့်ပါ။ ခန္ဓာကိုယ် အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက် ရှိပေ မယ့် ကပ်ပယ်အိတ်အရေပြားပဲ အပူချိန်ကို တိုင်းကြည့်ရင် ၉၃.၄ ဒီဂရီဖာရင် ဟိုက်သာ ရှိပါတယ်။
ကပ်ပယ်အိတ်မှာရှိတဲ့ ကြွက်သားတွေက ပတ်ဝန်းကျင်ရဲ့ အပူအအေးကို ကြည့်ပြီး ခန္ဓာကိုယ်နဲ့ ကပ်လိုက်ခွာလိုက် လုပ်ကာ ဝှေးစေ့ရဲ့ အပူချိန်ကို ထိန်းချုပ် ပေးပါတယ်။ ဥပမာအားဖြင့် အေးလွန်း တဲ့ရာသီဥတုမှာ ဝှေးစေ့က အေးနေရင် ကပ်ပယ်အိတ်က ကျုံ့လာပြီး ခန္ဓာကိုယ် ကိုကပ်ကာ နွေးထွေးအောင် ပြုလုပ်ပေး ပါတယ်။ ပူလာတဲ့အခါမှာ အပူဒဏ်ကို မခံနိုင်တဲ့အတွက် ပုံမှန်အနေအထားမှာပဲ တွဲလောင်းကျနေတတ်ပါတယ်။

တစ်ဖက်က နောက်တစ်ဖက်ထက် အောက်ကျနေတာက အကြောင်းရင်းရှိပါတယ်
ဘယ်ဘက်ခြမ်းက ဝှေးစေ့က ညာဘက်ခြမ်းထက် အနည်းငယ်အောက် ဘက်ရောက်နေတတ်တာက ပုံမှန်ပါ။ ဒါက ဝှေးစေ့တစ်လုံးကနေ နောက်တစ် လုံးကို အပူချိန်ညှိပေးတာဖြစ်ပါတယ်။ ဒါ့ပြင် တစ်ဖက်ကလည်း နောက်တစ်ဖက် ထက် အနည်းငယ် အရွယ်အစားကြီး နေတတ်ပါတယ်။ များသောအားဖြင့် ညာဘက်က ဘယ်ဘက်ထက် ပိုကြီးမား ပါတယ်။

ထိခိုက်မိရင် အလွန်အမင်း နာကျင်နိုင်ပါတယ်
ဝှေးစေ့တွေက မျိုးပွားဖို့အတွက် အလွန်အသုံးဝင်ပေမယ့် သူတို့က ခန္ဓာကိုယ်ပြင်ပမှာရှိနေတာကြောင့် မမျိုးဥ အိမ်လိုမဟုတ်ဘဲ အလွန်အမင်းအန္တရာယ် ရှိပါတယ်။ သူ့မှာ အာရုံခံ အာရုံကြော တွေများစွာရှိနေတဲ့အတွက် နည်းနည်း လေးထိလိုက်တာနဲ့ အရမ်းနာကျင်သွား တာက အန္တရာယ်အလွန်အမင်းမဖြစ် အောင် သဘာဝတရားက ကာကွယ်ပေး ထားတာဖြစ်ပါတယ်။ ကပ်ပယ်အိတ်ထဲမှာ ရှိတဲ့ကြွက်သားတွေကလည်း အန္တရာယ် ရှိမယ့်အနေအထားလို့ ထင်ရင် ဝှေးစေ့ ကို ခန္ဓာကိုယ်နဲ့ ဆွဲကပ်လိုက်ပါတယ်။

ကပ်ပယ်အိတ်က မိန်းမကိုယ်လိုမျိုး လိင်စိတ်ကြွတဲ့စေတဲ့နေရာ ဖြစ်ပါတယ်
ဝှေးစေ့တွေက နာကျင်မှုဝေဒနာကို အလွန်အမင်းအာရုံခံစားရသလို လိင်စိတ်သာယာမှုအတွက်လည်း အာရုံခံစား မှုပြင်းထန်ပါတယ်။

အတွင်းခံဘောင်းဘီက သုက်ပိုး အရေအတွက်နဲ့အရည်အသွေးကို ဆုံးဖြတ်နိုင်ပါတယ်
အောက်ခံဘောက်ဆာဘောင်းဘီ ဝတ်သူတွေက တခြားအမျိုးအစားအ တွင်းခံဘောင်းဘီကို ဝတ်ဆင်တဲ့အမျိုး သားတွေထက် သုက်ပိုးအရည်အသွေး ၂၅ ရာခိုင်နှုန်းပိုများပြီး သုက်ပိုးပါဝင်မှု ပမာဏ ၁၇ ရာခိုင်နှုန်း ပိုမိုများပြားပါ တယ်။ ဘောက်ဆာအတွင်းခံဘောင်းဘီ က ဝှေးစေ့အပူချိန်ထိန်းချုပ်နိုင်ဖို့ နေရာလုံလုံလောက်လောက်ရှိတာကြောင့်ပါ။ ရေနွေးထဲမှာ အကြာကြီးစိမ်ထိုင်တာ၊ လက်ပ်တော့ကို ပေါင်ပေါ်တင်ပြီး အသုံး ပြုတာတွေက ဝှေးစေ့မှာ အပူချိန်တက် လာနိုင်တဲ့အတွက် သုက်ပိုးအရေအတွက်နဲ့ အရည်အသွေးကို ကျဆင်းစေ နိုင်ပါတယ်။

ဝှေးစေ့ကင်ဆာကို အချိန်လွန်မှ တွေ့ရှိကြတာ များပါတယ်
ဝှေးစေ့ကင်ဆာရဲ့ လက္ခဏာတွေကတော့ ခါးနောက်ကျော၊ ပေါင်ခြံ၊ ဝမ်းဗိုက် ဒါမှမဟုတ် ကပ်ပယ်အိတ်မှာနာကျင် ကိုက်ခဲတာ၊ လေပွတာ၊ ကပ်ပယ်အိတ်မှာ လေးလံနေတာ၊ ဝှေးစေ့တစ်ဖက် ဒါမှမ ဟုတ် နှစ်ဖက်စလုံး အရွယ်ပမာဏပြောင်း လဲတာ၊ ဝှေးစေ့မှာ အဖုအကျိတ်ထွက်လာ တာတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဝှေးစေ့ကင်ဆာကို အချိန်လွန်မှ သိရှိကြတာက သူက သီးသန့်ဖြစ်နေတာမို့ တခြားကိုယ်အင်္ဂါ ဒါမှမဟုတ် အနားမှာရှိတဲ့အရိုး တွေကို ဖိမိတာမျိုးမရှိတဲ့အတွက် ဘာနာ ကျင်မှုဝေဒနာမှ မခံစားရတာကြောင့်ပါ။ ဒါ့ပြင် ကပ်ပယ်အိတ်အရေပြားကလည်း တွဲကျနေတာကြောင့် အတွင်းက ဘယ်လောက်ကြီးကြီး အမြင်မှာ သိသာမှုမရှိ တာကြောင့်ပါ။

ကံကောင်းတာက ဒီဝှေးစေ့ကင်ဆာကို ကုသပျောက်ကင်းနိုင်တဲ့အတွက် အမျိုးသားတိုင်း ဝှေးစေ့ကို မိမိဘာသာ စစ်ဆေးရပါမယ်။ ဒီရောဂါက အသက် ၁၅-၃၅ နှစ်ကြားအမျိုးသားတွေမှာ အဖြစ်များတဲ့အတွက် ရေချိုးနေစဉ်မှာ လက်မနဲ့ တခြားလက်တစ်ချောင်း ဒါမှမဟုတ် နှစ်ချောင်းနဲ့ မိမိဝှေးစေ့ကို လှိမ့် ကြည့်ကာ အဖုအထစ်တွေ ရှိ မရှိ၊ အ ကျိတ် ရှိ၊ မရှိ စမ်းသပ်ပါ။

တစ်ခါတလေမှာ ဝှေးစေ့ကဝမ်း ဗိုက်ထဲကနေ အောက်ဆင်းမလာတတ်ကြပါဘူး
သန္ဓေသားက သားအိမ်ထဲမှာ ကြီး ထွားနေစဉ်မှာ သူရဲ့ ဝှေးစေ့က ဝမ်းဗိုက်ကနေ ကပ်ပယ်အိတ်ထဲကို ဆင်းလာလေ့ ရှိပါတယ်။ ဒါပေမဲ့ တချို့မွေးကင်းစ ကလေးငယ်တွေက ဝှေးစေ့တစ်လုံး ဒါမှ မဟုတ် နှစ်လုံးစလုံး ဝမ်းဗိုက်အတွင်းမှာ ရှိနေတတ်ကြပါတယ်။ လအနည်းငယ် ကြာရင် သူ့အလိုလို ကပ်ပယ်အိတ်ထဲ ဆင်းလာတတ်ပေမယ့် ကလေး လေးလ အရွယ်အထိ ဝမ်းဗိုက်ထဲမှာရှိနေရင်တော့ ခွဲစိတ်ကုသမှုပေးရပါမယ်။ ဒီလိုမျိုး ကပ်ပယ်အိတ်ထဲ ဝှေးစေ့က ဆင်းမလာသူတွေက များသောအားဖြင့် လမစေ့ ကလေးငယ်၊ ပေါင်မပြည့်ကလေးငယ်၊ မိသားစုထဲမှာ မျိုးရိုးရာဇဝင်ရှိသူ၊ သန္ဓေ သား ဝမ်းတွင်းရှိစဉ် မိခင်က အရက် ဒါမှ မဟုတ် ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပြီး ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေက အဆ ၄၀ ပိုများပါတယ်။

#SM

#Men’sHealth

#GoodHealthJournal

Post Author: Good Health Journal