စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်တဲ့ သဘာဝအစားအစာ ၁၅ မျိုး

ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ သင်က စွမ်းဆောင်ရည်တွေ မြင့်မားနေမှ သာ သူများတွေထက် သာလွန်တဲ့ဘဝကို ဖန်တီးရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျင်လည် ရာလူ့ဘဝမှာ လူမှုတာဝန်တွေကို အပြည့်အ၀ ထမ်းဆောင်နိုင်ဖို့ဆိုရင်လည်း သင်ဟာ စွမ်းဆောင်ရည်နဲ့ ပြည့်စုံသူ တစ်ဦးတစ်ဖို့ လိုပါတယ်။ သဘာဝကရတဲ့ အစားအသောက်၊ အသီးအနှံတွေ စားသုံးရင်း စွမ်းဆောင်ရည်မြှင့်တင်နိုင်စေ ဖို့ ရေးသားလိုက်ပါတယ်။
၁။ နွားနို့
စွမ်းဆောင်ရည်ရှိတဲ့ မိန်းမတစ် ယောက်အဖြစ် အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ထိန်းသိမ်းထားနိုင်အောင် နို့သောက်ပေးပါ။ လူတို့ ပြုပြင်ဖန်တီး မှုတွေမပါတဲ့ နို့၊ မလိုင်နဲ့ ထောပတ်တွေမှာ သဘာဝအဆီဓာတ်တွေ ပါဝင်နေပါတယ်။ အဲဒီအဆီဓာတ်တွေက သဘာဝပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး အီစထရိုဂျင်ဟော် မုန်းထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဆီဓာတ်ဖြစ်ပါတယ်။
၂။ ကမာကောင်
အမျိုးသားတွေအတွက် အကောင်း ဆုံး အားတိုးစေနိုင်တဲ့ အစားအစာဆိုတာ သင်သိပါရဲ့လား။ ကမာကောင်မှာ ဇင့် ဓာတ်ကြွယ်ယ်ဝစွာ ပါဝင်တာကြောင့် အမျိုး သားတွေမှာ သုက်ကောင်ထုတ်လုပ်မှုကို အားပေးပြီး စွမ်းအင်တိုးပွားစေပါတယ်။
၃။ ကညွတ်
ခန္ဓာကိုယ်ထဲက ဟော်မုန်းဓာတ်တွေကို သဘာဝအတိုင်း ထိန်းညှိပေးနိုင်ပြီး စွမ်းဆောင်နိုင်မှုစွမ်းအားတွေ တိုး ပွားစေတဲ့ အစားအစာကတော့ ကညွတ် ပါ။ ကိုယ့်ကိုယ်ကိုယ်စွမ်းဆောင်နိုင်သူ တစ်ယောက်အဖြစ် ယုံကြည်မှုရှိစေပြီး စိတ်အားထက်သန်မှုကိုပါ ရရှိပိုင်ဆိုင်စေ နိုင်ပါတယ်။
၄။ အသည်း
အသည်းက သင်ရဲ့ စွမ်းဆောင်ရည်တွေ မြင့်မားစေတဲ့ အကောင်းဆုံး အစားအစာတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အသည်းမှာ အမျိုးသားဟော်မုန်းဖြစ်တဲ့ တက်စထရိုစတီရုန်းဟော်မုန်းပမာဏကို အကောင်းဆုံးအဆင့်ရောက်အောင် ထိန်းထားနိုင်တဲ့ ဇင့်ဓာတ်အများအပြား ပါဝင်တာကြောင့်ပါ။ ဒါ့ပြင် ဇင့်ဓာတ်က ဦးနှောက်ရဲ့ ပီကျူထရီဂလင်းကနေ တက်စထရိုစတီရုန်း ဟော်မုန်းထွက်ရှိအောင် လှုံ့ဆော်ပေးတဲ့ ဟော်မုန်းကိုလည်း ထုတ်လုပ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ တက်စထရိုစတီရုန်း ဟော်မုန်းကနေ အီစထရိုဂျင်ဟော်မုန်းကို ပြောင်းလဲစေတဲ့ အရိုမက်တေ့အင်ဇိုင်းကိုလည်း ပိတ်ပင်တားဆီးပေးပါတယ်။
၅။ ဝိုင်နီ
သုတေသီတွေက အသက် ၁၈ နှစ် မှ ၅၀ နှစ်ကြား အမျိုးသမီးတွေကို လေ့လာခဲ့ရာ တစ်နေ့ကို ဝိုင်နီနှစ်ခွက်သောက် တဲ့အမျိုးသမီးတွေက အရက်သောက်တဲ့ အမျိုးသမီးတွေထက် အိမ်ထောင်ရေး စွမ်းရည်ကို ပိုမိုပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။
၆။ ကြက်ဥ
ကြက်ဥမှာ မယုံနိုင်လောက်အောင် အစွမ်းတွေ ရှိနေပါတယ်။ ကြက်ဥက မျိုး အောင်စေနိုင်တဲ့ဆိုတဲ့ သင်္ကေတတစ်ခု သာမကဘဲ ဟော်မုန်းဓာတ်ကို ထိန်းညှိ ပေးပြီး စိတ်ဖိစီးမှုတွေကိုပါ လျှော့ချပေးတဲ့ ဗီတာမင် ဘီဖိုက်၊ ဗီတာမင် ဘီစစ် ဓာတ်တွေ ပေါများစွာ ပါဝင်ပါတယ်။
၇။ ငှက်ပျောသီး
ငှက်ပျောသီးကို စိတ်ဆန္ဒအတွက် အကောင်းဆုံး အစားအစာလို့ဆိုလိုက်ရင် မှားမယ်မထင်ပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် ဘီအုပ်စု၊ ဘရိုမီလင်အင်ဇိုင်းတွေ ပါဝင် တာကြောင့် အမျိုးသားတွေရဲ့ စွမ်း ဆောင်နိုင်မှုကို အားပေးပါတယ်။
၈။ ဘာလီ
ဖိုက်တိုအီစထရိုဂျင်ဟော်မုန်းဓာတ် ကြွယ်ယ်ဝတဲ့ အစားအစာတွေက သဘာ၀ ကနေ ရရှိနိုင်ပါတယ်။ အစေ့အဆန်များ (ဂုန်လျှော်စေ့၊ ဖရုံစေ့၊ နေကြာစေ့)၊ ကောက်နှံတစ်ခုလုံး (ဂျုံ၊ ကွေကာ၊ ဘာ လီ)၊ သစ်သီး (ဘယ်ရီသီး)တွေမှာ ဖိုက် တိုအီစထရိုဂျင်ဟော်မုန်းတွေ ပါဝင်ပြီး ဂုန်လျှော်စေ့မှာတော့ အများဆုံးပါဝင်ပါ တယ်။
၉။ ကန်စွန်းဥ
ကန်စွန်းဥက သင့်ကျန်းမာရေးအ တွက် စားသုံးဖို့ အသင့်တော်ဆုံး အစား အစာတစ်ခုဖြစ်သလို အကောင်းဆုံး စိတ်ဆန္ဒတွေကိုလည်း ပေးစွမ်းနိုင်ပါ တယ်။ ကန်စွမ်းဥမှာ <ကယ်ဝစွာပါဝင်တဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေက ခန္ဓာ ကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေ အဖြစ်ပြောင်းလဲသွားပြီး ယောနိလမ်း ကြောင်းနဲ့ သားအိမ်ကို ပုံစံတကျ ထိန်း သိမ်းပေးပါတယ်။ ဒါ့ပြင် ဟော်မုန်းထုတ် လုပ်မှုကိုလည်း အားပေးပါတယ်။
၁၀။ ကော်ဖီ
အများစုက မနက်ခင်းမှာ ကော်ဖီ တစ်ခွက်သောက်တတ်ကြပေမယ့် ဘာ အတွက် အကျိုးရှိမှန်း မသိကြပါဘူး။ ဒါဟာ သင်ရဲ့ စိတ်ဆန္ဒကို နိုးကြားတက် <ကစေပြီး သင့်စိတ်အာရုံကို တဝဲလည် လည်ဖြစ်နေစေပါတယ်။
၁၁။ ချောကလက်
ချောကလက်ရဲ့အရသာက သင့်ကို ပျော်ရွှင်ကြည်နူးစေပါတယ်။ ဒီလိုခံစားမှု မျိုးမရရင်တော့ သင်စားတဲ့ချောကလက် က ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ချောကလက်ထဲမှာ ကဖင်းနဲ့တူတဲ့ စိတ်ဓာတ်တက်<ကလှုံ့ ဆော်မှုတွေ ပေးစွမ်းတဲ့ သီရိုဘရိုမင်း ပါဝင်ပြီး ခံစားမှုကောင်းကို ဖြစ်ပေါ်စေ တဲ့ စီရိုတိုနင်ဟော်မုန်းကို ထုတ်လုပ် စေပါတယ်။
၁၂။ ဖရုံစေ့
သဘာဝကရတဲ့ ဇင့်ဓာတ်အကြွယ်၀ ဆုံး အစေ့အဆန်တစ်ခုပါ။ တက်စထရို စတီရုန်းဟော်မုန်းထုပ်လုပ်မှုကို အားပေး ပါတယ်။
၁၃။ ဇာတိပ္ဖိုလ်သီး
အိန္ဒိယသုတေသီတွေက ဇာတိပ္ဖိုလ် သီးရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ စိတ်စွမ်း အားကို မြှင့်တင်ပေးနိုင်တဲ့ဓာတ်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အာရုံကြော တွေကိုသန်မာစေပြီး သွေးလည်ပတ်မှု ကောင်းစေတာကြောင့် စွမ်းဆောင်ရည် ကို အမြင့်ဆုံးအထိ ပေးစွမ်းနိုင်ပါတယ်။ ကော်ဖီထဲထည့်သောက်လိုက်မယ်ဆိုရင် တော့ သင်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို နှစ်ဆလောက် မြှင့်တင်နိုင်ပါလိမ့်မယ်။
၁၄။ မှို
မှိုထဲမှာ လိင်ဟော်မုန်းတွေပါဝင် နေတာကြောင့် သင်ရဲ့ စွမ်းဆောင်ရည် သာမကဘဲ ဆွဲဆောင်နိုင်မှုစွမ်းအင်တွေ ကိုပါ တိုးတက်စေပါတယ်။
၁၅။ နေကြာစေ့
ဖရုံစေ့၊ နေကြာစေ့၊ အုတ်ဂျုံတွေမှာ တူညီတဲ့အာနိသင်တွေ ရှိနေပါတယ်။ သူတို့မှာ ခန္ဓာကိုယ်အတွက် ကောင်းမွန် သင့်တော်တဲ့ အဆီတွေပါဝင်တာကြောင့် ဟော်မုန်းပမာဏကို မြင့်မားစေပြီး စွမ်းဆောင်ရည်တွေ တိုးပွားစေပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal