ခံတွင်းထဲက သတိထားသင့်တဲ့ ပြဿနာတွေ

သွားနဲ့ ခံတွင်းပြဿနာတွေ ခံစားရတဲ့အခါ ဆိုးဆိုးရွားရွား မဟုတ်နိုင်ဘူးဆိုတဲ့ စိတ်အထင်နဲ့ လျစ်လျူရှုမထားသင့်ပါဘူး။ သွားနဲ့ခံတွင်းဆိုင်ရာ တချို့ပြဿနာတွေက ရောဂါလက္ခဏာ သိသိသာ သာပြတဲ့အချိန်မှာ ကုသဖို့အတွက်ဆိုရင် အချိန်နောက်ကျသွားတတ်ပါတယ်။ အောက်ပါဝေဒနာတွေ ခံစားရပါက လျစ်လျူရှုမထားသင့်ဘဲ ဆရာဝန်ထံ သွားရောက်ပြသနိုင်စေဖို့ ရေးသားလိုက်ပါတယ်။

အနာမကျက်ရင်
လျှာ၊ ပါးစောင်၊ သွားဖုံး စတာတွေမှာ အနာ၊ အဖုအကျိတ်နဲ့ အဖြူရောင်၊ အနီရောင်အကွက်တွေ တွေ့ခဲ့ရင် ပေါ့ဆမနေသင့်ဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။ ဒီလက္ခဏာတွေက ခံတွင်းကင် ဆာရောဂါရဲ့လက္ခဏာတွေဖြစ်နေနိုင်ပြီး အစောဆုံးသိရှိပါက ကုသပျောက်ကင်း နိုင်ခြေများနိုင်လို့ပါ။ ခံတွင်းမှာ ဘာရောဂါ လက္ခာတွေမှ မရှိခဲ့ဘူးဆိုရင်တောင် ခြောက်လတစ်ကြိမ်လောက် သွားနဲ့ခံတွင်းဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မှန်ကြည့်တိုင်း မျက်နှာတင်မကဘဲ သွားနဲ့ ခံတွင်းကိုပါ စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေ ဖြစ်နေရင်
ဘာကြောင့်နာကျင်မှန်းမသိဘဲ ခံတွင်းမှာ နာကျင်မှုခံစားနေရတာ၊ ရောင်ရမ်းမှုတွေ ဖြစ်နေတာတွေ နှစ်ရက်နဲ့ အထက် ကြုံတွေ့လာပါက သွားနဲ့ခံတွင်း ဆရာဝန်ထံ ပြသပါ။ ခံတွင်းမှာ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေ ဖြစ်နေတာက ပိုးဝင်တာ၊ သွားပိုးစားတာ၊ သွားဖုံးရောဂါခံစားရတာ၊ သွားနဲ့တာတွေ ဖြစ်နိုင်ပါတယ်။ မကုသဘဲထားပါက နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို ဆိုးဆိုးရွားရွားခံစားရပြီး သွားတွေဆုံးရှုံးရနိုင်ပါတယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို အိပ်စက်မရလောက်အောင် ခံစားရပါက အချိန်ဆွဲမနေဘဲ ဆရာဝန်ထံပြသစစ် ဆေးမှုခံယူလိုက်ပါ။

ခံတွင်းနံ့ဆိုးထွက်နေရင်
သွားနဲ့ခံတွင်းသန့်စင်မှုကို ဂရုမစိုက် ဘဲထားပါက ခံတွင်းမှာ ဗက်တီးရီးယားပိုး တွေပေါက်ပွားပြီး ခံတွင်းနံ့ဆိုးဖြစ်ပေါ်စေ ပါတယ်။ တချို့တွေမှာတော့ သွားဖုံးရော ဂါရှိတာ၊ နှာခေါင်းတွင်းလေအိတ်ငယ်တွေ ရောင်ရမ်းတာ၊ လည်ချောင်းနဲ့ အဆုတ်မှာ ပိုးမွှားဝင်ရောက်နေတာ၊ သွားတွေ ပျက် စီးတာနဲ့ခံတွင်းမှာ ပြည်တည်နာရှိတာတွေ ကြောင့်လည်း ခံတွင်းနံ့ဆိုးကို ဖြစ်စေပါ တယ်။ ခံတွင်းပျက်တာက ခံတွင်းမှာ ဗက်တီးရီးယားပိုးတွေရှိတာကြောင့် ဖြစ် နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ရဲ့ခံတွင်း နံ့ဆိုးကို ကိုယ်တိုင်သတိမထားတတ်ပေ မယ့် ကိုယ်ရဲ့ဇနီး၊ ခင်ပွန်းနဲ့ မိတ်ဆွေတွေ က သတိထားမိတတ်ကြပါတယ်။

သွားတွေ ယိုင်နဲ့လာခဲ့ရင်
အသက် ခြောက်နှစ်အရွယ်မှာ သွား တွေယိုင်နဲ့ပြီး ကျိုးတာက မဆန်းပေမယ့် အသက် ၄၀ လောက်မှာ သွားတွေ ယိုင်နဲ့ လာခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ သွားတွေယိုင်နဲ့ပြီး အခြေမခိုင်ဖြစ်လာတာက ခံတွင်းရောဂါတွေကြောင့်ဖြစ်နိုင်ပြီး ခံတွင်းကင်ဆာရောဂါမှာလည်း သွားတွေယိုင်နဲ့လာတတ်ပါတယ်။ မတော်တဆထိခိုက်မှုကြောင့်မဟုတ်ဘဲ သွားတွေယိုင်နဲ့လာခဲ့မယ်ဆိုရင်တော့ လျစ်လျှူရှုမထားဘဲ ဆရာဝန်နဲ့ ပြသစစ်ဆေးမှုကို ခံယူပါ။

အံဆုံးနာကျင်နေခဲ့ရင်
အံဆုံးပေါက်တာက တချို့တွေမှာ နာကျင်မှု မရှိတတ်ပေမယ့် တချို့တွေမှာ ရောင်ရမ်းတာ၊ နာကျင်တာနဲ့ တချို့ဝေဒ နာတွေကို ခံစားရတတ်ပါတယ်။ အံဆုံးပေါက်ချိန် အံသွားတစ်ဝိုက်မှာ ရောင်ရမ်းပြီး နာကျင်နေခဲ့ရင် ဆရာဝန်နဲ့ ပြသစစ် ဆေးဖို့လိုပါတယ်။ ဆရာဝန်က လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကုသပေးပါလိမ့်မယ်။

Tip

  • ခြောက်လတစ်ကြိမ်လောက် သွား ဆရာဝန်နဲ့ ပြသစစ်ဆေးပါ။
  • သွားနဲ့ ခံတွင်းပြဿနာတွေ ဖြစ်လာပါ က လျစ်လျူရှုမထားဘဲ ဆရာဝန်နဲ့ ပြသ စစ်ဆေးပါ။
  • ခံတွင်းပြဿနာအများစုက အတွင်းမှာ ဖြစ်နေတတ်ပြီး ရောဂါလက္ခဏာ သိသိ သာသာ မပေါ်တာမျိုး ဖြစ်နေတတ်တာ ကြောင့် မပေါ့ဆသင့်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal