သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် သတိပြုစားသင့်တဲ့ အစားအစာတွေ

သွားနဲ့ခံတွင်း ကျန်းမာအောင် တစ်နေ့ နှစ်ကြိမ် ပုံမှန်သွားတိုက်တာ၊ သွားကြားပွတ်ကြိုး အသုံးပြုတာ၊ အစာစားပြီးတိုင်း ပလုတ်ကျင်းတာ စတာတွေ လုပ်ရုံ နဲ့ လုံလောက်ပြီလို့ သင်ထင်နေပါသလား။ အစားအသောက်တွေကလည်း သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်နိုင်တာတွေ ရှိပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အောက်ပါအစားအစာ ၇ မျိုးကို ဘာကြောင့် ရှောင်ကြည်သင့်တာလဲဆိုတာ လေ့လာကြည့်ရအောင် . . .

နေကြာစေ့ ကိုက်ခြင်း
နေကြာစေ့မှာ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့အာနိသင်တွေ များစွာပါရှိပါတယ်။ ဒါပေမဲ့ နေကြာစေ့အခွံကမာ ကျောတာကြောင့် သွားတွေကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် သွားနဲ့ခံတွင်း ဆရာဝန်တွေက နေကြာစေ့ စားမယ်ဆို ရင် အခွံနွှာပြီးသား နေကြာစေ့တွေ ဝယ်စားဖို့ အကြံပြုတာ ဖြစ်ပါတယ်။

ခံတွင်းနံ့သင်း သကြားလုံးစားခြင်း
သွားနဲ့ ခံတွင်းက အနံ့ဆိုးတွေ ကင်းစင်စေတယ်ဆိုပေမယ့် သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ခံတွင်းနံ့သင်းစေတဲ့ သကြားလုံး အများစုမှာ သကြားပါဝင်မှုများလို့ ဗက်တီးရီးယားပိုးတွေ ပေါက်ပွားမှုကိုလည်း အားပေးပါတယ်။ ခံတွင်းပြဿနာအများစုဖြစ်စေပြီး သွားပိုးစားတာကိုလည်း ဖြစ်စေပါတယ်။ခံတွင်းနံ့သင်းစေတဲ့ သကြားလုံး၊ ငုံဆေးတွေ စားမယ်ဆိုရင် သကြားမပါဝင်တာ ကို စားသုံးနိုင်ပါတယ်။

သစ်သီးခြောက်စားခြင်း
သစ်သီးခြောက်တွေမှာ ကျန်းမာရေး ကို အထောက်အကူပြုတဲ့ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒါ့ပြင် ကျန်းမာရေးနဲ့မညီတဲ့ သကြားတွေ ပါဝင်မှုများတဲ့အပြင် သစ်သီးခြောက်က စေးကပ်တာကြောင့် စားလိုက်တဲ့အခါ သွားမှာကပ်ကျန်နေတတ်ပါတယ်။ ဒါတွေက ခံတွင်းမှာ ဗက်တီးရီးယားပိုးတွေ ပေါက်ပွားမှုကို အားပေးပါတယ်။

ရှလကာရည်များများထည့်စားခြင်
ရှလကာရည်များစွာပါတဲ့ အစာတွေ စားသုံးတာကြောင့် သွားရဲ့ကြွေလွှာကို ပျက်စီးစေပါတယ်။ အသီးအရွက်သုပ်တွေနဲ့ တချို့အစာတွေမှာ ရှလကာရည် ထည့်စားတဲ့အခါ ဆလတ်ရွက်ထည့်သုပ်တာကြောင့် သွားကြွေလွှာပျက်စီးမှုကို လျော့နည်းသွားစေပါတယ်။

ရေခဲတုံးကိုက်ခြင်း
ရေခဲကိုက်တာက သွားကျန်းမာရေးအတွက် မကောင်းပါဘူး။ ရေခဲရော သွားရဲ့ကြွေလွှာရောက ခရစ္စတယ်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရေခဲတုံး ကိုက်တဲ့အခါ ခရစ္စတယ်နှစ်ခု အချင်းချင်း ပွတ်တိုက်တာကြောင့် ကြေကွဲမှုကို ဖြစ်စေပါတယ်။

အရသာဖြည့်ထားတဲ့ရေသောက်ခြင်း
ရေသောက်တာက ခန္ဓာကိုယ်တွင်း ရေဓာတ်ဖြည့်ပေးတဲ့အပြင် အကုန်အကျ အနည်းဆုံး ခံတွင်းကျန်းမာစေတဲ့နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ အချဉ်ဓာတ် ဖြည့်စွက်ထားတဲ့ ရေသောက်တာက သွားကြွေလွှာကို ပျက်စီးစေပါတယ်။ သွားကြွေလွှာက သွားတွေ မပျက်စီးအောင် ကာကွယ်ပေးထားတဲ့ အပြင်ဘက်ဆုံး အလွှာ ဖြစ်ပါတယ်။

အားဖြည့်အချိုရည်
သကြားတွေ များစွာပါဝင်လို့ သွားနဲ့ ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အားဖြည့်အချိုရည်တွေက အားဖြည့်လန်းဆန်းသွားစေတယ်ဆိုတဲ့ ကြော်ငြာတွေကို နားမယောင်ဘဲ အဲဒါတွေအ စား ရေပဲသောက်တာက ခံတွင်းသာမက ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ များစွာအကျိုးရှိစေပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal