အစားအသောက်နှင့် လေ့ကျင့်ခန်း ပါဝင်ပတ်သက်မှုမရှိသော အသက်ရှည်ဖို့ အတွက် တခြားနည်းလမ်းကောင်းများ

ကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ဖို့အတွက် လျှို့ဝှက်ချက်။
ကျန်းမာရေးကောင်းပြီး အသက်ရှည်ရှည် နေထိုင်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့အစားအစာကိုစားသုံးပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့က အရေးတကြီး လိုအပ်တယ် ဆိုတာကိုတော့ လူတိုင်းသိရှိနားလည်နေကြပြီ ဖြစ်ပါတယ်။ ဒီအမူအကျင့် နှစ်မျိုးက ကျန်းမာရေးကောင်းဖို့ ဒေါက်တိုင်ဖြစ်နေပေမယ့် တခြားအရေးကြီးတဲ့ အချက် တွေလည်း ရှိနေသေးတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ကျန်းမာပြီး အသက်ရှည်ကြတဲ့ အပြာရောင်ဇုန်က လူတွေရဲ့ အမူအကျင့်တွေမှ စိတ်ကူးစိတ်သန်းကို ရယူထားတာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှု ကင်းအောင်နေပါ။
နာတာရှည် စိတ်ဖိစီးမှုကြောင့် ရောင်ရမ်းမှုတွေနဲ့ ရောဂါမျိုးစုံ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသက်ရှည်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ဘဝကို ရရှိနိုင်အောင် စိတ်ဖိစီးမှု ကင်းအောင်နေထိုင်ရပါမယ်။ အပြာရောင်ဇုန်မှလူအများစုက သူတို့အရင်ကနေထိုင်ခဲ့တဲ့ မြို့ပြတွေကိုစွန့်လွှတ်ပြီး ကျွန်းတွေအပေါ်မှာ လာရောက်နေထိုင်ကြတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်ဖိစီးမှုလျော့ကျနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေပြီး လိုက်နာကျင့်သုံးပါ။

လူမှုရေးကို ဦးစားပေးပါ။
မိမိကို အထောက်အကူပြုနိုင်တဲ့ အသိုင်းအဝိုင်းရှိပြီး လူမှုဆက်ဆံရေးကောင်းမွန် တာက အသက်ရှည်နိုင်ပါတယ်။ သင့်မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ဆက်ဆံ ရေးကို ဦးစားပေးပါ။ သင်ချစ်ခင်ရသူတွေအတွက် အချိန်ပေးပြီး သူတို့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါ။ သင့်ကို ပျော်ရွှင်စေပြီး စိတ်ကျေနပ်မှု ရရှိနိုင်ပါတယ်။

ညနေပိုင်းမှာ ဝိုင်တစ်ခွက်သောက်ပါ။
အရက်က ကျန်းမာရေးအတွက် အကျိုးမရှိဘဲ ပမာဏများများသောက်မိရင်တောင် ကျန်းမာရေးအတွက် ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမဲ့ အပြာရောင်ဇုန်အတွင်းမှာ နေ ထိုင်ကြသူတွေက ညစာမစားခင်မှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူတူ ဝိုင်တစ် ခွက် သောက်လေ့ရှိကြပါတယ်။ ဒါက သင်နေ့စဉ် ဝိုင်သောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီအိုင်ဒီယာက စိတ်ဖိစီးမှုနည်းပြီး စိတ်ဖြေဖျောက်နိုင်ကာ စိတ်အေးချမ်း ရရှိမှုနဲ့ ပေါင်းသင်းဆက်ဆံရေးအတွက် နည်းလမ်းရှာဖွေနိုင်ဖို့အတွက် ဖြစ်ပါတယ်။

သင့်ကို ဘာက စိတ်ပျော်ရွှင်စေနိုင်သလဲဆိုတာကို ရှာဖွေပါ။
ကျွန်မတို့က နေ့စဉ်အလုပ်ကိစ္စ၊ အိမ်မှုကိစ္စနဲ့ မိသားစုအရေးတွေကြောင့် မကြာ ခဏ စိတ်ဖိစီးမှုများနေရပြီး ငြီးငွေ့ဖွယ် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မိမိအတွက် စိတ်ပျော်ရွှင်ရတာတွေကိုရွေးချယ်ပြီး စိတ်ညစ်ရတယ်လို့ထင်ရတဲ့အရာတွေကို အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်ကြည့်ပါ။ ဒီလိုညှိယူရတာက ငွေနဲ့ဖြေရှင်းရတာမဟုတ်ဘဲ တာဝန်ယူတတ်ဖို့သာ လိုအပ်ပါတယ်။ ဒါက သင့်အတွက်ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှု ရရှိနိုင်ပါတယ်။

မပျင်းရိပါနဲ့၊ ရွေးချယ်လို့ရပါတယ်။
သင်နေထိုင်ရာအရပ်က သင်ရဲ့ဘဝနေထိုင်မှုပုံစံနဲ့ ဘဝသက်တမ်းအတွက် အရေး ကြီးတယ်လို့ဆိုပေမဲ့ သင်အသက်ရှည်ဖို့ အလုပ်ကအနားယူပြီး အပြာရောင်ဇုန်မှာ သွားနေရမယ်လို့ မဆိုလိုပါဘူး။ အထက်ဖော်ပြပါ ဘဝသက်တမ်းရှည်နိုင်တဲ့အချက်အလက်တွေက ပြုလုပ်ရတာလွယ်ကူတဲ့အတွက် သင်ရဲ့နေ့စဉ် အမူအကျင့်ဖြစ်အောင် ပြုလုပ်နိုင်ရင် ကျန်းမာပြီးပျော်ရွှင်တဲ့ဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဖြည်းဖြည်းနဲ့ စတင်ပါ။
အကျင့်တစ်ခုဖြစ်ဖို့ တည်ဆောက်ရတာခဲယဉ်းသလို ဖျက်ပစ်ရမှာလည်း ခက်ခဲ တတ်ပါတယ်။ သင်ရဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံနဲ့ နေ့စဉ်အမူအကျင့်တွေက ကျန်းမာရေး နဲ့ မသင့်တော်ဘူးလို့ထင်မှတ်နေရင် သင်ကပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန်မှစတင်ပြီး အနည်းငယ်စီ ပြုပြင်လိုက်ပါ။ ရုတ်တရက်ကြီး အလုံးစုံ ပြောင်းလဲလိုက်ပြီး နောက်နေ့တွေမှာ ဒုံရင်းအတိုင်းပြန်နေသွားမယ့်အစား တစ်နေ့ကို နည်းနည်းစီပြောင်းလဲပြီး မိမိပြောင်းလဲမယ့်အကြောင်းအရာပေါ် အထူးအာရုံစိုက်ကာ ပြုလုပ်တာက ပိုမိုကောင်းမွန်ပါတယ်။

à

Post Author: Good Health Journal