ကိုဗစ်-၁၉ ရောဂါ အတွက် ၁၀၀% နီးပါး ထိရောက်မှုရှိသည့် ကုသနည်းကို တွေ့ရှိပြီ ဟုဆို

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါမှ သိပ္ပံပညာရှင် သုတေသီတွေက ကိုဗစ်-၁၉ ရောဂါကို ၁၀၀% နီးပါးအောင်မြင်နိုင်တဲ့ ကုထုံးကို ရှာဖွေ တွေ့ရှိပြီးဟု ထင်မြင်ယူဆ ကြပါတယ်။ ဆေး အမျိုးအစား ၄ မျိုးပေါင်းစပ် ထားတဲ့ ဒီကုထုံးကို ICAM လို့ အတိုကောက် အမည်ပေးထားပါတယ်။ ICAM ကအဆုတ်အတွင်းရောင်ရမ်းမှု မဖြစ်အောင်ကာကွယ်နေစဉ်မှာပဲ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ဒီတွေ့ရှိချက်ကို မှန်ကန်ကြောင်း သက်သေပြဖို့ လူနာမျာနဲ့ စမ်းသပ်ကုသမှုများ ပြုလုပ်နေဆဲဟု သိရပါတယ်။ဒီကုထုံးကသာ အန္တရာယ်ကင်းပြီး ထိရောက်မှု ရှိခဲ့ရင် ကိုဗစ်လူနာတွေကို ဆေးရုံမတက်စေပဲ ပြင်ပလူနာ အဖြစ် ကုသနိုင်လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။ ICAMကဆေးအသစ်မဟုတ်ပါဘူး I = Immunosupport drugs ခုခံအားစနစ်ကို အထောက်အပံ့ပေးတဲ့ ဗီတာမင် C, D […]

ကိုဗစ်ကာလမှာ ကိုယ်ရောစိတ်ပါ ကျန်းမာနေစေဖို့

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးရှိ လူသားတွေမှာ စိတ်ဖိစီးမှုတွေ အ နည်းနဲ့အများ ခံစားနေရပါတယ်။ အဓိက အကြောင်းရင်းကတော့ ကူးစက်ဗိုင်းရပ်စ် ရောဂါကြောင့် စီးပွားရေးအခြေအနေ ရိုက်ခတ်သွားလို့ပါ။ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေအပါအဝင် တစ်ကမ္ဘာလုံးနီးပါး စီးပွားရေးအခက်အခဲ ကြုံတွေ့ရတဲ့ ကာ လဖြစ်တာကြောင့် စား၊ ဝတ်၊ နေရေး အ ဆင်ပြေဖို့ ကြိုးစားနေကြရတဲ့ လူသား ဘဝအတော်များများ ထိခိုက်ကုန်ပါတယ်။ ဒီအချိန်မှာ စိတ်ဖိစီးမှုဒဏ်ကို ပိုပြီး ခံစားရတဲ့သူတွေက – သက်ကြီးရွယ်အို တွေ၊ နာတာရှည်ရောဂါခံစားနေရသူတွေ၊ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူ ငယ်တွေ၊ ကိုဗစ်ရောဂါအတွက် ကျန်းမာ ရေးစောင့်ရှောက်မှုပေးနေသူတွေ၊ ဆရာ ဝန်တွေ၊ ကိုဗစ်ရောဂါကြောင့် လိုအပ်တဲ့ နေရာတွေမှာ လုပ်အားပေးကူညီသူတွေ၊ စိတ်ကျန်းမာရေးချို့တဲ့နေသူတွေ ပါဝင်ပါ တယ်။ ♥ မိသားစုဝင်တွေကို ဂရုစိုက်ပါ […]

ရောဂါပိုးမကူးစက်အောင် စွမ်းအင်ပြည့်ဝစွာ နေထိုင်ကြမယ်

COVID – 19 ရောဂါရှိသူတွေ မြန်မာနိုင်ငံမှာပါ တွေ့လာရပြီဆိုတော့ အားလုံးရဲ့ စိုးရိမ်ပူပန်စိတ်တွေက ပိုမို မြင့်မားလာပါတယ်။ တစ်နေ့တာအတွင်း စိုးရိမ်စိတ်တွေ လျှော့ချနိုင်ဖို့ဆိုရင် စွမ်း အင်ပြည့်ဝပြီး စိတ်ရွှင်လန်းတက်ကြွနေ ရမှာဖြစ်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်ခု ခံအားကောင်းပြီး ကူးစက်ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ♦ အကျိုးသက်ရောက်မှု အစားအစာ စားသုံးလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှု သုံးမျိုး ရရှိစေပါတယ်။ အဲဒါတွေက – (၁) ကယ်လိုရီကို လုံလုံလောက်လောက် ရရှိစေတယ်။ (၂) လှုံ့ဆော်မှုပေးတယ် (ဥပမာ-ကဖင်း) (၃) ဇီဝဖြစ်ပျက်မှုကို ကောင်းစေတယ်။ တချို့အစားအစာတွေက သွေး တွင်းသကြားဓာတ်ကို မျှခြေဖြစ်အောင် ထိန်းပေးထားပြီး ဦးနှောက်ရဲ့ခံစားမှု ကောင်းကိုဖြစ်စေတဲ့ ဆီရိုတိုနင်ကိုထွက် စေပါတယ်။ ဒီလိုနည်းနဲ့ စိတ်ဓာတ်ကျ […]

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်စိတ်လွန်ကဲနေပြီလား

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့နိုင်ငံတွေ ရှိနေပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ လုံးဝစိတ်မပူတဲ့သူတွေ ရှိသလို အစိုးရိမ်လွန်နေသူတွေ လည်းရှိပါတယ်။ စိုးရိမ်စိတ်လွန်ကဲ နေပြီထင်ရင်တော့ စိတ်သက်သာရာရစေ ဖို့ ရေးသားလိုက်ပါတယ်။ (၁) သင်တစ်ယောက်တည်းမဟုတ်ပါဘူး ရောဂါကပ်ဘေးနဲ့ကြုံရမှာစိုးရိမ်နေသူတွေအများကြီးပါ၊ လူတိုင်းသေရမှာကို တွေးမိရင် ထိတ်လန့်ကြမှာအမှန်ပါပဲ၊ သင် တစ်ယောက်တည်းမဟုတ်ပါဘူး။ တစ် ကမ္ဘာလုံးရင်ဆိုင်နေရတာဖြစ်ပါတယ်။ (၂) ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ ကိုယ့်ဘက်က လုပ်နိုင်တာကတော့ ကိုယ်တိုင်ရဲ့ကျန်းမာရေးအတွက် အကောင်း ဆုံးဖြစ်အောင် ဂရုစိုက်ဖို့ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မယ်၊ လက်ကို မကြာ ခဏဆေးမယ်၊ လူစုလူဝေးများတဲ့နေရာ တွေသွားတာရှောင်မယ်၊ ကျန်းမာရေးနဲ့ ညီ ညွတ်အောင်စားမယ်၊ ဖြည့်စွက်အားဆေး တွေသောက်မယ်၊ အိပ်ချိန်ပြည့်အောင်အိပ် မယ်ဆိုရင်ကိုယ်ခံစွမ်းအားမြင့်တက်နေမှာပါ။ (၃) မသေချာမှုကို ခံနိုင်ရည်ရှိအောင်ကြိုးစားပါ လောကကြီးမှာ ဘယ်အရာမှ မတည် မြဲသလို၊ ဘယ်အရာကိုမှလည်း […]

Mask တပ်ဖို့ တကယ်လိုရဲ့လား Mask တပ်နည်းကော မှန်ရဲ့လား

ကိုရိုနာဗိုင်းရပ်စ် (COVID-19) စပြီးဖြစ်ပြီဆိုကတည်းက ကိုယ့်နိုင်ငံမှာ Positive Case မတွေ့သေးခင်ကတည်းက  ကြိုတင်ကာကွယ်တဲ့အနေနဲ့ Mask တွေအတပ်များလာကြပါတယ်။ အဲဒီအခါ ဈေးကွက်ထဲမှာ ပစ္စည်းပြတ်တဲ့အထိ ဖြစ် လာပြီး ဈေးတွေလည်း အဆမတန်တက် လာပါတော့တယ်။ သူ့ထက်ငါ အပြိုင်အ ဆိုင် Mask တပ်နေကြတော့ Mask အုပ်မထားရင် မလုံခြုံဘူးလို့တောင် ထင်လာကြပါတယ်။ Mask က တကယ်လိုအပ်လာတဲ့အ ခါမှာ အလွန်အသုံးဝင်ပေမယ့် မလိုအပ် ဘဲမသုံးသင့်ပါဘူး။ သုံးတဲ့အခါမှာလည်း အသုံးပြုနည်းမှန်ကန်ဖို့ လိုအပ်ပါတယ်။ မလိုအပ်ဘဲသုံးပြီး အသုံးပြုနည်းမှားနေ ရင် ပိုတောင်ဆိုးမှာပါ။ အဲဒီတော့ Mask တပ်ဖို့ တကယ် လိုရဲ့လား။ ဘယ်သူတွေမှာ မဖြစ်မနေသုံး သင့်လဲ။ Mask တပ်နည်းကော မှန်ရဲ့ လား။ ဖတ်ကြည့်ကြရအောင်နော်။ ♦ Mask […]

ကိုဗစ်နှင့် ကလေး

ကလေးငယ်တွေမှာလည်း လူကြီးတွေလိုမျိုးပဲ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။ ကလေးတွေက ပတ်ဝန်းကျင်လေထုထဲက အအေးမိရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ မကြာခဏ ထိတွေ့ခံနေရတာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ထဲ မှာ ပဋိပစ္စည်းတွေထွက်ပေါ်ပြီးသားပါ။ အဲဒီထဲက တချို့က အခုအသစ်ထွက်ပေါ် နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အပေါ် ကာကွယ် မှုရနိုင်တယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် ကလေးတွေမှာရှိတဲ့ ခုခံအားစနစ်ရဲ့ ဗိုင်း ရပ်စ်အပေါ် တုံ့ပြန်အားက လူကြီးတွေနဲ့ မတူညီတာကြောင့် ရောဂါလက္ခဏာ မတွေ့ရှိရတာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေမှာ လူကြီးတွေလိုမျိုး နှလုံး ရောဂါ၊ အဆုတ်ရောဂါနဲ့ ခုခံအားစနစ်ကျ ဆင်းတဲ့ရောဂါတွေ မရှိသေးတာကြောင့် လည်း ပါဝင်ပါတယ်။ ♥ ဒေါက်တာခင်မိုးမိုး Ref : everyday health, healthline.com, health.com, foxnews.com, webmd.com, mayoclinic.com

သီချင်းဆိုခြင်းကြောင့် ကျန်းမာပျော်ရွှင်နိုင်

အီတလီနိုင်ငံမှာ COVID-19 ရောဂါကူးစက်နှုန်း အလွန်များပြားပြီး အဲဒီရောဂါကြောင့် သေဆုံးနှုန်းလည်းများတဲ့အတွက် နိုင်ငံက တာဝန်ရှိသူတွေက တစ်မြို့လုံး ကို Lockdown လုပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ အီတလီနိုင်ငံသူ၊ နိုင်ငံသားတွေက မိမိရဲ့ အိမ်ပြတင်းပေါက်ကနေ ထွက်ပြီး သီချင်းတွေ သံပြိုင်သီဆိုကြတယ်လို့ သိရ ပါတယ်။ ဒါက အလေ့အကျင့်ကောင်းပါ။ သီချင်းသံပြိုင်သီဆိုတာကြောင့် ကြောက် ရွံ့မှုတွေ ပျောက်ကွယ်ပြီး စိတ်ဓာတ်တွေ တက်ကြွလာတဲ့အပြင် ကျန်းမာရေးအတွက် အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ♦ ခုခံအားစနစ်ကို မြှင့်တင်နိုင်ပါတယ် သီချင်းဆိုတာကြောင့် ကိုယ်တွင်းက ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်တဲ့ ခန္ဓာကိုယ်က Immunoglobulin A ထုတ်လုပ်မှုအား ပိုမိုကောင်းမွန်နိုင်တယ်လို့ သုတေ သီတွေက ထုတ်ဖော်ထားပါတယ်။ ဒါ့အပြင် သီချင်းဆိုတာက အေရိုးဗစ်လေ့ကျင့်ခန်း လုပ်သလိုမျိုး အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ သွေးလှည့်ပတ်မှုတွေ ကောင်း […]

ကိုဗစ်နှင့် ဇင့်ငုံဆေး

လေ့လာမှုအများအပြားအရ ဇင့်လို့ခေါ်တဲ့ သွပ်ဓာတ်ဟာ ခုခံအားစနစ်ကို မြင့် တက်စေပြီး အအေးမိရောဂါပိုးကို တွန်းလှန်နိုင်တယ်လို့ သိရပါတယ်။ သွပ်ဓာတ်ပါ တဲ့ငုံဆေးကို ငုံသူတွေက အအေးမိရောဂါဖြစ်ချိန် ၃၀ ရာခိုင်နှုန်း တိုတောင်းသွားတယ် လို့ ၂၀၁၇ ခုနှစ် မေလက ထုတ်ခဲ့တဲ့ ဂျာနယ်တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဇင့် (သွပ်ဓာတ်)ကို အခုအသစ်ပေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် သီးသန့်စမ်းသပ်မှုမပြု လုပ်ရသေးပေမယ့် တခြားဗိုင်းရပ်စ်ပေါင်းများစွာအပေါ်မှာတော့ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဇင့် ငုံဆေးတွေက ဗိုင်းရပ်စ်တွေ စတင်ပြန့်ပွားတဲ့ လည်ချောင်းထဲက ဗိုင်းရပ်စ်တွေရဲ့ လှုပ်ရှားမှုကို တားမြစ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သင် လည်ချောင်းနာတာနဲ့ ဇင့်ငုံဆေးကို ငုံလိုက်ပါ။ ဝါးစားရမှာမဟုတ်ပါဘူး။ တစ်ချိန်လုံး စုပ်ထားပါမှ သင့်လျှာပေါ်မှာ သွပ်ဓာတ်တွေ လွှမ်းနေမှာဖြစ်ပါတယ်။ တစ်ပတ် ဒါမှ မဟုတ် […]

Covid-19 & Health Tips!

♦ ကိုဗစ်နှင့် လူလတ်ပိုင်းပြဿနာ အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် ဆေးရုံတက်တဲ့လူနာတွေရဲ့ လေးယောက်မှာ တစ်ယောက်နှုန်းက အသက် ၂၀-၅၄ နှစ်ကြားဖြစ်တယ်လို့ သိရ ပါတယ်။ ဒေါက်တာခင်မိုးမိုး(Good Health Journal) Ref : WebMD _________________________________________________________________________________________________________ ♦ ကိုဗစ်ရောဂါရှိသူထက်ဝက်ခန့်က အစာခြေလမ်းကြောင်း ပြဿနာဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ တခြားအစာခြေလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ကို ကိုဗစ်လူနာတွေရဲ့ ထက်ဝက်ခန့်မှာ တွေ့ရှိတယ်လို့ တရုတ်သုတေသီတွေက ထုတ်ဖော်ထားပါတယ်။ သုတေသီတွေက အပူပိုင်းပြည်နယ်မှာရှိတဲ့ အသက် ၅၅ နှစ် အရွယ်ဝန်းကျင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက် အတွင်း ဆေးရုံတက်ရောက်ခဲ့တဲ့ COVID-19 လူနာပေါင်း ၂၀၄ ယောက်ကို စစ် […]

ကိုဗစ်ရောဂါသတိပြုစရာ ကြောက်သင့်သလောက်သာ ကြောက်ကြပါ

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်အသစ် SARS-CoV-2 ရောဂါပိုးကြောင့်ဖြစ် သည့် ကိုဗစ် (COVID-19) ရောဂါသည် ကမ္ဘာ့နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၁၈၀ ကျော် တွင် ဖြစ်ပွားလျက်ရှိ၍ လူပေါင်း ၃၀၀၀၀၀ ကျော်၌ ကူးစက်ခဲ့ပြီး လူပေါင်း ၁၃၀၀၀ ကျော် သေဆုံးစေသည်ကို သိကြပြီးဖြစ်ပါလိမ့်မည်။ ကမ္ဘာ့အနှံ့သို့ ကူးစက်ပျံ့နှံ့နိုင်သည့် ကမ္ဘာလုံးဆိုင်ရာကပ် ရောဂါ (Pandemic Disease) အဖြစ်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က ၁၁-၃-၂၀၂၀ ရက်ကပင် ကြေညာခဲ့ ပြီးဖြစ်သည်။ နေ့စဉ်နှင့်အမျှ ကူးစက်ပြန့် ပွားသည့် နိုင်ငံအရေအတွက်တိုးလာ၍ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် အာဆီယံ ဒေသနိုင်ငံတိုင်းလိုလို ( ၂၂-၃-၂၀၂၀ ရက် နေ့လယ်အထိ မြန်မာနှင့် လာအိုမပါ) တွင်လည်း ဖြစ်ပွားလျက်ရှိသဖြင့် မြန်မာနိုင်ငံသို့ အချိန်မရွေးရောက်ရှိ လာနိုင်ပြီး […]