Covid-19 & Health Tips!

♦ ကိုဗစ်နှင့် လူလတ်ပိုင်းပြဿနာ

အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် ဆေးရုံတက်တဲ့လူနာတွေရဲ့ လေးယောက်မှာ တစ်ယောက်နှုန်းက အသက် ၂၀-၅၄ နှစ်ကြားဖြစ်တယ်လို့ သိရ ပါတယ်။

ဒေါက်တာခင်မိုးမိုး(Good Health Journal)
Ref : WebMD

_________________________________________________________________________________________________________

♦ ကိုဗစ်ရောဂါရှိသူထက်ဝက်ခန့်က အစာခြေလမ်းကြောင်း ပြဿနာဖြစ်

ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ တခြားအစာခြေလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ကို ကိုဗစ်လူနာတွေရဲ့ ထက်ဝက်ခန့်မှာ တွေ့ရှိတယ်လို့ တရုတ်သုတေသီတွေက ထုတ်ဖော်ထားပါတယ်။ သုတေသီတွေက အပူပိုင်းပြည်နယ်မှာရှိတဲ့ အသက် ၅၅ နှစ် အရွယ်ဝန်းကျင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်ကနေ ဖေဖော်ဝါရီ ၂၈ ရက် အတွင်း ဆေးရုံတက်ရောက်ခဲ့တဲ့ COVID-19 လူနာပေါင်း ၂၀၄ ယောက်ကို စစ် ဆေးမှုပြုလုပ်ခဲ့ရာမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ ၈၄ ရာခိုင်နှုန်းက အစာစား ချင်စိတ်မရှိတာ၊ ၂၉ ရာခိုင်နှုန်းက ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝ.၈ ရာခိုင်နှုန်းက ပျို့အန်တာနဲ့ ဝ.၄ ရာခိုင်နှုန်းက ဗိုက်အောင့်ဝေဒနာခံစားရတာလိုမျိုး လက္ခဏာပြ တယ်လို့ သိရပါတယ်။ လေ့လာခံရသူ လူနာတွေထဲက လူနာ ခုနစ်ယောက်မှာ အစာ ခြေလမ်းကြောင်းဆိုင်ရာပြဿနာသာဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာ လုံးဝမရှိဘူးလို့ ဆိုပါတယ်။ ကိုဗစ်ကြောင့် အစာခြေလမ်းကြောင်းမှာ ပြဿနာမရှိသူတွေက အစာ ခြေလမ်းကြောင်းမှာ ပြဿနာရှိသူတွေထက် ရောဂါပျောက်ကင်းနှုန်း ပိုမိုကောင်းမွန် တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး (Good Health Journal)
Ref : WebMD

_________________________________________________________________________________________________________

♦ ကိုဗစ်နှင့် ဗီတာမင် စီ

ဗီတာမင် စီ ဟာ အအေးမိရောဂါအတွက် များစွာ အကျိုးရှိတယ်လို့ လူပေါင်း ၁၁၃၀၆ ယောက်ကို လေ့လာမှုပေါင်း ၂၉ ခု ပြုလုပ်အပြီးမှာ တွေ့ရှိခဲ့ပါတယ်။ ဗီတာ မင် စီ က အသက်ကြီးသူတွေမှာ အအေးမိရောဂါဖြစ်နိုင်ခြေကို လျှော့ချမှု မပြုလုပ် နိုင်ပေမယ့် ဝေဒနာခံစားရနိုင်ခြေက ၈ ရာခိုင်နှုန်း တိုတောင်းသွားတယ်လို့ ဆိုပါတယ်။ အလွန်အေး တဲ့ရာသီဥတုမှာ ဗီတာမင် စီ ကို နေ့စဉ် အနည်းဆုံး ၂၀၀ မီလီဂရမ် မှီဝဲတာကြောင့် လည်း အအေးမိရောဂါရနိုင်ခြေ ၅၀ ရာခိုင်နှုန်းလျော့ကျနိုင်တယ်လို့ လေ့လာမှုတစ် ခုအရ သိရပါတယ်။ ဗီတာမင် စီ ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာကြောင့်ပါ။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာလည်း COVID-19 ကူးစက်မှုမှ ကာကွယ်နိုင်အောင် ဗီတာမင် စီ ပါဝင်တဲ့အစားအစာတွေကို များများစားသုံးရမယ်လို့ အကြံပေးထားပါတယ်။ အဲဒီဗီဒီယိုထဲမှာ ရှောက်သီးကို အကွင်းလိုက်လှီးပြီး အကွင်း သုံးကွင်းကို ခွက်တစ်ခွက်ထဲထည့်ကာ ရေနွေးဆူဆူလောင်းထည့်ပြီး ရလာတဲ့ ရှောက် ရည်နွေးကို သောက်ဖို့ အကြံပြုထားပါတယ်။ ရှောက်ရည်နွေးက ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်တွေ ပွားများမှုမရှိအောင် ဖယ်ရှားနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီရှောက်ရည်နွေးက အယ်လ်ကာလီအဖြစ် ပြောင်းလဲသွားတဲ့အတွက်ပါ။ နေ့စဉ်နေ့တိုင်း သောက်ပေးရင် ဗိုင်းရပ်စ်ပိုးတွေကို ဖျက်ဆီးနိုင်ပြီး တုပ်ကွေးရောဂါကို တိုက်ထုတ် နိုင်ပါတယ်တဲ့။ ဒါ့အပြင် ရှောက်ရည်မှာပါဝင်တဲ့ အက်စစ်နဲ့ ကာဘိုစီလစ်အက်စစ်တွေက သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ပြီး ကျဉ်းမြောင်းနေတဲ့ သွေးကြောတွေကို အကာအ ကွယ်ပေးကာ သွေးခဲမှုကို လျော့ကျစေတယ်လို့လည်း ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် ဗီတာမင် စီ မှီဝဲတာက အကျိုးမယုတ်ပါဘူး။ ခန္ဓာကိုယ်မှာ ပိုလျှံတဲ့ ဗီတာမင် စီ တွေကလည်း ဆီးအဖြစ် ထွက်သွားနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး (Good Health Journal)
Ref : Everyday Health

_________________________________________________________________________________________________________

♦ ပန်းနာနှင့် ကိုရိုနာ

ရင်ကျပ်ပန်းနာရှိသူတွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ခြေအလွန်မြင့်မားတာကြောင့် ရောဂါအတွက် ပြုလုပ်သင့်တဲ့ကာကွယ်မှုတွေကို အထူးဂရုစိုက်လိုက်နာသင့် တယ်လို့ American College of Allergy, Asthma & Immunology က အကြံ ပေးထားပါတယ်။ ရင်ကျပ်ပန်းနာကို ထိန်းချုပ်ထားနိုင်ဖို့အတွက် သောက်နေကျဆေး ဝါးတွေကို ဆက်လက် မှီဝဲဖို့လည်း အလွန်အရေးကြီးပါတယ်။ စတီးရွိုက်ပါဝင်တဲ့ ရှူ ဆေးအပါအဝင် ရင်ကျပ်ပန်းနာဆေးအားလုံးက COVID-19 ဖြစ်နိုင်ခြေပေါ်မှာ ဘာမှသက်ရောက်မှုမရှိဘူးလို့ ACAAIက ထုတ်ဖော်ထားပါတယ်။

ဒေါက်တာခင်မိုးမိုး(Good Health Journal)
Ref : WebMD

♥ လွတ်လပ်စွာ Share နိုင်ပါသည်။ ပြန်လည်ကူးယူဖော်ပြလိုပါက Credit to ဒေါက်တာခင်မိုးမိုး (Good Health Journal) ဟု ထည့်သွင်းဖော်ပြပေးပါရန်။

♥ ဒေါက်တာခင်မိုးမိုး (Good Health Journal)

Post Author: Good Health Journal