ကျန်းမာတဲ့ဦးရေပြားတောက်ပြောင်တဲ့ဆံနွယ်လေးတွေပိုင်ဆိုင်နိုင်ဖို့

ပျိုမေတို့တန်ဖိုးထားတဲ့ ဆံနွယ် လေးတွေ ကျန်းမာသန်စွမ်းဖို့ဆိုရင် ဦးရေပြားရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ ဆံကေ သာကို အမျိုးမျိုးဂရုစိုက်ကြပေမယ့် ဆံကေသာတွေရဲ့ အရင်းအမြစ်ဖြစ် တဲ့ ဦးရေပြားကိုတော့ လျစ်လျူရှုမိ တတ်ကြပါတယ်။ ဦးရေပြားဆိုတာ ကလည်း ခန္ဓာကိုယ်မှာရှိတဲ့ အရေ ပြားလိုပါပဲ၊ တစ်သျှူးအလွှာများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဦးရေပြားပေါ်မှာ ဆံနွယ်လေးတွေပေါက် တဲ့ ဆံချည်မျှင်အိတ်လေးတွေအပြင် ဦးရေ ပြားရဲ့အစိုဓာတ်ထိန်းဖို့ အဆီဂလင်းတွေလည်း ရှိနေပါတယ်။ တောက်ပြောင်လှပတဲ့ ဆံနွယ် လေးတွေ ပိုင်ဆိုင်ဖို့ဆိုရင် ဦးရေပြားကျန်းမာ နေဖို့ အဓိက လိုအပ်ပါတယ်နော်။ ဒီတစ်ပတ် မှာ ပျိုမေတို့အတွက် ကျန်းမာတဲ့ ဦးရေပြား၊ တောင်ပြောင်တဲ့ဆံနွယ်လေးတွေ ပိုင်ဆိုင်နိုင် စေဖို့ ဆောင်ရန်၊ ရှောင်ရန်တွေကို ရေးသား လိုက်ပါတယ်။

Healthy Tips!

ဦးရေပြားရဲ့ကျန်းမာရေးကို စောင့်ရှောက် တဲ့အခါမှာ ဖုန်၊ အညစ်အကြေးတွေနဲ့ ဘက် တီးရီးယားတွေသန့်စင်အောင် ခေါင်းလျှော် ပေးတာ၊ ဦးရေပြား ခြောက်တာမဖြစ်အောင် ဂရုစိုက်တာတွေက အခြေခံအချက်တွေ ဖြစ် ပါတယ်။

ဆဲလ်သေဖယ်ရှားပါ
ဦးရေပြားကလည်း အရေပြားလိုပဲ ဆဲလ် အသစ်တွေထွက်လာလိုက်၊ ဆဲလ်သေတွေဖြစ် လိုက်နဲ့မို့ ဦးရေပြားပေါ်က ဆဲလ်သေတွေ ဖယ်ရှားပေးဖို့လိုပါတယ်။ ခေါင်းလျှော်ရည်မှာ ဆယ်လီဆိုက်လစ်အက်စစ်ပါတာက ဆဲလ် သေတွေဖယ်ရှားပေးနိုင်ပါတယ်၊ တစ်ပတ်တစ် ကြိမ်အသုံးပြုပါ။ အစိုဓာတ်ထိန်းပေးပြီး မျက် နှာအရေပြားပေါ်က ဆဲလ်သေဖယ်ရှားတဲ့ Facial Scrub မျိုးကိုလည်း ခေါင်းမလျှော်မီ ဦးရေပြားမှာ အသုံးပြုနိုင်ပါတယ်။

ဦးရေပြားမခြောက်အောင်ဂရုစိုက်ပါ
ဦးရေပြားနဲ့ပတ်သက်တဲ့ ပြဿနာအ တော်များများက ဦးရေပြားခြောက်လို့ဖြစ်တာ ပါ။ ရေချိုး၊ ခေါင်းလျှော်တဲ့အခါ ရေပူနဲ့ ဦးရေ ပြားကိုမထိအောင် ဂရုစိုက်ပါ၊ အတော်အသင့် နွေးတဲ့ ရေကတော့ ဦးရေပြားရဲ့ အစိုဓာတ်ကို ထိန်းနိုင်ပါတယ်။ Hair Dryer နဲ့ အရမ်းပူ အောင်မှုတ်ပြီး ဆံပင်အခြောက်ခံတာက လည်း ဦးရေပြားကိုခြောက်စေပါတယ်။

နှိပ်နယ်ပေးပါ
ဦးရေပြားအောက်အရေပြားမှာ အောက် ဆီဂျင်နဲ့အာဟာရဓာတ်တွေ သယ်ယူပို့ဆောင် ပေးတဲ့ သွေးကြောလေးတွေရှိပါတယ်။ ခေါင်း လျှော်တဲ့အခါ တစ်ပတ်ကို တစ်ကြိမ် ၅-၁၀ မိနစ်လောက် ဦးရေပြားကို လက်ချောင်းလေး တွေနဲ့ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။

ဓာတုပစ္စည်းအလွန်အကျွံအသုံးပြုတာလျှော့ပါ
ဆံပင်ကောက်တာ၊ ဖြောင့်တာ၊ အရောင် ဆိုးတာတွေဟာ ဆံကေသာရဲ့အလှကို ပိုတိုး စေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေ တာတော့မှန်ပါတယ်။ ဒါပေမဲ့ ဓာတုပစ္စည်း တွေနဲ့ထိတွေ့ပါများရင် ဦးရေပြားကို ခြောက် စေပြီး ဓာတ်မတည့်တာ ဖြစ်စေနိုင်ပါတယ်။ ဓာတုပစ္စည်းပါတဲ့ Tမနအောနညအ တွေပြုလုပ် တဲ့အခါ သတိရှိပါ၊ ဦးရေပြားလောင်တာ၊ ယားယံတာတွေဖြစ်ရင် ဆက်မလုပ်ပါနဲ့။

ခေါင်းပုံမှန်လျှော်ပါ
ဦးရေပြားအဆီအထွက်များသူတွေအ နေနဲ့ နေ့စဉ်ပုံမှန် ခေါင်းလျှော်နိုင်ပါတယ်။ ဒါ ပေမဲ့ ကျန်းမာရေးအခြေအနေ၊ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ရက်ခြားလျှော်ပါ။ ခေါင်းလျှော်ရည်ကို အဆင်ပြေတာ၊ တွေ့တာ ကောက်ဝယ်မယ့်အစား ကိုယ်ရဲ့ဦးရေပြား လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူ ပေးပါ၊ ဦးရေပြားအတွက် ပိုပြီး ထိရောက်စေ မှာပါ။

နေရောင်ခြည်ကနေ ကာကွယ်ပါ
ဦးရေပြားကလည်း နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ရင် ပျက်စီး ပါတယ်။ နေရောင်အောက် အချိန်ကြာကြာ သွားရမယ်ဆိုရင် ဦးထုပ်၊ ထီးအကာအကွယ် ရယူပါ။

အစာအာဟာရဂရုစိုက်ပါ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းသီး ဟင်းရွက်၊ အသီးအနှံတွေက ဦးရေပြားကျန်း မာရေးကိုများစွာအထောက်အကူပြုပါတယ်။ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အစေ့အဆန် တွေကရတဲ့ ပရိုတင်းဓာတ်ကလည်း ဦးရေ ပြားအတွက် လိုအပ်ပါတယ်။

Darliko

Post Author: Good Health Journal