လက်ဆေးတဲ့ အလေ့အကျင့်ဟာ တကယ့်ကိုလွယ်ကူရှင်းလင်းတဲ့ အလုပ်တစ်ခုဖြစ်ပြီးတော့ နေ့တိုင်းလိုလိုလိုက် နာဖို့လည်း လွယ်ကူပါတယ်။ ဒါပေမဲ့လည်း လက်ဆေးတာဟာ ကူးစက်ရောဂါတွေကို တိုက်ထုတ်နေတာပါလားဆိုတာကို သတိမမူမိနေ သေးတဲ့သူတွေလည်း အများကြီးရှိနေပါသေးတယ်။ အထူးသဖြင့် အသားစိမ်းတွေ ကိုင်မိပြီးချိန်၊ ရေအိမ်အသုံးပြုပြီးချိန်တွေ၊ နေမကောင်းတဲ့သူတွေနဲ့ ထိတွေ့မှုရှိတဲ့အချိန်တွေမှာ လက်ကိုအဖြစ်လောက်သာဆေးတဲ့သူတွေဟာ အဖျားရောဂါတွေကို ရောက် လာအောင် ဖိတ်ခေါ်ပေးနေတာနဲ့တူပါတယ်။ ဒါကြောင့် လက်မဆေးတဲ့အချိန်မှာ ဘာတွေဖြစ်နိုင်သလဲဆိုတာကို အားလုံးပဲ သတိမူမိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာများကို ခံစားရနိုင်ခြင်း
ကလေးငယ်လေးတွေကို သူတို့ အမေတွေပြောလေ့ရှိတဲ့ စကားတစ်ခွန်း ဖြစ်တဲ့ လက်မဆေးဘဲထားရင် နေမ ကောင်းဖြစ်လိမ့်မယ်နော် ဆိုတာဟာ လူငယ်လူကြီးအားလုံးအတွက် မှန်ကန် တဲ့ စကားတစ်ရပ်ပါပဲ။ အအေးမိတာမျိုး ကို ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခု လို့ ပြောနိုင်ပေမယ့် လက်မဆေးဘဲနေ မိရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ကတော့ အဲဒီထက်ကို ပိုနိုင်ပါတယ်။ တုပ်ကွေးနဲ့ နမိုးနီးယားတို့လိုမျိုး အသက် ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါ တွေ၊ ခြေထောက်၊ လက်နဲ့ပါးစပ်မှာ အနာဖြစ်ခြင်းတွေဟာ လက်ရေဆေးရမှာ ကို လျစ်လျူရှူမိရာကနေ ဆင့်ပွားဖြစ် လာတဲ့ ရလဒ်တွေလည်းဖြစ်ပါတယ်။ လက်ကို ကျကျနနဆေးတတ်တဲ့သူတွေ ဟာ တခြားလူတွေထက် ပိုကျန်းမာတဲ့ အပြင် အသက်ရှူလမ်းကြောင်းနဲ့ ပတ် သက်တဲ့ ရောဂါတွေဖြစ်ပွားနိုင်ခြေလည်း ၁၆ – ၂၅ ရာခိုင်နှုန်းလောက်အထိ နည်း ပါးကြပါတယ်။ ကျန်းမာပျော်ရွှင်နေတဲ့သူ တွေရဲ့ လျှို့ဝှက်ချက်တစ်ခုထဲမှာ လက် ဆေးခြင်းကလည်း ထိပ်ဆုံးက ပါဝင်နေ တာကြောင့် အားလုံးကအတုယူလိုက်နာ ကျင့်သုံးသင့်တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး လေ့လာ သုတေသနပြုသူတွေက အကြံပြုထား ကြပါတယ်။
၂။ ဝမ်းပျက်နိုင်ခြင်း
ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို အလွယ်တကူ ခံစားရတဲ့သူတွေမှာ တွေ့ ရတဲ့ အလေ့အထတစ်ခုကတော့ လက် ကို စင်စင်ကြယ်ကြယ်မဆေးခြင်းဆိုတဲ့ အချက်ပါပဲ။ University of Kansas၊ Medical Center မှ ကူးစက်ရောဂါ ကုသပေးတဲ့ ဆရာဝန်ကတော့ ဝမ်းပျက် နေတဲ့သူကို ထပ်ပြီးတော့ ဝမ်းပျက်စေတဲ့ အကြောင်းအရာတစ်ခုကတော့ လက် မဆေးတာကြောင့်ပဲလို့ ဆိုထားပါတယ်။ ဝမ်းသွားလိုက်တဲ့အချိန်မှ Salmonella, Norovirus, နဲ့ E. coli အပါအဝင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေဟာ အပြင်ကို ပျံ့ထွက်လာတာကြောင့် အိမ် သာတက်ပြီးတဲ့ အချိန်တိုင်းမှာ လက်ကို သေသေချာချာ ဆေးကြောတာဟာ မဖြစ်မနေကိုလုပ်ရမယ့် အလုပ်တစ်ခုဖြစ် ပြီး အဲဒီလိုမျိုး အာရုံစိုက်ပြီး စနစ်တကျ လက်ကို ဆေးကြောခြင်းဟာ ဝမ်းပျက် ဝမ်းလျှောဖြစ်ခြင်းကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ အဆိုပါ ဆရာ ဝန်က ပြောထားပါတယ်။
၃။ အစာအဆိပ်သင့်နိုင်ခြင်း
နောက်ထပ် သတိပြုသင့်တဲ့ အန္တရာယ်တစ်ခုကတော့ အစာအဆိပ် သင့်ခြင်းပါပဲ။ အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်နေတဲ့အချိန်မှာ လက် ကိုသတိထားပြီး ဆေးကြောခြင်းဟာ ရောဂါပိုးတွေ ဆင့်ပွားပျံ့နှံ့ခြင်းကို ကာ ကွယ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ် ပါတယ်။ အသားစိမ်းငါးစိမ်းတွေမှာ ပါလာတဲ့ ပိုးကောင်တွေ၊ အရွက်တွေ ပေါ်မှာပါလာတဲ့ ဖုန်နဲ့အညစ်အကြေး တွေ၊ ဥတွေပေါ်မှာ ကပ်ပါလာတဲ့ အမှုန် အမွှားနဲ့ ပိုးကောင်တွေ စတာတွေဟာ ကျွန်မတို့ကို တိုက်ရိုက်ကြီးအန္တရာယ်ပေး နိုင်တဲ့ အကောင်တွေဖြစ်နေသလို ပိုးကောင်တွေ ခိုအောင်းရှင်သန်နေထိုင် ရာ နေရာလည်း ဖြစ်နေနိုင်ပါတယ်။ သူတို့ကို တစ်ခုကိုင်တွယ်ပြီးတိုင်းမှာ လက်မှာကပ်ပါလာပြီး နောက်စားစရာ တစ်ခုဆီကို အလွယ်ပဲရောက်သွားနိုင်ကြ ပါတယ်။ အစားအစာတွေကိုပြင်ဆင်နေ ရင်းနဲ့ လက်ကိုဆေးကြောခြင်းဟာ အန္တရာယ်ရှိတဲ့အကောင်တွေကို မောင်းထုတ် နိုင်တဲ့ နည်းလမ်းကောင်းဖြစ်တယ်ဆိုတာ ကို အားလုံးပဲ အမှတ်ရနေသင့်ပါတယ်။
၄။ တခြားသူများကိုကူးစက်နိုင်ခြင်း
လူတစ်ယောက်ရဲ့လက်ဟာ တစ် နေ့တာအတွင်းမှာ မိမိတို့ရဲ့ အနီးတစ် ဝိုက်မှာရှိတဲ့ အရာတွေမှအစ မျက်နှာပြင် ပေါင်း ဘယ်လောက်များများကို ထိတွေ့ ပြီးပြီလဲဆိုတာကို ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ မျက်လုံး၊ နှာခေါင်း၊ မျက်နှာ၊ ပါးစပ်စတာတွေကိုထိတွေ့ပြီးတဲ့နောက်မှာ တံခါးလက်ကိုင်ဖုကိုကိုင်လိုက်မိတယ်ဆိုပါစို့၊ မိမိမှာရှိနေတဲ့ ကူးစက်ပိုးဟာ အဲဒီတံခါးလက်ကိုင်ကို လာကိုင်မယ့် မည်သူ့ဆီကိုမဆို ရောက် သွားမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ကျွန်မတို့ ကိုင်လိုက်မိတဲ့ အရာတိုင်းမှာလည်း တခြားသူဆီကနေ အမျိုးအမည်မသိနိုင် တဲ့ ကူးစက်ပိုးတွေဟာ ကျန်ရှိနေမှာပဲ ဖြစ်ပါတယ်။ အိမ်သာကြွေကမုတ်လိုမျိုးပဲ ပိုးကောင်တွေ စုအောင်းနေတတ်တဲ့ အရာတွေထဲမှာ အများပြည်သူနဲ့ သက် ဆိုင်တဲ့ ကား၊ ရထား၊ ပြတိုက် စတဲ့နေရာ တွေရဲ့ လက်ကိုင်၊ လက်ရန်းတွေပါဝင် နေတာကြောင့် မိမိဆီမှပိုး၊ တခြားသူဆီမှ ပိုး စတာတွေ အပြန်အလှန် ကူးနေတာ မျိုးမဖြစ်ရလေအောင် လက်ဆေးတဲ့ အကျင့်ကို အစပြုသင့်ပါတယ်။
၅။ ကိုယ်ခံစွမ်းအားနည်းနေသူများကို အန္တရာယ်ဖြစ်စေခြင်း
ဒီအချက်ကတော့ ဝမ်းနည်းစရာဆို ပေမယ့် အမြဲတမ်းမှန်ကန်နေတဲ့ အချက် ပါပဲ။ လက်မဆေးဘဲ နေလိုက်မိခြင်းဟာ ကူးစက်ပိုးတွေ မိမိဆီကိုရောက်လာ အောင် ကြိုဆိုလိုက်တာနဲ့ တူနေပြီးတော့ တခြား အားနည်းတဲ့သူတွေဆီကို ရောက် အောင် တွန်းပို့ပေးရာရောက်ပါတယ်။ အမှတ်တမဲ့နဲ့ ပွေ့ချီလိုက်မိတဲ့ ကလေး ငယ်လေးဟာ ကျွန်မတို့ထက် အများကြီး ကိုယ်ခံစွမ်းအားနည်းနေသလို အဘိုး အဘွားအရွယ်တွေ၊ တခြားရောဂါတွေကို ခံစားနေရတဲ့သူတွေကလည်း ကူးစက်ပိုး တွေကိုတွန်းလှန် တိုက်ထုတ်နိုင်စွမ်း နည်း ပါးပါတယ်။ တစ်နည်းအားဖြင့်တော့ ရေ အိမ်ကိုအသုံး ပြုပြီးချိန်၊ မသန့်ရှင်းတဲ့ အရာတွေ ဒါမှမဟုတ် အသားစိမ်းစတာ တွေကို ကိုင်ပြီးချိန်တွေမှာ လက်မဆေး ခြင်းဟာ ကျွန်မတို့အနားတစ်ဝိုက်က အားနည်းနေသူတွေကို ရောဂါဝေဒနာ တွေ ပိုခံစားရအောင် လုပ်ပေးလိုက်တာနဲ့ တူနေပါတယ်။ ဒါကြောင့်ပဲသူတို့ကို ဝေဒ နာတွေ လျော့ပါးစေလိုလျှင် လက်ကိုသန့် ရှင်းစင်ကြယ်အောင် ဆေးသင့်ပါတယ်။
၆။ ပိုးသတ်ဆေးယဉ်ပါးနိုင်ခြင်း
လက်ဆေးခြင်းဟာ ကူးစက်ရောဂါ တွေကို မခံစားရအောင် ကာကွယ်ပေး ခြင်းဟာ ပထမဆုံးခံစားရတဲ့ အကျိုး ကျေးဇူးဖြစ်ပြီးတော့ သူ့ကိုထပ်ခါတလဲလဲ ပြုလုပ်ခြင်းကတော့ ဆေးယဉ်ပါးခြင်း ပြဿနာကို လျော့ပါးစေတဲ့ ကောင်း ကျိုးကိုပါ ရရှိစေမှာဖြစ်ပါတယ်။ လက် ဆေးတဲ့အတွက် ဝမ်းပျက်ခြင်းနဲ့ ပတ် သတ်တဲ့ရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင် နှုန်းနဲ့ အသက်ရှူလမ်းကြောင်းနဲ့ ပတ် သတ်တဲ့ရောဂါ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့ပါးသွားပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားနည်