ရေတစ်ပုလင်းဖြင့် အဆီချနည်း

အားကစားခန်းမမှာ တစ်ပတ်တစ်ကြိမ် လေ့ကျင့်ခန်းသွား လုပ်တာထက်စာရင် မိမိအိမ်မှာပဲ နေ့စဉ် လေ့ကျင့်ခန်းတစ်မျိုး ပြုလုပ်တာက ပိုပြီးအသုံးဝင်နိုင်တယ်လို့ တက္ကဆက်ဆေးပညာ တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ အခုဖော်ပြမှာကတော့ ရေတစ်ဘူးနဲ့ အချိန် ၁၅ မိနစ်သာ ကြာမယ့် လေ့ကျင့်ခန်းပြုလုပ်နည်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အဆီတွေလောင်ကျွမ်းပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်မယ့်အပြင် ခါးနာတာ၊ သားအိမ်ကျွံတာ၊ ဆီး မထိန်းနိုင်တာစတဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။ ရေတစ်ဘူးသာလိုတယ်ဆိုလို့ ရေသောက်ရမှာမဟုတ်ဘူး နော်။ ရေတစ်ဘူးကို ခြေထောက်နှစ်ချောင်းကြားညှပ်ပြီး လေ့ ကျင့်ရမှာဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်တာကြောင့် ပေါင်နေရာ၊ တင်ပ ဆုံနေရာ၊ ဝမ်းဗိုက်နေရာ၊ ခါးနောက်ကျောနေရာက အဆီလွှာ တွေအားလုံး လျော့ကျသွားပြီး ကြွက်သားသန်မာမှုကို ရရှိနိုင်ပါတယ်။ ပြုလုပ်နည်း – ရေတစ်ဘူးကိုယူပါ။ ဘူးရဲ့အချင်းကျယ်လေလေ၊ ပိုမိုထိရောက် […]

ဝက်ခြံကင်းတဲ့ အရေပြားဖြစ်စေဖို့ ဘယ်လိုစားသောက်သင့်သလဲ

အစားအသောက်ကြောင့်လည်း ဝက်ခြံဖြစ်စေပါတယ်။ ဝက်ခြံကင်းတဲ့ အရေ ပြားကိုပိုင်ဆိုင်နိုင်စေဖို့အတွက် ကျွမ်းကျင်သူတွေရဲ့ အစားအသောက်နဲ့ပတ်သက် တဲ့ အကြံပြုချက်တွေက ဘာတွေဖြစ်မလဲ . . . ကစီဓာတ်နည်းတာကို ရွေးစားပါ သကြားများလွန်းတဲ့အစားအစာ တွေနဲ့ ကစီဓာတ်များတဲ့ အစားအစာတွေ ကို အစားများတာက အရေပြားပေါ်က အဆီဂလင်းတွေ ပိတ်ဆို့ပြီး ဝက်ခြံဖြစ် စေပါတယ်။ ကစီဓာတ်များတဲ့ဆန်၊ ပြောင်း၊ ဒိုးနတ်မုန့်၊ ကိုလာ၊ အာလူး၊ ပေါက်ပေါက် စတာတွေကို ရှောင်ပြီး ငှက်ပျောသီး၊ ပန်းသီး၊ နွားနို့၊ မြေပဲ၊ ခရမ်းချဉ်သီး၊ လက်ဖက်စိမ်း လက်ဖက်ရည် စတာတွေ ကို မှီဝဲပါ။ ရေသောက်မနည်းပါစေနဲ့ ရေသောက်နည်းတာက အရေပြား မှာရေဓာတ်ခန်းခြောက်မှုနဲ့အတူ သွေး ကြောတွေရဲ့လုပ်ဆောင်ချက်ကို အလုပ် ပိုစေနိုင်ပါတယ်။ ရေနဲ့အသီးဖျော်ရည် တွေကို သင့်တစ်နေ့တာအစားအစာထဲမှာ […]

မိမိကလေးကို ကျန်းမာစေချင်သည့် မေမေတို့ သတိထားသင့်သည့်အရာများ

မွေးကင်းစနဲ့ နို့စို့ကလေးငယ်တွေက ပန်းလေးလိုပဲ နုနယ်လှပါတယ်။ သူတို့ကို ရှုထောင့်အစုံကနေ မျက်ခြည်မပြတ် စောင့်ကြည့် ဂရုစိုက်နိုင်မှ အန္တရာယ်ကင်းကင်းနဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးတွေ ဖြစ်လာမှာပါ။ ဒါကြောင့် မိခင်တွေအနေနဲ့ မိမိကလေးကို ကျန်းကျန်းမာမာကြီးပြင်းလာဖို့အတွက် သတိထားသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ နို့စို့ကလေးတွင် ဦးခေါင်းမညီမညာဖြစ်ခြင်း မိခင်အများစုကတော့ မိမိရဲ့ မွေး ကင်းစကလေးငယ်တွေရဲ့ ဦးခေါင်းမညီ မညာဖြစ်တာကို သတိထားမိကြမှာပါ။ ဦးခေါင်းတစ်ခြမ်းပြားနေတာက အလှအ ပပြဿနာတစ်ခုတည်းဖြစ်မှာ မဟုတ်ပါ ဘူး၊ ဦးခေါင်းခွံရိုးတွေရဲ့ အနေအထား မမှန်ကန်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးကို သိပ်တဲ့အခါမှာ အနေအထားမျိုးစုံပြောင်း လဲပြီးသိပ်ပေးပါ။ ကလေးမအိပ်ဘူးဆိုရင် လည်း ကလေးကို လှဲမထားဘဲ ချီထားပါ။ ကလေးခြောက်လအရွယ်မှာ ဦးခေါင်းပုံ သဏ္ဌာန်မှန်သွားပါလိမ့်မယ်။ လည်ပင်းစောင်းခြင်း မွေးကင်းစကလေးငယ်တွေမှာ တွေ့ရတတ်တဲ့အတွက် […]

ရေချိုးရာမှာ အရေပြားမထိခိုက်အောင် ဘာတွေလိုက်နာဖို့လိုလဲ

နေ့စဉ် ရေချိုးနေတာမို့ လူတိုင်းအတွက် ရေချိုးတာက အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေချိုးတဲ့အခါ သင်သတိမမူမိဘဲ မှားယွင်းစွာ ပြုလုပ်မိတဲ့ အပြုအမူတွေက သင့်အရေပြား အလှအပကို ထိခိုက်စေနိုင်ပါတယ်။ ရေပူလွန်းခြင်း အရေပြားခြောက်သွေ့ပြီး ယားယံ နေပါသလား။ ရေနွေးနဲ့ချိုးပေမယ့် ရေက ပူလွန်းနေတာကြောင့် ဖြစ်နိုင်ပါ တယ်။ ရေပူချိုးတာကြောင့် အရေပြား ခြောက်သွေ့တာနဲ့ ယားယံတာတွေ အပြင် နှင်းခူရောဂါလည်း ဖြစ်ပွားနိုင် တယ်လို့ အရေပြားအထူးကု Dr. Piliang က ပြောပါတယ်။ ရေချိုးမယ်ဆိုရင် ရေရဲ့ အနွေးဓာတ်ကို အရင်ဆုံးလက်နဲ့ စမ်းပြီးမှ သင့်တော်တဲ့ အနွေးဓာတ် လောက်နဲ့သာ ချိုးသင့်ပါတယ်။ ဆပ်ပြာအကြမ်း အသုံးပြုခြင်း ရေချိုးတဲ့အခါသုံးတဲ့ ဆပ်ပြာက ဘက်တီးရီးယားပိုးသတ်ဆပ်ပြာ ဒါမှမ ဟုတ် ကြမ်းတမ်းတဲ့ဆပ်ပြာတွေ အသုံး ပြုတာက […]

ငိုလိုက်မှ ပျောက်ကင်းနိုင်သော ကျန်းမာရေးပြဿနာများ

လေ့လာမှုအများအပြားအရ အမေရိကန်မှ အမျိုးသမီးတွေက တစ်လကို ၃ ဒသမ ၅ ကြိမ်ခန့် ငိုကြပြီး အမျိုးသားတွေက တစ်လကို ၁ ဒသမ ၉ ကြိမ် ငိုတယ်လို့ သိရပါတယ်။ ငိုတာက စိတ်ဓာတ်ပျော့ညံ့တယ်လို့ လူအများက သတ်မှတ်ကြပေမယ့် ဝမ်းနည်းတဲ့အခါမှာ မျက်ရည်ကို အောင့်မထားဘဲ ငိုသာငိုချလိုက်ပါလို့ ကျွမ်းကျင်သူ တွေက အကြံပေးထားပါတယ်။ ငိုတာက သင်ထင်ထားတာထက် ကျန်းမာရေးအတွက် အောက်ပါ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုလျော့နည်းနိုင်ခြင်း စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ ငိုချလိုက်တာက စိတ်ဖြေလျှော့မှုရရှိနိုင်တယ်လို့ လေ့လာမှုအများအပြားအရ သိရပါတယ်။ ငိုတာက အာရုံကြောစနစ်ရဲ့ မသိစိတ်ကို လှုံ့ဆော်မှုပေးတာကြောင့် ဦးနှောက်ကို အေးချမ်းမှုရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ သွေးဖိအားကျဆင်းနိုင်ခြင်း သွေးဖိအားမြင့်တက်တာ၊ သွေးတိုးရောဂါကြောင့် လေဖြတ်တာ၊ နှလုံးတိုက်ခိုက် ခံရတာ၊ နှလုံးအလုပ်မလုပ်တာနဲ့ ကျောက်ကပ်ပျက်စီးတာလိုမျိုး […]

အရိုးအဆစ်များ ရောင်ရမ်းနာကျင်တာကြောင့်အိပ်စက်ဖို့ခက်ခဲနေလား

ရိုးဆစ်ရောင်ရမ်းမှုဝေဒနာ ခံစားနေ ရတဲ့ လူပေါင်း ၂၇ သန်းထဲမှာ သင်လည်း တစ်ယောက်အပါအဝင်ဖြစ်နေပြီး နာကျင် မှုကြောင့် အိပ်စက်ဖို့ ခက်ခဲနေပါက အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ကြည့်ပါ။ (၁) ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးဝါးသောက် သုံးပါ တချို့ စိတ်ကျရောဂါကုဆေးတွေ က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး နာ ကျင်မှု သက်သာစေဖို့ ကူညီပေးတယ်လို့ Duke ဆေးပညာတက္ကသိုလ်မှ ရိုးဆစ် ရောဂါကုသမားတော် David Pisetsky က ပြောပါတယ်။ ဆရာဝန်ညွှန်ကြားချက် နဲ့ သောက်သုံးဖို့တော့ လိုပါတယ်။ (၂) အိပ်ပျော်နေစဉ် အသက်ရှူခဏရပ်ခြင်း ကို ကုသပါ အဝလွန်တာက ရိုးဆစ်ရောင်ရမ်း နာကျင်မှု ဖြစ်ပေါ်စေတဲ့ အဓိကအ ကြောင်းပါ။ ဒီလိုအခြေအနေဟာ ည ဘက်အိပ်ပျော်နေစဉ်မှာ အသက်ရှူခဏ ရပ်တာ […]

ဆီးချိုရှိရင်ဘာတွေရှောင်ရမလဲ.

ဆီးချိုသွေးချိုရောဂါဖြစ်တဲ့အခါ ဘာတွေစား လို့ရလဲ၊ ဘာတွေရှောင်ရမလဲဆိုတာ အမေးများတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ တချို့က စားလို့ရတာ တွေကို မစားဘဲ စားလို့မရတာတွေကို စားနေမိ တတ်ပါတယ်။ အစားတွေလျှော့စားပြီး ရှောင်ဖို့ မဟုတ်ပါဘူး၊ ခန္ဓာကိုယ်ကြီး နေ့စဉ်လှုပ်ရှားသွား လာနိုင်ဖို့၊ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့၊ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့၊ ကောင်းစွာ လေ့လာသင်ယူနိုင်ဖို့ စတာတွေအတွက် ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့စားစရာတွေစားဖို့လိုပါတယ်။ အစားအစာရွေးချယ်တဲ့အခါ အခြေခံ အုပ်စုကြီးငါးစုကို မျှတအောင်စားရမှာ ဖြစ်ပါတယ်။ ဆီးချို သွေးချိုရောဂါရှိသူ တွေအတွက် အစားအစာရွေးချယ် တဲ့အခါ အောက်ပါအချက်တွေ က အထောက်အကူပြုနိုင်မှာပါ။ (၁) ကစီဓာတ် ကစီဓာတ်ကို လုံး၀ ရှောင်ရမှာ မဟုတ်ပါဘူး။ ကောက်နှံတစ်ခုလုံးပါဝင်တဲ့ပေါင်မုန့်၊ ဆန်လုံးညို၊ အုတ်ဂျုံ၊ Quinoa?၊ ကန်စွန်းဥ မီးဖုတ် စတာတွေကို စားပေးပါ။ […]

ဆေးများများသောက်လေကောင်းလေလား

ဆေးတွေဆိုတာအများကြီး သောက်နိုင်လေ ကောင်းလေ မဟုတ်ပါဘူး။ အထူးသဖြင့် ဖြည့်စွက် ဆေးတွေကို လူအများစုက အများကြီးသောက်လေ့ ရှိပါတယ်။ အရင်ဆုံးသိထားရမှာတစ်ခုကတော့ ဖြည့်စွက်ဆေးတွေဆိုတာ သူတို့ ပြောထားတဲ့အာနိ သင်အတိုင်းထိရောက်မှုရှိပါတယ်လို့ ပြစရာခိုင်လုံ တဲ့ သုတေသနသက်သေအဖြေ မရှိတာများ ပါတယ်။ ဖြည့်စွက်ဆေးတွေဆိုတာဟာ FDA ကို ဖြတ်စရာမလိုဘဲ ဈေးကွက် တွင်း ရောင်းချနိုင်တဲ့ဆေးတွေဖြစ် ပါတယ်။ သင်ဟာ နာတာရှည်ရောဂါ အတွက် ဆေးဝါးမှီဝဲနေရသူဖြစ် ရင်ဖြည့်စွက်ဆေးတွေကိုကိုယ့် သဘောနဲ့ကိုယ် မသောက်ဖို့လို ပါတယ်။ နောက်ပြီး ရောဂါတစ်ခုခု ဖြစ်ရင် ဆရာဝန်တစ်ယောက်နဲ့သွားပြ လိုက်၊ နောက်ဆရာဝန်တစ်ယောက်နဲ့ သွားပြ လိုက်၊ နှစ်ယောက်လုံးပေးတဲ့ဆေးတွေကို အကုန် ရောသောက်တာတွေ လုပ်လို့မရပါဘူး။ ဆေးခန်း သွားပြရင် သောက်နေကျ ဆေးတွေကဘာတွေလဲ၊ ရောဂါအခံ ဘာရှိလဲ စတာတွေ […]

အလုပ်အကိုင်ကြောင့်ဖြစ်တဲ့ဝေဒနာတွေကို ကျော်လွှားရအောင်

တစ်နေကုန် အလုပ်ထဲမှာပဲ အချိန် ကုန်နေတာကြောင့် အလုပ်အကိုင်ကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်လာတတ် ပါတယ်။ အလုပ်အကိုင်ကြောင့် ပင်ပန်း နွမ်းနယ်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတ ချို့ကို အောက်ပါမှန်ကန်တဲ့နည်းလမ်း တွေအတိုင်း ဖြေရှင်းဆောင်ရွက်နိုင်ပါ တယ်။ အလုပ်ထဲမှာ စိတ်ပင်ပန်းနေတဲ့အခါ အလုပ်ထဲမှာစိတ်ပင်ပန်းမှုတွေ များ နေခဲ့ရင် အလုပ်စားပွဲကနေ ခဏဖယ်ပြီး လက်ဖက်ရည်တစ်ခွက်လောက် သောက် လိုက်ပါ။ ချမိုမိုင်းလက်ဖက်ရည်၊ သံပရာ လက်ဖက်ရည်၊ လက်ဖက်စိမ်း လက်ဖက် ရည် စတဲ့ တစ်မျိုးမျိုးကို သောက်ပါ။ စိတ်ဖိစီးမှုများတဲ့အခါ အလုပ်ထဲမှာ တစ်နေကုန်စိတ်ဖိစီးမှု တွေနဲ့ လုပ်ကိုင်ခဲ့ရရင် သက်သာစေဖို့ အိမ်ပြန်ရောက်တဲ့အခါ ရေနွေးနဲ့ ရေချိုး ပါ။ ချိုးမယ့်ရေထဲကို မဂ္ဂနီဆီယမ်ဆားနဲ့ လာဗံဒါဆီအနည်းငယ်ထည့်ပြီး ရေစိမ် ချိုးပါ။ အိပ်စက်တဲ့အခါ ညအလင်းရောင် မီးသာ […]

Beauty Salon မှာ ခေါင်းလျှော်သင့်ပါသလား

ဦးခေါင်းမှ ဦးရေပြားတွေက နှစ် ပေါင်းများစွာ ကြာလာတဲ့အခါမှာ ကျုံ့နိုင် ဆန့်နိုင်အားတွေ လျော့ကျသွားပြီး ရွေ့ လျားမှုလည်း လျော့နည်းကာ ဦးခေါင်း နဲ့ ပိုပြီး တွယ်ကပ်လာပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုတွေ နှေးကွေးသွားတဲ့အတွက် ဦးခေါင်းကို သားရေပြားနဲ့ဖိကပ်ထားသလို ဖြစ်တာ ကြောင့် မျက်ခွံတွဲကျတာ၊ အရေးကြောင်း တွေပေါ်လာတာ၊ မျက်နှာရဲ့ ပုံပန်း သဏ္ဌာန်ပြောင်းလဲတာတွေဖြစ်ပေါ်လာ ပါတယ်။ ဦးခေါင်းနဲ့လည်ပင်းမှ ကြွက် သားနဲ့ အရွတ်တွေက အရေပြားရဲ့ အရောင်အသွေးနဲ့ တင်းမာမှုပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ သင့်အနေနဲ့ ငယ် ရွယ်နုပျိုအောင် သင့်အရေပြားကို ဘယ် လောက်ပဲ ဂရုစိုက်စိုက်၊ အရေပြား အရေးကြောင်းတွေမဖြစ်အောင် Botox ပဲ ထိုးထိုး၊ ဒါတွေက အရွယ်တင် နုပျိုဖို့အတွက် လုံလောက်မှု မရှိလှပါ ဘူး။ […]