မြန်မြန်ဆန်ဆန်အိုမင်းစေမယ့်စားစရာတွေကဘာလဲ

စားစရာတွေကလည်း အိုမင်းခြင်းဖြစ်စဉ်နဲ့ ဆက်စပ်နေ တာကို လူအများသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ သတိမထားမိတဲ့အခါ စားမိတာရှိသလို၊ ကြိုက်လို့စားနေမိတာလည်း ရှိကြတာပါပဲ။ အရွယ်တင်နုပျိုချင်တယ်ဆိုရင်တော့ အောက်မှာ ဖော်ပြပေး ထားတဲ့စားစရာတွေကို တတ်နိုင်သလောက်ရှောင်ဖို့ အကြံပြု ချင်ပါတယ်။ (၁) သကြား သကြားဆိုတာ အိုမင်းရင့်ရော်တာဖြစ်စေတဲ့ နံပါတ်တစ် စားစရာပါ။ အချိုကို လူအတော်များများ ကြိုက်ကြပါတယ်။ ဒါပေမဲ့ အချိုစာတွေက ဝလာစေရုံတင်မကပါဘူး၊ အရေပြား ရဲ့ ကော်လာဂျင်ထုတ်လုပ်တာကို လျော့ကျစေတာ၊ အရေး ကြောင်းတွေဖြစ်စေတာ၊ အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်အားကို လျော့စေတာတွေဖြစ်စေလို့ သကြားကို အတတ်နိုင်ဆုံးရှောင်ပါ။ (၂) အရက် အသည်းကျန်းမာရေးက ကောင်းနေတယ်ဆိုရင် ခန္ဓာ ကိုယ်တွင်း အဆိပ်အတောက်ဖြစ်စေတဲ့ တော့ဆင်တွေကို စွန့် ထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အရက်သေစာက အသည်းကျန်း မာရေးကို ထိခိုက်စေတဲ့အခါ တော့ဆင်တွေ […]

အသက်အရွယ်ကြီးရင်ခြင်းနှင့် အိပ်စက်မှုပြဿနာ

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အိပ်စက်နိုင်ဖို့ခက်ခဲတာ၊ နှစ်နှစ်ခြိုက် ခြိုက်အိပ်မပျော်နိုင်တာလိုမျိုး ပြဿနာတွေ ဖြစ်လာပါတယ်။ သင့်အနေနဲ့ အသက် ကြီးတာနဲ့ပတ်သက်ပြီး အိပ်စက်မှုအကြောင်းကို ဘယ်လောက်နားလည်သလဲ သိရ အောင် အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ။ ၁။ လူငယ်တွေနဲ့ နှိုင်းယှဉ်ရင် အသက်ကြီးသူတွေက (က) အိပ်ချိန် ပိုများပြီး (ခ) အိပ်ချိန် ပိုနည်းပြီး (ဂ) တူညီတဲ့အိပ်ချိန် လိုအပ်ပါတယ်။ ၂။ အောက်ပါတို့ထဲက အသက်ကြီးသူတွေရဲ့ ဘယ်နှရာခိုင်နှုန်းက အိပ်စက်မှုမှာ အခက်အခဲရှိနိုင်ပါသလဲ။ (က) ၁၀-၂၀ ရာခိုင်နှုန်း (ခ) ၅၀-၆၀ ရာခိုင်နှုန်း (ဂ) ၆၀-၇၀ ရာခိုင်နှုန်း ၃။ အသက်ကြီးလာတာနဲ့အမျှ သင့်အနေနဲ့ အောက်ပါတို့ထဲက တစ်ခုခု အဖြစ်များ လာပါပြီ။ (က) ညဇီးကွက် (ခ) မနက်စောစောငှက် (ဂ) […]

သင့်ခံတွင်းကနေ ဘယ်လိုအနံ့တွေ ထွက်ပေါ်နေသလဲ

သွားဖုံးနဲ့ လျှာရဲ့အောက်ဘက်မှာ ဘက်တီးရီးယားပိုးမွှားပေါင်း သန်းချီပြီး ရှင်သန်နေပါတယ်။ သွားတိုက်တာ၊ သွားကြားပွတ်ကြိုး အသုံးပြုတာ၊ အစာ စားပြီး ပလုတ်ကျင်းတာ စတဲ့ အလေ့အထ တွေက ခံတွင်းကျန်းမာပြီး အနံ့ဆိုးကင်း စေပါတယ်။ ကော်ဖီ၊ အရက်သောက်ပြီးတဲ့အခါ၊ အစပ်စာတွေ၊ ကြက်သွန်ဖြူနဲ့ ကြက်သွန် နီတွေ စားပြီးတဲ့အခါ ခံတွင်းနံ့နံတာ သင်လည်း သတိထားမိမှာပါ။ ဒါက ခဏ တာဖြစ်တာ ဖြစ်ပြီး ခံတွင်းသန့်ရှင်းမှု မရှိတာက ခံတွင်း နံ့ဆိုးဖြစ်စေတဲ့ အဓိကအကြောင်းဖြစ်ပါတယ်။ နာတာ ရှည် ခံတွင်းနံ့ဆိုးဖြစ်နေရတဲ့အကြောင်း က တရားခံက ခံတွင်းခြောက်တာကြောင့် ပါ။ ခံတွင်းမှာ လုံလောက်တဲ့ စိုစွတ်မှုမရှိ ရင် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားနိုင် ပါတယ်။ ညဘက်အိပ်ချိန်မှာ တံတွေးအ ထွက်နည်းပြီး အာခေါင်ခြောက်တာ ကြောင့် […]

အသက်ကြီးလာတဲ့အခါ သတိမမေ့အောင် ဘာတွေစားမလဲ

အသက်ကြီးလာတဲ့အခါ သတိ မေ့လာတတ်တာ အများစုပါ။ တချို့ လည်း အသက်ကြီးတာတောင် သတိ မေ့လျော့မှုမရှိဘဲ အလုပ်တွေ လုပ် ကိုင်နေကြတာ သင်လည်း သတိပြုမိ မှာပါ။ အသက်ကြီးလာချိန်မှာ ဖြစ်လာ တဲ့ပြောင်းလဲမှုတွေက ငယ်ငယ်ကတည်း က စားသောက်နေထိုင်မှုတွေအပေါ် များ စွာမူတည်ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် သတိမမေ့မလျော့ဖို့ဆို ရင်အောက်ပါ အစားအသောက်တွေ ပါဝင်အောင် စားသုံးဖို့လိုပါတယ်။ စိတ်အတွက်အစာ မြေထဲပင်လယ်စာနဲ့ DASH ကို ပေါင်းပြီး စားသုံးပေးရမှာဖြစ်ပါတယ်။ လေ့လာမှုတွေအရ အယ်လ်ဇိုင်းမားဖြစ် နိုင်ခြေကို ၅၃ ရာခိုင်နှုန်းလျှော့ချပေးပြီး သတိမေ့ရောဂါဖြစ်နိုင်ခြေ ၃၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်၊ ဘယ်ရီသီး၊ ကောက်နှံတစ် ခုလုံးပါဝင်စာ၊ ငါး၊ ကြက်သား၊ သံလွင်ဆီ၊ […]

ဆေးဝါးမှီဝဲနေစဉ် သတိပြုရမည့် အရာများ

တချို့ဆေးဝါးတွေက သင်စားတဲ့အစားအစာတွေ၊ ဖျော်ရည်တွေနဲ့ အတူတူတွဲ ဖက်ပြီး မှီဝဲလို့ မရနိုင်ပါဘူး။ ဆေးရဲ့အာနိသင်ကို ထိခိုက်မှုရှိနိုင်တာကြောင့်ပါ။ ဆေး ဝါးတွေကို အသုံးမပြုခင်မှာ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ရပါမယ်။ ဂရိတ်ဖရုသီး ဂရိတ်ဖရုသီးဟာ ဆေးအမျိုးပေါင်း ၅၀ ကျော်ရဲ့ အာနိသင်ပေါ်မှာ သက်ရောက် မှုရှိပါတယ်။ တချို့ဆေးဝါးတွေ (ဥပမာအားဖြင့် ဓာတ်မတည့်မှုပျောက်ဆေး Allegra) ရဲ့ အာနိသင်လျော့နည်းသွားနိုင်သလို တချို့ဆေးဝါးတွေ (ဥပမာအားဖြင့် ကိုလက် စထရောကျဆင်းစေနိုင်တဲ့ဆေး Atorvastatin)ရဲ့ အာနိသင်ကို ပိုမိုပြင်းထန်သွား စေနိုင်တဲ့အတွက် သင့်အနေနဲ့ ဆေးဝါးအသစ်ကို မှီဝဲရမယ်ဆိုရင် ဂရိတ်ဖရုသီးကို ရှောင် ကြဉ်သင့်ပါတယ်။ နွားနို့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတာက ခန္ဓာကိုယ်က ပဋိဇီဝဆေးတချို့ရဲ့ အာနိသင်ရရှိဖို့ အခက်အခဲဖြစ်နိုင်ပါတယ်။ နွားနို့မှာ ပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ မဂ္ဂနီ ဆီယမ်သတ္တုဓာတ်ကြောင့်ဖြစ်နိုင်သလို […]

မကြာခဏ ကြွက်တက်တတ်သူတို့ စားသုံးသင့်သောအစားအစာများ

ရာသီဥတုအေးတာကြောင့် ဒါမှမဟုတ် ခြေထောက်အကြောဆန့်လိုက်တာကြောင့် ကြွက်တက်တတ်သူတွေက ခန္ဓာကိုယ်တွင်းမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက် စီယမ်လိုမျိုး ဓာတ်ဆားတွေ ညီညွတ်မှုမရှိတာကြောင့်ပါ။ ကြွက်သားတွေပင်ပန်းလွန်းရင် ဒါမှမဟုတ် ရေဓာတ်နည်းနေရင်လည်း ကြွက်တက်နိုင်ပါတယ်။ ကြွက်သားဒဏ်ရာ ရတာ၊ အာရုံကြောစနစ်တွေအားနည်းတာကြောင့်လည်း ကြွက်တက်နိုင်တဲ့အတွက် မကြာခဏကြွက်တက်တတ်သူတွေဟာ အောက်ပါအစားအစာတွေကို နေ့စဉ်ပါဝင် အောင် စားသုံးသင့်ပါတယ်။ ကန်စွန်းဥ သူ့မှာ ကြွက်တက်တာကို သက်သာစေနိုင်တဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပို တက်စီယမ်တွေ များစွာပါဝင်ပါတယ်။ ထောပတ်သီး ထောပတ်သီးမှာ ပိုတက်စီယမ်ပမာဏပါဝင်မှုက အလွန်များပြားပါတယ်။ ထော ပတ်သီးတစ်လုံးမှာ ပိုတက်စီယမ်က ၉၇၅ မီလီဂရမ်တောင် ပါဝင်တာကြောင့် ငှက် ပျောသီး ဒါမှမဟုတ် ကန်စွန်းဥတစ်လုံးထက် ပါဝင်မှုပိုများပါတယ်။ ပဲအမျိုးမျိုးနှင့် ပဲနီလေး ဒီပဲတွေမှာ မဂ္ဂနီဆီယမ်တွေ မြောက်မြားစွာ ပါဝင်ပါတယ်။ ဖရဲသီး […]

သင်ကိုယ်တိုင်မသိလိုက်မိပါဘဲကျန်းမာရေးထိခိုက်အောင်ပြုမူနေမိပါသလား

အမြဲတမ်း ကျန်းမာအောင် နေထိုင် ပြုမူတယ်လို့ သင့်ကိုယ်သင် ထင်မှတ်နေ ပါသလား။ သင်လုပ်တဲ့ အလုပ်အကိုင် ကြောင့်ဖြစ်စေ၊ သင်ရဲ့အကျင့်ပါနေတဲ့ အပြုအမူကြောင့်ဖြစ်စေ ကျန်းမာရေးထိ ခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ အလုပ်ဇောကြီးလွန်းခြင်း အလုပ်ဇောကြီးလွန်းပြီး အလွန်အ ကျွံ အလုပ်လုပ်တဲ့အခါ ခန္ဓာကိုယ်တွင်း ဂလင်းတွေရဲ့လုပ်ဆောင်မှုကို မြင့်မားစေ ပြီး ကော်တီဇောနဲ့ အက်ဒရီနလင်ဟော် မုန်းတွေကို ပိုမိုထုတ်လုပ်ပါတယ်။ ကိုယ် အလေးချိန်တက်တာ၊ အသက်ရှူမြန်တာ၊ စိုးရိမ်စိတ်များတာ၊ နှလုံးခုန်နှုန်းမြန်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ စတာတွေ ဖြစ် လာစေပါတယ်။ ။ ။ လိုက်နာရန် ။ ။ အလုပ်ဇောကြီးလွန်းတဲ့အတွက် ခန္ဓာကိုယ်မထိခိုက်အောင် စိတ်အာရုံကို တည်ငြိမ်အောင် လုပ်ဆောင်ဖို့ လိုပါ တယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အေးချမ်းတဲ့နေရာမှာ အနားယူတာတွေ ပြုလုပ်နိုင်ပါတယ်။ အသက်ကို ဖြည်း […]

Six Packsရဖို့ ဘာတွေစားမလဲ

ဗိုက်မှာ အဆီတွေမရှိဘဲ ချပ်ရပ်နေတာကို လူ တိုင်း သဘောကျကြလေ့ရှိပါတယ်။ ဗိုက်ကချပ် ရပ်နေတဲ့အပြင် Six Packs လို့ လူတွေခေါ်ကြတဲ့ ဝမ်းဗိုက်ကြွက်သားတွေပါ ပေါ်နေရင်တော့ အတိုင်း ထက်အလွန် သဘောကျမှာ အမှန်ပါ။ ဒါပေမဲ့ ဒီလို ဝမ်းဗိုက်ကြွက်သားတွေပေါ်ဖို့ကတော့ မလွယ်ကူပါ ဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အဆီတွေချဖို့လိုအပ် သလို ကြွက်သားတက်ဖို့လည်း ကြိုးစားဖို့လိုပါတယ်။ ဒါကြောင့် Six Packsထွက်ချင်သူတွေအတွက် အစားအစာပိုင်းကိုအဓိကထား ရေးပေးလိုက်ပါတယ်။ အစားအသောက်ရွေးချယ်မှု ဝမ်းဗိုက်ကြွက်သားတွေပေါ်လွင်ဖို့ အဓိက က တော့ သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာရွေးချယ် မှုပဲဖြစ်ပါတယ်။ ဒါက လိုက်နာနိုင်ဖို့ အခက်ခဲဆုံး အချက်ဖြစ်သလို မလိုက်နာနိုင်သေးသရွေ့လည်း Sငထ ဏခေုs နဲ့ ဝေးနေအုံးမှာပါ။ ကိုယ်လက်လှုပ်ရှား အားကစားနဲ့ အစားအသောက်နဲ့ယှဉ်ရင် အစား […]

အအေးမိ၊ တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး သင်ထင်ထားတာတွေ မှန်ကန်ရဲ့လား

ကျွန်မတို့ဟာ အအေးမိရောဂါကူးစက်ခံရတဲ့အခါမှာ ရာသီဥတုနဲ့ အဲကွန်းလိုမျိုး အကြောင်း အရာတွေကို အပြစ်ဖို့တတ်ကြပါတယ်။ တချို့လူတွေက တစ်ရာသီတည်းမှာ အအေးမိရောဂါနှစ်ခါ မဖြစ်နိုင်ဘူးလို့ ထင်ကြသလို တချို့တွေကလည်း အအေးမိရောဂါကနေ တုပ်ကွေးရောဂါအဖြစ် မပြောင်းလဲနိုင်ဖို့ အတွက် ပဋိဇီဝဆေးမှီဝဲရမယ်လို့ ထင်မှတ်ကြပါတယ်။ ဒါကြောင့် အအေးမိတုပ်ကွေး ရောဂါနဲ့ပတ်သက်ပြီး မှားယွင်းနေတဲ့အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။ ထင်မြင်ချက် (၁) အအေးမိရောဂါကနေ တုပ်ကွေးရောဂါအဖြစ် ပြောင်းလဲသွားနိုင်ပါတယ် အအေးမိရောဂါနဲ့ တုပ်ကွေးရောဂါကို ဖြစ်စေ တဲ့ ဗိုင်းရပ်စ်အမျိုးအစားချင်း မတူညီတဲ့အတွက် ရောဂါတစ်ခုကနေ နောက်တစ်ခုအဖြစ် မပြောင်းလဲ နိုင်ပါဘူး။ ဒီရောဂါနှစ်ခုကို လူတွေက အမြဲတမ်းရော ထွေးနေတတ်ကြတဲ့အတွက် တစ်ခုနဲ့တစ်ခု ခွဲခြား နိုင်အောင် လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ – အအေးမိရောဂါက လည်ချောင်းနာတာ၊ ခေါင်း ကိုက်တာ၊ အဖျားရှိတာနဲ့ နှာရည်ယိုတဲ့လက္ခဏာ […]

၁၂ မိနစ်အတွင်းမျက်နှာပေါ်မှ အရေးကြောင်းများလျော့ကျသွားနိုင်ရန်

မျက်နှာအတွက် လေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် ကြွက်သားတွေကို လေ့ကျင့်ပေးတာက မျက်နှာပေါ်က အရေပြား ပိုပြီးကျုံ့ နိုင်ဆန့်နိုင်အားကောင်းလာပြီး တင်းတင်းရင်းရင်းရှိစေနိုင်ပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုနဲ့ အညစ်အကြေးစွန့်ထုတ်တဲ့ လုပ်ငန်းတွေလည်း ပိုမိုကောင်းမွန်နိုင်တဲ့အတွက် မျက်နှာဖောသွပ်မှုကင်းစင်ကာ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီရဲ့ အလှတွေ ပိုပြီး ပေါ်လွင်လာနိုင်ပါတယ်။ ဆရာဝန်တွေက အသက် ၄၀-၆၅ နှစ်အတွင်းရှိတဲ့ အမျိုးသမီးပေါင်း ၁၆ ယောက်ကို ရက်သတ္တပတ် ၂၀ ကြာ လေ့ လာမှု ပြုလုပ်ခဲ့ပါတယ်။ လေ့လာမှုပြုလုပ် စဉ်မှာပါဝင်သူတွေကို နဖူး၊ မျက်ခုံး၊ မျက် လုံး၊ ပါးစပ်နဲ့ လည်ပင်းကြွက်သားတွေ အတွက် လေ့ကျင့်ခန်းပြုလုပ်စေခဲ့ရာ အဲဒီနေရာတွေက အရေးကြောင်းတွေ သိသိသာသာလျော့ကျသွားတာကို တွေ့ ရှိခဲ့ပါတယ်။ မျက်နှာလေ့ကျင့်ခန်းမပြုလုပ်ခင် မှာ သင့်လက်ကိုအသုံးပြုပြီး ဦးစွာသွေးပူ လေ့ကျင့်ခန်းကို စတင်ပြုလုပ်ရပါမယ်။ […]