ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိရောဂါရနေရင်

ကိုယ်ဝန်ဆောင်ကာလမှာ တခြား အချိန်တွေလိုမျိုးပဲ အအေးမိ၊ နှာစေး ဒါမှမဟုတ် ချောင်းဆိုးရောဂါဟာ ရရှိ နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ထား ရတာကြောင့် ဆေးဝါးတွေကို မိမိသ ဘောအတိုင်းအသုံးပြုလို့မရတဲ့အတွက် အအေးမိဝေဒနာဖြစ်ရင် ခံရခက်နေ တတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် ကာလမှာ ခုခံအားစနစ် အပြောင်းအလဲ တွေ ဖြစ်တဲ့အတွက် အအေးမိရောဂါရခဲ့ ရင် ဝေဒနာခံစားရချိန် ကြာရှည်နိုင်ပါ တယ်။ ခုခံအားလျော့နည်းနေတဲ့အတွက် လည်း ကိုယ်ဝန်ဆောင်ကိုးလအတွင်း တစ်ချိန်မဟုတ်တစ်ချိန် အအေးမိဝေဒနာ ရရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ အအေး မိဝေဒနာရရှိနေရင် မိမိကလေးကို အချင်းကနေတစ်ဆင့် ရောဂါပိုးမကူးစက် နိုင်ပါဘူး။ ဒါပေမဲ့ တုပ်ကွေးရောဂါဖြစ် နေရင်တော့ ဗိုင်းရပ်စ်ပိုးသတ်ဆေးနဲ့ ချက်ချင်းကုသမှုခံယူရပါမယ်။ တုပ်ကွေး ရောဂါကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုး ကျိုးက လမစေ့ဘဲကလေးမွေးတာနဲ့ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ဖြစ်နိုင်ခြေမြင့်မားနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ အအေး မိဝေဒနာခံစားနေရပြီး ချောင်းဆိုးနေရင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

ရေပတ်တိုက်ပါ

အအေးမိဝေဒနာကြောင့်ဖြစ်တဲ့ ကိုယ်အပူချိန်မြင့်တက်တာကျဆင်း အောင် ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေး ရပါမယ်။ ဒီလိုပြုလုပ်တာကြောင့် ခန္ဓာ ကိုယ် Relax ရရှိပြီး အိပ်စက်မှုကောင်း မွန်နိုင်ပါတယ်။ ကိုယ်ပူချိန်လည်း ကျ ဆင်းသွားနိုင်ပါတယ်။
♦ ချွေးသုတ်ပ၀ါတစ်ခုကိုယူပြီး ရေအေးဇလုံတစ်ခုထဲကို နှစ်ပါ။
♦ အဲဒီချွေးသုတ်ပ၀ါက ရေတွေကို ညှစ်ပြီး ချိုင်း၊ ခြေထောက်၊ ပေါင်ခြံနဲ့ လက်တွေကို ပွတ်တိုက်ပေးပါ။
♦ တစ်နေ့ ၂-၃ ကြိမ် ရေပတ်တိုက် ပေးပါ။
♦ နောက်နည်းလမ်းတစ်ခုကတော့ ချွေးသုတ်ပ၀ါကို ရေအေးအေးနဲ့စိမ်ပြီး ရေညှစ်ကာ နဖူးပေါ်မှာ တင်ပါ။
♦ အဲဒီအ၀တ်ဖတ်အအေးလျော့သွား တိုင်း ရေအေးအေးနဲ့ပြန်စိမ်ပြီး ရေညှစ် ကာ နဖူးပေါ် ထပ်တင်ပါ။

သတိပြုရန်
♦ အလွန်အေးတဲ့ရေကို အသုံးမပြုပါ နဲ့။ ကိုယ်တွင်းအပူချိန်ပြန်လည်မြင့်တက် နိုင်တာကြောင့်ပါ။

ဆားရည်အသုံးပြုပါ

အအေးမိနှာစေးဝေဒနာကြောင့် နှာ ပိတ်နိုင်ပါတယ်။ နှာပိတ်ရင် ဆားရည်ကို အသုံးပြုတာက အလွန်ထိရောက်မှုရှိနိုင်ပါ တယ်။ ဆားရည်ဟာ နှာပိတ်တာ သက် သာနိုင်တဲ့အတွက် အသက်ရှူရလွယ်ကူ သွားနိုင်ပါတယ်။
♦ လက်ဖက်ရည်ဇွန်းတစ်ဝက်စာ ဆားကို ရေနွေးတစ်ခွက်ထဲ ထည့်မွှေပါ။
♦ အစက်ချပြွန်ကို အသုံးပြုပြီး ဦးခေါင်းကို တစ်ဖက်စောင်းကာ ဆား ရည်ကို နှာခေါင်းပေါက်တစ်ဖက်ထဲ ထည့်ပေးပါ။
♦ ပြီးရင် နှပ်ညှစ်ထုတ်ကာ တခြား တစ်ဖက်ပြောင်းလုပ်ပါ။
♦ တစ်နေ့သုံးကြိမ် ပြုလုပ်နိုင်ပါတယ်။
♦ လည်ချောင်းနာနေရင် ဆားရည်နဲ့ ပလုတ်ကျင်းပေးပါ။ တစ်နေ့ ၂-၃ ကြိမ် ပြုလုပ်ပါ။

ကြက်စွပ်ပြုတ်သောက်ပါ

ကြက်စွပ်ပြုတ်မှာ ရောဂါပိုးကို တွန်းလှန်ဖို့ ဗီတာမင်နဲ့ အာဟာရဓာတ် တွေ များစွာပါဝင်တဲ့အပြင် ရောင်ရမ်းမှု ကို လျော့ကျစေတဲ့ ဂုဏ်သတ္တိလည်း ရှိ ပါတယ်။ နှာခေါင်းအတွင်းက အမွေးအ မှင်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို လည်း ကောင်းမွန်စေနိုင်တာမို့ ရောဂါပိုး တွေ ခန္ဓာကိုယ်ထဲ ၀င်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြက်စွပ်ပြုတ် မှာ ပါဝင်တဲ့ပစ္စည်းတွေက အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါပိုးဝင်တာအ တွက် ဆေးဝါးလိုမျိုး အသုံးဝင်ပါတယ်။ အလွယ်တကူလည်း အစာခြေနိုင်တာမို့ ကိုယ်ဝန်ဆောင်တွေခံစားရတဲ့ အအေး မိဝေဒနာအတွက် အသင့်တော်ဆုံးကုသ နည်းပဲဖြစ်ပါတယ်။
♦ ကြက်ပြုတ်ရည်ကို ပြုလုပ်တဲ့အခါ မှာ ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ မုန်လာဥ၀ါ၊ ကြက်သွန် မြိတ်၊ မှို၊ နံနံပင်နဲ့ ဆားတွေပါဝင်အောင် ထည့်ပေးပါ။

ချင်းအသုံးပြုပါ

ချင်းဟာလည်း ကိုယ်ဝန်ဆောင်ကာ လမှာဖြစ်တဲ့အအေးမိရောဂါကို ကုသဖို့ အတွက် အလွန်အသုံးဝင်ပါတယ်။ သူ ဟာ ခန္ဓာကိုယ်ကို နွေးထွေးမှုရရှိစေတဲ့အ ကျိုးကျေးဇူး၊ ကိုယ်တွင်းက အဆိပ်အ တောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းတွေ အပြင် သွေးလှည့်ပတ်မှုကောင်းမွန်စေ နိုင်ပြီး အအေးမိဝေဒနာဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သုတ်သင်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလမှာဖြစ်တဲ့ ရင်ပူနာ နဲ့ ပျို့အန်တဲ့ဝေဒနာတွေကိုလည်း သက် သာနိုင်ပါတယ်။
♦ စားပွဲဇွန်းတစ်ဇွန်းစာ ချင်းမှုန့်ကို ရေခွက်တစ်ခွက်ခွဲစာနဲ့ ရောစပ်ပြီး ၁၀ မိနစ်ခန့် ကျိုပါ။
♦ ကြိုက်နှစ်သက်ရင် ပျားရည်၊ သံပ ရာရည်ထည့်ပါ။
♦ တစ်နေ့ သုံးကြိမ်အထိ သောက်ပေး နိုင်ပါတယ်။

သတိပြုရန်

♦ ယခင်ကိုယ်ဝန်ဆောင်ထားချိန်မှာ ကိုယ်ဝန်ပျက်ကျဖူးတာ ဒါမှမဟုတ် သွေး ဆင်းတာတွေ ဖြစ်ပေါ်ဖူးခဲ့ရင် ချင်းကို အသုံးမပြုပါနဲ့။

နနွင်းအသုံးပြုပါ

နနွင်းဟာ ပိုးမွှားတွေကို သေစေနိုင် ပြီး ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဂုဏ် သတ္တိရှိပါတယ်။ ဗိုင်းရပ်စ်ပိုးမွှားကြောင့် ဖြစ်တဲ့ရောဂါတွေကို အလျင်အမြန် ပျောက်ကင်းအောင် ကူညီပေးနိုင်ပါ တယ်။ ဒါ့အပြင် လည်ချောင်းနာရောဂါ နဲ့ နှာပိတ်ရောဂါအတွက်လည်း အသုံး ၀င်ပါတယ်။ ခုခံအားစနစ်ကိုလည်း မြှင့် တင်ပေးနိုင်ပါတယ်။
♦ နွားနို့ပူပူတစ်ခွက်ထဲကို လက်ဖက် ရည်ဇွန်းတစ်ဇွန်းစာ နနွင်းမှုန့်နဲ့ ငရုတ် ကောင်းမှုန့်အနည်းငယ်ဖြူးပြီး သောက် ပါ။
♦ တစ်နေ့နှစ်ကြိမ် သောက်နိုင်ပါ တယ်။

ပန်းသီးရှလကာရည်အသုံးပြုပါ

ပန်းသီးရှလကာရည်ဟာ ကိုယ်ဝန် ဆောင်မိခင်တွေရဲ့ အအေးမိဝေဒနာအ တွက် အလွန်ထိရောက်မှုရှိပါတယ်။ သူ က ခန္ဓာကိုယ်ရဲ့ ph ကို အယ်လ်ကာလီ ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုးမွှားအများစု ဟာ အယ်လ်ကာလီပတ်ဝန်းကျင်မှာ မနေနိုင်ကြပါဘူး။ ပန်းသီးရှလကာရည် မှာ လူ့အကျိုးပြုဘက်တီးရီးယားတွေ လည်း ပါဝင်တဲ့အတွက် ရောဂါပိုးကို တွန်းလှန်နိုင်ပါတယ်။
♦ ကိုယ်ပူချိန်ကျဆင်းဖို့အတွက် ပန်း သီးရှလကာရည်ခွက်တစ်ခွက်စာကို ကြက်သီးနွေးရေတစ်ဇလုံထဲထည့်ပြီး အဲဒီအရည်နဲ့ ၅-၁၀ မိနစ်ရေစိမ်ချိုးပါ။ ပန်းသီးရှလကာရည်က ကိုယ်အပူချိန်ကို အရေပြားမှတစ်ဆင့် စုပ်ယူဆွဲသွားနိုင်တဲ့ အတ