Covid-19 ရောဂါပိုးရှိသူတွေနဲ့ ဆက်စပ်မိသူတွေကို ဆက်သွယ်တဲ့အခါ လိုလိုလားလား ပူးပေါင်းဆောင်ရွက်မှုတွေရှိပါသလား

စက်တင်ဘာလ ၂ ရက်နေ့က Covid-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေဖော် ထုတ်ခြင်း၊ ကာကွယ်ထိန်းချုပ်ရေးစီမံ ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်း စုကြည်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်တောင်ပိုင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သက်စုမွန်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ယင်းဆွေးနွေး ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ဆောင်ရွက်ထားသည့် အချက်များနှင့် ပတ်သက်ပြီး ဒေါက်တာ သက်စုမွန်၏ ဆွေးနွေးချက်များကို ပြန် လည်ကောက်နုတ်ရေးသားထားခြင်း ဖြစ်ပါသည်။

Q : Covid-19 ရောဂါပိုးရှိသူတွေနဲ့ဆက်စပ် မိတဲ့သူတွေကို ရှာဖွေတဲ့အခါ ဘယ်လို ဆောင်ရွက်ရပါသလဲ။
A : Covid-19 ရောဂါက ကမ္ဘာ့ကပ် ရောဂါလိုဖြစ်လာတဲ့အခါ မြန်မာနိုင်ငံ အနေနဲ့ ဒီရောဂါဖြစ်ပွားမှုကနေ အတတ် နိုင်ဆုံးကာကွယ်နိုင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ အမျိုးသားအဆင့်ဗဟို ကော်မတီတို့၊ တိုင်းဒေသကြီးအဆင့် ဗဟိုကော်မတီတို့ လမ်းညွှန်မှုတွေအ တိုင်းကျန်းမာရေးဝန်ကြီးဌာနက တာဝန် ရှိသူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင် ပါတယ်။

♦ Contact Tracing ကိုဆောင်ရွက် တဲ့အခါ အရင်ဆုံးအနေနဲ့ စုံစမ်းစစ်ဆေး မှုတွေ၊ Quarantine တွေလုပ်မယ်၊ Contact Tracing လုပ်တယ်၊ ပြီးတော့ Quarantine ထပ်လုပ်တယ်၊ Swab ယူ ပြီး စစ်ဆေးတာတွေ ဆောင်ရွက်တယ်။ ပြည်သူတွေအနေနဲ့သိထားသင့်တာက Positive Case တစ်ယောက်တွေတဲ့ အခါ သူတို့ရဲ့မိသားစုဝင်တွေဟာ ရပ် ကွက်တွေ၊ နေအိမ်တွေထဲမှာရှိနေတာ ကြောင့် အရင်ဆုံးအနေနဲ့ ဓာတ်ခွဲအ တည်ပြုလူနာတွေရဲ့ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကနေ သူ့မိသားစုကိုဆက် သွယ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါ ပထမဆုံးအဖြစ် ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရတဲ့အတွက် အရမ်းပဲစိတ်မကောင်း ဖြစ်ရပါတယ်။ ဒီရောဂါဟာ အမြန်ဆုံး တွေ့ရှိပြီး ကုသရင်ပျောက်ကင်းနိုင်ပါတယ်။ ဒီအတွက်ကြောင့်မို့ ရောဂါရှိသူ နဲ့ အနီးကပ်ထိတွေ့တဲ့သူတွေ၊ မိသားစု ဝင်တွေမှာ ဒီပိုးဟာ ရှိကောင်းရှိနေနိုင် ပါတယ်။ ဒီအတွက်ကြောင့်မို့ လူထု အတွင်းကိုပြန့်ပွားမှုဖြစ်စေနိုင်မယ့် နည်း လမ်းတွေရှိတယ်။ အဲဒီလိုပြောပြတဲ့အခါ သူတို့တွေက အိမ်မှာတော့မိသားစုဝင် ဘယ်နှယောက်ရှိတယ်။ သူတို့ရဲ့ အသက်အရွယ်က ဘယ်လောက်ရှိနေပြီ၊ ကလေးငယ်တွေလည်းရှိတယ် စသဖြင့် ပြောပြလာတာတွေရှိတာကြောင့် သူတို့ ရဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကို ရယူရပါတယ်။ ပြီးတဲ့အခါ ရောဂါပိုးတွေ့ ရှိသူရဲ့ မိသားစုဝင်တွေကိုလည်း ရှင်းပြ ပေးပါနော်။ ဒီရောဂါဟာ အမြန်ဆုံးတွေ့ လေလေ ကုသမှုခံယူပြီး ရောဂါမြန်မြန် ပျောက်ကင်းလေလေ အိမ်ကိုမြန်မြန်ပြန် ရလေလေပါပဲ။ ပြီးတော့ ပတ်ဝန်းကျင်ကို လည်း မကူးလေလေဖြစ်တယ်။ ဒီအတွက် ကြောင့်မို့ ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ဆောင်တဲ့အခါ လိုက်ပေးပါ၊ စစ်ဆေး မှုခံယူပေးပါ၊ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောပြပေးဖို့တောင်းဆိုပြီး သူတို့ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ရပါတယ်။ Quarantine မှာတော့ Level ခွဲလိုက်ပါ တယ်။ အိမ်မှာအတူနေခဲ့တဲ့သူ၊ အတူစား၊ အတူသွားတဲ့သူတွေကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကစီစဉ်ပေးထားတဲ့ Quarantine စင်တာတွေမှာ သွားရောက် နေထိုင်ပေးဖို့နဲ့ နေထိုင်နေစဉ်အတွင်းမှာ Swab ယူပေးဖို့အတွက် ပြောပေးရပါ တယ်။ အိမ်မှာနေနေတဲ့ Contact တွေ ကို ပရဟိတယာဉ်တွေနဲ့ ကွာရန်တင်းစင် တာတွေကို ပို့ပေးရပါတယ်။ လွန်ခဲ့တဲ့ ရက်တွေကဆိုရင် ပိုးတွေ့လူနာနဲ့ဆက် စပ်သူ ၂၅ ယောက်ကို ကွာရန်တင်းထား ခဲ့ရာက ရောဂါပိုးတွေ့ရှိတာကြောင့် သူ တို့ကို ကွာရန်တင်းစောစောထားနိုင်ခဲ့ တာဟာ သူတို့အနေနဲ့ ထပ်ပြီးထိတွေ့နိုင် တဲ့သူတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

Q : ရောဂါပိုးတွေ့ရှိတဲ့သူမိသားစုဝင်တွေနဲ့ ဆက်သွယ်တဲ့အခါ လိုလိုလားလားပူး ပေါင်းဆောင်ရွက်ကြပါသလား၊ ဒါမှမ ဟုတ် အခက်အခဲတွေရှိပါသလား။
A : မိသားစုဝင်တွေကိုဆက်သွယ်တဲ့ အခါမှာ ဖုန်းဆက်မရတဲ့အခက်အခဲတွေ ရှိပါတယ်။ ဒီလိုဖုန်းဆက်မရတဲ့အခါ သက်ဆိုင်ရာဆေးရုံအုပ်ကြီးတွေဆီက နေ အကူအညီတောင်းခံပြီး ဆက်သွယ်ရ တာတွေလည်း ရှိပါတယ်။ ဆက်သွယ် လိုက်တဲ့အခါ မယုံကြည်ကြတာတွေ လည်း ကြုံဖူးပါတယ်။ ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံခံရဖို့ကို ကြောက်တာတွေ လည်း ကြုံရပါတယ်။
Q : ပိုးတွေ့လူနာတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ရတာတွေလည်း ရှိတာကြောင့် ဆရာဝန်အင်အားအရ လုံလောက်မှုရှိပါ သလား။
A : ၁၇-၅-၂၀၂၀ နောက်ပိုင်းမှာ ရန် ကုန်အတွင်းမှာ ဒေသအတွင်းကူးစက်မှု က မရှိတော့ဘဲ ကွာရန်တင်းတွေထဲကပဲ တွေ့နေခဲ့တာကြောင့် လုပ်နိုင်ခဲ့ပါတယ်။ သြ ဂုတ်လ ၁၆ ရက်ကစပြီး ရခိုင်မှာဖြစ် တယ်၊ အခုဆိုရင်ရခိုင်မှာလည်း ဖြစ်တာ တွေ များလာတဲ့အခါ ဆရာဝန်တွေအများ အပြားလိုအပ်တဲ့အခါ ခရိုင်ကဆရာဝန် တွေ စသဖြင့်စုပေါင်းပြီးတော့ တာဝန် တွေ ပြန်ချရပါတယ်။ Quarantine စင်တာတွေလည်းများလာတဲ့အခါမှာ ဆရာဝန်တွေချည်းပဲမရပါဘူး၊ ဝန်ထမ်း အငယ်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ စုပေါင်းပြီး ဆောင်ရွက်ကြရပါတယ်။

ဒေါက်တာသက်စုမွန်(လက်ထောက်ညွှန်ကြားရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန)

Post Author: Good Health Journal