စိတ်နှင့်လူ့ခန္ဓာကိုယ်

ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ တွေ့ကြုံ ခံစားနေကြရသော စိတ်လှုပ်ရှားမှုအမျိုး မျိုးကိုလိုက်၍ ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အတွင်းရှိ အင်္ဂါအစိတ်အပိုင်းအသီးသီး တို့တွင် အမျိုးမျိုးသော ပြောင်းလဲချက် များဖြစ်ပေါ်နေကြ၏။ စိတ်လှုပ်ရှားမှုသည် အာရုံကြော အဖွဲ့နှင့် မည်ကဲ့သို့ ဆက်စပ်နေသည်ကို ကနေဒါပြည် မွန်ထရီယယ်မြို့မှ သုတေ သနဆရာဝန်ကြီး ဒေါက်တာဟန်းစ်ဆီ လိုင်း (Dr.Hans Selye)က ၁၉၃၆ ခု နှစ်မှအစပြု၍ သုတေသနပြုပြီး တင်ပြ ခဲ့လေသည်။ ♦ ယေဘုယျစိတ်ခံစားမှုနှစ်ရပ် စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုအမျိုးမျိုး တို့သည် ကိုယ်ခန္ဓာအတွင်း ပြောင်းလဲ လှုပ်ရှားမှုများနှင့် ဆက်သွယ်နေကြ သည်။ ယေဘုယျအားဖြင့် စိတ်ခံစားမှု နှစ်မျိုးရှိသည်ဟု သတ်မှတ်နိုင်လေသည်။ ပထမအမျိုးအစားမှာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်း များစွာကို လှုံ့ဆော်မှုလွန်ကဲစေသော စိတ် လှုပ်ရှားမှုမျိုးပင်ဖြစ်၏။ ယင်းလှုံ့ဆော်မှု […]

စိတ်ကျန်းမာမှ လူကျန်းမာမည်

စိတ်၏ စွမ်းအင်သည် အနန္တစကြ ဝဠာတစ်ခုလုံးသို့ပင် ဖြန့်ကြက်လွှမ်းမိုးနိုင် သည်။ သို့ဆိုလျှင် လူသားတို့၏ ကျန်းမာ ရေးအတွက်မူကား ဆိုဖွယ်ရာ မရှိ… ကျန်းမာရေးနှင့် စိတ်၏ အခန်းကဏ္ဍ ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ ကျန်းမာ ရေး၊ ရောဂါဘယကင်းရှင်းရေး၊ နုပျိုသန် စွမ်း၍ အသက်ရှင်ရေး စသည်တို့တွင် စိတ်သည် အဓိကအကျဆုံးသော အခန်း ကဏ္ဍတစ်ရပ်မှ ပါဝင်လျက်ရှိပေသည်။ လူတို့၏ အသက်များကို များသော အားဖြင့် အချိန်ကာလဖြင့် ရေတွက်သည့် အသက်အရွယ် (Chronological Age) ဖြင့် သတ်မှတ်လေ့ရှိကြသည်။ သို့သော် လည်း ဇီဝရုပ်ပိုင်းဆိုင်ရာ အသက်အရွယ် (Biological Age) နှင့် စိတ်ပိုင်းဆိုင်ရာ အသက်အရွယ် (Psychological Age) လည်း ရှိပေရာ ယင်းတို့သည် လူတစ်ဦး […]

ဒေါသစိတ်ကို မှန်ကန်စွာအသုံးချပါ

♦ ♦ ♦ ဆောင်းပါးမှ ကောက်နုတ်ချက်များ ♦ ♦ ♦ ♦ “ဒေါသ”ဆိုသော ပါဠိစာလုံးကို စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်းဟု ဘာသာပြန်လေ့ရှိကြသော်လည်း အမှန်တကယ် တိုက်ရိုက်အဓိပ္ပာယ်မှာ “ပျက်စီးခြင်း” ပင်ဖြစ်ပါသည်။ အင်္ဂလိပ်စာလုံးဖြင့် Anger ဆိုသော ဒေါသသည် Danger ဆိုသော အန္တရာယ်နှင့် “D” ဆိုသည့် အက္ခရာတစ်လုံးသာ ကွာခြားကြောင်း စဉ်းစားဆင်ခြင်သင့်ပါသည်။ ♦ ဒေါသသည် ရောဂါများစွာ၏ အရင်းအမြစ်ဖြစ်သဖြင့် အချို့ပညာရှင်များက ဒေါသထွက်လွယ်ခြင်း၊ ဒေါသလွန်ကဲခြင်းကို “ဒေါသရောဂါ”ဟုပင် တင်စား၍ ခေါ်ဝေါ်လေ့ရှိပေသည်။ ♦ ဒေါသဖြစ်လိုစိတ်ပေါ် လာတိုင်း၊ စတင်၍ ဒေါသထွက်လာတိုင်း မီးခြစ်ဆံလေးတစ်ဆံကို မိမိစိတ်ထဲက မြင်ယောင်မိရန် လိုအပ်လှပေသည်။ ♦ မိမိကို လူတစ်ဦးတစ်ယောက်က မခံချင် စရာ၊ ဒေါသဖြစ်ချင်စရာ […]

စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်း (၇) သွယ်

စိုးရိမ်စိတ်က လူတိုင်းမှာ တစ်ချိန် မဟုတ်တစ်ချိန် ရှိနေတတ်ကြပါနဲ့။ စိုးရိမ် စိတ်ကို အမြဲထမ်းထားရမယ်ဆိုရင်တော့ သင်ရဲ့ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်း ဆိုင်ရာကိုပါ ထိခိုက်စေမှာပါ။ ♥ (၁) ဦးနှောက်ကို အကျင့်လုပ်ပေးပါ စိုးရိမ်စိတ် ကိန်းအောင်းနေရင် အ များအားဖြင့် Negative emotions တွေ ကို ပိုတွေးမိမှာဖြစ်ပါတယ်။ တွေးမိလိုက်တိုင်း စိတ်ညစ်စရာတွေချည်းပဲ မဖြစ်ဖို့ ဦးနှောက်ကို အကျင့်လုပ်ပေးဖို့ လိုပါ တယ်။ ဒီအတွက် Positive emotions တွေကို များများတွေးပေးပါ။ အဆိုးနဲ့အ ကောင်း အခြေအနေနှစ်မျိုး ဒွန်တွဲနေ တာ သဘာဝပါပဲ၊ အဆိုးတွေကို လျှော့ တွေးပြီး အကောင်းဘက်က စဉ်းစားပေး ပါ။ ♥ (၂) ကြိုတွေးပြီးမပူပါနဲ့ မဖြစ်သေးတဲ့ အနာဂတ်အတွက် […]

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်စိတ်လွန်ကဲနေပြီလား

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့နိုင်ငံတွေ ရှိနေပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့ လုံးဝစိတ်မပူတဲ့သူတွေ ရှိသလို အစိုးရိမ်လွန်နေသူတွေ လည်းရှိပါတယ်။ စိုးရိမ်စိတ်လွန်ကဲ နေပြီထင်ရင်တော့ စိတ်သက်သာရာရစေ ဖို့ ရေးသားလိုက်ပါတယ်။ (၁) သင်တစ်ယောက်တည်းမဟုတ်ပါဘူး ရောဂါကပ်ဘေးနဲ့ကြုံရမှာစိုးရိမ်နေသူတွေအများကြီးပါ၊ လူတိုင်းသေရမှာကို တွေးမိရင် ထိတ်လန့်ကြမှာအမှန်ပါပဲ၊ သင် တစ်ယောက်တည်းမဟုတ်ပါဘူး။ တစ် ကမ္ဘာလုံးရင်ဆိုင်နေရတာဖြစ်ပါတယ်။ (၂) ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ ကိုယ့်ဘက်က လုပ်နိုင်တာကတော့ ကိုယ်တိုင်ရဲ့ကျန်းမာရေးအတွက် အကောင်း ဆုံးဖြစ်အောင် ဂရုစိုက်ဖို့ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မယ်၊ လက်ကို မကြာ ခဏဆေးမယ်၊ လူစုလူဝေးများတဲ့နေရာ တွေသွားတာရှောင်မယ်၊ ကျန်းမာရေးနဲ့ ညီ ညွတ်အောင်စားမယ်၊ ဖြည့်စွက်အားဆေး တွေသောက်မယ်၊ အိပ်ချိန်ပြည့်အောင်အိပ် မယ်ဆိုရင်ကိုယ်ခံစွမ်းအားမြင့်တက်နေမှာပါ။ (၃) မသေချာမှုကို ခံနိုင်ရည်ရှိအောင်ကြိုးစားပါ လောကကြီးမှာ ဘယ်အရာမှ မတည် မြဲသလို၊ ဘယ်အရာကိုမှလည်း […]

စိုးရိမ်သောကပိုဖြစ်စေတဲ့ သင့်အမူအကျင့်တွေက ဘာတွေလဲ

နေ့စဉ်ဘဝမှာ အဆင်မပြေမှုတွေ အနည်းနဲ့အများဆိုသလို ရှိတတ်ပါတယ်။ ဘဝအမောတွေကြားမှာ ရုန်းကန်လှုပ်ရှား ရင်း စိတ်ဖိစီးတာ၊ စိုးရိမ်သောကတွေဖြစ် တာ၊ ဝမ်းနည်းပူဆွေးရတာ စတာတွေ လည်း ကြုံကြိုက်ကြရပါတယ်။ ဘယ်လို နည်းတွေနဲ့ ကျော်လွှားနိုင်မလဲဆိုတာ ရှာ ဖွေရင်း ကိုယ်ရဲ့အမူအကျင့်တွေက စိုးရိမ် သောကတွေကို ပိုဖြစ်စေတာမျိုးလည်း ရှိ ပါတယ်။ ဘယ်လိုအမူအကျင့်တွေက သင်ရဲ့ စိုးရိမ်သောကတွေကို ပိုဖြစ်စေသ လဲဆိုတာ သိရှိပါရဲ့လား . . .။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ် လှပစေရုံသာမက ပျော်ရွှင်တဲ့ခံစားချက် ကိုလည်း ဖြစ်စေပါတယ်။ ကိုယ်လက် လှုပ်ရှားမှုမရှိတဲ့သူတွေမှာ ပျော်ရွှင်မှုလည်း ဆိတ်သုဉ်းနေမှာပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်က နေ ပျော်ရွှင်စေတဲ့ဟော်မုန်းတွေ ထွက် လာစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် […]

စိတ်ဓာတ်ကျခြင်းကို အဝေးသို့ မောင်းထုတ်ရအောင်

စိတ်ဓာတ်ကျတယ်ဆိုတာ တကယ် တော့ ခန္ဓာကိုယ်ထဲမှာ ဓာတုပစ္စည်းတွေ ဓာတ်ပြုမှုကြောင့် ဖြစ်လာတာပါ။ ခန္ဓာ ကိုယ်ကို ကျန်းမာအောင် ပြုပြင်ထိန်း သိမ်းပြီး စိတ်ဓာတ်ကျနေတာတွေကို အဝေးသို့ မောင်းထုတ်နိုင်မှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပါ တစ်နေ့ကို မိနစ် ၃၀-၆၀ ကြာ လေ့ ကျင့်ခန်းလုပ်ပါက စိတ်ဓာတ်ကျလက္ခ ဏာတွေဖြစ်ပွားမှုမှ ကာကွယ်နိုင်ပါတယ်။စိတ်ဓာတ်တက်ကြွစေတာ၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိစေတာတွေအပြင် ကင် ဆာရောဂါ၊ သွေးဖိအား မြင့်မားစေတာ၊ နှလုံးရောဂါဖြစ်စေတာ စတဲ့ ဖိစီးမှုတွေကို လည်း လျော့နည်းစေပါတယ်။ ယောဂကျင့်ပါ လေ့လာမှုတွေများစွာအရ ယောဂ ကျင့်တာက စိုးရိမ်သောကဖြစ်တာ၊ ဒေါ သဖြစ်တာ၊ စိတ်ဓာတ်ကျတာတွေကို အဝေးကိုမောင်းထုတ်နိုင်တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။ စိတ်ကျန်းမာရေးချို့တဲ့နေသူ တွေအနေနဲ့ ယောဂကျင့်ပါက ဆေးဝါး တွေရဲ့ အာနိသင်တွေကို ပိုမိုကောင်းမွန် […]

ဖောက်ပြန်ခြင်းအကြောင်း သင်ဘယ်လောက်သိပါသလဲ

ဖောက်ပြန်တဲ့ကိစ္စဟာရှက်စရာ သိပ်ကောင်းပါတယ်။ လင်မယားကြား ချစ်သူတွေကြားအဆင်မပြေမှုတွေနဲ့ လမ်းခွဲတဲ့အထိဖြစ်တတ်ပါတယ်။ တဒင်္ဂသာယာတာလေးနဲ့ တည်ဆောက် ထားတဲ့ အရာတွေပျက်စီးတတ်ပါ တယ်။ လူတွေ ဘာကြောင့်ဖောက်ပြန် ရသလဲ။ ဘယ်လိုလူတွေမှာ ပိုပြီးဖောက် ပြန်တတ်သလဲ စတာတွေကို သိရှိလေ့ လာနိုင်ဖို့ ဒီ Quiz လေးဖြေကြည့် ပါနော်။ ၁။ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု အပြည့်အဝမရတဲ့ အကြောင်းတစ်ခု ကြောင့်ပဲ ဖောက်ပြန်တာလား။ ဖောက်ပြန်တဲ့ယောကျာ်းအများစု က အိမ်ထောင်ရေးမသာယာလို့ ဖောက် ပြန်တာ။ (က) မှန် (ခ) မှား ၂။ မိန်းမတွေဖောက်ပြန်ရတဲ့ အဓိက အကြောင်းရင်းက (က) လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု မရလို့ (ခ) ကလဲ့စားချေချင်လို့ (ဂ) အထီးကျန်လို့ ၃။ လင်မယားကွဲခြင်းရဲ့ အဓိက အကြောင်းရင်းက […]